အလ်-အန်အာမ် · 157/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
أَوْ تَقُولُوا لَوْ أَنَّا أُنزِلَ عَلَيْنَا الْكِتَابُ لَكُنَّا أَهْدَىٰ مِنْهُمْ ۚ فَقَدْ جَاءَكُم بَيِّنَةٌ مِّن رَّبِّكُمْ وَهُدًى وَرَحْمَةٌ ۚ فَمَنْ أَظْلَمُ مِمَّن كَذَّبَ بِآيَاتِ اللَّهِ وَصَدَفَ عَنْهَا ۗ سَنَجْزِي الَّذِينَ يَصْدِفُونَ عَنْ آيَاتِنَا سُوءَ الْعَذَابِ بِمَا كَانُوا يَصْدِفُونَ ۝١٥٧
Aw taqooloo law annaaa unzila `alainal kitaabu lakunnaaa ahdaa minhum; faqad jaaa`akum baiyinatum mir Rabbikum wa hudanw wa rahmah; faman azlamu mimman kazzaba bi Aayaatil laahi wa sadaf `anhaa; sanajzil lazeena yasdifoona `an Aayaatinaa sooo`al `azaabi bimaa kaanoo yasdifoon
📖 မြန်မာဘာသာ
သို့တည်းမဟုတ်(ဤလောကတွင်လည်း) အသင်တို့က အကယ်၍သာ ကျမ်းဂန်သည် ကျွန်တော်မျိုးတို့ထံ ကျရောက်ခဲ့ပါမူ မုချဧကန် ကျွန်တော်မျိုးတို့သည် ၎င်း(မုအ်မင်န်)တို့ထက်ပိုမို၍ လမ်းမှန်ကိုရရှိသူများပင် ဖြစ်ကြပါမည်ဟုမပြောနိုင်ကြရန် (ဤကျမ်းတော်မြတ်ကိုငါအရှင်မြတ်သည်ချပေးတော်မူခဲ့၏။) သို့ဖြစ်ပေရာ၊ ယခုမူကား အသင်တို့ထံအသင်တို့၏ အရှင်မြတ်အထံတော်မှ ထင်ရှားစွာသောသက်သေ လက္ခဏာသည်လည်းကောင်း၊ တရားဓမ္မ ညွှန်ကြားချက်သည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း၊ရောက်ရှိလာခဲ့လေပြီ။ သို့ပါ၍ အကြင်သူထက်ပိုမို၍ မတရားသောသူသည် မည်သူရှိပါသနည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာများကို (မိမိကိုယ်တိုင်) မဟုတ်မမှန်ဟု ငြင်းပယ်ရုံသာမက အခြားသူတို့အားလည်း) ထိုသက်သေလက္ခဏာများ (ကိုယုံကြည်ခြင်းမှ) တားမြစ်လေသည်။ မကြာမြင့်မီ ငါအရှင်မြတ်သည် မိမိသက်သေလက္ခဏာများ(ကိုယုံကြည်ခြင်း)မှ တားမြစ်သောသူတို့အား၊ ၎င်းတို့၏တားမြစ်မှုကြောင့် အလွန်ဆိုးဝါးသောပြစ်ဒဏ်ကို အစားပေးတော်မူမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • أَوْ (အောင်း): “သို့မဟုတ်” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် ယခင်အာယသ်တွင် ဖော်ပြခဲ့သော အကြောင်းပြချက်တစ်ခုနှင့် ဆက်စပ်၍ နောက်ထပ် အကြောင်းပြချက်တစ်ခုကို ဖော်ပြခြင်း ဖြစ်သည်။
  • لَوْ أَنَّا أُنزِلَ عَلَيْنَا الْكِتَابُ (လောင်း အန္နာ အွန်ဇိလာ အလိုင်နာ အလ်ကီတာဗု): “အကယ်၍ ကျွန်ုပ်တို့အပေါ်သို့ ကျမ်းတော်ကို ချပေးခဲ့ပါလျှင်” ဟု အဓိပ္ပာယ်ရသည်။
  • أَهْدَى (အဟ်ဒါ): “ပို၍ လမ်းမှန်ရရှိသူ” သို့မဟုတ် “ပို၍ တရားလမ်းကို လိုက်နာသူ” ဟု အဓိပ္ပာယ်ရသည်။
