وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ ۖ وَأَوْفُوا الْكَيْلَ وَالْمِيزَانَ بِالْقِسْطِ ۖ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَإِذَا قُلْتُمْ فَاعْدِلُوا وَلَوْ كَانَ ذَا قُرْبَىٰ ۖ وَبِعَهْدِ اللَّهِ أَوْفُوا ۚ ذَٰلِكُمْ وَصَّاكُم بِهِ لَعَلَّكُمْ تَذَكَّرُونَ ١٥٢
🔤 Transliteration
Wa laa taqraboo maalal yateemi illaa billatee hiyaa ahsanu hattaa yablugha ashuddahoo wa awful kaila walmeezaana bilqisti laa nukallifu nafsan illaa wus`ahaa wa izaa qultum fa`diloo wa law kaana zaa qurbaa wa bi `ahdil laahi awfoo; zaalikum wassaakum bihee la`allakum tazakkarron
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင် အသင်တို့သည် ကောင်းမွန်သော နည်းလမ်းမှတစ်ပါး မိဘမဲ့ကလေးသူငယ်တို့၏ ဥစ္စာပစ္စည်း၏အပါးသို့ပင်၊ ၎င်းတို့လူလားမြောက်၊ အရွယ်ရောက်သည်အထိ မချဉ်းကပ်ရ၊ ထိုမှတစ်ပါး အသင်တို့သည် တောင်း၊ တင်းနှင့်အလေးများကို တရားမျှတစွာဖြင့် အပြည့်ချိန်တွယ်၍ ပေးကြရမည်။ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ဝန်တင်တော်မူသည်မဟုတ်။ ထိုနည်းတူ အသင်တို့သည် (တစ်စုံတစ်ရာကို သက်သေခံ ရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) စကားပြောဆိုသောအခါ(အပြောခံရသောသူသည် မိမိ)ဆွေရင်းသားရင်း ဖြစ်သည့်တိုင်အောင် တရားမျှတစွာ ပြောဆိုကြရမည်။ ထို့အတူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသောကတိ သစ္စာကိုလည်းတည်ကြရမည်(ဖြစ်ပေသည်။) ထိုအရှင်မြတ်သည် အသင်တို့မှတ်သားနိုင်ခြင်းငှာ ဤသည့်(အချက်)တို့နှင့်စပ်လျဉ်း၍ အမိန့်ချမှတ်တော်မူလေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ الْيَتِيمِ (အလ်ယာသီမ်) — ဖခင်ကွယ်လွန်သွားပြီး မပျိုးမပေါက်သေးသော ကလေး။أَشُدَّهُ (အာရှုဒ်ဒဟူ) — ကြီးထွားရင့်ကျက်မှု အရွယ်၊ အပျိုဖော်အရွယ်ရောက်၍ ခန္ဓာကိုယ်စွမ်းအား ခိုင်မာလာသော အချိန်။الْكَيْلَ (အလ်ကဲလ်) — ချိန်တွယ်သည့် ပမာဏ (အလေးချိန်၊ အတိုင်းအတာ)။الْمِيزَانَ (အလ်မီဇာန်) — ချိန်ခွင်၊ အလေးချိန်။بِالْقِسْطِ (ဗိလ်ကိသွ်သ်) — တရားမျှတစွာ၊ မှန်ကန်စွာ။وُسْعَهَا (ဝုစ်အဟာ) — စွမ်းဆောင်နိုင်သည့် အတိုင်းအတာ၊ တတ်နိုင်သည့် ပမာဏ။ذَا قُرْبَىٰ (ဇာ ကုရ်ဗာ) — ဆွေမျိုးအရင်းအခြာ။عَهْدِ اللَّهِ (အဟ်ဒိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်နှင့် ပြုထားသော ကတိသစ္စာ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်တို့အား အမိန့်တော်များ ချမှတ်ပေးအပ်တော်မူခဲ့သည်။ ထိုအမိန့်တော်များထဲမှ တစ်ခုမှာ မိဘမဲ့ကလေးများ၏ ပစ္စည်းဥစ္စာကို ထိခိုက်နစ်နာစေမည့် မည်သည့်နည်းလမ်းဖြင့်မျှ မချဉ်းကပ်ရန် ဖြစ်သည်။ သို့သော် မိဘမဲ့ကလေး၏ ပစ္စည်းဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တိုးပွားစေခြင်း၊ အကျိုးအမြတ်ဖြစ်ထွန်းစေခြင်းကဲ့သို့သော အကောင်းဆုံးနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းမှာ ခွင့်ပြုထားသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မိဘမဲ့ကလေး ကြီးထွားရင့်ကျက်လာပြီး ပစ္စည်းဥစ္စာကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သည့် အရွယ်ရောက်သည်အထိ ဆောင်ရွက်ရမည်။ ထိုအရွယ်ရောက်သောအခါ သူ၏ ပစ္စည်းဥစ္စာကို သူ့အား အပြည့်အဝ ပြန်လည်အပ်နှင်းရမည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကုန်သွယ်ရောင်းဝယ်မှုတွင် ချိန်တွယ်ခြင်းနှင့် ချိန်ခွင်ခြင်းကို တရားမျှတစွာ ပြုလုပ်ရန် အမိန့်ပေးတော်မူသည်။ ရောင်းချသူဖြစ်စေ၊ ဝယ်ယူသူဖြစ်စေ တစ်ဦးတစ်ယောက်ကိုမျှ မတရားမှုပြုခြင်းမှ ကင်းဝေးရမည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမျှ သူတတ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်၍ တာဝန်ပေးတော်မမူပါ။ ချိန်တွယ်ရာတွင် အနည်းငယ်မှားယွင်းမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် ရည်ရွယ်ချက်ရှိရှိ မလိမ်လည်သရွေ့ အပြစ်မဖြစ်ပါ။
ထို့အပြင် စကားပြောဆိုရာတွင် သ
وَلَا تَقۡرَبُواْ مَالَ ٱلۡيَتِيمِ إِلَّا بِٱلَّتِي هِيَ أَحۡسَنُ حَتَّىٰ يَبۡلُغَ أَشُدَّهُۥۚ وَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ بِٱلۡقِسۡطِۖ لَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۖ وَإِذَا قُلۡتُمۡ فَٱعۡدِلُواْ وَلَوۡ كَانَ ذَا قُرۡبَىٰۖ وَبِعَهۡدِ ٱللَّهِ أَوۡفُواْۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَذَكَّرُونَ ١٥٢
ထို့ပြင် အသင်တို့သည် ကောင်းမွန်သော နည်းလမ်းမှတစ်ပါး မိဘမဲ့ကလေးသူငယ်တို့၏ ဥစ္စာပစ္စည်း၏အပါးသို့ပင်၊ ၎င်းတို့လူလားမြောက်၊ အရွယ်ရောက်သည်အထိ မချဉ်းကပ်ရ၊ ထိုမှတစ်ပါး အသင်တို့သည် တောင်း၊ တင်းနှင့်အလေးများကို တရားမျှတစွာဖြင့် အပြည့်ချိန်တွယ်၍ ပေးကြရမည်။ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ဝန်တင်တော်မူသည်မဟုတ်။ ထိုနည်းတူ အသင်တို့သည် (တစ်စုံတစ်ရာကို သက်သေခံ ရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) စကားပြောဆိုသောအခါ(အပြောခံရသောသူသည် မိမိ)ဆွေရင်းသားရင်း ဖြစ်သည့်တိုင်အောင် တရားမျှတစွာ ပြောဆိုကြရမည်။ ထို့အတူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသောကတိ သစ္စာကိုလည်းတည်ကြရမည်(ဖြစ်ပေသည်။) ထိုအရှင်မြတ်သည် အသင်တို့မှတ်သားနိုင်ခြင်းငှာ ဤသည့်(အချက်)တို့နှင့်စပ်လျဉ်း၍ အမိန့်ချမှတ်တော်မူလေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 150-154 — စူရာ အလ်-အန်အာမ်
150 قُلْ هَلُمَّ شُهَدَاءَكُمُ الَّذِينَ يَشْهَدُونَ أَنَّ اللَّهَ حَرَّمَ هَٰذَا ۖ فَإِن شَهِدُوا فَلَا تَشْهَدْ مَعَهُمْ ۚ وَلَا تَتَّبِعْ أَهْوَاءَ الَّذِينَ كَذَّبُوا بِآيَاتِنَا وَالَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ وَهُم بِرَبِّهِمْ يَعْدِلُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ဤအရာ(များ)ကို ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသည်ဟု သက်သေခံကြမည့် အသင်တို့၏သက်သေများကို ခေါ်ယူခဲ့ကြလေကုန်ဟုပြောဆိုပါလေ။ အကယ်၍ ၎င်း(သက်သေ)တို့သည် (မုသား)သက်သေခံကြသည့်တိုင်အောင် အသင်သည် ၎င်းတို့နှင့်အတူသက်သေမခံပါလေနှင့်။ ၎င်းပြင် အသင်သည် အကြင်သူများ၏အလိုဆန္ဒများကို မလိုက်ပါလေနှင့်။ ထိုသူများသည် ငါအရှင်မြတ်၏အမိန့်တော်များကို မဟုတ်မမှန် ဟုပြောဆိုကြသည်။၎င်းပြင် နောင်တမလွန်ဘဝကိုပင် မယုံကြည်ကြသည့်ပြင် မိမိတို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်နှင့်တန်းတူထား၍(အခြားအရာများကိုလည်း) ကိုးကွယ်ကြသူတို့၏ အလိုဆန္ဒများကိုလည်း မလိုက်ပါလေနှင့်။(ရကူ)
151 ۞ قُلْ تَعَالَوْا أَتْلُ مَا حَرَّمَ رَبُّكُمْ عَلَيْكُمْ ۖ أَلَّا تُشْرِكُوا بِهِ شَيْئًا ۖ وَبِالْوَالِدَيْنِ إِحْسَانًا ۖ وَلَا تَقْتُلُوا أَوْلَادَكُم مِّنْ إِمْلَاقٍ ۖ نَّحْنُ نَرْزُقُكُمْ وَإِيَّاهُمْ ۖ وَلَا تَقْرَبُوا الْفَوَاحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ ۖ وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ۚ ذَٰلِكُمْ وَصَّاكُم بِهِ لَعَلَّكُمْ تَعْقِلُونَ
(အို-နဗီတမန်တော်) အသင်သည် (ထိုသူများအားဤသို့)ပြောကြားကြပါလေ။ အသင်တို့လာကြကုန်၊ အသင်တို့၏အရှင်က အသင်တို့၏အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားတော်မူသော အရာများကို ကျွန်ုပ်ရွတ်ဖတ်ပြအံ့။ (ထိုအရာများ အား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍မည်သည့် အရာကိုမျှ မကိုးကွယ်ကြကုန်လင့်။ ၎င်းပြင်(အသင်တို့သည်) မိဘနှစ်ပါးနှင့် ကောင်းစွာဆက်ဆံခြင်း(ပြုကြကုန်)။၎င်းပြင် (အသင်တို့သည်) မိမိတို့၏သားသမီးများကို ဆင်းရဲမှုကြောင့် မသတ်ဖြတ်ကြကုန်လင့်။ ငါအရှင်မြတ်သည် အသင်တို့ကိုလည်းကောင်း၊ ထိုသူများကိုလည်းကောင်း၊ စားနပ်ရိက္ခာပေးတော်မူသည်။ ၎င်းပြင် အသင်တို့သည် ထင်ရှားသောသို့မဟုတ် လျှို့ဝှက်သော စက်ဆုပ်ရွံရှာရှက်ဖွယ်ရာ ယုတ်မာမှုများ၏အနီးသို့ပင် မချဉ်းကပ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က (သတ်ဖြတ်ခြင်းမပြုရန်) ဟရာမ်ဟူ ၍တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကို မသတ်ဖြတ်ကြကုန်လင့်။ သို့�ာတွင် (အစ္စလာမ်) တရားတော်နှင့်အညီ(သတ်ဖြတ်ပိုင်ခွင့် ချွင်းချက်ရှိပေသည်)။ ထိုအရှင်မြတ်သည်အသင်တို့ သိနားလည်ကြရန်အလို့ငှာ အသင်တို့အား ဤသည်တို့ကို လေးနက်စွာ အမိန့်ချမှတ်တော်မူသည်။
152 وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ ۖ وَأَوْفُوا الْكَيْلَ وَالْمِيزَانَ بِالْقِسْطِ ۖ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَإِذَا قُلْتُمْ فَاعْدِلُوا وَلَوْ كَانَ ذَا قُرْبَىٰ ۖ وَبِعَهْدِ اللَّهِ أَوْفُوا ۚ ذَٰلِكُمْ وَصَّاكُم بِهِ لَعَلَّكُمْ تَذَكَّرُونَ
ထို့ပြင် အသင်တို့သည် ကောင်းမွန်သော နည်းလမ်းမှတစ်ပါး မိဘမဲ့ကလေးသူငယ်တို့၏ ဥစ္စာပစ္စည်း၏အပါးသို့ပင်၊ ၎င်းတို့လူလားမြောက်၊ အရွယ်ရောက်သည်အထိ မချဉ်းကပ်ရ၊ ထိုမှတစ်ပါး အသင်တို့သည် တောင်း၊ တင်းနှင့်အလေးများကို တရားမျှတစွာဖြင့် အပြည့်ချိန်တွယ်၍ ပေးကြရမည်။ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ဝန်တင်တော်မူသည်မဟုတ်။ ထိုနည်းတူ အသင်တို့သည် (တစ်စုံတစ်ရာကို သက်သေခံ ရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) စကားပြောဆိုသောအခါ(အပြောခံရသောသူသည် မိမိ)ဆွေရင်းသားရင်း ဖြစ်သည့်တိုင်အောင် တရားမျှတစွာ ပြောဆိုကြရမည်။ ထို့အတူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသောကတိ သစ္စာကိုလည်းတည်ကြရမည်(ဖြစ်ပေသည်။) ထိုအရှင်မြတ်သည် အသင်တို့မှတ်သားနိုင်ခြင်းငှာ ဤသည့်(အချက်)တို့နှင့်စပ်လျဉ်း၍ အမိန့်ချမှတ်တော်မူလေသတည်း။
153 وَأَنَّ هَٰذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ ۖ وَلَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَن سَبِيلِهِ ۚ ذَٰلِكُمْ وَصَّاكُم بِهِ لَعَلَّكُمْ تَتَّقُونَ
ထိုမှတစ်ပါး (အသင်ပြောကြားပါလေ။) ဤသည် ငါ၏ဖြောင့်မတ်မှန်ကန်သော တရား လမ်းစဉ်ပေတည်း။သို့ဖြစ်ပေရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြလေကုန်။ ထို့ပြင် အခြားအခြားသော လမ်းစဉ်များကိုမလိုက်ကြကုန်လင့်။ အဘယ့်ကြောင့်ဆိုသော် ယင်းလမ်းစဉ်များသည် အသင်တို့အား ထိုအရှင်မြတ်၏လမ်းတော်မှ ကွဲကွာစေမည် ဖြစ်သောကြောင့်ပင်။ ထိုအရှင်မြတ်သည် အသင်တို့(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်နိုင်ကြရန်အလို့ငှာ ဤသည့်(အချက်) တို့နှင့်စပ်လျဉ်း၍ အသင့်တို့အား အမိန့်ချမှတ်တော်မူခဲ့လေသည်။
154 ثُمَّ آتَيْنَا مُوسَى الْكِتَابَ تَمَامًا عَلَى الَّذِي أَحْسَنَ وَتَفْصِيلًا لِّكُلِّ شَيْءٍ وَهُدًى وَرَحْمَةً لَّعَلَّهُم بِلِقَاءِ رَبِّهِمْ يُؤْمِنُونَ
တဖန် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား ယင်း(မူစာ၏အမျိုးသား)တို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်နှင့် တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန်ကောင်းစွာကျင့်မူသော သူတို့အဖို့(တောင်ရာတ်)ကျမ်းမြတ်ကိုပြည့်စုံသော ကျေးဇူးတော်အဖြစ်လည်းကောင်း၊ အလုံးစုံသောအရာများကို လင်းပြသော(ကျမ်းဂန်)အဖြစ်လည်းကောင်း၊တရားဓမ္မညွှန်ပြသော(ဒေသနာတော်)အဖြစ်လည်းကောင်း၊ကရုဏာတော်အဖြစ်လည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့လေသတည်း။
ဘာသာပြန် — အလ်-အန်အာမ် 152 စူရာ အလ်-အန်အာမ် အာယာသ် 152 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် အသင်တို့သည် ကောင်းမွန်သော နည်းလမ်းမှတစ်ပါး မိဘမဲ့ကလေးသူငယ်တို့၏ ဥစ္စာပစ္စည်း၏အပါးသို့ပင်၊ ၎င်းတို့လူလားမြောက်၊ အရွယ်ရောက်သည်အထိ မချဉ်းကပ်ရ၊ ထိုမှတစ်ပါး…
စူရာ အာယာသ် 152/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 150–154. မြန်မာဘာသာ: ภาษาไทย.