📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 149
وَلَا تَقۡرَبُواْ مَالَ ٱلۡيَتِيمِ إِلَّا بِٱلَّتِي هِيَ أَحۡسَنُ حَتَّىٰ يَبۡلُغَ أَشُدَّهُۥۚ وَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ بِٱلۡقِسۡطِۖ لَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۖ وَإِذَا قُلۡتُمۡ فَٱعۡدِلُواْ وَلَوۡ كَانَ ذَا قُرۡبَىٰۖ وَبِعَهۡدِ ٱللَّهِ أَوۡفُواْۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَذَكَّرُونَ  ۝١٥٢ وَأَنَّ هَٰذَا صِرَٰطِي مُسۡتَقِيمًا فَٱتَّبِعُوهُۖ وَلَا تَتَّبِعُواْ ٱلسُّبُلَ فَتَفَرَّقَ بِكُمۡ عَن سَبِيلِهِۦۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَتَّقُونَ  ۝١٥٣ ثُمَّ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ تَمَامًا عَلَى ٱلَّذِيٓ أَحۡسَنَ وَتَفۡصِيلًا لِّكُلِّ شَيۡءٍ وَهُدًى وَرَحۡمَةً لَّعَلَّهُم بِلِقَآءِ رَبِّهِمۡ يُؤۡمِنُونَ  ۝١٥٤ وَهَٰذَا كِتَٰبٌ أَنزَلۡنَٰهُ مُبَارَكٌ فَٱتَّبِعُوهُ وَٱتَّقُواْ لَعَلَّكُمۡ تُرۡحَمُونَ  ۝١٥٥ أَن تَقُولُوٓاْ إِنَّمَآ أُنزِلَ ٱلۡكِتَٰبُ عَلَىٰ طَآئِفَتَيۡنِ مِن قَبۡلِنَا وَإِن كُنَّا عَن دِرَاسَتِهِمۡ لَغَٰفِلِينَ  ۝١٥٦ أَوۡ تَقُولُواْ لَوۡ أَنَّآ أُنزِلَ عَلَيۡنَا ٱلۡكِتَٰبُ لَكُنَّآ أَهۡدَىٰ مِنۡهُمۡۚ فَقَدۡ جَآءَكُم بَيِّنَةٌ مِّن رَّبِّكُمۡ وَهُدًى وَرَحۡمَةٌۚ فَمَنۡ أَظۡلَمُ مِمَّن كَذَّبَ بِـَٔايَٰتِ ٱللَّهِ وَصَدَفَ عَنۡهَاۗ سَنَجۡزِي ٱلَّذِينَ يَصۡدِفُونَ عَنۡ ءَايَٰتِنَا سُوٓءَ ٱلۡعَذَابِ بِمَا كَانُواْ يَصۡدِفُونَ  ۝١٥٧
6:152
وَلَا تَقۡرَبُواْ مَالَ ٱلۡيَتِيمِ إِلَّا بِٱلَّتِي هِيَ أَحۡسَنُ حَتَّىٰ يَبۡلُغَ أَشُدَّهُۥۚ وَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ بِٱلۡقِسۡطِۖ لَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۖ وَإِذَا قُلۡتُمۡ فَٱعۡدِلُواْ وَلَوۡ كَانَ ذَا قُرۡبَىٰۖ وَبِعَهۡدِ ٱللَّهِ أَوۡفُواْۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَذَكَّرُونَ  ۝١٥٢
ထို့ပြင် အသင်တို့သည် ကောင်းမွန်သော နည်းလမ်းမှတစ်ပါး မိဘမဲ့ကလေးသူငယ်တို့၏ ဥစ္စာပစ္စည်း၏အပါးသို့ပင်၊ ၎င်းတို့လူလားမြောက်၊ အရွယ်ရောက်သည်အထိ မချဉ်းကပ်ရ၊ ထိုမှတစ်ပါး အသင်တို့သည် တောင်း၊ တင်းနှင့်အလေးများကို တရားမျှတစွာဖြင့် အပြည့်ချိန်တွယ်၍ ပေးကြရမည်။ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ဝန်တင်တော်မူသည်မဟုတ်။ ထိုနည်းတူ အသင်တို့သည် (တစ်စုံတစ်ရာကို သက်သေခံ ရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) စကားပြောဆိုသောအခါ(အပြောခံရသောသူသည် မိမိ)ဆွေရင်းသားရင်း ဖြစ်သည့်တိုင်အောင် တရားမျှတစွာ ပြောဆိုကြရမည်။ ထို့အတူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသောကတိ သစ္စာကိုလည်းတည်ကြရမည်(ဖြစ်ပေသည်။) ထိုအရှင်မြတ်သည် အသင်တို့မှတ်သားနိုင်ခြင်းငှာ ဤသည့်(အချက်)တို့နှင့်စပ်လျဉ်း၍ အမိန့်ချမှတ်တော်မူလေသတည်း။
6:153
وَأَنَّ هَٰذَا صِرَٰطِي مُسۡتَقِيمًا فَٱتَّبِعُوهُۖ وَلَا تَتَّبِعُواْ ٱلسُّبُلَ فَتَفَرَّقَ بِكُمۡ عَن سَبِيلِهِۦۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَتَّقُونَ  ۝١٥٣
ထိုမှတစ်ပါး (အသင်ပြောကြားပါလေ။) ဤသည် ငါ၏ဖြောင့်မတ်မှန်ကန်သော တရား လမ်းစဉ်ပေတည်း။သို့ဖြစ်ပေရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြလေကုန်။ ထို့ပြင် အခြားအခြားသော လမ်းစဉ်များကိုမလိုက်ကြကုန်လင့်။ အဘယ့်ကြောင့်ဆိုသော် ယင်းလမ်းစဉ်များသည် အသင်တို့အား ထိုအရှင်မြတ်၏လမ်းတော်မှ ကွဲကွာစေမည် ဖြစ်သောကြောင့်ပင်။ ထိုအရှင်မြတ်သည် အသင်တို့(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်နိုင်ကြရန်အလို့ငှာ ဤသည့်(အချက်) တို့နှင့်စပ်လျဉ်း၍ အသင့်တို့အား အမိန့်ချမှတ်တော်မူခဲ့လေသည်။
6:154
ثُمَّ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ تَمَامًا عَلَى ٱلَّذِيٓ أَحۡسَنَ وَتَفۡصِيلًا لِّكُلِّ شَيۡءٍ وَهُدًى وَرَحۡمَةً لَّعَلَّهُم بِلِقَآءِ رَبِّهِمۡ يُؤۡمِنُونَ  ۝١٥٤
တဖန် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား ယင်း(မူစာ၏အမျိုးသား)တို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်နှင့် တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန်ကောင်းစွာကျင့်မူသော သူတို့အဖို့(တောင်ရာတ်)ကျမ်းမြတ်ကိုပြည့်စုံသော ကျေးဇူးတော်အဖြစ်လည်းကောင်း၊ အလုံးစုံသောအရာများကို လင်းပြသော(ကျမ်းဂန်)အဖြစ်လည်းကောင်း၊တရားဓမ္မညွှန်ပြသော(ဒေသနာတော်)အဖြစ်လည်းကောင်း၊ကရုဏာတော်အဖြစ်လည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့လေသတည်း။
6:155
وَهَٰذَا كِتَٰبٌ أَنزَلۡنَٰهُ مُبَارَكٌ فَٱتَّبِعُوهُ وَٱتَّقُواْ لَعَلَّكُمۡ تُرۡحَمُونَ  ۝١٥٥
စင်စစ်တမူကား ဤသည် ငါအရှင်မြတ်ထုတ်ပြန်တော်မူသော (ကုရ်အာန်) ကျမ်းတော်မြတ်ပင်တည်း။ (ထိုကျမ်းတော်မြတ်သည်) ကောင်းချီးမင်္ဂလာ(အဖြာဖြာ)နှင့် ပြည့်စုံသောကျမ်းမြတ်ပင်ဖြစ်ပေရာ၊ အသင်တို့သည် ထိုကျမ်းမြတ်(၏ ညွှန်ကြားချက်တို့)ကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည်(ထိုကျမ်းတော်မြတ်ကမြစ်တားသောအမှုကိစ္စတို့ မှလည်း)ကြဉ်ရှောင်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏)ကရုဏာတော်ကို ခံစားနိုင်ကြမည်။(တစ်နည်း။)၎င်းပြင် ဤ(ကုရ်အာန်)သည် ကျမ်းဂန်တစ်စောင်ဖြစ်သည်၊ ထိုကျမ်းဂန်ကို ငါအရှင်မြတ်ပင် (အသင်မုဟမ္မဒ်)ထံ ထုတ်ပြန်ချမှတ်တော်မူသည်။ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသည်။ သို့ဖြစ်ပေရာ (ယခု)အသင်တို့သည်ထို(ကျမ်းဂန်လာ ဒေသနာတော်များ)ကို လိုက်နာကြကုန်။၎င်းပြင် အသင်တို့သည် ထို(ကျမ်းဂန်လာ ဒေသနာတော်များကိုဆန့်ကျင်ရာတွင် အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကြကုန်၊သို့ဖြစ်လျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်ကို ခံစားနိုင်ကြပေမည်။
6:156
أَن تَقُولُوٓاْ إِنَّمَآ أُنزِلَ ٱلۡكِتَٰبُ عَلَىٰ طَآئِفَتَيۡنِ مِن قَبۡلِنَا وَإِن كُنَّا عَن دِرَاسَتِهِمۡ لَغَٰفِلِينَ  ۝١٥٦
အသင်တို့က (ကိယာမတ်၊ ရှင်ပြန်ထမည့်နေ့တွင်) ကျွန်တော်မျိုးတို့အလျင်ရှိခဲ့သော(ယဟူဒီနှင့်ခရစ်ယာန်)အုပ်စုနှစ်ခုအပေါ်၌သာလျှင် ကျမ်းဂန်များ ကျရောက်လာလေသည်။ ကျွန်တော်မျိုးတို့မူကား ၎င်းတို့ဖတ်ကြားလေ့လာသည်(များ)ကို (လည်း)မသိနားမလည်ခဲ့ကြချေ ဟု မပြောနိုင်ကြရန်(ငါအရှင်မြတ်သည် ဤကျမ်းတော်မြတ်ကို ချပေး သနားတော်မူခဲ့လေသတည်း။)
6:157
أَوۡ تَقُولُواْ لَوۡ أَنَّآ أُنزِلَ عَلَيۡنَا ٱلۡكِتَٰبُ لَكُنَّآ أَهۡدَىٰ مِنۡهُمۡۚ فَقَدۡ جَآءَكُم بَيِّنَةٌ مِّن رَّبِّكُمۡ وَهُدًى وَرَحۡمَةٌۚ فَمَنۡ أَظۡلَمُ مِمَّن كَذَّبَ بِـَٔايَٰتِ ٱللَّهِ وَصَدَفَ عَنۡهَاۗ سَنَجۡزِي ٱلَّذِينَ يَصۡدِفُونَ عَنۡ ءَايَٰتِنَا سُوٓءَ ٱلۡعَذَابِ بِمَا كَانُواْ يَصۡدِفُونَ  ۝١٥٧
သို့တည်းမဟုတ်(ဤလောကတွင်လည်း) အသင်တို့က အကယ်၍သာ ကျမ်းဂန်သည် ကျွန်တော်မျိုးတို့ထံ ကျရောက်ခဲ့ပါမူ မုချဧကန် ကျွန်တော်မျိုးတို့သည် ၎င်း(မုအ်မင်န်)တို့ထက်ပိုမို၍ လမ်းမှန်ကိုရရှိသူများပင် ဖြစ်ကြပါမည်ဟုမပြောနိုင်ကြရန် (ဤကျမ်းတော်မြတ်ကိုငါအရှင်မြတ်သည်ချပေးတော်မူခဲ့၏။) သို့ဖြစ်ပေရာ၊ ယခုမူကား အသင်တို့ထံအသင်တို့၏ အရှင်မြတ်အထံတော်မှ ထင်ရှားစွာသောသက်သေ လက္ခဏာသည်လည်းကောင်း၊ တရားဓမ္မ ညွှန်ကြားချက်သည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း၊ရောက်ရှိလာခဲ့လေပြီ။ သို့ပါ၍ အကြင်သူထက်ပိုမို၍ မတရားသောသူသည် မည်သူရှိပါသနည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာများကို (မိမိကိုယ်တိုင်) မဟုတ်မမှန်ဟု ငြင်းပယ်ရုံသာမက အခြားသူတို့အားလည်း) ထိုသက်သေလက္ခဏာများ (ကိုယုံကြည်ခြင်းမှ) တားမြစ်လေသည်။ မကြာမြင့်မီ ငါအရှင်မြတ်သည် မိမိသက်သေလက္ခဏာများ(ကိုယုံကြည်ခြင်း)မှ တားမြစ်သောသူတို့အား၊ ၎င်းတို့၏တားမြစ်မှုကြောင့် အလွန်ဆိုးဝါးသောပြစ်ဒဏ်ကို အစားပေးတော်မူမည်။


📚Juz 8 📄149 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Saturday, August 22, 2026

Don't forget us in your sincere prayers