ယူနူစ် · 26/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
۞ لِّلَّذِينَ أَحْسَنُوا الْحُسْنَىٰ وَزِيَادَةٌ ۖ وَلَا يَرْهَقُ وُجُوهَهُمْ قَتَرٌ وَلَا ذِلَّةٌ ۚ أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ ۝٢٦
Lillazeena ahsanul husnaa wa ziyaadahtunw wa laa yarhaqu wujoohahum qatarunw wa laa zillah; ulaaa`ika ashaabul jannnati hum feehaa khaalidoon
📖 မြန်မာဘာသာ
ကောင်းမှုကို ပြုခဲ့ကြသောသူတို့အဖို့ ကောင်းမြတ်သောအကျိုး(ဝါ)ဂျန္နတ်သုခဘုံရှိသည့်ပြင် အပို(ဆုလာဘ်များ)လည်း ရှိချေသည်။ ထိုမှတစ်ပါး ၎င်း တို့၏မျက်နှာများကိုမြူ၊ဖုန်များ ဖုံးလွှမ်းမည်မဟုတ်။ ကျိုးယုတ်ရှက်ရ ဂုဏ်သိက္ခာကျခြင်းသည် လည်း ဖုံးလွှမ်းမည်မဟုတ်ပေ။ ထိုသူတို့သည်ပင်ဂျန္နတ်သုခဘုံသားများ ဖြစ်ကြကုန်၏။ ၎င်း တို့သည် ယင်းဂျန္နတ်သုခဘုံတွင် ထာဝစဉ်နေထိုင်စံမြန်း ကြမည့်သူများ ဖြစ်ကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • အဟ်စနူ (أَحْسَنُوا) — ကောင်းမှုကို အကောင်းဆုံးပုံစံဖြင့် ပြုလုပ်ခဲ့ကြသူများ။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည့်အတိုင်း လိုက်နာခြင်း၊ တားမြစ်တော်မူသည့်အရာများကို ရှောင်ကြဉ်ခြင်းကို ဆိုလိုသည်။
  • အလ်ဟုစ်နာ (الْحُسْنَى) — အကောင်းဆုံးသော ဆုလာဘ်၊ ဆိုလိုသည်မှာ ဂျန္နသ်သုခဘုံ။
  • ဇိယာဒသွန် (زِيَادَةٌ) — ထပ်ဆောင်းဆုလာဘ်၊ ဆိုလိုသည်မှာ ဂျန္နသ်တွင် အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်ကို ဖူးမြင်ရခြင်း။
  • ယရ်ဟကူ (يَرْهَقُ) — ဖုံးလွှမ်းသည်၊ လွှမ်းမိုးသည်။
  • ကသွန်ရွန် (قَتَرٌ) — ဖုန်မှုန့်၊ မီးခိုး၊ ညစ်ပတ်မှု။
  • ဇိလ္လသွန် (ذِلَّةٌ) — ဂုဏ်အသရေ ကျဆင်းမှု၊ အရှက်ရမှု၊ နိမ့်ကျမှု။
  • ခါလိဒူန (خَالِدُونَ) — ထာဝရတည်ရှိနေသူများ၊ မကုန်ဆုံးနိုင်သော ကာလအထိ နေထိုင်သူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤလောကတွင် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည့် အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်တော်မူသည့်အရာများကို ရှောင်ကြဉ်ခြင်းဖြင့် ကောင်းမှုကို အကောင်းဆုံးပုံစံဖြင့် ပြုလုပ်ခဲ့ကြသူများအတွက် အကောင်းဆုံးသော ဆုလာဘ်ဖြစ်သည့် ဂျန္နသ်သုခဘုံ ရရှိမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့အတွက် ထပ်ဆောင်းဆုလာဘ်တစ်ခုလည်း ရှိသေးသည်၊ ယင်းမှာ ဂျန္နသ်တွင် အလ္လာဟ်အရှင်မြတ်၏ မြင့်မြတ်သော မျက်နှာတော်ကို ဖူးမြင်ရခြင်းပင်ဖြစ်သည်။ ထိုသူများ၏ မျက်နှာများကို ဖုန်မှုန့်ဖြင့်သော်လည်းကောင်း၊ ဂုဏ်အသရေကျဆင်းမှု၊ အရှက်ရမှုဖြင့်သော်လည်းကောင်း ဖုံးလွှမ်းခြင်း မခံရပေ။ ငရဲသူများကဲ့သို့ နိမ့်ကျခြင်း၊ အရှက်ရခြင်းတို့ကို မခံစားရပေ။ ဤကဲ့သို့သော ဂုဏ်ရည်များဖြင့် ဖော်ပြခံရသူများသည် ဂျန္နသ်သုခဘုံ၏ အပေါင်းအဖော်များဖြစ်ကြပြီး ထိုဘုံတွင် ထာဝရနေထိုင်ကြမည်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုပြုသူများကို အကောင်းဆုံးသော ဆုလာဘ်ဖြင့် ချီးမြှင့်တော်မူသည်။ ဤအချက်က က


📜 အာယာသ် 24-28 — စူရာ ယူနူစ်

24إِنَّمَا مَثَلُ الْحَيَاةِ الدُّنْيَا كَمَاءٍ أَنزَلْنَاهُ مِنَ السَّمَاءِ فَاخْتَلَطَ بِهِ نَبَاتُ الْأَرْضِ مِمَّا يَأْكُلُ النَّاسُ وَالْأَنْعَامُ حَتَّىٰ إِذَا أَخَذَتِ الْأَرْضُ زُخْرُفَهَا وَازَّيَّنَتْ وَظَنَّ أَهْلُهَا أَنَّهُمْ قَادِرُونَ عَلَيْهَا أَتَاهَا أَمْرُنَا لَيْلًا أَوْ نَهَارًا فَجَعَلْنَاهَا حَصِيدًا كَأَن لَّمْ تَغْنَ بِالْأَمْسِ ۚ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَتَفَكَّرُونَ
(ဤမျက်မှောက်) လောကီဘဝ၏ ဥပမာသည်ကား ဤသို့ဖြစ်၏။ ငါအရှင်မြတ်သည် ထိုရေကို မိုးကောင်းကင်မှ ချပေး(ရွာသွန်းစေ)တော်မူခဲ့လေသည်။ တစ်ဖန် ထိုရေကြောင့် ပထဝီမြေမှ လူတို့သည်လည်းကောင်း၊ ခြေလေးချောင်းသတ္တဝါတို့သည် လည်းကောင်း စားသုံးကြကုန်သော အပင်ငယ်များသည် ရောယှက်၍ ထွက်လာလေသည်။ နောက်ဆုံးတွင်ပထဝီမြေသည် မိမိဝတ်စားတန်ဆာကိုယူ၍(လှပတင့်တယ်စွာ)တန်ဆာဆင်ယင်ပြီး၊ ထိုမြေကိုပိုင်ဆိုင်သူတို့က ၎င်း တို့သည်ထို(ပေါက်ရောက်သမျှတို့)ကို (မိမိတို့စိတ်ထင်တိုင်း) သုံးစွဲနိုင်ကြပြီဟု ထင်မြင်ယူဆလာကြသည်။ ထိုအခါ (ရုတ်တရက်) ငါအရှင်မြတ်၏ အမိန့်တော်သည် ထိုလယ်ယာဥယျာဉ်များသို့ည၌ ဖြစ်စေ၊ နေ့၌ဖြစ်စေ၊ ရောက်ရှိလာလေတော့၏၊ ပြီးနောက်ငါအရှင်မြတ်သည် ယင်းလယ်ယာဥယျာဉ် များကိုရုပ်သိမ်းပြီးပမာ ဖြစ်စေတော်မူလေသော၊် ထိုလယ်ယာဥယျာဉ်များသည်ယမန်နေ့က လုံးဝမရှိသကဲ့သို့ပင် ဖြစ်သွားချေသည်။ ငါအရှင်မြတ်သည် ထိုကဲ့သို့ပင် သက်သေလက္ခဏာတော်များကို စဉ်းစားဆင်ခြင် ချင့်ချိန်သူတို့အကျိုးငှာ အသေးစိတ် ရှင်းလင်းဖော်ပြတော်မူလေသတည်း။
25وَاللَّهُ يَدْعُو إِلَىٰ دَارِ السَّلَامِ وَيَهْدِي مَن يَشَاءُ إِلَىٰ صِرَاطٍ مُّسْتَقِيمٍ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (လူခပ်သိမ်းတို့အား) ငြိမ်းချမ်းရေး ဘုံဗိမာန်သို့ ဖိတ်ခေါ်တော်မူလေသည်။ ၎င်း ပြင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်သို့ ပို့ဆောင်တော်မူ၏။
26۞ لِّلَّذِينَ أَحْسَنُوا الْحُسْنَىٰ وَزِيَادَةٌ ۖ وَلَا يَرْهَقُ وُجُوهَهُمْ قَتَرٌ وَلَا ذِلَّةٌ ۚ أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
ကောင်းမှုကို ပြုခဲ့ကြသောသူတို့အဖို့ ကောင်းမြတ်သောအကျိုး(ဝါ)ဂျန္နတ်သုခဘုံရှိသည့်ပြင် အပို(ဆုလာဘ်များ)လည်း ရှိချေသည်။ ထိုမှတစ်ပါး ၎င်း တို့၏မျက်နှာများကိုမြူ၊ဖုန်များ ဖုံးလွှမ်းမည်မဟုတ်။ ကျိုးယုတ်ရှက်ရ ဂုဏ်သိက္ခာကျခြင်းသည် လည်း ဖုံးလွှမ်းမည်မဟုတ်ပေ။ ထိုသူတို့သည်ပင်ဂျန္နတ်သုခဘုံသားများ ဖြစ်ကြကုန်၏။ ၎င်း တို့သည် ယင်းဂျန္နတ်သုခဘုံတွင် ထာဝစဉ်နေထိုင်စံမြန်း ကြမည့်သူများ ဖြစ်ကြကုန်သတည်း။
27وَالَّذِينَ كَسَبُوا السَّيِّئَاتِ جَزَاءُ سَيِّئَةٍ بِمِثْلِهَا وَتَرْهَقُهُمْ ذِلَّةٌ ۖ مَّا لَهُم مِّنَ اللَّهِ مِنْ عَاصِمٍ ۖ كَأَنَّمَا أُغْشِيَتْ وُجُوهُهُمْ قِطَعًا مِّنَ اللَّيْلِ مُظْلِمًا ۚ أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
သို့ရာတွင် မကောင်းမှု ဒုစရိုက်များကို ရှာဖွေဆည်းပူးကြကုန်သောသူတို့မူကား (၎င်း တို့ရှာဖွေ ဆည်းပူးခဲ့ကြကုန်သော) မကောင်းမှုများ၏အကျိုးသည် ထိုမကောင်းမှုနှင့်ထပ်တူထပ်မျှပင် ဖြစ်ချေသည်။ ထို့ပြင် ကျိုးယုတ်ရှက်ရ၊ ဂုဏ်သိက္ခာကျခြင်းသည် လည်း ၎င်း တို့အား ဖုံးလွှမ်းမည်ဖြစ်သည်။၎င်း တို့အား အလ္လာဟ်အရှင်မြတ်၏(ပြစ်ဒဏ်)မှ ကယ်တင်မည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။ ၎င်း တို့၏မျက်နှာများမှာကား မည်းမှောင်နေသော ညဉ့်၏အပိုင်းအစများဖြင့် ဖုံးအုပ်ခြင်း ခံရဘိသကဲ့သို့ ရှိကြပေမည်။ ထိုသူတို့သည်ငရဲသားများ ဖြစ်ကြပေသည်။ ၎င်း တို့သည် ငရဲဘုံ၌ အမြဲထာဝစဉ်နေထိုင် ခံစားကြရမည့်သူများပင် ဖြစ်ကြကုန်သတည်း။
28وَيَوْمَ نَحْشُرُهُمْ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشْرَكُوا مَكَانَكُمْ أَنتُمْ وَشُرَكَاؤُكُمْ ۚ فَزَيَّلْنَا بَيْنَهُمْ ۖ وَقَالَ شُرَكَاؤُهُم مَّا كُنتُمْ إِيَّانَا تَعْبُدُونَ
၎င်း ပြင် အကြင်နေ့က ို(သတိရပါလေ)ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်း တို့အားလုံးကို စုရုံးစေတော်မူမည်။ထိုနောက် ငါအရှင်မြတ်သည်(အခြားအရာများကို ငါအရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသူတို့အား အသင်တို့နှင့်အသင်တို့ ယှဉ်တွဲကိုးကွယ်ခဲ့ကြသော ပေါင်းဖော်ပေါင်းဖက်တို့သည် မိမိတို့၏နေရာတွင်ပင် ရပ်တည်၍နေကြလေကုန်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့အားအချင်းချင်းကွဲစေတော်မူမည်။ (ထိုအခါ) ၎င်း တို့ တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခဲ့ကြကုန်သော ပေါင်းဖော်ပေါင်းဖက်တို့က(၎င်း တို့အား) အသင်တို့သည် ငါတို့အား ကိုးကွယ်ခဲ့ကြသည်မဟုတ်ဟု ပြောဆိုကြလတ္တံ့။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
26အာယာသ်

ဘာသာပြန် — ယူနူစ် 26

စူရာ ယူနူစ် အာယာသ် 26 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ကောင်းမှုကို ပြုခဲ့ကြသောသူတို့အဖို့ ကောင်းမြတ်သောအကျိုး(ဝါ)ဂျန္နတ်သုခဘုံရှိသည့်ပြင် အပို(ဆုလာဘ်များ)လည်း ရှိချေသည်။ ထိုမှတစ်ပါး ၎င်း တို့၏မျက်နှာများကိုမြူ၊ဖုန်များ ဖုံးလွှမ်းမည်မဟုတ်။ ကျိုးယုတ်ရှက်ရ…

စူရာ အာယာသ် 26/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 24–28. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers