📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 13
အလ်-ဗကရ

အလ်-ဗကရ

2:84
وَإِذۡ أَخَذۡنَا مِيثَٰقَكُمۡ لَا تَسۡفِكُونَ دِمَآءَكُمۡ وَلَا تُخۡرِجُونَ أَنفُسَكُم مِّن دِيَٰرِكُمۡ ثُمَّ أَقۡرَرۡتُمۡ وَأَنتُمۡ تَشۡهَدُونَ ٨٤
၎င်းပြင် (အို-အစ္စရာအီလီ မျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်၍ အောက်မေ့ သတိရကြကုန်လော့) တစ်ပါးသောအခါ၌ ငါအရှင် သည် အသင်တို့ထံမှ အသင်တို့သည် မိမိတို့ အချင်းချင်း (သတ်ဖြတ်ကြ၍) သွေးထွက်သံယို မပြုကြရန်လည်းကောင်း၊ တစ်ဦးကိုတစ်ဦး မိမိတို့နေထိုင်ရာ အိုးအိမ်မြို့ရွာဒေသများမှလည်း နှင်ထုတ်ခြင်း မပြုကြရန်လည်းကောင်း၊ ပဋိညာဉ်ဝန်ခံချက်ကို ယူခဲ့ဘူးလေသည်။ ထို့နောက် အသင်တို့သည် ထိုပဋိညာဉ် ဝန်ခံချက် ကတိသစ္စာကို အတည် ပြုကြရုံမျှမက မိမိတို့ကိုယ်တိုင်ပင်လျှင် (ထိုအကြောင်းနှင့်စပ်လျဉ်း၍) အသိသက်သေများ ဖြစ်ကြလေသည်။
2:85
ثُمَّ أَنتُمۡ هَٰٓؤُلَآءِ تَقۡتُلُونَ أَنفُسَكُمۡ وَتُخۡرِجُونَ فَرِيقًا مِّنكُم مِّن دِيَٰرِهِمۡ تَظَٰهَرُونَ عَلَيۡهِم بِٱلۡإِثۡمِ وَٱلۡعُدۡوَٰنِ وَإِن يَأۡتُوكُمۡ أُسَٰرَىٰ تُفَٰدُوهُمۡ وَهُوَ مُحَرَّمٌ عَلَيۡكُمۡ إِخۡرَاجُهُمۡۚ أَفَتُؤۡمِنُونَ بِبَعۡضِ ٱلۡكِتَٰبِ وَتَكۡفُرُونَ بِبَعۡضٍۚ فَمَا جَزَآءُ مَن يَفۡعَلُ ذَٰلِكَ مِنكُمۡ إِلَّا خِزۡيٌ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَيَوۡمَ ٱلۡقِيَٰمَةِ يُرَدُّونَ إِلَىٰٓ أَشَدِّ ٱلۡعَذَابِۗ وَمَا ٱللَّهُ بِغَٰفِلٍ عَمَّا تَعۡمَلُونَ ٨٥
ထို(ကဲ့သို့ ထင်ရှားစွာ ပဋိညာဉ်ဝန်ခံချက် ပြုကြပြီး)နောက် အသင်တို့ပင်လျှင် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး သတ်ဖြတ်ကြ၍ မိမိတို့အနက်မှ လူတစ်စုကို ထိုသူတို့၏ အိုးအိမ်မြို့ရွာများမှ နှင်ထုတ်ကြ၏။ ၎င်းပြင် အသင်တို့သည် ထိုသူတို့ကို ဆန့်ကျင်၍ အကုသိုလ် ဒုစရိုက်မှုများကို ပြု�ုပ်ခြင်း အားဖြင့်လည်းကောင်း၊ မတရားသဖြင့် အကျိုးကျေးဇူးပျက်စီး နစ်နာစေခြင်းအားဖြင့် လည်းကောင်း အသင်တို့သည်(ထိုသူတို့၏ရန်သူများအား) ယိုင်းပင်းကူညီကြလေသည်။(ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် အသင်တို့သည်ကတိဝန်ခံချက်နှစ်ရပ် လုံးကိုဖေါက်ဖျက်ကြ၏)။ သို့သော် တဖန် ယင်းလူစုသည် အသင်တို့ ထံသို့ သုံ့ပန်းအဖြစ်ဖြင့် (ပြန်လည်) ရောက်ရှိကြသောအခါ အသင်တို့ သည် ယင်းသူတို့အား (လျော်ကြေးပေး၍) ရွေးယူကြပြန်သည်၊ စင်စစ်ဆိုသော် ထိုသူတို့အားထိုကဲ့သို့ (အိုးအိမ်မြို့ရွာ များမှ) နှင်ထုတ်ခြင်းသည် သင်တို့အဖို့ မြစ်တားထားသော ပညတ်ချက် (တစ်ရပ်)ပင် ဖြစ်ပေသည်။ အသင်တို့သည် (တောင်ရာတ်) ကျမ်းတော်မြတ်၏တစိတ်တဒေသကိုသာ ယုံကြည်လက်ခံကြ၍ ချို့အမိန့်တော်များကို ငြင်းပယ်ကြလေသလော။ ထိုသို့ ဖြစ်ခဲ့ပါလျှင် အသင်တို့အနက်မှ ယင်းကဲ့သို့သော အပြုအမူကို ပြုကျင့်ကြကုန်သောသူများ၏ထိုက်သင့်သောအကျိုးကား ဤလောက၌ အသက်ထင်ရှားရှိ နေစဉ် အရှက်ကွဲခြင်း၊ ဂုဏ်အသရေယုတ်ညံ့ခြင်းမှအပ (အခြား) အဘယ်အရာဖြစ်နိုင်ဦး မည်နည်း။ ဤမျှမကသေး တဖန်နောင်တရားစီရင် ဆုံးဖြတ်မည့်နေ့တွင် ပိုမို၍ ပြင်းထန်လှစွာသော အပြစ်ဒဏ်ကို ခံစားကြရဦးမည်၊ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုကျင့်ကြကုန်သော ကိစ္စ (အရပ်ရပ်တို့)ကို မေ့လျော့ လျစ်လျူရှုတော်မှုမည့်အရှင် မဟုတ်ပေ။
2:86
أُوْلَٰٓئِكَ ٱلَّذِينَ ٱشۡتَرَوُاْ ٱلۡحَيَوٰةَ ٱلدُّنۡيَا بِٱلۡأٓخِرَةِۖ فَلَا يُخَفَّفُ عَنۡهُمُ ٱلۡعَذَابُ وَلَا هُمۡ يُنصَرُونَ ٨٦
ဤသူများသည် ဤပစ္စုပ္ပန်ဘဝ(၏ စည်းစိမ်ချမ်းသာ) ကို နောင်တမလွန်ဘဝဖြင့် လဲလှယ်ဝယ်ယူကြသူများပင် ဖြစ်ကြသည်။ သို့လဲလှယ် ဝယ်ယူကြသည့်အတွက် ယင်းသူတို့ သည် အပြစ်ဒဏ်ခံစားရာ၌ သက်သာစေခြင်း ခံကြရမည်မဟုတ်၊ (မည်သူတစ်စုံတစ်ယောက်၏) ကယ်တင် စောင်မခြင်းကိုမျှလည်း ခံကြရမည်မဟုတ်။
2:87
وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ وَقَفَّيۡنَا مِنۢ بَعۡدِهِۦ بِٱلرُّسُلِۖ وَءَاتَيۡنَا عِيسَى ٱبۡنَ مَرۡيَمَ ٱلۡبَيِّنَٰتِ وَأَيَّدۡنَٰهُ بِرُوحِ ٱلۡقُدُسِۗ أَفَكُلَّمَا جَآءَكُمۡ رَسُولُۢ بِمَا لَا تَهۡوَىٰٓ أَنفُسُكُمُ ٱسۡتَكۡبَرۡتُمۡ فَفَرِيقًا كَذَّبۡتُمۡ وَفَرِيقًا تَقۡتُلُونَ ٨٧
ထို့ပြင် (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ အသင်တို့ တရားရစိမ့်သောငှါ) ငါအရှင်သည် (နဗီတမန်တော်) မူစာအား (တောင်ရာတ်) ကျမ်းတော်ကို မုချ ထုတ်ပြန်ပို့ချ ပေးသနား တော်မူခဲ့လေသည်။ တဖန် ထို (နဗီတမန်တော်) မူစာ၏ နောက်၌ (မြောက်မြားစွာသော) နဗီ တမန်တော်များကို တစ်ပါးပြီးတစ်ပါး အဆက်မပြတ် စေလွှတ် တော်မူခဲ့လေသည်။ ထို့နောက် မရ်ယမ် (သခင်မ)၏သားတော် နဗီတမန်တော် အီစာအား ထင်ရှားလှစွာသော သက်သေခံလက္ခဏာ တန်ခိုးပြာဋိဟာများကို ပေးသနားတော်မူခဲ့၏။ ၎င်းအပြင် ငါအရှင်သည် ထို’အီစာ’ အား ‘ရူဟုးလ်ကုဒုစ်’ (ဝါ) အပါးတော်စေတမန် ဂျိဗ်ရီလ်ကို စေလွှတ်ခြင်းဖြင့် ကူညီ အားပေးတော်မူခဲ့လေသည်။ သို့ဖြစ်ပါလျက်နှင့်ပင် မည်သည့် အခါမျိုးမဆို နဗီတမန်တော် တစ်ပါးပါးသည် အသင်တို့ မနှစ်သက်သော အမိန့်တော်များကို အသင်တို့ထံသို့ ယူ ဆောင်လာခဲ့သည်ရှိသော် အသင်တို့သည် မောက်မာပလွှားကြပြီး (ယင်းအမိန့်တော်များကို မလိုက်နာမကျင့်မူ လိုသောကြောင့် ထိုနဗီတမန်တော် များအနက်မှ) တစုကို မဟုတ်မလျား မုသားပြောဆိုကြသူများဟုစွပ်စွဲ၍ တစုကိုမူ (ရက်စက်ကြမ်းကြုတ်စွာ) သတ်ဖြတ်ကြကုန်သည်(မဟုတ်ပါလော)။
2:88
وَقَالُواْ قُلُوبُنَا غُلۡفُۢۚ بَل لَّعَنَهُمُ ٱللَّهُ بِكُفۡرِهِمۡ فَقَلِيلًا مَّا يُؤۡمِنُونَ ٨٨
တစ်ဖန် ယင်း(ယဟူဒီများက) ပြောဆိုကြပြန်သည်မှာ အကျွန်ုပ်တို့၏ စိတ်နှလုံးများသည် လုံးဝ ဖုံးအုပ်လျက်ရှိနေပေသည်။ (သို့ဖြစ်လေရာ အစ္စလာမ်သာသနာသည် ကျွန်ုပ်တို့၏ စိတ်နှလုံး တွင်းသို့ မစူးရှ မဝင်နိုင်ချေ)။ စင်စစ်သော်ကား ထိုသို့အလျင်းမဟုတ်၊ အမှန်မှာ ယင်းသူတို့၏ ငြင်းပယ်ဖီဆန်မှုကြောင့် အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အား မိမိကရုဏာတော်မှ ကင်းဝေးစေတော် မူသည်။ သို့ဖြစ်၍ ယင်းသူတို့၏ (စိတ်တွင်း၌) ယုံကြည်ခြင်းသဒ္ဓါတရားသည် အနည်းငယ် စိုးစဉ်မျှသာ ရှိလေသည်။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, August 19, 2026
Don't forget us in your sincere prayers







