အတ်-တောင်ဘ · 108/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
لَا تَقُمْ فِيهِ أَبَدًا ۚ لَّمَسْجِدٌ أُسِّسَ عَلَى التَّقْوَىٰ مِنْ أَوَّلِ يَوْمٍ أَحَقُّ أَن تَقُومَ فِيهِ ۚ فِيهِ رِجَالٌ يُحِبُّونَ أَن يَتَطَهَّرُوا ۚ وَاللَّهُ يُحِبُّ الْمُطَّهِّرِينَ ۝١٠٨
Laa taqum feehi abadaa; lamasjidun ussisa `alat taqwaa min awwali yawmin ahaqqu an taqooma feeh; feehi rijaaluny yuhibbona ai yatatahharoo, wallaahu yuhibbul mmuttah hireen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် ထိုဗလီဝတ်ကျောင်းတွင် မည်သည့်အခါ၌မျှ (ဆွလာတ်ဝတ်ပြုရန်) မတ်တတ်မရပ်ပါလေနှင့်။ မုချဧကန် အကြင် မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတော်သည် ပထမနေ့မှစ၍ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေခန့်ညားခြင်းအပေါ်၌(မူတည်၍) အုတ်မြစ်ချခဲ့ပြီးဖြစ်၏။ အသင်သည် ထိုဗလီဝတ်ကျောင်းတော်၌သာလျှင် ပိုမို၍ ရပ်ထိုက်၏။ ထိုဗလီဝတ်ကျောင်း တော်တွင်အလွန်သန့်ရှင်းစင်ကြယ်ကြရန် နှစ်သက်သောသူတို့သည် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်သန့်ရှင်း စင်ကြယ်ကြကုန်သော သူတို့အား နှစ်မြို့တော်မူချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • لَا تَقُمْ فِيهِ أَبَدًا — ထို(မိစ္ဆာမိုနာဖိက် တည်ဆောက်သော) ဗလီဝတ်ကျောင်းတော်တွင် အစဉ်အမြဲ မရပ်တော်မူပါနှင့်၊ ဆိုလိုသည်မှာ ထိုနေရာတွင် ဆွလာသ်မဝတ်ပါနှင့်။
  • لَّمَسْجِدٌ أُسِّسَ عَلَى التَّقْوَىٰ — အစကတည်းက တက�်ဝါ(အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ခြင်း) အပေါ် အခြေခံတည်ဆောက်ထားသော ဗလီဝတ်ကျောင်းတော်သည်။
  • أَحَقُّ أَن تَقُومَ فِيهِ — ထိုနေရာတွင် သင်ရပ်တော်မူခြင်း(ဆွလာသ်ဝတ်ပြုခြင်း)သည် ပို၍ ထိုက်တန်ပါသည်။
  • يُحِبُّونَ أَن يَتَطَهَّرُوا — မိမိတို့ သန့်ရှင်းစင်ကြယ်လိုသည်ကို နှစ်သက်သူများ။
  • الْمُطَّهِّرِينَ — သန့်ရှင်းစင်ကြယ်သူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မြတ်၊ မိစ္ဆာမိုနာဖိက်တို့ တည်ဆောက်ထားသော ထိုဗလီဝတ်ကျောင်းတော်တွင် သင်သည် မည်သည့်အခါမျှ ဆွလာသ်ဝတ်မပြုပါနှင့်။ အကြောင်းမှာ ထိုဗလီသည် ကုဖ်ရ်(မယုံကြည်မှု)နှင့် သဘောထားကွဲလွဲမှုကို အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်၏။ သို့သော် ပထမဆုံးနေ့မှစ၍ တက�်ဝါအပေါ် အခြေခံတည်ဆောက်ထားသော ဗလီဝတ်ကျောင်းတော်(ဆိုလိုသည်မှာ ကူဗာ ဗလီဝတ်ကျောင်းတော် သို့မဟုတ် တမန်တော်မြတ်၏ ဗလီဝတ်ကျောင်းတော်)သည် သင်ဆွလာသ်ဝတ်ပြုရန် ပို၍ ထိုက်တန်ပေသည်။ ထိုဗလီဝတ်ကျောင်းတော်တွင် မိမိတို့ကိုယ်ကို ရေဖြင့် သန့်ရှင်းစင်ကြယ်စေခြင်း၊ အပြစ်များမှ ဝန်ချတောင်းပန်ခြင်းဖြင့် စိတ်နှလုံးကို သန့်ရှင်းစေခြင်းတို့ကို နှစ်သက်သော ယုံကြည်သူအမျိုးသားများ ရှိကြပေသည်။ အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်သူများကို ချစ်မြတ်နိုးတော်မူပေသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိအား ကြောက်ရွံ့သော တက�်ဝါရှင်များ၏ လုပ်ရပ်များကို မြှင့်တင်ပေးတော်မူပြီး၊ မယုံကြည်သူများ၏ လုပ်ရပ်များကို ပယ်ဖျက်တော်မူသည်။ ထို့ကြောင့် မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ လုပ်ရပ်တိုင်းကို အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုအတွက်သာ လုပ်ဆောင်ရမည်။
  • သန့်ရှင်းစင်ကြယ်ခြင်းသည် အစ္စလာမ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကိုယ်ခန္ဓာ သန့်ရှင်းရေးသာမက စိတ်နှလုံး သန့်ရှင်းရ


📜 အာယာသ် 106-110 — စူရာ အတ်-တောင်ဘ

106وَآخَرُونَ مُرْجَوْنَ لِأَمْرِ اللَّهِ إِمَّا يُعَذِّبُهُمْ وَإِمَّا يَتُوبُ عَلَيْهِمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
၎င်းပြင် အခြားသူတို့သည်လည်း ရှိကြကုန်၏၊ထိုသူတို့၏အရေးကိစ္စမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်(ကျရောက်သည်)အထိ ရွှေ့ဆိုင်းထားပြီး ဖြစ်ချေသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်ပေးတော်မူသည်ဖြစ်စေ၊၎င်းတို့၏ ဝန်ချတောင်းပန်ချက်ကို သဘောတူလက်ခံတော်မူသည်ဖြစ်စေ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို သိတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေ၏။
107وَالَّذِينَ اتَّخَذُوا مَسْجِدًا ضِرَارًا وَكُفْرًا وَتَفْرِيقًا بَيْنَ الْمُؤْمِنِينَ وَإِرْصَادًا لِّمَنْ حَارَبَ اللَّهَ وَرَسُولَهُ مِن قَبْلُ ۚ وَلَيَحْلِفُنَّ إِنْ أَرَدْنَا إِلَّا الْحُسْنَىٰ ۖ وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ
ထိုမှတစ်ပါး (၎င်းတို့တွင်) အကြင်သူတို့သည်လည်း ရှိကြကုန်၏။ ထိုသူတို့သည် မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတစ်ဆောင်ကို (အစ္စလာမ်သာသနာတော်နှင့်မုစ်လင်မ်တို့အား)အကျိုးယုတ်စေခြင်းငှာလည်းကောင်း၊(နဗီတမန်တော်မြတ်အားကဲ့ရဲ့ခြင်းအားဖြင့်) သွေဖည်ငြင်း ပယ်ခြင်းငှာလည်းကောင်း၊မုစ်လင်မ်တို့ အချင်းချင်းတွင် သွေးခွဲခြင်းငှာလည်းကောင်း၊ယခင်က အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား တိုက်ခိုက်ခဲ့ကြသောသူများ ကင်းထောက်ရာဌာနတစ်ခုရရှိစေခြင်းငှာလည်းကောင်း တည်�ောက်ခဲ့ကြကုန်၏။ တစ်ဖန် ထိုသူတို့ကကျွန်တော်မျိုးတို့သည် အကောင်းကိုသာ ရည်စူးခဲ့ကြပါသည် ဟု ကျိန်ဆို ကြပေလိမ့်မည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ ဧကန်မလွဲမုသာဝါဒီများ ဖြစ်ကြသည်ကို သက်သေခံတော်မူ၏။
108لَا تَقُمْ فِيهِ أَبَدًا ۚ لَّمَسْجِدٌ أُسِّسَ عَلَى التَّقْوَىٰ مِنْ أَوَّلِ يَوْمٍ أَحَقُّ أَن تَقُومَ فِيهِ ۚ فِيهِ رِجَالٌ يُحِبُّونَ أَن يَتَطَهَّرُوا ۚ وَاللَّهُ يُحِبُّ الْمُطَّهِّرِينَ
(အို-နဗီတမန်တော်) အသင်သည် ထိုဗလီဝတ်ကျောင်းတွင် မည်သည့်အခါ၌မျှ (ဆွလာတ်ဝတ်ပြုရန်) မတ်တတ်မရပ်ပါလေနှင့်။ မုချဧကန် အကြင် မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတော်သည် ပထမနေ့မှစ၍ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေခန့်ညားခြင်းအပေါ်၌(မူတည်၍) အုတ်မြစ်ချခဲ့ပြီးဖြစ်၏။ အသင်သည် ထိုဗလီဝတ်ကျောင်းတော်၌သာလျှင် ပိုမို၍ ရပ်ထိုက်၏။ ထိုဗလီဝတ်ကျောင်း တော်တွင်အလွန်သန့်ရှင်းစင်ကြယ်ကြရန် နှစ်သက်သောသူတို့သည် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်သန့်ရှင်း စင်ကြယ်ကြကုန်သော သူတို့အား နှစ်မြို့တော်မူချေသတည်း။
109أَفَمَنْ أَسَّسَ بُنْيَانَهُ عَلَىٰ تَقْوَىٰ مِنَ اللَّهِ وَرِضْوَانٍ خَيْرٌ أَم مَّنْ أَسَّسَ بُنْيَانَهُ عَلَىٰ شَفَا جُرُفٍ هَارٍ فَانْهَارَ بِهِ فِي نَارِ جَهَنَّمَ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
သို့ဖြစ်ပေရာ အကြင်သူသည် မိမိအဆောက်အအုံကို (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ခန့်ညားခြင်းအပေါ်၌လည်းကောင်း၊ (ထိုအရှင်မြတ်၏) ကျေနပ်မှုအပေါ်၌လည်းကောင်း အုတ်မြစ်ချခဲ့၏၊ ထိုသူသည် ပို၍ကောင်းလေသလော။ သို့တည်းမဟုတ် အကြင်သူသည် ပို၍ကောင်းလေသလော။ ထိုသူသည် မိမိအဆောက်အအုံကို ပြိုကျအံ့ဆဲဆဲဖြစ်သော ချောက်ကမ်းပါးပေါ်၌ အုတ်မြစ်ချခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုအဆောက်အအုံသည် ထိုသူနှင့်တကွ ဂျဟန္နမ်ငရဲဘုံ၏မီးထဲသို့ ပြိုကျသွားခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မတရားကျင့်မှု ပြုလုပ်သောသူတို့အား တရားလမ်းမှန်သို့ ပို့တော်မူသည်မဟုတ်ပေ။
110لَا يَزَالُ بُنْيَانُهُمُ الَّذِي بَنَوْا رِيبَةً فِي قُلُوبِهِمْ إِلَّا أَن تَقَطَّعَ قُلُوبُهُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
၎င်းတို့တည်ဆောက်ခဲ့ကြသော အဆောက်အအုံမှာ ၎င်းတို့၏စိတ်နှလုံးများ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်မသွားသမျှကာလပတ်လုံး ၎င်းတို့၏စိတ်နှလုံးများတွင် အမြဲတစေ ထင့်လျက်ပင် ရှိချေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုသိတော်မူသောအရှင်၊နက်နဲသိမ်မွေ့ သော ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
108အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 108

စူရာ အတ်-တောင်ဘ အာယာသ် 108 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် ထိုဗလီဝတ်ကျောင်းတွင် မည်သည့်အခါ၌မျှ (ဆွလာတ်ဝတ်ပြုရန်) မတ်တတ်မရပ်ပါလေနှင့်။ မုချဧကန် အကြင် မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတော်သည် ပထမနေ့မှစ၍…

စူရာ အာယာသ် 108/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 106–110. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers