အလ်-အန်အာမ် · 155/165
ဘာသာပြန် အသံနိုင်ငံ — အလ်-အန်အာမ်
وَهَٰذَا كِتَابٌ أَنزَلْنَاهُ مُبَارَكٌ فَاتَّبِعُوهُ وَاتَّقُوا لَعَلَّكُمْ تُرْحَمُونَ ۝١٥٥
Wa haazaa Kitaabun anzalnaahu Mubaarakun fattabi`oohu wattaqoo la`al lakum urhamoon
📖 မြန်မာဘာသာ
စင်စစ်တမူကား ဤသည် ငါအရှင်မြတ်ထုတ်ပြန်တော်မူသော (ကုရ်အာန်) ကျမ်းတော်မြတ်ပင်တည်း။ (ထိုကျမ်းတော်မြတ်သည်) ကောင်းချီးမင်္ဂလာ(အဖြာဖြာ)နှင့် ပြည့်စုံသောကျမ်းမြတ်ပင်ဖြစ်ပေရာ၊ အသင်တို့သည် ထိုကျမ်းမြတ်(၏ ညွှန်ကြားချက်တို့)ကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည်(ထိုကျမ်းတော်မြတ်ကမြစ်တားသောအမှုကိစ္စတို့ မှလည်း)ကြဉ်ရှောင်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏)ကရုဏာတော်ကို ခံစားနိုင်ကြမည်။(တစ်နည်း။)၎င်းပြင် ဤ(ကုရ်အာန်)သည် ကျမ်းဂန်တစ်စောင်ဖြစ်သည်၊ ထိုကျမ်းဂန်ကို ငါအရှင်မြတ်ပင် (အသင်မုဟမ္မဒ်)ထံ ထုတ်ပြန်ချမှတ်တော်မူသည်။ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသည်။ သို့ဖြစ်ပေရာ (ယခု)အသင်တို့သည်ထို(ကျမ်းဂန်လာ ဒေသနာတော်များ)ကို လိုက်နာကြကုန်။၎င်းပြင် အသင်တို့သည် ထို(ကျမ်းဂန်လာ ဒေသနာတော်များကိုဆန့်ကျင်ရာတွင် အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကြကုန်၊သို့ဖြစ်လျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်ကို ခံစားနိုင်ကြပေမည်။

🎧 နားထောင်

📜 အာယာသ် 153-157 — အလ်-အန်အာမ်

153وَأَنَّ هَٰذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ ۖ وَلَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَن سَبِيلِهِ ۚ ذَٰلِكُمْ وَصَّاكُم بِهِ لَعَلَّكُمْ تَتَّقُونَ
ထိုမှတစ်ပါး (အသင်ပြောကြားပါလေ။) ဤသည် ငါ၏ဖြောင့်မတ်မှန်ကန်သော တရား လမ်းစဉ်ပေတည်း။သို့ဖြစ်ပေရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြလေကုန်။ ထို့ပြင် အခြားအခြားသော လမ်းစဉ်များကိုမလိုက်ကြကုန်လင့်။ အဘယ့်ကြောင့်ဆိုသော် ယင်းလမ်းစဉ်များသည် အသင်တို့အား ထိုအရှင်မြတ်၏လမ်းတော်မှ ကွဲကွာစေမည် ဖြစ်သောကြောင့်ပင်။ ထိုအရှင်မြတ်သည် အသင်တို့(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်နိုင်ကြရန်အလို့ငှာ ဤသည့်(အချက်) တို့နှင့်စပ်လျဉ်း၍ အသင့်တို့အား အမိန့်ချမှတ်တော်မူခဲ့လေသည်။
154ثُمَّ آتَيْنَا مُوسَى الْكِتَابَ تَمَامًا عَلَى الَّذِي أَحْسَنَ وَتَفْصِيلًا لِّكُلِّ شَيْءٍ وَهُدًى وَرَحْمَةً لَّعَلَّهُم بِلِقَاءِ رَبِّهِمْ يُؤْمِنُونَ
တဖန် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား ယင်း(မူစာ၏အမျိုးသား)တို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်နှင့် တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန်ကောင်းစွာကျင့်မူသော သူတို့အဖို့(တောင်ရာတ်)ကျမ်းမြတ်ကိုပြည့်စုံသော ကျေးဇူးတော်အဖြစ်လည်းကောင်း၊ အလုံးစုံသောအရာများကို လင်းပြသော(ကျမ်းဂန်)အဖြစ်လည်းကောင်း၊တရားဓမ္မညွှန်ပြသော(ဒေသနာတော်)အဖြစ်လည်းကောင်း၊ကရုဏာတော်အဖြစ်လည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့လေသတည်း။
155وَهَٰذَا كِتَابٌ أَنزَلْنَاهُ مُبَارَكٌ فَاتَّبِعُوهُ وَاتَّقُوا لَعَلَّكُمْ تُرْحَمُونَ
စင်စစ်တမူကား ဤသည် ငါအရှင်မြတ်ထုတ်ပြန်တော်မူသော (ကုရ်အာန်) ကျမ်းတော်မြတ်ပင်တည်း။ (ထိုကျမ်းတော်မြတ်သည်) ကောင်းချီးမင်္ဂလာ(အဖြာဖြာ)နှင့် ပြည့်စုံသောကျမ်းမြတ်ပင်ဖြစ်ပေရာ၊ အသင်တို့သည် ထိုကျမ်းမြတ်(၏ ညွှန်ကြားချက်တို့)ကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည်(ထိုကျမ်းတော်မြတ်ကမြစ်တားသောအမှုကိစ္စတို့ မှလည်း)ကြဉ်ရှောင်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏)ကရုဏာတော်ကို ခံစားနိုင်ကြမည်။(တစ်နည်း။)၎င်းပြင် ဤ(ကုရ်အာန်)သည် ကျမ်းဂန်တစ်စောင်ဖြစ်သည်၊ ထိုကျမ်းဂန်ကို ငါအရှင်မြတ်ပင် (အသင်မုဟမ္မဒ်)ထံ ထုတ်ပြန်ချမှတ်တော်မူသည်။ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသည်။ သို့ဖြစ်ပေရာ (ယခု)အသင်တို့သည်ထို(ကျမ်းဂန်လာ ဒေသနာတော်များ)ကို လိုက်နာကြကုန်။၎င်းပြင် အသင်တို့သည် ထို(ကျမ်းဂန်လာ ဒေသနာတော်များကိုဆန့်ကျင်ရာတွင် အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကြကုန်၊သို့ဖြစ်လျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်ကို ခံစားနိုင်ကြပေမည်။
156أَن تَقُولُوا إِنَّمَا أُنزِلَ الْكِتَابُ عَلَىٰ طَائِفَتَيْنِ مِن قَبْلِنَا وَإِن كُنَّا عَن دِرَاسَتِهِمْ لَغَافِلِينَ
အသင်တို့က (ကိယာမတ်၊ ရှင်ပြန်ထမည့်နေ့တွင်) ကျွန်တော်မျိုးတို့အလျင်ရှိခဲ့သော(ယဟူဒီနှင့်ခရစ်ယာန်)အုပ်စုနှစ်ခုအပေါ်၌သာလျှင် ကျမ်းဂန်များ ကျရောက်လာလေသည်။ ကျွန်တော်မျိုးတို့မူကား ၎င်းတို့ဖတ်ကြားလေ့လာသည်(များ)ကို (လည်း)မသိနားမလည်ခဲ့ကြချေ ဟု မပြောနိုင်ကြရန်(ငါအရှင်မြတ်သည် ဤကျမ်းတော်မြတ်ကို ချပေး သနားတော်မူခဲ့လေသတည်း။)
157أَوْ تَقُولُوا لَوْ أَنَّا أُنزِلَ عَلَيْنَا الْكِتَابُ لَكُنَّا أَهْدَىٰ مِنْهُمْ ۚ فَقَدْ جَاءَكُم بَيِّنَةٌ مِّن رَّبِّكُمْ وَهُدًى وَرَحْمَةٌ ۚ فَمَنْ أَظْلَمُ مِمَّن كَذَّبَ بِآيَاتِ اللَّهِ وَصَدَفَ عَنْهَا ۗ سَنَجْزِي الَّذِينَ يَصْدِفُونَ عَنْ آيَاتِنَا سُوءَ الْعَذَابِ بِمَا كَانُوا يَصْدِفُونَ
သို့တည်းမဟုတ်(ဤလောကတွင်လည်း) အသင်တို့က အကယ်၍သာ ကျမ်းဂန်သည် ကျွန်တော်မျိုးတို့ထံ ကျရောက်ခဲ့ပါမူ မုချဧကန် ကျွန်တော်မျိုးတို့သည် ၎င်း(မုအ်မင်န်)တို့ထက်ပိုမို၍ လမ်းမှန်ကိုရရှိသူများပင် ဖြစ်ကြပါမည်ဟုမပြောနိုင်ကြရန် (ဤကျမ်းတော်မြတ်ကိုငါအရှင်မြတ်သည်ချပေးတော်မူခဲ့၏။) သို့ဖြစ်ပေရာ၊ ယခုမူကား အသင်တို့ထံအသင်တို့၏ အရှင်မြတ်အထံတော်မှ ထင်ရှားစွာသောသက်သေ လက္ခဏာသည်လည်းကောင်း၊ တရားဓမ္မ ညွှန်ကြားချက်သည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း၊ရောက်ရှိလာခဲ့လေပြီ။ သို့ပါ၍ အကြင်သူထက်ပိုမို၍ မတရားသောသူသည် မည်သူရှိပါသနည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာများကို (မိမိကိုယ်တိုင်) မဟုတ်မမှန်ဟု ငြင်းပယ်ရုံသာမက အခြားသူတို့အားလည်း) ထိုသက်သေလက္ခဏာများ (ကိုယုံကြည်ခြင်းမှ) တားမြစ်လေသည်။ မကြာမြင့်မီ ငါအရှင်မြတ်သည် မိမိသက်သေလက္ခဏာများ(ကိုယုံကြည်ခြင်း)မှ တားမြစ်သောသူတို့အား၊ ၎င်းတို့၏တားမြစ်မှုကြောင့် အလွန်ဆိုးဝါးသောပြစ်ဒဏ်ကို အစားပေးတော်မူမည်။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
155အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 155

စူရာ အလ်-အန်အာမ် အာယာသ် 155 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်တမူကား ဤသည် ငါအရှင်မြတ်ထုတ်ပြန်တော်မူသော (ကုရ်အာန်) ကျမ်းတော်မြတ်ပင်တည်း။ (ထိုကျမ်းတော်မြတ်သည်) ကောင်းချီးမင်္ဂလာ(အဖြာဖြာ)နှင့် ပြည့်စုံသောကျမ်းမြတ်ပင်ဖြစ်ပေရာ၊ အသင်တို့သည် ထိုကျမ်းမြတ်(၏…

စူရာ အာယာသ် 155/165 — အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အန်အာမ် နားထောင်, အလ်-အန်အာမ် ဘာသာပြန်, အလ်-အန်အာမ် mp3, အလ်-အန်အာမ် pdf. အာယာသ် 153–157. မြန်မာဘာသာ: ภาษาไทย.

ကုရ်အာန်ကျမ်း

Tuesday, August 18, 2026

Don't forget us in your sincere prayers