အတ်-တောင်ဘ · 111/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
۞ إِنَّ اللَّهَ اشْتَرَىٰ مِنَ الْمُؤْمِنِينَ أَنفُسَهُمْ وَأَمْوَالَهُم بِأَنَّ لَهُمُ الْجَنَّةَ ۚ يُقَاتِلُونَ فِي سَبِيلِ اللَّهِ فَيَقْتُلُونَ وَيُقْتَلُونَ ۖ وَعْدًا عَلَيْهِ حَقًّا فِي التَّوْرَاةِ وَالْإِنجِيلِ وَالْقُرْآنِ ۚ وَمَنْ أَوْفَىٰ بِعَهْدِهِ مِنَ اللَّهِ ۚ فَاسْتَبْشِرُوا بِبَيْعِكُمُ الَّذِي بَايَعْتُم بِهِ ۚ وَذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ ۝١١١
Innal laahash taraa minal mu`mineena anfusahum wa amwaalahum bi anna lahumul jannah; yuqaatiloona fee sabeelil laahi fa yaqtuloona wa yuqtaloona wa`dan `alaihi haqqan fit Tawraati wal Injeeli wal Qur-aan; wa man awfaa be`ahdihee minal laah; fastabshiroo bibai`ikumul lazee baaya`tum bih; wa zaalika huwal fawzul `azeem
📖 မြန်မာဘာသာ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ထံမှ ထိုသူတို့၏ အသက်ဇီဝိန်များကိုလည်းကောင်း၊ ထိုသူတို့၏ ဥစ္စာပစ္စည်းများကိုလည်းကောင်းထိုသူတို့အဖို့ ဂျန္နတ်အမတသုခဘုံ(သည်အစားပေးရန်) ရှိသည်ဟူ၍ ဝယ်ယူတော်မူခဲ့လေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စက်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်၏။ သို့ဖြစ်ပေရာ (ရံဖန်ရံခါ) ထိုသူတို့သည် (ရန်သူတို့အား) သတ်ဖြတ်ကြ၍ (ရံဖန်ရံခါ) ထိုသူတို့သည် (ရန်သူတို့၏)သတ်ဖြတ်မှုကို ခံကြရကုန်၏။ ထိုအရှင်မြတ်သည် မိမိ၏အပေါ်၌တာဝန်ရှိကြောင်း၊ တောင်ဝ်ရာတ် ကျမ်းမြတ်တွင်လည်းကောင်း၊ အင်(န်)ဂျီလ်’ ကျမ်းမြတ်တွင်လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်တွင်လည်းကောင်း၊ မှန်ကန်စွာ ကတိပြုထားတော်မူခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်ထက် ပို၍ မိမိ၏ကတိကို ပြည့်စုံပြီးစီးအောင် ဆောင်ရွက်သူမည်သူရှိသနည်း။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏အရောင်းအဝယ်ပြုခဲ့ကြသောရောင်းဝယ်မှုနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ပျော်ရွှင်ကြလေကုန်။ အမှန်သော်ကား ဤသည်သာလျှင် အလွန်ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • اشْتَرَى (အရှ်သရာ): ဝယ်ယူခဲ့သည်။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များ၏ အသက်နှင့် ဥစ္စာပစ္စည်းများကို ဂျန္နသ်နှင့် လဲလှယ်ဝယ်ယူခြင်းကို ဆိုလိုသည်။
  • أَنفُسَهُمْ (အန်ဖုသဟွမ်): သူတို့၏ အသက်ဝိညာဉ်များ။
  • أَمْوَالَهُم (အမ်ဝါလဟွမ်): သူတို့၏ ဥစ္စာပစ္စည်းများ။
  • يُقَاتِلُونَ (ယုကာသိလူန): သူတို့သည် စစ်တိုက်ကြသည်။
  • فَيَقْتُلُونَ وَيُقْتَلُونَ (ဖယက်သုလူန ဝယုက်သလူန): သူတို့သည် (ရန်သူကို) သတ်ကြသည်၊ သူတို့လည်း (ရန်သူ၏လက်ဖြင့်) အသတ်ခံကြရသည်။
  • وَعْدًا عَلَيْهِ حَقًّا (ဝအ်ဒန် အလိုင်ဟိ ဟက်ကာ): အရှင်မြတ်အပေါ် ဧကန်အမှန်တည်သော ကတိတော်တစ်ခုအဖြစ်။
  • فَاسْتَبْشِرُوا (ဖသသဗ်ရှိရူ): သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြလော့။
  • بِبَيْعِكُمُ الَّذِي بَايَعْتُم بِهِ (ဗိဗိုင်အိကုမုလ္လဇီ ဗာယအ်သွမ် ဗိဟိ): သင်တို့ ကတိသစ္စာပြု၍ ရောင်းဝယ်ခဲ့သော ဤအရောင်းအဝယ်ဖြင့်။
  • الْفَوْزُ الْعَظِيمُ (အလ်ဖောင်ဇုလ် အֲဇီမ်): ကြီးကျယ်မြင့်မြတ်သော အောင်မြင်မှု။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူများ၏ အသက်ဝိညာဉ်များနှင့် ဥစ္စာပစ္စည်းများကို ဂျန္နသ်သုခဘုံနှင့် လဲလှယ်ဝယ်ယူတော်မူခဲ့သည်။ ဆိုလိုသည်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စစ်တိုက်ကြရာတွင် ရန်သူများကို သတ်ကြသည်၊ သူတို့ကိုယ်တိုင်လည်း အသတ်ခံကြရသည်။ ဤသို့ဖြင့် သူတို့သည် ဂျန္နသ်သုခဘုံကို ရရှိကြမည်ဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်အပေါ် ဧကန်အမှန်တည်သော ကတိတော်ဖြစ်ပြီး တောင်ရသ်ကျမ်း၊ အိန်ဂျီလ်ကျမ်းနှင့် ကုရ်အာန်ကျမ်းတို့တွင် ဖော်ပြထားခြင်းခံရသည်။ အလ္လာဟ်အရှင်မြတ်ထက် ကတိတော်ကို ပိုမိုတည်ကြည်စွာ ဖြည့်ဆည်းသူမည်သူမျှ မရှိပါ။ ထို့ကြောင့် အို မုအ်မင်န်တို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပြုလုပ်ခဲ့သော ဤအရောင်းအဝယ်ဖြင့် ဝမ်းမြောက်ရွှင်လန်းကြလော့။ အကြောင်းမှာ သင်တို့သည် ဂျန္နသ်သုခဘုံနှင့် အရှင်မြတ်၏ နှစ်သက်မှုတော်ကို ရရှိမည်ဖြစ်သောကြောင့်တည်း။ ဤအရ



📜 အာယာသ် 109-113 — စူရာ အတ်-တောင်ဘ

109أَفَمَنْ أَسَّسَ بُنْيَانَهُ عَلَىٰ تَقْوَىٰ مِنَ اللَّهِ وَرِضْوَانٍ خَيْرٌ أَم مَّنْ أَسَّسَ بُنْيَانَهُ عَلَىٰ شَفَا جُرُفٍ هَارٍ فَانْهَارَ بِهِ فِي نَارِ جَهَنَّمَ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
သို့ဖြစ်ပေရာ အကြင်သူသည် မိမိအဆောက်အအုံကို (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ခန့်ညားခြင်းအပေါ်၌လည်းကောင်း၊ (ထိုအရှင်မြတ်၏) ကျေနပ်မှုအပေါ်၌လည်းကောင်း အုတ်မြစ်ချခဲ့၏၊ ထိုသူသည် ပို၍ကောင်းလေသလော။ သို့တည်းမဟုတ် အကြင်သူသည် ပို၍ကောင်းလေသလော။ ထိုသူသည် မိမိအဆောက်အအုံကို ပြိုကျအံ့ဆဲဆဲဖြစ်သော ချောက်ကမ်းပါးပေါ်၌ အုတ်မြစ်ချခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုအဆောက်အအုံသည် ထိုသူနှင့်တကွ ဂျဟန္နမ်ငရဲဘုံ၏မီးထဲသို့ ပြိုကျသွားခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မတရားကျင့်မှု ပြုလုပ်သောသူတို့အား တရားလမ်းမှန်သို့ ပို့တော်မူသည်မဟုတ်ပေ။
110لَا يَزَالُ بُنْيَانُهُمُ الَّذِي بَنَوْا رِيبَةً فِي قُلُوبِهِمْ إِلَّا أَن تَقَطَّعَ قُلُوبُهُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
၎င်းတို့တည်ဆောက်ခဲ့ကြသော အဆောက်အအုံမှာ ၎င်းတို့၏စိတ်နှလုံးများ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်မသွားသမျှကာလပတ်လုံး ၎င်းတို့၏စိတ်နှလုံးများတွင် အမြဲတစေ ထင့်လျက်ပင် ရှိချေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုသိတော်မူသောအရှင်၊နက်နဲသိမ်မွေ့ သော ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။
111۞ إِنَّ اللَّهَ اشْتَرَىٰ مِنَ الْمُؤْمِنِينَ أَنفُسَهُمْ وَأَمْوَالَهُم بِأَنَّ لَهُمُ الْجَنَّةَ ۚ يُقَاتِلُونَ فِي سَبِيلِ اللَّهِ فَيَقْتُلُونَ وَيُقْتَلُونَ ۖ وَعْدًا عَلَيْهِ حَقًّا فِي التَّوْرَاةِ وَالْإِنجِيلِ وَالْقُرْآنِ ۚ وَمَنْ أَوْفَىٰ بِعَهْدِهِ مِنَ اللَّهِ ۚ فَاسْتَبْشِرُوا بِبَيْعِكُمُ الَّذِي بَايَعْتُم بِهِ ۚ وَذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ထံမှ ထိုသူတို့၏ အသက်ဇီဝိန်များကိုလည်းကောင်း၊ ထိုသူတို့၏ ဥစ္စာပစ္စည်းများကိုလည်းကောင်းထိုသူတို့အဖို့ ဂျန္နတ်အမတသုခဘုံ(သည်အစားပေးရန်) ရှိသည်ဟူ၍ ဝယ်ယူတော်မူခဲ့လေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စက်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်၏။ သို့ဖြစ်ပေရာ (ရံဖန်ရံခါ) ထိုသူတို့သည် (ရန်သူတို့အား) သတ်ဖြတ်ကြ၍ (ရံဖန်ရံခါ) ထိုသူတို့သည် (ရန်သူတို့၏)သတ်ဖြတ်မှုကို ခံကြရကုန်၏။ ထိုအရှင်မြတ်သည် မိမိ၏အပေါ်၌တာဝန်ရှိကြောင်း၊ တောင်ဝ်ရာတ် ကျမ်းမြတ်တွင်လည်းကောင်း၊ အင်(န်)ဂျီလ်’ ကျမ်းမြတ်တွင်လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်တွင်လည်းကောင်း၊ မှန်ကန်စွာ ကတိပြုထားတော်မူခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်ထက် ပို၍ မိမိ၏ကတိကို ပြည့်စုံပြီးစီးအောင် ဆောင်ရွက်သူမည်သူရှိသနည်း။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏အရောင်းအဝယ်ပြုခဲ့ကြသောရောင်းဝယ်မှုနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ပျော်ရွှင်ကြလေကုန်။ အမှန်သော်ကား ဤသည်သာလျှင် အလွန်ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုတည်း။
112التَّائِبُونَ الْعَابِدُونَ الْحَامِدُونَ السَّائِحُونَ الرَّاكِعُونَ السَّاجِدُونَ الْآمِرُونَ بِالْمَعْرُوفِ وَالنَّاهُونَ عَنِ الْمُنكَرِ وَالْحَافِظُونَ لِحُدُودِ اللَّهِ ۗ وَبَشِّرِ الْمُؤْمِنِينَ
ထိုစစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြသော သူများသည် ဝန်ချတောင်းပန်လျက် ရှိကြသူများ၊ ဝတ်ပြုလျက် ရှိကြသူများ၊ ချီးမွမ်း ထောမနာပြုလျက်ရှိကြသူများ၊ ဥပုသ်သီလဆောက်တည်လျက် ရှိကြသူများ၊ ‘ရုကူအ်’ ဦးညွှတ်လျက် ရှိကြသူများ၊ ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦးချလျက်ရှိကြသူများ၊ ထို့ပြင် ကောင်းမှုများကို အမိန့်ပေးညွှန်ကြားလျက်ရှိကြသူများ၊ မကောင်းမှုများမှ တားမြစ်လျက်ရှိကြသူများ ဖြစ်ကြကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းများကို စောင့်စည်းထိန်းသိမ်းသူများဖြစ်ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား သတင်းကောင်း ပြောကြားပါလေ။
113مَا كَانَ لِلنَّبِيِّ وَالَّذِينَ آمَنُوا أَن يَسْتَغْفِرُوا لِلْمُشْرِكِينَ وَلَوْ كَانُوا أُولِي قُرْبَىٰ مِن بَعْدِ مَا تَبَيَّنَ لَهُمْ أَنَّهُمْ أَصْحَابُ الْجَحِيمِ
နဗီတမန်တော်မြတ်၌လည်းကောင်း၊၊ ထို့အတူမုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌လည်းကောင်း၊ မုရှ်ရစ်က်တို့အဖို့ ၎င်း တို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိချေ။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
111အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 111

စူရာ အတ်-တောင်ဘ အာယာသ် 111 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ထံမှ ထိုသူတို့၏ အသက်ဇီဝိန်များကိုလည်းကောင်း၊ ထိုသူတို့၏ ဥစ္စာပစ္စည်းများကိုလည်းကောင်းထိုသူတို့အဖို့ ဂျန္နတ်အမတသုခဘုံ(သည်အစားပေးရန်) ရှိသည်ဟူ၍…

စူရာ အာယာသ် 111/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 109–113. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers