📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 12
အလ်-ဗကရ

အလ်-ဗကရ

2:77
أَوَلَا يَعۡلَمُونَ أَنَّ ٱللَّهَ يَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَ ٧٧
ထိုသူတို့သည် (မိမိတို့ စိတ်တွင်းဝယ်) တိတ်တဆိတ် လျှို့ဝှက်ထားကြသော အကြောင်းအရာခပ်သိမ်းတို့ကိုလည်းကောင်း၊ အထင်အရှား ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုကြကုန်သော အကြောင်းအရာခပ်သိမ်းတို့ကို လည်းကောင်း၊ ဧကန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် (မိမိ၏ ဉာဏ်တော်ဖြင့် အကြွင်းမဲ့) သိရှိတော်မူသည်ကို မသိကြလေသလော။
2:78
وَمِنۡهُمۡ أُمِّيُّونَ لَا يَعۡلَمُونَ ٱلۡكِتَٰبَ إِلَّآ أَمَانِيَّ وَإِنۡ هُمۡ إِلَّا يَظُنُّونَ ٧٨
ထိုမှတပါး ၎င်းတို့ အတွင်းဝယ် စာပေကျမ်းဂန် မတတ်ကျွမ်းသူများလည်း ရှိကြ၏။ ယင်းသူတို့သည် ကောလာဟလဖြစ်သော သတင်းများမှတပါး ကျမ်းဂန်များကို မသိနားမလည်ကြချေ၊ အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ထင်မိထင်ရာ တွေးတောရမ်းဆချက်များမှတပါး (အခြားမည်သည်ကိုမျှ အတိအကျသိရှိကြသည်) မဟုတ်ချေ။
2:79
فَوَيۡلٌ لِّلَّذِينَ يَكۡتُبُونَ ٱلۡكِتَٰبَ بِأَيۡدِيهِمۡ ثُمَّ يَقُولُونَ هَٰذَا مِنۡ عِندِ ٱللَّهِ لِيَشۡتَرُواْ بِهِۦ ثَمَنًا قَلِيلًاۖ فَوَيۡلٌ لَّهُم مِّمَّا كَتَبَتۡ أَيۡدِيهِمۡ وَوَيۡلٌ لَّهُم مِّمَّا يَكۡسِبُونَ ٧٩
သို့ဖြစ်၍ ကျမ်းဂန်များကို မိမိတို့ကိုယ်တိုင် မိမိတို့လက်ဖြင့် စီရင်ရေးသားပြီး အနည်းငယ် မျှသောအဖိုးအခနှင့် လဲလှယ်ရောင်းချ(စားသုံး)ရန် အလို့ငှါ၊ ဤကျမ်းဂန်သည်ကား အလ္လာဟ် အရှင်မြတ်အထံတော်မှ (ထုတ်ပြန်ပို့ချတော်မူသောတရား ဒေသနာတော်ကျမ်းဂန်)တည်း ဟူ၍(လိမ်လည်) ပြောဆိုကြသော သာသနာ့ ရှေ့ဆောင် ရှေ့ရပ်တို့သည် ပျက်စီးကြရကုန်လတ္တံ့။ တဖန် ယင်းသူတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့လက်ဖြင့် (မဟုတ်မမှန်) ရေးသား ခဲ့ခြင်းကြောင့်လည်းကောင်း၊ (မပြုထိုက်မပြုအပ်သော နည်းမျိုးဖြင့်ဥစ္စာပစ္စည်း) ရှာဖွေခြင်းကြောင့်လည်းကောင်း ပျက်စီးကြရလတ္တံ့။
2:80
وَقَالُواْ لَن تَمَسَّنَا ٱلنَّارُ إِلَّآ أَيَّامًا مَّعۡدُودَةًۚ قُلۡ أَتَّخَذۡتُمۡ عِندَ ٱللَّهِ عَهۡدًا فَلَن يُخۡلِفَ ٱللَّهُ عَهۡدَهُۥٓۖ أَمۡ تَقُولُونَ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ٨٠
ထို့ပြင်တဝ ယင်းတို့က (ငရဲ) မီးသည် ကျွန်ုပ်တို့ကို ရေတွက်ထားသောနေ့ရက် (အနည်းငယ်) မှအပ (ကာလကြာမြင့်စွာ) အလျင်း ထိရောက်မည်မဟုတ်ဟု ပြောဆိုကြပြန်သည်။ (အို-နဗီတမန်တော်မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အသင်သည် (ယင်းယဟူဒီတို့ကို ဤသို့ တုံ့ပြန်)မေးမြန်းပါလေ။ (ဟယ်-အချင်းတို့) အသင် တို့သည် (ဤအကြောင်းနှင့်စပ်လျဉ်း၍) အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ တစုံတခုသော ပဋိညာဉ် ကို ရယူထား ကြပါသလော။ သို့ ရယူထားခဲ့ကြပါလျှင် အလ္လာဟ် အရှင်မြတ်သည် မိမိပြုထားတော် မူသော ပဋိညာဉ် ဝန်ခံချက်ကို မည်သည့်အခါမျှ ဖျက်တော်မူလိမ့်မည်မဟုတ်။ သို့တည်းမဟုတ် အသင်တို့သည်အလ္လာဟ် အရှင်မြတ်အပေါ်၌ မိမိတို့ မသိနားမလည်သော အကြောင်းတစုံတရာကို လည်ဆယ် ပြောဆိုကြပါသလော။
2:81
بَلَىٰۚ مَن كَسَبَ سَيِّئَةً وَأَحَٰطَتۡ بِهِۦ خَطِيٓـَٔتُهُۥ فَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ٨١
(၎င်းတို့၏စကားသည် လုံးဝမှန်ကန်သည်မဟုတ်) စင်စစ်မှာကား မည်သူမဆို မကောင်းမှုအကုသိုလ်များကို ဆည်းပူးအံ့။ တဖန် (ယင်းသို့ ဆည်းပူးခြင်းအားဖြင့်) ထိုသူ၏ ပြစ်မှုဒုစရိုက်များသည် ထိုသူအား ဝန်းခြုံလျက်ရှိအံ့။ သို့ဖြစ်ခဲ့ပါလျှင် ထိုကဲ့သို့သော သူတို့သည် ငရဲသားများသာ ဖြစ်ကြကုန်၏၊ ထိုသူတို့သည် ထိုငရဲဘုံ၌ပင် ထာဝစဉ် နေထိုင်ကြရလတ္တံ့။
2:82
وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ ٨٢
သို့သော် အကြင်သူများသည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြ၏၊ ထိုသူတို့သည် ဂျန္နတ်အမတ သုခဘုံသားများ ဖြစ်ကြကုန်၏။ ထိုသူများသည် ယင်း ဂျန္နတ် အမတသုခဘုံ၌ အမြဲ ခံစားကြရမည့်သူများ ဖြစ်ကြ၏။
2:83
وَإِذۡ أَخَذۡنَا مِيثَٰقَ بَنِيٓ إِسۡرَٰٓءِيلَ لَا تَعۡبُدُونَ إِلَّا ٱللَّهَ وَبِٱلۡوَٰلِدَيۡنِ إِحۡسَانًا وَذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَقُولُواْ لِلنَّاسِ حُسۡنًا وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ ثُمَّ تَوَلَّيۡتُمۡ إِلَّا قَلِيلًا مِّنكُمۡ وَأَنتُم مُّعۡرِضُونَ ٨٣
ထို့ပြင်တဝ အခါတပါး၌ ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်များထံမှ အသင်တို့သည် အလ္လာဟ် အရှင်မြတ်မှအပ မည်သည့်အရာကိုမျှ ခဝပ်ရိုကျိုး ရှိခိုးပူဇော် ကိုးကွယ်ဆည်းကပ်ခြင်း မပြုကြရမည့်အကြောင်း၊ထို့ပြင် မာတာပိတု မိဘနှစ်ပါးကိုလည်းကောင်း၊ သွေးချင်းနီးစပ်သော ဆွေမျိုးရင်းချာ တို့ကိုလည်းကောင်း၊ ဖသက် ဆိုးများလည်းကောင်း၊ အထီးကျန် သူဆင်းရဲတို့ကို လည်းကောင်း၊ ကောင်းမှုပြုကြရမည့် အကြောင်း၊ ထိုမျှမက လူ အပေါင်းတို့နှင့် (ပြောဆိုဆက်ဆံရာ၌ သာယာချိုအေး ယဉ်ကျေးလှစွာသော စကားများကိုသာ) ကောင်းမွန်စွာ ပြောဆိုကြရမည့်အကြောင်း၊ ဆွာလာတ်ဝတ်ပြုကြရမည့် အကြောင်းနှင့် ဇကာတ် တရားဝင်ဒါနကြေးကို ပေးဆောင် ကြရမည့်အကြောင်း ကတိဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ ထို(ကဲ့သို့ ခိုင်မာသော ပဋိညာဉ်ဝန်ခံချက်များကို ပြုပြီးသည့်) နောက် အသင်တို့အနက်မှ အနည်းငယ်မှအပ ကျန်အားလုံးတို့ သည် (ယင်းပဋိညာဉ် ဝန်ခံချက်ကို ဖေါက်ဖျက်၍) နောက်ဆုတ် လွှဲဖယ် ရှောင်သွား ကြလေသည်။ စင်စစ်တမူကား အသင်တို့ သည် (ဖြောင့်မတ်မှန်ကန်သောလမ်းမှ) သွေဖည်လေ့ရှိသော သူများသာ ဖြစ်ကြကုန်လေသတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, August 19, 2026
Don't forget us in your sincere prayers







