📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 212
۞ لِّلَّذِينَ أَحۡسَنُواْ ٱلۡحُسۡنَىٰ وَزِيَادَةٌۖ وَلَا يَرۡهَقُ وُجُوهَهُمۡ قَتَرٌ وَلَا ذِلَّةٌۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ ٢٦ وَٱلَّذِينَ كَسَبُواْ ٱلسَّيِّـَٔاتِ جَزَآءُ سَيِّئَةِۭ بِمِثۡلِهَا وَتَرۡهَقُهُمۡ ذِلَّةٌۖ مَّا لَهُم مِّنَ ٱللَّهِ مِنۡ عَاصِمٍۖ كَأَنَّمَآ أُغۡشِيَتۡ وُجُوهُهُمۡ قِطَعًا مِّنَ ٱلَّيۡلِ مُظۡلِمًاۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ٢٧ وَيَوۡمَ نَحۡشُرُهُمۡ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشۡرَكُواْ مَكَانَكُمۡ أَنتُمۡ وَشُرَكَآؤُكُمۡۚ فَزَيَّلۡنَا بَيۡنَهُمۡۖ وَقَالَ شُرَكَآؤُهُم مَّا كُنتُمۡ إِيَّانَا تَعۡبُدُونَ ٢٨ فَكَفَىٰ بِٱللَّهِ شَهِيدَۢا بَيۡنَنَا وَبَيۡنَكُمۡ إِن كُنَّا عَنۡ عِبَادَتِكُمۡ لَغَٰفِلِينَ ٢٩ هُنَالِكَ تَبۡلُواْ كُلُّ نَفۡسٍ مَّآ أَسۡلَفَتۡۚ وَرُدُّوٓاْ إِلَى ٱللَّهِ مَوۡلَىٰهُمُ ٱلۡحَقِّۖ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ٣٠ قُلۡ مَن يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ أَمَّن يَمۡلِكُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَمَن يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَيُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّ وَمَن يُدَبِّرُ ٱلۡأَمۡرَۚ فَسَيَقُولُونَ ٱللَّهُۚ فَقُلۡ أَفَلَا تَتَّقُونَ ٣١ فَذَٰلِكُمُ ٱللَّهُ رَبُّكُمُ ٱلۡحَقُّۖ فَمَاذَا بَعۡدَ ٱلۡحَقِّ إِلَّا ٱلضَّلَٰلُۖ فَأَنَّىٰ تُصۡرَفُونَ ٣٢ كَذَٰلِكَ حَقَّتۡ كَلِمَتُ رَبِّكَ عَلَى ٱلَّذِينَ فَسَقُوٓاْ أَنَّهُمۡ لَا يُؤۡمِنُونَ ٣٣
10:26
۞ لِّلَّذِينَ أَحۡسَنُواْ ٱلۡحُسۡنَىٰ وَزِيَادَةٌۖ وَلَا يَرۡهَقُ وُجُوهَهُمۡ قَتَرٌ وَلَا ذِلَّةٌۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ ٢٦
ကောင်းမှုကို ပြုခဲ့ကြသောသူတို့အဖို့ ကောင်းမြတ်သောအကျိုး(ဝါ)ဂျန္နတ်သုခဘုံရှိသည့်ပြင် အပို(ဆုလာဘ်များ)လည်း ရှိချေသည်။ ထိုမှတစ်ပါး ၎င်း တို့၏မျက်နှာများကိုမြူ၊ဖုန်များ ဖုံးလွှမ်းမည်မဟုတ်။ ကျိုးယုတ်ရှက်ရ ဂုဏ်သိက္ခာကျခြင်းသည် လည်း ဖုံးလွှမ်းမည်မဟုတ်ပေ။ ထိုသူတို့သည်ပင်ဂျန္နတ်သုခဘုံသားများ ဖြစ်ကြကုန်၏။ ၎င်း တို့သည် ယင်းဂျန္နတ်သုခဘုံတွင် ထာဝစဉ်နေထိုင်စံမြန်း ကြမည့်သူများ ဖြစ်ကြကုန်သတည်း။
10:27
