ယူနူစ် · 30/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
هُنَالِكَ تَبْلُو كُلُّ نَفْسٍ مَّا أَسْلَفَتْ ۚ وَرُدُّوا إِلَى اللَّهِ مَوْلَاهُمُ الْحَقِّ ۖ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ ۝٣٠
Hunaalika tabloo kullu nafsim maaa aslafat; wa ruddoo ilal laahi mawlaahu mul haqqi wa dalla `anhum maa kaanoo yaftaroon
📖 မြန်မာဘာသာ
ထိုနေရာတွင် လူတိုင်းလူတိုင်းသည် မိမိတို့တင်ကြိုပို့နှင့်ခဲ့ပြီးဖြစ်သောအပြုအမူများကိုစမ်းသပ်(မျက်ဝါး၏ထင်ထင်သိရှိတွေ့မြင်)ကြမည်ဖြစ်ပေသည်။ ထို့ပြင် ၎င်း တို့သည်မိမိတို့၏အရှင်သခင်အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် အထံတော်သို့ ပြန်ပို့ခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး၎င်း တို့ ကြံဖန်လီဆယ်ခဲ့သမျှတို့သည် ၎င်း တို့ထံမှ ကွယ်ပျောက်သွားကြမည်သာဖြစ်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • هُنَالِكَ (ဟုနာလိက) — ထိုအရာတွင်၊ ထိုအခြေအနေတွင်၊ ထိုနေ့တွင်။
  • تَبْلُو (တဗ်လူ) — စမ်းသပ်သည်၊ စစ်ဆေးသည်၊ လုပ်ဆောင်ခဲ့သည့် လုပ်ရပ်၏ အကျိုးသက်ရောက်မှုကို ထင်ရှားစေသည်။
  • أَسْلَفَتْ (အပ်စ်လဖသ်) — ကြိုတင်ပေးပို့ခဲ့သည်၊ ရှေးဦးစွာ လုပ်ဆောင်ခဲ့သည်။
  • رُدُّوا (ရုဒ်ဒူ) — ပြန်လည်ပို့ဆောင်ခြင်းခံရသည်၊ ပြန်လည်ရောက်ရှိစေခြင်းခံရသည်။
  • مَوْلَاهُمُ الْحَقِّ (မောင်လာဟုမုလ်ဟက္က်) — သူတို့၏ အမှန်တကယ် ကာကွယ်စောင့်ရှောက်သူ၊ သူတို့၏ အရှင်သခင်။
  • ضَلَّ (ဒလ္လ) — ပျောက်ကွယ်သွားသည်၊ ကွယ်ပျောက်သွားသည်။
  • يَفْتَرُونَ (ယဖ်သရူန) — လုပ်ကြံဖန်တီးပြောဆိုကြသည်၊ မဟုတ်မမှန် စွပ်စွဲကြသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ထို စစ်ကြောစီရင်မည့် ကြီးကျယ်သော နေ့တွင် လူတိုင်းသည် မိမိတို့ လောကီဘဝ၌ ကြိုတင်ပေးပို့ခဲ့သော လုပ်ရပ်များကို စမ်းသပ်စစ်ဆေးခြင်းခံရမည်။ ကောင်းမှုဖြစ်ပါက ကောင်းကျိုးကို ရရှိမည်။ မကောင်းမှုဖြစ်ပါက မကောင်းကျိုးကို ခံစားရမည်။ ထိုအခါ လူအားလုံးတို့သည် အမှန်တကယ် ကာကွယ်စောင့်ရှောက်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်သို့ ပြန်လည်ပို့ဆောင်ခြင်းခံရမည်။ ထိုအရှင်မြတ်သည် တရားမှတ်ချက်ပြုတော်မူရာတွင် တစ်ဦးတည်း အုပ်စိုးတော်မူမည်။ ရှိခိုးကိုးကွယ်သူများ (မွတ်ရှ်ရိကူန်များ) သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခဲ့ကြသော ရုပ်တုများ၏ ကြားဝင်အသနားခံပေးမည်ဟူသော သူတို့၏ လုပ်ကြံပြောဆိုချက်များသည် ထိုနေ့တွင် သူတို့ထံမှ ပျောက်ကွယ်သွားမည်။ မည်သည့်အကူအညီမျှ မရရှိတော့ပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် တရားမှတ်ချက်ပြုတော်မူရာတွင် အလွန်တရာ တရားမျှတတော်မူသော အရှင်ဖြစ်ကြောင်း သိရှိစေသည်။ မည်သူ့ကိုမျှ မတရားပြုတော်မူမည် မဟုတ်ပေ။
  • လူတိုင်းသည် မိမိတို့၏ လုပ်ရပ်များအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း သတိပေးသည်။ ဤသတိပေးချက်သည် လူသားများအား ကောင်းမှုကုသိုလ်များ ပွားများရန်နှင့် မကောင်းမှုများမှ ရှောင်ကြဉ်ရန် လှုံ့ဆော်ပေးသည်။
  • အလ္လာဟ်အရှင်မြတ်သည် အမှန်တကယ် ကာကွယ်စောင့်ရှောက်တော်မူသော အရှင်ဖြစ်ကြောင်း ယုံ


📜 အာယာသ် 28-32 — စူရာ ယူနူစ်

28وَيَوْمَ نَحْشُرُهُمْ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشْرَكُوا مَكَانَكُمْ أَنتُمْ وَشُرَكَاؤُكُمْ ۚ فَزَيَّلْنَا بَيْنَهُمْ ۖ وَقَالَ شُرَكَاؤُهُم مَّا كُنتُمْ إِيَّانَا تَعْبُدُونَ
၎င်း ပြင် အကြင်နေ့က ို(သတိရပါလေ)ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်း တို့အားလုံးကို စုရုံးစေတော်မူမည်။ထိုနောက် ငါအရှင်မြတ်သည်(အခြားအရာများကို ငါအရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသူတို့အား အသင်တို့နှင့်အသင်တို့ ယှဉ်တွဲကိုးကွယ်ခဲ့ကြသော ပေါင်းဖော်ပေါင်းဖက်တို့သည် မိမိတို့၏နေရာတွင်ပင် ရပ်တည်၍နေကြလေကုန်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့အားအချင်းချင်းကွဲစေတော်မူမည်။ (ထိုအခါ) ၎င်း တို့ တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခဲ့ကြကုန်သော ပေါင်းဖော်ပေါင်းဖက်တို့က(၎င်း တို့အား) အသင်တို့သည် ငါတို့အား ကိုးကွယ်ခဲ့ကြသည်မဟုတ်ဟု ပြောဆိုကြလတ္တံ့။
29فَكَفَىٰ بِاللَّهِ شَهِيدًا بَيْنَنَا وَبَيْنَكُمْ إِن كُنَّا عَنْ عِبَادَتِكُمْ لَغَافِلِينَ
သို့ဖြစ်ပေရာ အသင်တို့၏ကိုးကွယ်မှုကို ငါတို့(အလျဉ်း)မသိခဲ့ကြောင်း အလ္လာဟ်အရှင်မြတ်သည်ပင် ငါတို့နှင့် အသင်တို့၏စပ်ကြားဝယ် သက်သေအဖြစ် လုံလောက်တော်မူပေသည်။
30هُنَالِكَ تَبْلُو كُلُّ نَفْسٍ مَّا أَسْلَفَتْ ۚ وَرُدُّوا إِلَى اللَّهِ مَوْلَاهُمُ الْحَقِّ ۖ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ
ထိုနေရာတွင် လူတိုင်းလူတိုင်းသည် မိမိတို့တင်ကြိုပို့နှင့်ခဲ့ပြီးဖြစ်သောအပြုအမူများကိုစမ်းသပ်(မျက်ဝါး၏ထင်ထင်သိရှိတွေ့မြင်)ကြမည်ဖြစ်ပေသည်။ ထို့ပြင် ၎င်း တို့သည်မိမိတို့၏အရှင်သခင်အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် အထံတော်သို့ ပြန်ပို့ခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး၎င်း တို့ ကြံဖန်လီဆယ်ခဲ့သမျှတို့သည် ၎င်း တို့ထံမှ ကွယ်ပျောက်သွားကြမည်သာဖြစ်သတည်း။
31قُلْ مَن يَرْزُقُكُم مِّنَ السَّمَاءِ وَالْأَرْضِ أَمَّن يَمْلِكُ السَّمْعَ وَالْأَبْصَارَ وَمَن يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَيُخْرِجُ الْمَيِّتَ مِنَ الْحَيِّ وَمَن يُدَبِّرُ الْأَمْرَ ۚ فَسَيَقُولُونَ اللَّهُ ۚ فَقُلْ أَفَلَا تَتَّقُونَ
(အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား)ဤသို့ ပြောဆိုမေးမြန်းကြပါလေ၊ အချင်းတို့ အသင်တို့အားအာကာသမိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေကြီးမှလည်းကောင်း၊ မည်သူမည်ဝါ စားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်းမဟုတ် မည်သူသည် နားများနှင့် မျက်စိများကိုစိုးပိုင်ပါသနည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကိုသက်မဲ့မှထွက်စေ၍ သက်မဲ့ကိုသက်ရှိမှ ထွက်စေသနည်း။ ထိုမှတစ်ပါးမည်သူသည် အမှုကိစ္စ အဝဝကို စီမံခန့်ခွဲလေသနည်း ဟုမေးမြန်းပါလေ။ ထိုအခါ ၎င်း တို့က အလ္လာဟ်အရှင်မြတ်ဟူ၍ပင် မုချပြောဆိုဖြေ ကြားကြပေမည်။ သို့ဖြစ်ပေရာ အသင်သည် (၎င်း တို့အား)အချင်းတို့ သို့ပါလျက် အသင်တို့သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြလေသလောဟု မေးမြန်းပါလေ။
32فَذَٰلِكُمُ اللَّهُ رَبُّكُمُ الْحَقُّ ۖ فَمَاذَا بَعْدَ الْحَقِّ إِلَّا الضَّلَالُ ۖ فَأَنَّىٰ تُصْرَفُونَ
သို့ဖြစ်လေရာ သင်တို့၏အရှင် အစစ်အမှန်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အစစ်အမှန်ပင်။ သို့ဖြစ်သောကြောင့် အမှန်တရား (ထင်ရှားပြီးသည်)၏နောက် အမှားမှအပ အခြားမည်သည့်အရာ ရှိလေတော့သနည်း။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်၍သွားကြပါသနည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
30အာယာသ်

ဘာသာပြန် — ယူနူစ် 30

စူရာ ယူနူစ် အာယာသ် 30 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနေရာတွင် လူတိုင်းလူတိုင်းသည် မိမိတို့တင်ကြိုပို့နှင့်ခဲ့ပြီးဖြစ်သောအပြုအမူများကိုစမ်းသပ်(မျက်ဝါး၏ထင်ထင်သိရှိတွေ့မြင်)ကြမည်ဖြစ်ပေသည်။ ထို့ပြင် ၎င်း တို့သည်မိမိတို့၏အရှင်သခင်အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် အထံတော်သို့ ပြန်ပို့ခြင်းကို ခံကြရပေမည်။…

စူရာ အာယာသ် 30/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 28–32. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers