အလ်-အန်အာမ် · 153/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَأَنَّ هَٰذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ ۖ وَلَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَن سَبِيلِهِ ۚ ذَٰلِكُمْ وَصَّاكُم بِهِ لَعَلَّكُمْ تَتَّقُونَ ۝١٥٣
Wa annna haazaa Siraatee mustaqeeman fattabi`oohu wa laa tattabi`us subula fatafarraqa bikum `an sabeelih; zaalikum wassaakum bihee la`allakum tattaqoon
📖 မြန်မာဘာသာ
ထိုမှတစ်ပါး (အသင်ပြောကြားပါလေ။) ဤသည် ငါ၏ဖြောင့်မတ်မှန်ကန်သော တရား လမ်းစဉ်ပေတည်း။သို့ဖြစ်ပေရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြလေကုန်။ ထို့ပြင် အခြားအခြားသော လမ်းစဉ်များကိုမလိုက်ကြကုန်လင့်။ အဘယ့်ကြောင့်ဆိုသော် ယင်းလမ်းစဉ်များသည် အသင်တို့အား ထိုအရှင်မြတ်၏လမ်းတော်မှ ကွဲကွာစေမည် ဖြစ်သောကြောင့်ပင်။ ထိုအရှင်မြတ်သည် အသင်တို့(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်နိုင်ကြရန်အလို့ငှာ ဤသည့်(အချက်) တို့နှင့်စပ်လျဉ်း၍ အသင့်တို့အား အမိန့်ချမှတ်တော်မူခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဤအာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဆွီရာသွွီ (صِرَاطِي): ငါအရှင်မြတ်၏ လမ်းစဉ်၊ တစ်ညီတစ်ညွတ်တည်းဖြစ်သော အစ္စလာမ်သာသနာတော်၏ လမ်းစဉ်ကို ဆိုလိုသည်။
  • မွတ်စ်သကီးမာ (مُسْتَقِيمًا): ဖြောင့်မတ်သော၊ ကွေးကောက်မှုကင်းသော၊ မှန်ကန်သော လမ်းစဉ်ကို ဆိုလိုသည်။
  • စုဗုလ် (السُّبُل): လမ်းများ၊ လမ်းစဉ်များ (ဤနေရာတွင် လွဲမှားသော လမ်းစဉ်များကို ဆိုလိုသည်)။
  • ဖသဖရရ္ကွ (فَتَفَرَّقَ): ကွဲပြားသွားစေခြင်း၊ ခွဲခြားသွားစေခြင်း။
  • သက္က်သွန် (تَتَّقُونَ): အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေခြင်း၊ အပြစ်များမှ ရှောင်ကြဉ်ခြင်း။
  1. ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား မိန့်ကြားတော်မူသည်မှာ ဤအစ္စလာမ်သာသနာတော်သည် ငါအရှင်မြတ်၏ ဖြောင့်မတ်သော လမ်းစဉ်ဖြစ်သည်။ ထိုလမ်းစဉ်ကို လိုက်နာကြလော့။ လွဲမှားသော လမ်းစဉ်အမျိုးမျိုးကို မလိုက်နာကြနှင့်။ အကယ်၍ ထိုလွဲမှားသောလမ်းစဉ်များကို လိုက်နာကြပါက ထိုလမ်းစဉ်များသည် သင်တို့အား အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တော်မှ ကွဲပြားခွဲခြားသွားစေမည်ဖြစ်သည်။ ဤဖြောင့်မတ်သော လမ်းစဉ်ကို လိုက်နာခြင်းသည် အလ္လာဟ်အရှင်မြတ်က သင်တို့အား မှာကြားထားတော်မူသော အရာဖြစ်သည်။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြင့် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေသူများ ဖြစ်လာနိုင်ရန်အတွက်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် ဖြောင့်မတ်သော လမ်းစဉ်တစ်ခုတည်းကိုသာ သတ်မှတ်ပေးထားတော်မူသည်။ ထိုလမ်းစဉ်သည် အစ္စလာမ်သာသနာတော်ဖြစ်သည်။
  • လမ်းစဉ်အမျိုးမျိုး ခွဲခြားလိုက်နာခြင်းသည် စိတ်ရှုပ်ထွေးမှု၊ ကွဲပြားမှုနှင့် လမ်းမှားသို့ ရောက်ရှိစေနိုင်သည်။
  • အစ္စလာမ်သာသနာတော်သည် တစ်ညီတစ်ညွတ်တည်းဖြစ်သော လမ်းစဉ်ဖြစ်ပြီး မှန်ကန်သော လမ်းစဉ်ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေခြင်းသည် ဖြောင့်မတ်သော လမ်းစဉ်ကို လိုက်နာခြင်း၏ အကျိုးရလဒ်ဖြစ်သည်။
  • ဤသာသ


📜 အာယာသ် 151-155 — စူရာ အလ်-အန်အာမ်

151۞ قُلْ تَعَالَوْا أَتْلُ مَا حَرَّمَ رَبُّكُمْ عَلَيْكُمْ ۖ أَلَّا تُشْرِكُوا بِهِ شَيْئًا ۖ وَبِالْوَالِدَيْنِ إِحْسَانًا ۖ وَلَا تَقْتُلُوا أَوْلَادَكُم مِّنْ إِمْلَاقٍ ۖ نَّحْنُ نَرْزُقُكُمْ وَإِيَّاهُمْ ۖ وَلَا تَقْرَبُوا الْفَوَاحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ ۖ وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ۚ ذَٰلِكُمْ وَصَّاكُم بِهِ لَعَلَّكُمْ تَعْقِلُونَ
(အို-နဗီတမန်တော်) အသင်သည် (ထိုသူများအားဤသို့)ပြောကြားကြပါလေ။ အသင်တို့လာကြကုန်၊ အသင်တို့၏အရှင်က အသင်တို့၏အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားတော်မူသော အရာများကို ကျွန်ုပ်ရွတ်ဖတ်ပြအံ့။ (ထိုအရာများ အား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍မည်သည့် အရာကိုမျှ မကိုးကွယ်ကြကုန်လင့်။ ၎င်းပြင်(အသင်တို့သည်) မိဘနှစ်ပါးနှင့် ကောင်းစွာဆက်ဆံခြင်း(ပြုကြကုန်)။၎င်းပြင် (အသင်တို့သည်) မိမိတို့၏သားသမီးများကို ဆင်းရဲမှုကြောင့် မသတ်ဖြတ်ကြကုန်လင့်။ ငါအရှင်မြတ်သည် အသင်တို့ကိုလည်းကောင်း၊ ထိုသူများကိုလည်းကောင်း၊ စားနပ်ရိက္ခာပေးတော်မူသည်။ ၎င်းပြင် အသင်တို့သည် ထင်ရှားသောသို့မဟုတ် လျှို့ဝှက်သော စက်ဆုပ်ရွံရှာရှက်ဖွယ်ရာ ယုတ်မာမှုများ၏အနီးသို့ပင် မချဉ်းကပ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က (သတ်ဖြတ်ခြင်းမပြုရန်) ဟရာမ်ဟူ ၍တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကို မသတ်ဖြတ်ကြကုန်လင့်။ သို့�ာတွင် (အစ္စလာမ်) တရားတော်နှင့်အညီ(သတ်ဖြတ်ပိုင်ခွင့် ချွင်းချက်ရှိပေသည်)။ ထိုအရှင်မြတ်သည်အသင်တို့ သိနားလည်ကြရန်အလို့ငှာ အသင်တို့အား ဤသည်တို့ကို လေးနက်စွာ အမိန့်ချမှတ်တော်မူသည်။
152وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ ۖ وَأَوْفُوا الْكَيْلَ وَالْمِيزَانَ بِالْقِسْطِ ۖ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَإِذَا قُلْتُمْ فَاعْدِلُوا وَلَوْ كَانَ ذَا قُرْبَىٰ ۖ وَبِعَهْدِ اللَّهِ أَوْفُوا ۚ ذَٰلِكُمْ وَصَّاكُم بِهِ لَعَلَّكُمْ تَذَكَّرُونَ
ထို့ပြင် အသင်တို့သည် ကောင်းမွန်သော နည်းလမ်းမှတစ်ပါး မိဘမဲ့ကလေးသူငယ်တို့၏ ဥစ္စာပစ္စည်း၏အပါးသို့ပင်၊ ၎င်းတို့လူလားမြောက်၊ အရွယ်ရောက်သည်အထိ မချဉ်းကပ်ရ၊ ထိုမှတစ်ပါး အသင်တို့သည် တောင်း၊ တင်းနှင့်အလေးများကို တရားမျှတစွာဖြင့် အပြည့်ချိန်တွယ်၍ ပေးကြရမည်။ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ဝန်တင်တော်မူသည်မဟုတ်။ ထိုနည်းတူ အသင်တို့သည် (တစ်စုံတစ်ရာကို သက်သေခံ ရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) စကားပြောဆိုသောအခါ(အပြောခံရသောသူသည် မိမိ)ဆွေရင်းသားရင်း ဖြစ်သည့်တိုင်အောင် တရားမျှတစွာ ပြောဆိုကြရမည်။ ထို့အတူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသောကတိ သစ္စာကိုလည်းတည်ကြရမည်(ဖြစ်ပေသည်။) ထိုအရှင်မြတ်သည် အသင်တို့မှတ်သားနိုင်ခြင်းငှာ ဤသည့်(အချက်)တို့နှင့်စပ်လျဉ်း၍ အမိန့်ချမှတ်တော်မူလေသတည်း။
153وَأَنَّ هَٰذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ ۖ وَلَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَن سَبِيلِهِ ۚ ذَٰلِكُمْ وَصَّاكُم بِهِ لَعَلَّكُمْ تَتَّقُونَ
ထိုမှတစ်ပါး (အသင်ပြောကြားပါလေ။) ဤသည် ငါ၏ဖြောင့်မတ်မှန်ကန်သော တရား လမ်းစဉ်ပေတည်း။သို့ဖြစ်ပေရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြလေကုန်။ ထို့ပြင် အခြားအခြားသော လမ်းစဉ်များကိုမလိုက်ကြကုန်လင့်။ အဘယ့်ကြောင့်ဆိုသော် ယင်းလမ်းစဉ်များသည် အသင်တို့အား ထိုအရှင်မြတ်၏လမ်းတော်မှ ကွဲကွာစေမည် ဖြစ်သောကြောင့်ပင်။ ထိုအရှင်မြတ်သည် အသင်တို့(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်နိုင်ကြရန်အလို့ငှာ ဤသည့်(အချက်) တို့နှင့်စပ်လျဉ်း၍ အသင့်တို့အား အမိန့်ချမှတ်တော်မူခဲ့လေသည်။
154ثُمَّ آتَيْنَا مُوسَى الْكِتَابَ تَمَامًا عَلَى الَّذِي أَحْسَنَ وَتَفْصِيلًا لِّكُلِّ شَيْءٍ وَهُدًى وَرَحْمَةً لَّعَلَّهُم بِلِقَاءِ رَبِّهِمْ يُؤْمِنُونَ
တဖန် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား ယင်း(မူစာ၏အမျိုးသား)တို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်နှင့် တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန်ကောင်းစွာကျင့်မူသော သူတို့အဖို့(တောင်ရာတ်)ကျမ်းမြတ်ကိုပြည့်စုံသော ကျေးဇူးတော်အဖြစ်လည်းကောင်း၊ အလုံးစုံသောအရာများကို လင်းပြသော(ကျမ်းဂန်)အဖြစ်လည်းကောင်း၊တရားဓမ္မညွှန်ပြသော(ဒေသနာတော်)အဖြစ်လည်းကောင်း၊ကရုဏာတော်အဖြစ်လည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့လေသတည်း။
155وَهَٰذَا كِتَابٌ أَنزَلْنَاهُ مُبَارَكٌ فَاتَّبِعُوهُ وَاتَّقُوا لَعَلَّكُمْ تُرْحَمُونَ
စင်စစ်တမူကား ဤသည် ငါအရှင်မြတ်ထုတ်ပြန်တော်မူသော (ကုရ်အာန်) ကျမ်းတော်မြတ်ပင်တည်း။ (ထိုကျမ်းတော်မြတ်သည်) ကောင်းချီးမင်္ဂလာ(အဖြာဖြာ)နှင့် ပြည့်စုံသောကျမ်းမြတ်ပင်ဖြစ်ပေရာ၊ အသင်တို့သည် ထိုကျမ်းမြတ်(၏ ညွှန်ကြားချက်တို့)ကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည်(ထိုကျမ်းတော်မြတ်ကမြစ်တားသောအမှုကိစ္စတို့ မှလည်း)ကြဉ်ရှောင်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏)ကရုဏာတော်ကို ခံစားနိုင်ကြမည်။(တစ်နည်း။)၎င်းပြင် ဤ(ကုရ်အာန်)သည် ကျမ်းဂန်တစ်စောင်ဖြစ်သည်၊ ထိုကျမ်းဂန်ကို ငါအရှင်မြတ်ပင် (အသင်မုဟမ္မဒ်)ထံ ထုတ်ပြန်ချမှတ်တော်မူသည်။ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသည်။ သို့ဖြစ်ပေရာ (ယခု)အသင်တို့သည်ထို(ကျမ်းဂန်လာ ဒေသနာတော်များ)ကို လိုက်နာကြကုန်။၎င်းပြင် အသင်တို့သည် ထို(ကျမ်းဂန်လာ ဒေသနာတော်များကိုဆန့်ကျင်ရာတွင် အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကြကုန်၊သို့ဖြစ်လျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်ကို ခံစားနိုင်ကြပေမည်။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
153အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 153

စူရာ အလ်-အန်အာမ် အာယာသ် 153 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး (အသင်ပြောကြားပါလေ။) ဤသည် ငါ၏ဖြောင့်မတ်မှန်ကန်သော တရား လမ်းစဉ်ပေတည်း။သို့ဖြစ်ပေရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြလေကုန်။ ထို့ပြင်…

စူရာ အာယာသ် 153/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 151–155. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers