အန်-နီဆာ · 102/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَإِذَا كُنتَ فِيهِمْ فَأَقَمْتَ لَهُمُ الصَّلَاةَ فَلْتَقُمْ طَائِفَةٌ مِّنْهُم مَّعَكَ وَلْيَأْخُذُوا أَسْلِحَتَهُمْ فَإِذَا سَجَدُوا فَلْيَكُونُوا مِن وَرَائِكُمْ وَلْتَأْتِ طَائِفَةٌ أُخْرَىٰ لَمْ يُصَلُّوا فَلْيُصَلُّوا مَعَكَ وَلْيَأْخُذُوا حِذْرَهُمْ وَأَسْلِحَتَهُمْ ۗ وَدَّ الَّذِينَ كَفَرُوا لَوْ تَغْفُلُونَ عَنْ أَسْلِحَتِكُمْ وَأَمْتِعَتِكُمْ فَيَمِيلُونَ عَلَيْكُم مَّيْلَةً وَاحِدَةً ۚ وَلَا جُنَاحَ عَلَيْكُمْ إِن كَانَ بِكُمْ أَذًى مِّن مَّطَرٍ أَوْ كُنتُم مَّرْضَىٰ أَن تَضَعُوا أَسْلِحَتَكُمْ ۖ وَخُذُوا حِذْرَكُمْ ۗ إِنَّ اللَّهَ أَعَدَّ لِلْكَافِرِينَ عَذَابًا مُّهِينًا ۝١٠٢
Wa izaa kunta feehim fa aqamta lahumus Salaata faltaqum taaa`ifatum minhum ma`aka walyaakhuzooo aslihatahum fa izaa sajadoo fal yakoonoo minw waraaa`ikum waltaati taaa`ifatun ukhraa lam yusalloo falyusallo ma`aka walyaakhuzoo hizrahum wa aslihatahum; waddal lazeena kafaroo law taghfuloona `anaslihatikum wa amti`atikum fa yameeloona `alaikum mailatanw waahidah; wa laa junaaha `alaikum in kaana bikum azam mimmatarin aw kuntum mmardaaa an tada`ooo aslihatakum wa khuzoo hizrakum; innal laaha a`adda lilkaafireena `azaabam muheenaa
📖 မြန်မာဘာသာ
၎င်းပြင် (အို- နဗီတမန်တော်) အကြင်အခါဝယ် အသင်သည် ထိုသူတို့အထဲတွင်ရှိနေ၍ ထိုသူတို့အဖို့ ‘ဆွလာသ်’ဝတ်ပြုမှုကို စီစဉ်ခဲ့ပါလျှင်၊ ထိုအခါ ၎င်းတို့အနက်မှ လူတစ်စုသည် (အသင်၏နောက်မှ ‘ဆွလာသ်’ ဝတ်ပြုကြရန်) အသင်နှင့်အတူ ရပ်ကြရပေမည်။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏လက်နက်များကိုလည်း ယူဆောင်ထားကြရပေမည်။ တစ်ဖန် ယင်းသူတို့သည် (အသင်နှင့်အတူ) ‘စဂျ်ဒဟ်’ ပျပ်ဝပ် ဦးချပြီးကြသောအခါ အသင်တို့၏နောက်သို့ ဆုတ်သွားကြရပေမည်။ ထို့နောက် ‘ဆွလာသ်’ ဝတ်မပြုကြရသေးသော အခြားသူတစ်စုသည် လာပြီးလျှင်၊ အသင်နှင့်အတူ ‘ဆွလာသ်’ ဝတ်ပြုကြရပေမည်။ ထို့ပြင် ၎င်းတို့သည်လည်း မိမိတို့၏ဘေးရန်ကို ကာကွယ်မည့်ပစ္စည်းများနှင့် လက်နက်များကို ယူဆောင်ထားကြရပေမည်။ (အကြောင်းသော်ကား) ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့က အကယ်၍သာ အသင်တို့သည် မိမိတို့၏ လက်နက်များနှင့် အသုံးအ�ောင်ပစ္စည်းများကို မေ့လျော့သွားကြသော် ၎င်းတို့သည် အသင်တို့အား တစ်ဟုန်တည်း ဝင်ရောက်တိုက်ခိုက်ရန် နှစ်သက်လိုလားကြ (သောကြောင့်ဖြစ်) ပေသည်။ သို့တစေလည်း အကယ်၍သာ အသင်တို့၌ မိုးရွာသွန်းသောကြောင့် (လက်နက်များယူဆောင်ကာ ‘ဆွလာသ်’ ဝတ်ပြုကြရန်) ခဲယဉ်းမှုရှိခဲ့မူ၊ သို့တည်းမဟုတ် အသင်တို့သည် ဝေဒနာရှင်များဖြစ်ခဲ့ကြပါမူ မိမိတို့၏လက်နက်များကို ချထားခြင်းကြောင့် အသင်တို့၌ အပြစ်မရှိပြီ။ သို့သော်လည်း အသင်တို့သည် မိမိတို့အဖို့ ကာကွယ်မှုကိုမူ ပြုလုပ်၍ထားရှိကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့အဖို့ ကျိုးယုတ်ရှက်ရဖြစ်စေမည့် ပြစ်ဒဏ်ကို အရံသင့်ပြုထားတော်မူလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းကျမ်းဂန်ဆိုင်ရာ ဝေါဟာရအနက်ဖွင့်ဆိုချက်များ
  • သွလာဟ် (الصلاة) - အစ္စလာမ်သာသနာ၏ ဝတ်ပြုကိုးကွယ်မှုအနက် အဓိကကျသော နမာဇ်
  • သွာအိဖဟ် (طائفة) - အုပ်စုတစ်စု၊ လူအတန်တစ်ခု
  • အဆ်လိဟဟ် (أسلحة) - လက်နက်များ
  • ဟိဇ်ရ် (حذر) - သတိထားမှု၊ ကာကွယ်မှု
  • ဂျုနာဟ် (جناح) - အပြစ်၊ ဒုစရိုက်
  • မိုင်လဟ် ဝါဟိဒဟ် (ميلة واحدة) - တစ်ချက်တည်း တိုက်ခိုက်မှု
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အကယ်၍ သင်သည် စစ်မြေပြင်တွင် ရှိနေပြီး သူတို့အား နမာဇ်ဖတ်ရန် ဦးဆောင်မည်ဆိုလျှင် သူတို့ထဲမှ အုပ်စုတစ်စုသည် သင့်နှင့်အတူ နမာဇ်ဖတ်ရန် ရပ်တည်ကြပါစေ။ ထိုအုပ်စုသည် မိမိတို့၏ လက်နက်များကို ကိုင်ဆောင်ထားကြရမည်။ ထိုအုပ်စုသည် နမာဇ်၏ သွလာဟ်တစ်ရကအသ် ပြီးဆုံးသောအခါ (သို့မဟုတ် ဆွဂျ်ဒဟ် ပြုပြီးသောအခါ) သူတို့သည် သင့်နောက်ဘက်တွင် ရပ်တည်ကြရမည်။ ထို့နောက် နမာဇ်မဖတ်ရသေးသော အခြားအုပ်စုတစ်စုသည် လာရောက်၍ သင့်နှင့်အတူ နမာဇ်ဖတ်ကြရမည်။ သူတို့သည် သတိထားမှုနှင့် လက်နက်များကို ကိုင်ဆောင်ထားကြရမည်။

ကာဖိရ်များသည် သင်တို့၏ လက်နက်များနှင့် ပစ္စည်းဥစ္စာများကို သင်တို့ လျစ်လျူရှုထားသည့်အချိန်ကို စောင့်မျှော်လျက် ရှိကြသည်။ ထိုအချိန်တွင် သူတို့သည် သင်တို့အပေါ် တစ်ချက်တည်း တိုက်ခိုက်မှုကို ပြုလုပ်ရန် ဆန္ဒရှိကြသည်။

သို့သော် အကယ်၍ သင်တို့သည် မိုးရွာခြင်းကြောင့် သော်လည်းကောင်း၊ နာမကျန်းဖြစ်ခြင်းကြောင့် သော်လည်းကောင်း ဒုက္ခရောက်နေပါက လက်နက်များကို ချထားရန် သင်တို့အပေါ် အပြစ်မရှိပါ။ သို့သော် သတိထားမှုကို မဖြစ်မနေ ယူထားကြရမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအတွက် အရှက်ရဖွယ် ပြစ်ဒဏ်ကို အသင့်ပြင်ဆင်ထားတော်မူပြီး ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အစ္စလာမ်သာသနာသည် လက်တွေ့ကျသော ဘာသာတရားဖြစ်သည်။ စစ်မြေပြင်တွင်ပင် နမာဇ်ဝတ်ပြုရန် လမ်းညွှန်ချက်ပေးထားသည်။ ဤသည်မှာ အစ္စလာမ်၏ ပြည့်စုံသော ဘဝလမ်းညွှန်စနစ်ကို ပြသသည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များအား ခက်ခဲသောအခြေအနေများတွင် လွယ်ကူမှ


📜 အာယာသ် 100-104 — စူရာ အန်-နီဆာ

100۞ وَمَن يُهَاجِرْ فِي سَبِيلِ اللَّهِ يَجِدْ فِي الْأَرْضِ مُرَاغَمًا كَثِيرًا وَسَعَةً ۚ وَمَن يَخْرُجْ مِن بَيْتِهِ مُهَاجِرًا إِلَى اللَّهِ وَرَسُولِهِ ثُمَّ يُدْرِكْهُ الْمَوْتُ فَقَدْ وَقَعَ أَجْرُهُ عَلَى اللَّهِ ۗ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
၎င်းပြင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ‘ဟစ်ဂျ်ရတ်’ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းခြင်းကိုပြုအံ့။ ထိုသူသည် ကမ္ဘာမြေပြင်ဝယ် (ခိုလှုံရာ) နေရာများစွာကိုလည်းကောင်း၊ (ဘာသာသာသနာရေးအတွက်) ကျယ်ဝန်း (လွတ်လပ်) မှုကိုလည်းကောင်း တွေ့ရှိပေအံ့။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ် (နှစ်သက်တော်မူသောနေရာ) ကို ရည်စူး၍လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (အား ကူညီခြင်း) ကို ရည်စူး၍လည်းကောင်း၊ မိမိအိမ်မှ ‘မုဟာဂျစ်ရ်’ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသူအဖြစ် ထွက်ခဲ့ပြီးနောက် (လမ်းခရီး၌ပင်) ထိုသူ၌ ‘မရဏ’ သေခြင်းတရား ဆိုက်ရောက်လာ (သဖြင့် သေဆုံး) ခဲ့မူ၊ မုချဧကန် ထိုသူ၏အကျိုးသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ အတည်ဖြစ်ချေပြီ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ (ရကူ)
101وَإِذَا ضَرَبْتُمْ فِي الْأَرْضِ فَلَيْسَ عَلَيْكُمْ جُنَاحٌ أَن تَقْصُرُوا مِنَ الصَّلَاةِ إِنْ خِفْتُمْ أَن يَفْتِنَكُمُ الَّذِينَ كَفَرُوا ۚ إِنَّ الْكَافِرِينَ كَانُوا لَكُمْ عَدُوًّا مُّبِينًا
၎င်းပြင် အကြင်အခါဝယ်၊ အသင်တို့သည် ကမ္ဘာမြေပြင်ဝယ် ခရီးထွက်ခဲ့ကြကုန်၏။ ထိုအခါဝယ် အသင်တို့သည် အကယ်၍ မိမိတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့က ဒုက္ခပေးကြမည်ကို စိုးရိမ်ကြသည်ရှိသော်၊ အသင်တို့၌ ‘ဆွလာသ်’ ဝတ်ပြုမှုကို လျော့၍ပြုခြင်းအားဖြင့် အပြစ်တစ်စုံတစ်ရာမျှမရှိချေ။ ဧကန်စင်စစ် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ကား အသင်တို့၏ ထင်ရှားစွာသောရန်သူများပင် ဖြစ်ကြကုန်သတည်း။
102وَإِذَا كُنتَ فِيهِمْ فَأَقَمْتَ لَهُمُ الصَّلَاةَ فَلْتَقُمْ طَائِفَةٌ مِّنْهُم مَّعَكَ وَلْيَأْخُذُوا أَسْلِحَتَهُمْ فَإِذَا سَجَدُوا فَلْيَكُونُوا مِن وَرَائِكُمْ وَلْتَأْتِ طَائِفَةٌ أُخْرَىٰ لَمْ يُصَلُّوا فَلْيُصَلُّوا مَعَكَ وَلْيَأْخُذُوا حِذْرَهُمْ وَأَسْلِحَتَهُمْ ۗ وَدَّ الَّذِينَ كَفَرُوا لَوْ تَغْفُلُونَ عَنْ أَسْلِحَتِكُمْ وَأَمْتِعَتِكُمْ فَيَمِيلُونَ عَلَيْكُم مَّيْلَةً وَاحِدَةً ۚ وَلَا جُنَاحَ عَلَيْكُمْ إِن كَانَ بِكُمْ أَذًى مِّن مَّطَرٍ أَوْ كُنتُم مَّرْضَىٰ أَن تَضَعُوا أَسْلِحَتَكُمْ ۖ وَخُذُوا حِذْرَكُمْ ۗ إِنَّ اللَّهَ أَعَدَّ لِلْكَافِرِينَ عَذَابًا مُّهِينًا
၎င်းပြင် (အို- နဗီတမန်တော်) အကြင်အခါဝယ် အသင်သည် ထိုသူတို့အထဲတွင်ရှိနေ၍ ထိုသူတို့အဖို့ ‘ဆွလာသ်’ဝတ်ပြုမှုကို စီစဉ်ခဲ့ပါလျှင်၊ ထိုအခါ ၎င်းတို့အနက်မှ လူတစ်စုသည် (အသင်၏နောက်မှ ‘ဆွလာသ်’ ဝတ်ပြုကြရန်) အသင်နှင့်အတူ ရပ်ကြရပေမည်။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏လက်နက်များကိုလည်း ယူဆောင်ထားကြရပေမည်။ တစ်ဖန် ယင်းသူတို့သည် (အသင်နှင့်အတူ) ‘စဂျ်ဒဟ်’ ပျပ်ဝပ် ဦးချပြီးကြသောအခါ အသင်တို့၏နောက်သို့ ဆုတ်သွားကြရပေမည်။ ထို့နောက် ‘ဆွလာသ်’ ဝတ်မပြုကြရသေးသော အခြားသူတစ်စုသည် လာပြီးလျှင်၊ အသင်နှင့်အတူ ‘ဆွလာသ်’ ဝတ်ပြုကြရပေမည်။ ထို့ပြင် ၎င်းတို့သည်လည်း မိမိတို့၏ဘေးရန်ကို ကာကွယ်မည့်ပစ္စည်းများနှင့် လက်နက်များကို ယူဆောင်ထားကြရပေမည်။ (အကြောင်းသော်ကား) ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့က အကယ်၍သာ အသင်တို့သည် မိမိတို့၏ လက်နက်များနှင့် အသုံးအ�ောင်ပစ္စည်းများကို မေ့လျော့သွားကြသော် ၎င်းတို့သည် အသင်တို့အား တစ်ဟုန်တည်း ဝင်ရောက်တိုက်ခိုက်ရန် နှစ်သက်လိုလားကြ (သောကြောင့်ဖြစ်) ပေသည်။ သို့တစေလည်း အကယ်၍သာ အသင်တို့၌ မိုးရွာသွန်းသောကြောင့် (လက်နက်များယူဆောင်ကာ ‘ဆွလာသ်’ ဝတ်ပြုကြရန်) ခဲယဉ်းမှုရှိခဲ့မူ၊ သို့တည်းမဟုတ် အသင်တို့သည် ဝေဒနာရှင်များဖြစ်ခဲ့ကြပါမူ မိမိတို့၏လက်နက်များကို ချထားခြင်းကြောင့် အသင်တို့၌ အပြစ်မရှိပြီ။ သို့သော်လည်း အသင်တို့သည် မိမိတို့အဖို့ ကာကွယ်မှုကိုမူ ပြုလုပ်၍ထားရှိကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့အဖို့ ကျိုးယုတ်ရှက်ရဖြစ်စေမည့် ပြစ်ဒဏ်ကို အရံသင့်ပြုထားတော်မူလေသတည်း။
103فَإِذَا قَضَيْتُمُ الصَّلَاةَ فَاذْكُرُوا اللَّهَ قِيَامًا وَقُعُودًا وَعَلَىٰ جُنُوبِكُمْ ۚ فَإِذَا اطْمَأْنَنتُمْ فَأَقِيمُوا الصَّلَاةَ ۚ إِنَّ الصَّلَاةَ كَانَتْ عَلَى الْمُؤْمِنِينَ كِتَابًا مَّوْقُوتًا
တစ်ဖန် အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြု၍ပြီးကြသောအခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို မတ်တတ်ရပ်လျက်လည်းကောင်း၊ ထိုင်လျက်လည်းကောင်း၊ လဲလျောင်းလျက်လည်းကောင်း၊ အောက်မေ့တသ သတိရရှိကြလေကုန်။ တစ်ဖန် အသင်တို့သည် ဘေးရန်ကင်းငြိမ်း၍ စိတ်ချရသောအခါ (နဂိုမူလအတိုင်း စည်းကမ်းကျနစွာဖြင့်) ‘ဆွလာသ်’ ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ဧကန်မလွဲ‘ဆွလာသ်’ ဝတ်ပြုမှုသည် ‘မုအ်မင်န်’ တို့အပေါ်၌ အချိန်ကာလပိုင်းခြား၍ အတည် သတ်မှတ်ပြဋ္ဌာန်းထားသော ဖရဇ်တာဝန်တစ်ရပ်ပင် ဖြစ်ချေသတည်း။
104وَلَا تَهِنُوا فِي ابْتِغَاءِ الْقَوْمِ ۖ إِن تَكُونُوا تَأْلَمُونَ فَإِنَّهُمْ يَأْلَمُونَ كَمَا تَأْلَمُونَ ۖ وَتَرْجُونَ مِنَ اللَّهِ مَا لَا يَرْجُونَ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
၎င်းပြင် အသင်တို့သည် ရန်သူတို့အား လိုက်လံ (တိုက်ခိုက်) ရာ၌ စိတ်အားမလျှော့ကြကုန်လင့်။ အကယ်၍ အသင်တို့ ဒုက္ခခံစားကြရပါလျှင် ထိုသူတို့သည်လည်း အသင်တို့ကဲ့သို့ပင် ဒုက္ခခံစားကြရကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ထိုသူတို့မမျှော်လင့်သောအရာများကို မျှော်လင့်ကြကုန်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။ (ရကူ)
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
102အာယာသ်

ဘာသာပြန် — အန်-နီဆာ 102

စူရာ အန်-နီဆာ အာယာသ် 102 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို- နဗီတမန်တော်) အကြင်အခါဝယ် အသင်သည် ထိုသူတို့အထဲတွင်ရှိနေ၍ ထိုသူတို့အဖို့ ‘ဆွလာသ်’ဝတ်ပြုမှုကို စီစဉ်ခဲ့ပါလျှင်၊ ထိုအခါ…

စူရာ အာယာသ် 102/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 100–104. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers