📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 14
အလ်-ဗကရ

အလ်-ဗကရ

2:89
وَلَمَّا جَآءَهُمۡ كِتَٰبٌ مِّنۡ عِندِ ٱللَّهِ مُصَدِّقٌ لِّمَا مَعَهُمۡ وَكَانُواْ مِن قَبۡلُ يَسۡتَفۡتِحُونَ عَلَى ٱلَّذِينَ كَفَرُواْ فَلَمَّا جَآءَهُم مَّا عَرَفُواْ كَفَرُواْ بِهِۦۚ فَلَعۡنَةُ ٱللَّهِ عَلَى ٱلۡكَٰفِرِينَ ٨٩
အခါတစ်ပါး၌ အလ္လာဟ် အရှင်မြတ်အထံ တော်မှ ကျမ်းဂန်တစ်စောင် (ကုရ်အာန်) သည် ယင်း(ယဟူဒီ)များထံ ရောက်ရှိလာခဲ့လေသည်၊ ထို(ကုရ်အာန်) ကျမ်းမြတ်သည ၎င်းတို့ထံ ရှိနှင့်ပြီး ဖြစ်သော (တောင်ရာတ်) ကျမ်းကိုပင်ထောက်ခံလျက် ရှိပေသည်။ စင်စစ်ဆိုသော် ယင်းသူတို့(ကိုယ်တိုင်) သည်လည်း (ထိုကျမ်းဂန်နှင့် ကျမ်းဂန်ကိုယူဆောင် လာမည့် နဗီတမန်တော်၏ အကြောင်းများကို ထိုကျမ်းဂန် မကျရောက်သေးမီကပင် အရဗ်လူမျိုး) ကာဖိရ်တို့အား ထုတ်ဖော် ပြောဆိုလေ့ ရှိခဲ့လေသည်။ ပြီးနောက်တဖန် ထိုသူတို့သည် မိမိတို့ထံ မိမိတို့ သိနှင့်ပြီးဖြစ်သော (ကုရ်အာန်)ကျမ်းမြတ် သည် ရောက်ရှိလာသောအခါ ယင်း(ကုရ်အာန်) ကျမ်းမြတ်ကိုပင် ငြင်းပယ်ကြကုန်သည်။ သို့ဖြစ်လေရာ (ယင်းကဲ့သို့) သွေဖည်ငြင်းပယ်သော သူတို့အဘို့မှာကား အလ္လာဟ် အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးခြင်းသာ ရှိပေတော့သည်။
2:90
بِئۡسَمَا ٱشۡتَرَوۡاْ بِهِۦٓ أَنفُسَهُمۡ أَن يَكۡفُرُواْ بِمَآ أَنزَلَ ٱللَّهُ بَغۡيًا أَن يُنَزِّلَ ٱللَّهُ مِن فَضۡلِهِۦ عَلَىٰ مَن يَشَآءُ مِنۡ عِبَادِهِۦۖ فَبَآءُو بِغَضَبٍ عَلَىٰ غَضَبٍۚ وَلِلۡكَٰفِرِينَ عَذَابٌ مُّهِينٌ ٩٠
ထိုသူများသည် မိမိတို့အသက်များဖြင့် လဲလှယ်ဝယ်ယူကြသော အကြင်အရာသည် အလွန်တရာမျှ ဆိုးရွားလှ၏။ ထိုအရာကား အလ္လာဟ် အရှင်မြတ် ထုတ်ပြန် ချမှတ်တော်မူသော တရားဒေသနာတော်ကို ထိုသူများ၏ ငြင်းပယ်ခြင်းပင်ဖြစ်၏။ (ယင်းကဲ့သို့ ငြင်းပယ်ခြင်း အကြောင်းမှာလည်း ထိုသူများသည်) အလ္လာဟ် အရှင်မြတ်က မိမိ၏ ကျွန်များအနက် မိမိ နှစ်လိုတော်မူသော သူအား မိမိ၏ ကျေးဇူးပြုတော်မူသည်ကို မနာလို ဝန်တိုမစ္ဆရိယစိတ်ထား ကြခြင်းကြောင့်ပင်တည်း။ သို့အတွက်ကြောင့်ပင် ထိုသူများ သည် အမျက်တော်စူးရှခြင်း ခံရသည့်အပေါ်၌ ထပ်၍ပင် အမျက်တော် စူးရှခြင်းကို ခံကြရလေပြီ။ ဤမျှမကသေး၊ သွေဖည်ငြင်းပယ်သော သူများအတွက် ဂုဏ်အသရေ ယုတ်ညံ့သိမ်ဖျင်းစေသော အပြစ်ဒဏ်သည်လည်း အသင့်ရှိပေသတည်း။
2:91
وَإِذَا قِيلَ لَهُمۡ ءَامِنُواْ بِمَآ أَنزَلَ ٱللَّهُ قَالُواْ نُؤۡمِنُ بِمَآ أُنزِلَ عَلَيۡنَا وَيَكۡفُرُونَ بِمَا وَرَآءَهُۥ وَهُوَ ٱلۡحَقُّ مُصَدِّقًا لِّمَا مَعَهُمۡۗ قُلۡ فَلِمَ تَقۡتُلُونَ أَنۢبِيَآءَ ٱللَّهِ مِن قَبۡلُ إِن كُنتُم مُّؤۡمِنِينَ ٩١
အလ္လာဟ် အရှင်မြတ် အထံတော်မှ (နဗီတမန်တော် အသီးသီးတို့ထံ) ထုတ်ပြန် ပို့ချတော်မူသော ဓမ္မဒေသနာ ကျမ်းဂန်များကို ယုံကြည်၍ လိုက်နာ ကျင့်မူကြပါကုန်ဟု ထိုယဟူဒီ ဘာသာဝင်တို့အား ပြောဆိုကြသည့်အခါ ထို(ယဟူဒီဘာသာဝင်)များက အကျွန်ုပ်တို့သည် မိမိတို့အပေါ်ဝယ် ထုတ်ပြန် ပို့ချပြီးဖြစ်သော (တောင်ရာတ်) ကျမ်းမြတ်ကိုသာ ယုံကြည်(လိုက်နာ ကျင့်မူ) ကြပါ၏ ဟု တုံ့ပြန်ဖြေကြားကြလေသည်။ စင်စစ်တမူကား (ထိုသူတို့ ငြင်းပယ်သော) ထိုကျမ်း မြတ်သည်မှန်ကန်သော ကျမ်းမြတ် ဖြစ်သည့်ပြင် ယင်းသူတို့ထံဝယ်ထုတ်ပြန်ပို့ချပြီး ဖြစ်သော (တောင်ရာတ်ကျမ်း) ကိုလည်းထောက်ခံအတည် ပြုလျက်ရှိ၏။ မည်သို့ပင်ဖြစ်စေ၊ အိုနဗီတမန်တော်) အသင်သည် ယင်းသူတို့ကို ဟယ်-အချင်းတို့၊အကယ်၍သာ အသင်တို့သည် (တောင်ရာတ်ကျမ်း တော်ကို) ယုံကြည်လိုက်နာ ကျင့်မူကြသူများသာ ဖြစ်ခဲ့ကြပါလျှင် ရှေးအထက်ကျော်ကာလက (အသင်တို့အား ထိုတောင်ရာတ်ကျမ်းမြတ်နှင့် လျော်ညီစွာ လိုက်နာကျင့်မူကြရန် သွန်သင်ဆုံးမဩဝါဒ ပေးကြကုန်သော) အလ္လာဟ် အရှင်မြတ်၏ နဗီတမန်တော်များကို အဘယ့်ကြောင့် သတ်ဖြတ် ကြပါသနည်းဟု စုံစမ်းမေးမြန်းပါလေ။
2:92
۞ وَلَقَدۡ جَآءَكُم مُّوسَىٰ بِٱلۡبَيِّنَٰتِ ثُمَّ ٱتَّخَذۡتُمُ ٱلۡعِجۡلَ مِنۢ بَعۡدِهِۦ وَأَنتُمۡ ظَٰلِمُونَ ٩٢
ထိုတွင်မျှမကသေးချေ၊ အသင်တို့ထံသို့ နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်) သည် ထင်ရှားလှစွာသော သက်သေခံလက္ခဏာ တန်ခိုး ပြာဋိဟာများနှင့်တကွ ကြွလာချေပြီ။ ထို့နောက်သော်မှပင် အသင်တို့သည် ထို(နဗီတမန်တော်) မူစာ (အလိုင်ဟစ္စလာမ်တူရ်တောင်ပေါ်သို့ခေတ္တခဏ<ကမြန်းနေခိုက်၊ ယင်းနဗီတမန်တော်၏) နောက် ကွယ်ရာ၌၊ နွားငယ်ကို (မိမိတို့ကိုးကွယ်ရာအရှင် ဟု မှတ်ယူ) ကိုးကွယ်ခဲ့ကြသည်။ စင်စစ်သော်ကား အသင်တို့သည် (မိမိတို့ကိုယ်ကိုမိမိတို့ပင်အမြဲ)ညှဉ်းပန်းနှိပ်စက်ကလူ ပြုလေ့ရှိကြသူများသာတည်း။
2:93
وَإِذۡ أَخَذۡنَا مِيثَٰقَكُمۡ وَرَفَعۡنَا فَوۡقَكُمُ ٱلطُّورَ خُذُواْ مَآ ءَاتَيۡنَٰكُم بِقُوَّةٍ وَٱسۡمَعُواْۖ قَالُواْ سَمِعۡنَا وَعَصَيۡنَا وَأُشۡرِبُواْ فِي قُلُوبِهِمُ ٱلۡعِجۡلَ بِكُفۡرِهِمۡۚ قُلۡ بِئۡسَمَا يَأۡمُرُكُم بِهِۦٓ إِيمَٰنُكُمۡ إِن كُنتُم مُّؤۡمِنِينَ ٩٣
ထိုမှတပါးတုံ (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်အောက်မေ့သတိရကြ ကုန်လော့) အခါတပါး၌ ငါအရှင်သည် အသင်တို့ထက်ဝယ် တူရ် မည်သော တောင်ကို ပင့်မြှောက်ကာ အသင်တို့ထံသို့ ငါအရှင်ထုတ်ပြန် ပို့ချပေးသနားတော်မူသော (တောင်ရာတ်ကျမ်းမြတ်ကို) ခိုင်မြဲစွာ လက်ဆုပ်လက်ကိုင်ပြု၍ (ထိုကျမ်းမြတ်လာ ဒေသနာတော်များကို စိတ်ရောကိုယ်ပါ) နာယူကြရန် အသင်တို့ထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူခဲ့ပြီးဖြစ်သည်။ (ထိုကဲ့သို့ကတိဝန်ခံချက်ကို ယူတော်မူသည့် အခါ) ထိုသူတို့က ကျွန်တော်မျိုးတို့ ကြားကြပါပြီ၊ သို့သော် မနာခံကြပါ ဟုဆိုကြ လေသည်။(ထိုကဲ့သို့ သွေဖည် ငြင်းဆိုခြင်း၏) အကြောင်းမှာ ယင်းသူတို့၏နှလုံးသည်းပွတ်တွင်းသို့ နွားငယ်(၏မေတ္တာ) သည် သက်ဝင် ကိန်းအောင်းလျက် ရှိနေခြင်းကြောင့်တည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, August 19, 2026
Don't forget us in your sincere prayers