وَٱلَّذِينَ كَسَبُواْ ٱلسَّيِّـَٔاتِ جَزَآءُ سَيِّئَةِۭ بِمِثۡلِهَا وَتَرۡهَقُهُمۡ ذِلَّةٌۖ مَّا لَهُم مِّنَ ٱللَّهِ مِنۡ عَاصِمٍۖ كَأَنَّمَآ أُغۡشِيَتۡ وُجُوهُهُمۡ قِطَعًا مِّنَ ٱلَّيۡلِ مُظۡلِمًاۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ٢٧
သို့ရာတွင် မကောင်းမှု ဒုစရိုက်များကို ရှာဖွေဆည်းပူးကြကုန်သောသူတို့မူကား (၎င်း တို့ရှာဖွေ ဆည်းပူးခဲ့ကြကုန်သော) မကောင်းမှုများ၏အကျိုးသည် ထိုမကောင်းမှုနှင့်ထပ်တူထပ်မျှပင် ဖြစ်ချေသည်။ ထို့ပြင် ကျိုးယုတ်ရှက်ရ၊ ဂုဏ်သိက္ခာကျခြင်းသည် လည်း ၎င်း တို့အား ဖုံးလွှမ်းမည်ဖြစ်သည်။၎င်း တို့အား အလ္လာဟ်အရှင်မြတ်၏(ပြစ်ဒဏ်)မှ ကယ်တင်မည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။ ၎င်း တို့၏မျက်နှာများမှာကား မည်းမှောင်နေသော ညဉ့်၏အပိုင်းအစများဖြင့် ဖုံးအုပ်ခြင်း ခံရဘိသကဲ့သို့ ရှိကြပေမည်။ ထိုသူတို့သည်ငရဲသားများ ဖြစ်ကြပေသည်။ ၎င်း တို့သည် ငရဲဘုံ၌ အမြဲထာဝစဉ်နေထိုင် ခံစားကြရမည့်သူများပင် ဖြစ်ကြကုန်သတည်း။
10:28
وَيَوۡمَ نَحۡشُرُهُمۡ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشۡرَكُواْ مَكَانَكُمۡ أَنتُمۡ وَشُرَكَآؤُكُمۡۚ فَزَيَّلۡنَا بَيۡنَهُمۡۖ وَقَالَ شُرَكَآؤُهُم مَّا كُنتُمۡ إِيَّانَا تَعۡبُدُونَ ٢٨
၎င်း ပြင် အကြင်နေ့က ို(သတိရပါလေ)ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်း တို့အားလုံးကို စုရုံးစေတော်မူမည်။ထိုနောက် ငါအရှင်မြတ်သည်(အခြားအရာများကို ငါအရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသူတို့အား အသင်တို့နှင့်အသင်တို့ ယှဉ်တွဲကိုးကွယ်ခဲ့ကြသော ပေါင်းဖော်ပေါင်းဖက်တို့သည် မိမိတို့၏နေရာတွင်ပင် ရပ်တည်၍နေကြလေကုန်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့အားအချင်းချင်းကွဲစေတော်မူမည်။ (ထိုအခါ) ၎င်း တို့ တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခဲ့ကြကုန်သော ပေါင်းဖော်ပေါင်းဖက်တို့က(၎င်း တို့အား) အသင်တို့သည် ငါတို့အား ကိုးကွယ်ခဲ့ကြသည်မဟုတ်ဟု ပြောဆိုကြလတ္တံ့။
10:29
فَكَفَىٰ بِٱللَّهِ شَهِيدَۢا بَيۡنَنَا وَبَيۡنَكُمۡ إِن كُنَّا عَنۡ عِبَادَتِكُمۡ لَغَٰفِلِينَ ٢٩
သို့ဖြစ်ပေရာ အသင်တို့၏ကိုးကွယ်မှုကို ငါတို့(အလျဉ်း)မသိခဲ့ကြောင်း အလ္လာဟ်အရှင်မြတ်သည်ပင် ငါတို့နှင့် အသင်တို့၏စပ်ကြားဝယ် သက်သေအဖြစ် လုံလောက်တော်မူပေသည်။
10:30
هُنَالِكَ تَبۡلُواْ كُلُّ نَفۡسٍ مَّآ أَسۡلَفَتۡۚ وَرُدُّوٓاْ إِلَى ٱللَّهِ مَوۡلَىٰهُمُ ٱلۡحَقِّۖ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ٣٠
ထိုနေရာတွင် လူတိုင်းလူတိုင်းသည် မိမိတို့တင်ကြိုပို့နှင့်ခဲ့ပြီးဖြစ်သောအပြုအမူများကိုစမ်းသပ်(မျက်ဝါး၏ထင်ထင်သိရှိတွေ့မြင်)ကြမည်ဖြစ်ပေသည်။ ထို့ပြင် ၎င်း တို့သည်မိမိတို့၏အရှင်သခင်အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် အထံတော်သို့ ပြန်ပို့ခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး၎င်း တို့ ကြံဖန်လီဆယ်ခဲ့သမျှတို့သည် ၎င်း တို့ထံမှ ကွယ်ပျောက်သွားကြမည်သာဖြစ်သတည်း။
10:31
قُلۡ مَن يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ أَمَّن يَمۡلِكُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَمَن يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَيُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّ وَمَن يُدَبِّرُ ٱلۡأَمۡرَۚ فَسَيَقُولُونَ ٱللَّهُۚ فَقُلۡ أَفَلَا تَتَّقُونَ ٣١
(အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား)ဤသို့ ပြောဆိုမေးမြန်းကြပါလေ၊ အချင်းတို့ အသင်တို့အားအာကာသမိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေကြီးမှလည်းကောင်း၊ မည်သူမည်ဝါ စားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်းမဟုတ် မည်သူသည် နားများနှင့် မျက်စိများကိုစိုးပိုင်ပါသနည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကိုသက်မဲ့မှထွက်စေ၍ သက်မဲ့ကိုသက်ရှိမှ ထွက်စေသနည်း။ ထိုမှတစ်ပါးမည်သူသည် အမှုကိစ္စ အဝဝကို စီမံခန့်ခွဲလေသနည်း ဟုမေးမြန်းပါလေ။ ထိုအခါ ၎င်း တို့က အလ္လာဟ်အရှင်မြတ်ဟူ၍ပင် မုချပြောဆိုဖြေ ကြားကြပေမည်။ သို့ဖြစ်ပေရာ အသင်သည် (၎င်း တို့အား)အချင်းတို့ သို့ပါလျက် အသင်တို့သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြလေသလောဟု မေးမြန်းပါလေ။
10:32
فَذَٰلِكُمُ ٱللَّهُ رَبُّكُمُ ٱلۡحَقُّۖ فَمَاذَا بَعۡدَ ٱلۡحَقِّ إِلَّا ٱلضَّلَٰلُۖ فَأَنَّىٰ تُصۡرَفُونَ ٣٢
သို့ဖြစ်လေရာ သင်တို့၏အရှင် အစစ်အမှန်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အစစ်အမှန်ပင်။ သို့ဖြစ်သောကြောင့် အမှန်တရား (ထင်ရှားပြီးသည်)၏နောက် အမှားမှအပ အခြားမည်သည့်အရာ ရှိလေတော့သနည်း။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်၍သွားကြပါသနည်း။
10:33
كَذَٰلِكَ حَقَّتۡ كَلِمَتُ رَبِّكَ عَلَى ٱلَّذِينَ فَسَقُوٓاْ أَنَّهُمۡ لَا يُؤۡمِنُونَ ٣٣
ဤအတိုင်းပင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏စကားတော်သည် အမိန့်တော်ကိုဖီဆန်ခဲ့သူနှင့်ပတ်သက်၍ အတည်ဖြစ်သွားခဲ့ချေပြီ။ အဘယ်ကြောင့်ဆိုသော် ၎င်း တို့သည် အီမာန် သက်�င်ယုံကြည်ကြမည်မဟုတ်သောကြောင့် ပင်တည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Monday, August 24, 2026
Don't forget us in your sincere prayers