  • بَيِّنَةٌ (ဗိုင်ယိနသွန်): “ထင်ရှားသော သက်သေအထောက်အထား” ဟု အဓိပ္ပာယ်ရသည်။
  • هُدًى (ဟုဒန်): “တရားလမ်းညွှန်” ဟု အဓိပ္ပာယ်ရသည်။
  • رَحْمَةٌ (ရဟ်မသွန်): “ကရုဏာတော်” ဟု အဓိပ္ပာယ်ရသည်။
  • صَدَفَ (ဆဒဖာ): “လှည့်ထွက်သွားသည်၊ မျက်နှာလွှဲသည်၊ ရှောင်ဖယ်သည်” ဟု အဓိပ္ပာယ်ရသည်။
  • سَنَجْزِي (စနဂျ်ဇီ): “ငါအရှင်မြတ်သည် မကြာမီ အစားပေးတော်မူမည်” ဟု အဓိပ္ပာယ်ရသည်။
  • سُوءَ الْعَذَابِ (ဆူအာ အလ်အဇာဗ်): “ဆိုးရွားလှသော အပြစ်ဒဏ်” ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဤအာယသ်တော်သည် အရှင်မြတ်က မုရှ်ရိက် (အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူ) များနှင့် ကျမ်းတော်ကို ငြင်းပယ်သူများအား သူတို့၏ အကြောင်းပြချက်များ မှားယွင်းကြောင်း ရှင်းလင်းစွာ ဖော်ပြတော်မူခြင်း ဖြစ်သည်။ သူတို့က “အကယ်၍ ကျွန်ုပ်တို့အပေါ်သို့လည်း ယဟူဒီများနှင့် ခရစ်ယာန်များအပေါ်သို့ ချပေးခဲ့သကဲ့သို့ ကျမ်းတော်တစ်စောင် ချပေးခဲ့ပါလျှင် ကျွန်ုပ်တို့သည် သူတို့ထက် ပို၍ တရားလမ်းမှန်ကို လိုက်နာကြမည် ဖြစ်သည်” ဟု ဆိုကြသည်။ သို့သော် အရှင်မြတ်သည် သူတို့ထံသို့ မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) အပေါ်သို့ သူတို့၏ ဘာသာစကားဖြစ်သော အာရဗီဘာသာဖြင့် ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးတော်မူခဲ့ပြီး ဖြစ်သည်။ ဤကျမ်းတော်သည် သူတို့၏ ဘာသာစကားဖြင့် ကျရောက်လာသော ထင်ရှားသည့် သက်သေအထောက်အထား၊ တရားလမ်းညွှန်နှင့် ကရုဏာတော် ဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် မည်သည့် အကြောင်းပြချက်မျ



📜 အာယာသ် 155-159 — စူရာ အလ်-အန်အာမ်

155وَهَٰذَا كِتَابٌ أَنزَلْنَاهُ مُبَارَكٌ فَاتَّبِعُوهُ وَاتَّقُوا لَعَلَّكُمْ تُرْحَمُونَ
စင်စစ်တမူကား ဤသည် ငါအရှင်မြတ်ထုတ်ပြန်တော်မူသော (ကုရ်အာန်) ကျမ်းတော်မြတ်ပင်တည်း။ (ထိုကျမ်းတော်မြတ်သည်) ကောင်းချီးမင်္ဂလာ(အဖြာဖြာ)နှင့် ပြည့်စုံသောကျမ်းမြတ်ပင်ဖြစ်ပေရာ၊ အသင်တို့သည် ထိုကျမ်းမြတ်(၏ ညွှန်ကြားချက်တို့)ကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည်(ထိုကျမ်းတော်မြတ်ကမြစ်တားသောအမှုကိစ္စတို့ မှလည်း)ကြဉ်ရှောင်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏)ကရုဏာတော်ကို ခံစားနိုင်ကြမည်။(တစ်နည်း။)၎င်းပြင် ဤ(ကုရ်အာန်)သည် ကျမ်းဂန်တစ်စောင်ဖြစ်သည်၊ ထိုကျမ်းဂန်ကို ငါအရှင်မြတ်ပင် (အသင်မုဟမ္မဒ်)ထံ ထုတ်ပြန်ချမှတ်တော်မူသည်။ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသည်။ သို့ဖြစ်ပေရာ (ယခု)အသင်တို့သည်ထို(ကျမ်းဂန်လာ ဒေသနာတော်များ)ကို လိုက်နာကြကုန်။၎င်းပြင် အသင်တို့သည် ထို(ကျမ်းဂန်လာ ဒေသနာတော်များကိုဆန့်ကျင်ရာတွင် အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကြကုန်၊သို့ဖြစ်လျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်ကို ခံစားနိုင်ကြပေမည်။
156أَن تَقُولُوا إِنَّمَا أُنزِلَ الْكِتَابُ عَلَىٰ طَائِفَتَيْنِ مِن قَبْلِنَا وَإِن كُنَّا عَن دِرَاسَتِهِمْ لَغَافِلِينَ
အသင်တို့က (ကိယာမတ်၊ ရှင်ပြန်ထမည့်နေ့တွင်) ကျွန်တော်မျိုးတို့အလျင်ရှိခဲ့သော(ယဟူဒီနှင့်ခရစ်ယာန်)အုပ်စုနှစ်ခုအပေါ်၌သာလျှင် ကျမ်းဂန်များ ကျရောက်လာလေသည်။ ကျွန်တော်မျိုးတို့မူကား ၎င်းတို့ဖတ်ကြားလေ့လာသည်(များ)ကို (လည်း)မသိနားမလည်ခဲ့ကြချေ ဟု မပြောနိုင်ကြရန်(ငါအရှင်မြတ်သည် ဤကျမ်းတော်မြတ်ကို ချပေး သနားတော်မူခဲ့လေသတည်း။)
157أَوْ تَقُولُوا لَوْ أَنَّا أُنزِلَ عَلَيْنَا الْكِتَابُ لَكُنَّا أَهْدَىٰ مِنْهُمْ ۚ فَقَدْ جَاءَكُم بَيِّنَةٌ مِّن رَّبِّكُمْ وَهُدًى وَرَحْمَةٌ ۚ فَمَنْ أَظْلَمُ مِمَّن كَذَّبَ بِآيَاتِ اللَّهِ وَصَدَفَ عَنْهَا ۗ سَنَجْزِي الَّذِينَ يَصْدِفُونَ عَنْ آيَاتِنَا سُوءَ الْعَذَابِ بِمَا كَانُوا يَصْدِفُونَ
သို့တည်းမဟုတ်(ဤလောကတွင်လည်း) အသင်တို့က အကယ်၍သာ ကျမ်းဂန်သည် ကျွန်တော်မျိုးတို့ထံ ကျရောက်ခဲ့ပါမူ မုချဧကန် ကျွန်တော်မျိုးတို့သည် ၎င်း(မုအ်မင်န်)တို့ထက်ပိုမို၍ လမ်းမှန်ကိုရရှိသူများပင် ဖြစ်ကြပါမည်ဟုမပြောနိုင်ကြရန် (ဤကျမ်းတော်မြတ်ကိုငါအရှင်မြတ်သည်ချပေးတော်မူခဲ့၏။) သို့ဖြစ်ပေရာ၊ ယခုမူကား အသင်တို့ထံအသင်တို့၏ အရှင်မြတ်အထံတော်မှ ထင်ရှားစွာသောသက်သေ လက္ခဏာသည်လည်းကောင်း၊ တရားဓမ္မ ညွှန်ကြားချက်သည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း၊ရောက်ရှိလာခဲ့လေပြီ။ သို့ပါ၍ အကြင်သူထက်ပိုမို၍ မတရားသောသူသည် မည်သူရှိပါသနည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာများကို (မိမိကိုယ်တိုင်) မဟုတ်မမှန်ဟု ငြင်းပယ်ရုံသာမက အခြားသူတို့အားလည်း) ထိုသက်သေလက္ခဏာများ (ကိုယုံကြည်ခြင်းမှ) တားမြစ်လေသည်။ မကြာမြင့်မီ ငါအရှင်မြတ်သည် မိမိသက်သေလက္ခဏာများ(ကိုယုံကြည်ခြင်း)မှ တားမြစ်သောသူတို့အား၊ ၎င်းတို့၏တားမြစ်မှုကြောင့် အလွန်ဆိုးဝါးသောပြစ်ဒဏ်ကို အစားပေးတော်မူမည်။
158هَلْ يَنظُرُونَ إِلَّا أَن تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ رَبُّكَ أَوْ يَأْتِيَ بَعْضُ آيَاتِ رَبِّكَ ۗ يَوْمَ يَأْتِي بَعْضُ آيَاتِ رَبِّكَ لَا يَنفَعُ نَفْسًا إِيمَانُهَا لَمْ تَكُنْ آمَنَتْ مِن قَبْلُ أَوْ كَسَبَتْ فِي إِيمَانِهَا خَيْرًا ۗ قُلِ انتَظِرُوا إِنَّا مُنتَظِرُونَ
ယင်းသူတို့သည် မိမိတို့ထံ မလာအိကဟ်ကောင်းကင်စေတမန်များ ရောက်ရှိလာသည်ကိုသော်လည်းကောင်း၊ အသင့်အား မွေးမြူတော်မူသော (အလ္လာဟ်) အရှင်မြတ်ကိုယ်တိုင် ကြွရောက်လာတော်မူသည် ကိုသော်လည်းကောင်း၊ အသင့်အားမွေးမြူတော်မူသော (အလ္လာဟ်)အရှင်မြတ်၏အကြီးအကျယ် လက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသည်ကိုသော်လည်းကောင်း၊ စောင့်ဆိုင်း၍ နေကြသလော။(အမှန်စင်စစ်သော်ကား) အသင့်အား မွေးမြူတော်မူသောအရှင်မြတ်၏(ကြီးကျယ်သော)အချို့လက္ခဏာတော် ရောက်ရှိလာသောနေ့တွင်၊ ရှေးဦးမဆွက အီမာန်ယုံကြည်မှုမရှိခဲ့သောသူကိုသော်လည်းကောင်း၊ မိမိယုံကြည်မှုနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ကောင်းမှုပြုခဲ့ခြင်း မရှိသောသူကိုသော်လည်းကောင်း၊ထိုသူ၏ ယုံကြည်မှုသည် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည်မဟုတ်ပေ။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား)အသင်တို့သည် စောင့်ဆိုင်း၍နေကြလေကုန်။ ငါတို့သည်(လည်းအသင်တို့နှင့်အတူ) စောင့်ဆိုင်းလျက်ပင် ရှိပါသည် ဟုပြောကြားပါလေ။
159إِنَّ الَّذِينَ فَرَّقُوا دِينَهُمْ وَكَانُوا شِيَعًا لَّسْتَ مِنْهُمْ فِي شَيْءٍ ۚ إِنَّمَا أَمْرُهُمْ إِلَى اللَّهِ ثُمَّ يُنَبِّئُهُم بِمَا كَانُوا يَفْعَلُونَ
စင်စစ်ဧကန် အကြင်သူတို့သည် မိမိတို့၏ သာသနာကို အစိတ်စိတ်ခွဲပစ်ခဲ့ကြ၏။ ၎င်းနောက် ထိုသူများသည်ဂိုဏ်းဂဏ အသီးသီးကွဲခဲ့ကြ၏။ အသင်သည် ထိုသူတို့နှင့်မည်သို့မျှ မပတ်သက်ပေ။ မုချဧကန် ၎င်းတို့၏ကိစ္စသည်အလ္လာဟ်အရှင်မြတ်အထံတော်သို့ လွှဲအပ်ပ�ီးဖြစ်ချေသည်။ထိုနောက် ထိုအရှင်မြတ်သည်ပင်လျှင်၊ ၎င်းတို့အား၊ ၎င်းတို့ပြုမူခဲ့သည်တို့ကို သိစေတော်မူပေမည်။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
157အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 157

စူရာ အလ်-အန်အာမ် အာယာသ် 157 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့တည်းမဟုတ်(ဤလောကတွင်လည်း) အသင်တို့က အကယ်၍သာ ကျမ်းဂန်သည် ကျွန်တော်မျိုးတို့ထံ ကျရောက်ခဲ့ပါမူ မုချဧကန် ကျွန်တော်မျိုးတို့သည် ၎င်း(မုအ်မင်န်)တို့ထက်ပိုမို၍ လမ်းမှန်ကိုရရှိသူများပင်…

စူရာ အာယာသ် 157/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 155–159. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers