အလ်-အန်အာမ် · 154/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
ثُمَّ آتَيْنَا مُوسَى الْكِتَابَ تَمَامًا عَلَى الَّذِي أَحْسَنَ وَتَفْصِيلًا لِّكُلِّ شَيْءٍ وَهُدًى وَرَحْمَةً لَّعَلَّهُم بِلِقَاءِ رَبِّهِمْ يُؤْمِنُونَ ۝١٥٤
Summa aatainaa Moosal Kitaaba tammaaman `alal lazeee ahsana wa tafseelal likulli shai`inw wa hudanw wa rahmatal la`allahum biliqaaa`i Rabbihim yu`minoon
📖 မြန်မာဘာသာ
တဖန် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား ယင်း(မူစာ၏အမျိုးသား)တို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်နှင့် တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန်ကောင်းစွာကျင့်မူသော သူတို့အဖို့(တောင်ရာတ်)ကျမ်းမြတ်ကိုပြည့်စုံသော ကျေးဇူးတော်အဖြစ်လည်းကောင်း၊ အလုံးစုံသောအရာများကို လင်းပြသော(ကျမ်းဂန်)အဖြစ်လည်းကောင်း၊တရားဓမ္မညွှန်ပြသော(ဒေသနာတော်)အဖြစ်လည်းကောင်း၊ကရုဏာတော်အဖြစ်လည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • အာယသ် (آيَة) — ကုရ်အာန်၏ စာကြောင်းတစ်ကြောင်း သို့မဟုတ် အံ့ဖွယ်သက်သေတစ်ခု။
  • ကီတာဗ် (الْكِتَاب) — ဤနေရာတွင် တောင်ရာသ် (တောင်ရတ်) ကျမ်းတော်ကို ဆိုလိုသည်။
  • တမာမန် (تَمَامًا) — ပြည့်စုံခြင်း၊ အပြည့်အဝ ဖြည့်ဆည်းပေးခြင်း။
  • တဖ်ဆီလန် (تَفْصِيلًا) — အသေးစိတ် ရှင်းလင်းဖော်ပြခြင်း။
  • ဟုဒန် (هُدًى) — လမ်းညွှန်မှု၊ ဖြောင့်မတ်သော လမ်းစဉ်ကို ညွှန်ပြခြင်း။
  • ရဟ်မသ် (رَحْمَةً) — ကရုဏာတော်၊ ကျေးဇူးတော်။
  • လိကာ (لِقَاء) — တွေ့ဆုံခြင်း၊ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်နှင့် တမလွန်ဘဝတွင် တွေ့ဆုံရမည့်အရာ (ကိယာမသ်နေ့၊ ရှင်ပြန်ထမြောက်ခြင်း၊ စစ်ကြောစီရင်ခြင်း) ကို ဆိုလိုသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ထို့နောက် ငါအရှင်မြတ်သည် မူစာ (အလိုင်ဟိစ်စလာမ်) အား ကျမ်းတော် (တောင်ရာသ်) ကို ချီးမြှင့်ပေးသနားတော်မူခဲ့သည်။ ထိုကျမ်းတော်သည် ကောင်းမှုပြုသူများအတွက် ကျေးဇူးတော်ကို အပြည့်အဝ ဖြည့်ဆည်းပေးခြင်း၊ ဒီန်သာသနာနှင့် သက်ဆိုင်သော အရာခပ်သိမ်းကို အသေးစိတ် ရှင်းလင်းဖော်ပြခြင်း၊ ဖြောင့်မတ်သော လမ်းစဉ်ကို ညွှန်ပြခြင်း နှင့် ကရုဏာတော်အဖြစ် ဖြစ်ပေသည်။ ဤသို့ ချီးမြှင့်ပေးတော်မူခြင်းမှာ သူတို့သည် မိမိတို့၏ အရှင်သခင်နှင့် တွေ့ဆုံရမည့်အရာ (တမလွန်ဘဝ၊ ရှင်ပြန်ထမြောက်ခြင်း၊ စစ်ကြောစီရင်ခြင်း) ကို ယုံကြည်ကြရန်အတွက် ဖြစ်ပေသည်။

ရှင်းလင်းချက် — အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား မိန့်ကြားတော်မူသည်မှာ မူစာ (အလိုင်ဟိစ်စလာမ်) အား တောင်ရာသ်ကျမ်းတော်ကို ပေးသနားတော်မူခဲ့ကြောင်း ဖြစ်သည်။ ထိုကျမ်းတော်သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို အပြည့်အဝ ဖြည့်ဆည်းပေးသော အရာဖြစ်ပြီး၊ ကောင်းမှုပြုသူများအတွက် ဆုလာဘ်အဖြစ် ချီးမြှင့်ပေးတော်မူခြင်း ဖြစ်သည်။ ထို့အပြင် ဒီန်သာသနာနှင့် သက်ဆိုင်သော လိုအပ်ချက်အားလုံးကို အသေးစိတ် ရှင်းလင်းဖော်ပြပေးသော၊ ဖြောင့်မတ်သော လမ်းစဉ်ကို ညွှန်ပြပေးသော၊ ကရုဏာတော်အဖြစ် ဖြစ်ပေသည်။ ဤသို့ ချီးမြှင့်ပေးတော်မူခြင်း၏ ရည်ရွယ်ချက်မှာ သူတို့သည် မိမိတို့၏ အရှ



📜 အာယာသ် 152-156 — စူရာ အလ်-အန်အာမ်

152وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ ۖ وَأَوْفُوا الْكَيْلَ وَالْمِيزَانَ بِالْقِسْطِ ۖ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَإِذَا قُلْتُمْ فَاعْدِلُوا وَلَوْ كَانَ ذَا قُرْبَىٰ ۖ وَبِعَهْدِ اللَّهِ أَوْفُوا ۚ ذَٰلِكُمْ وَصَّاكُم بِهِ لَعَلَّكُمْ تَذَكَّرُونَ
ထို့ပြင် အသင်တို့သည် ကောင်းမွန်သော နည်းလမ်းမှတစ်ပါး မိဘမဲ့ကလေးသူငယ်တို့၏ ဥစ္စာပစ္စည်း၏အပါးသို့ပင်၊ ၎င်းတို့လူလားမြောက်၊ အရွယ်ရောက်သည်အထိ မချဉ်းကပ်ရ၊ ထိုမှတစ်ပါး အသင်တို့သည် တောင်း၊ တင်းနှင့်အလေးများကို တရားမျှတစွာဖြင့် အပြည့်ချိန်တွယ်၍ ပေးကြရမည်။ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ဝန်တင်တော်မူသည်မဟုတ်။ ထိုနည်းတူ အသင်တို့သည် (တစ်စုံတစ်ရာကို သက်သေခံ ရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) စကားပြောဆိုသောအခါ(အပြောခံရသောသူသည် မိမိ)ဆွေရင်းသားရင်း ဖြစ်သည့်တိုင်အောင် တရားမျှတစွာ ပြောဆိုကြရမည်။ ထို့အတူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသောကတိ သစ္စာကိုလည်းတည်ကြရမည်(ဖြစ်ပေသည်။) ထိုအရှင်မြတ်သည် အသင်တို့မှတ်သားနိုင်ခြင်းငှာ ဤသည့်(အချက်)တို့နှင့်စပ်လျဉ်း၍ အမိန့်ချမှတ်တော်မူလေသတည်း။
153وَأَنَّ هَٰذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ ۖ وَلَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَن سَبِيلِهِ ۚ ذَٰلِكُمْ وَصَّاكُم بِهِ لَعَلَّكُمْ تَتَّقُونَ
ထိုမှတစ်ပါး (အသင်ပြောကြားပါလေ။) ဤသည် ငါ၏ဖြောင့်မတ်မှန်ကန်သော တရား လမ်းစဉ်ပေတည်း။သို့ဖြစ်ပေရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြလေကုန်။ ထို့ပြင် အခြားအခြားသော လမ်းစဉ်များကိုမလိုက်ကြကုန်လင့်။ အဘယ့်ကြောင့်ဆိုသော် ယင်းလမ်းစဉ်များသည် အသင်တို့အား ထိုအရှင်မြတ်၏လမ်းတော်မှ ကွဲကွာစေမည် ဖြစ်သောကြောင့်ပင်။ ထိုအရှင်မြတ်သည် အသင်တို့(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်နိုင်ကြရန်အလို့ငှာ ဤသည့်(အချက်) တို့နှင့်စပ်လျဉ်း၍ အသင့်တို့အား အမိန့်ချမှတ်တော်မူခဲ့လေသည်။
154ثُمَّ آتَيْنَا مُوسَى الْكِتَابَ تَمَامًا عَلَى الَّذِي أَحْسَنَ وَتَفْصِيلًا لِّكُلِّ شَيْءٍ وَهُدًى وَرَحْمَةً لَّعَلَّهُم بِلِقَاءِ رَبِّهِمْ يُؤْمِنُونَ
တဖန် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား ယင်း(မူစာ၏အမျိုးသား)တို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်နှင့် တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန်ကောင်းစွာကျင့်မူသော သူတို့အဖို့(တောင်ရာတ်)ကျမ်းမြတ်ကိုပြည့်စုံသော ကျေးဇူးတော်အဖြစ်လည်းကောင်း၊ အလုံးစုံသောအရာများကို လင်းပြသော(ကျမ်းဂန်)အဖြစ်လည်းကောင်း၊တရားဓမ္မညွှန်ပြသော(ဒေသနာတော်)အဖြစ်လည်းကောင်း၊ကရုဏာတော်အဖြစ်လည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့လေသတည်း။
155وَهَٰذَا كِتَابٌ أَنزَلْنَاهُ مُبَارَكٌ فَاتَّبِعُوهُ وَاتَّقُوا لَعَلَّكُمْ تُرْحَمُونَ
စင်စစ်တမူကား ဤသည် ငါအရှင်မြတ်ထုတ်ပြန်တော်မူသော (ကုရ်အာန်) ကျမ်းတော်မြတ်ပင်တည်း။ (ထိုကျမ်းတော်မြတ်သည်) ကောင်းချီးမင်္ဂလာ(အဖြာဖြာ)နှင့် ပြည့်စုံသောကျမ်းမြတ်ပင်ဖြစ်ပေရာ၊ အသင်တို့သည် ထိုကျမ်းမြတ်(၏ ညွှန်ကြားချက်တို့)ကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည်(ထိုကျမ်းတော်မြတ်ကမြစ်တားသောအမှုကိစ္စတို့ မှလည်း)ကြဉ်ရှောင်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏)ကရုဏာတော်ကို ခံစားနိုင်ကြမည်။(တစ်နည်း။)၎င်းပြင် ဤ(ကုရ်အာန်)သည် ကျမ်းဂန်တစ်စောင်ဖြစ်သည်၊ ထိုကျမ်းဂန်ကို ငါအရှင်မြတ်ပင် (အသင်မုဟမ္မဒ်)ထံ ထုတ်ပြန်ချမှတ်တော်မူသည်။ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသည်။ သို့ဖြစ်ပေရာ (ယခု)အသင်တို့သည်ထို(ကျမ်းဂန်လာ ဒေသနာတော်များ)ကို လိုက်နာကြကုန်။၎င်းပြင် အသင်တို့သည် ထို(ကျမ်းဂန်လာ ဒေသနာတော်များကိုဆန့်ကျင်ရာတွင် အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကြကုန်၊သို့ဖြစ်လျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်ကို ခံစားနိုင်ကြပေမည်။
156أَن تَقُولُوا إِنَّمَا أُنزِلَ الْكِتَابُ عَلَىٰ طَائِفَتَيْنِ مِن قَبْلِنَا وَإِن كُنَّا عَن دِرَاسَتِهِمْ لَغَافِلِينَ
အသင်တို့က (ကိယာမတ်၊ ရှင်ပြန်ထမည့်နေ့တွင်) ကျွန်တော်မျိုးတို့အလျင်ရှိခဲ့သော(ယဟူဒီနှင့်ခရစ်ယာန်)အုပ်စုနှစ်ခုအပေါ်၌သာလျှင် ကျမ်းဂန်များ ကျရောက်လာလေသည်။ ကျွန်တော်မျိုးတို့မူကား ၎င်းတို့ဖတ်ကြားလေ့လာသည်(များ)ကို (လည်း)မသိနားမလည်ခဲ့ကြချေ ဟု မပြောနိုင်ကြရန်(ငါအရှင်မြတ်သည် ဤကျမ်းတော်မြတ်ကို ချပေး သနားတော်မူခဲ့လေသတည်း။)
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
154အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 154

စူရာ အလ်-အန်အာမ် အာယာသ် 154 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တဖန် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား ယင်း(မူစာ၏အမျိုးသား)တို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်နှင့် တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန်ကောင်းစွာကျင့်မူသော သူတို့အဖို့(တောင်ရာတ်)ကျမ်းမြတ်ကိုပြည့်စုံသော ကျေးဇူးတော်အဖြစ်လည်းကောင်း၊…

စူရာ အာယာသ် 154/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 152–156. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers