ယူနူစ် · 28/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
وَيَوْمَ نَحْشُرُهُمْ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشْرَكُوا مَكَانَكُمْ أَنتُمْ وَشُرَكَاؤُكُمْ ۚ فَزَيَّلْنَا بَيْنَهُمْ ۖ وَقَالَ شُرَكَاؤُهُم مَّا كُنتُمْ إِيَّانَا تَعْبُدُونَ ۝٢٨
Wa yawma nahshuruhum jamee`an summa naqoolu lillazeena ashrakoo makaanakum antum wa shurakaaa`ukum; fazaiyalnaa bainahum wa qaala shurakaaa`uhum maa kuntum iyyaanaa ta`budoon
📖 မြန်မာဘာသာ
၎င်း ပြင် အကြင်နေ့က ို(သတိရပါလေ)ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်း တို့အားလုံးကို စုရုံးစေတော်မူမည်။ထိုနောက် ငါအရှင်မြတ်သည်(အခြားအရာများကို ငါအရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသူတို့အား အသင်တို့နှင့်အသင်တို့ ယှဉ်တွဲကိုးကွယ်ခဲ့ကြသော ပေါင်းဖော်ပေါင်းဖက်တို့သည် မိမိတို့၏နေရာတွင်ပင် ရပ်တည်၍နေကြလေကုန်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့အားအချင်းချင်းကွဲစေတော်မူမည်။ (ထိုအခါ) ၎င်း တို့ တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခဲ့ကြကုန်သော ပေါင်းဖော်ပေါင်းဖက်တို့က(၎င်း တို့အား) အသင်တို့သည် ငါတို့အား ကိုးကွယ်ခဲ့ကြသည်မဟုတ်ဟု ပြောဆိုကြလတ္တံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • နဟ်ရှုရုဟုမ်း (نَحْشُرُهُمْ): ငါအရှင်မြတ်သည် သူတို့အား စုရုံးစေတော်မူမည်။
  • ဂျမီအံ (جَمِيعًا): အားလုံးကို။
  • မာကာနကုမ်း (مَكَانَكُمْ): သင်တို့၏နေရာတွင် ရပ်တန့်နေကြပါ။
  • ရှုရကာအုကုမ်း (شُرَكَاؤُكُمْ): သင်တို့၏တွဲဖက်ကိုးကွယ်ရာများ။
  • ဖဇိုင်ယလ်နာ (فَزَيَّلْنَا): ငါအရှင်မြတ်သည် ကွဲကွဲပြားပြား ခွဲခြားတော်မူခဲ့သည်။
  1. အာယသ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော်မုဟမ္မဒ်(ဆွ)အား ဤသို့ပြောကြားတော်မူပါ – ထိုနေ့ကို သတိရပါ။ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးကို စုရုံးစေတော်မူမည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်ခဲ့ကြသူများအား “သင်တို့နှင့် သင်တို့၏တွဲဖက်ကိုးကွယ်ရာများ မိမိတို့နေရာတွင် ရပ်တန့်နေကြပါ။ သင်တို့နှင့်ပတ်သက်၍ မည်သို့ပြုလုပ်မည်ကို ကြည့်ရှုရမည်” ဟု မိန့်တော်မူမည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ကိုးကွယ်သူများနှင့် ကိုးကွယ်ခံရသူများအကြား ကွဲကွဲပြားပြား ခွဲခြားတော်မူမည်။ ကိုးကွယ်ခံရသူများ (ရုပ်တုများ၊ မဟာတန်ခိုးရှင်များဟု ထင်မှတ်ခံရသူများ) က “သင်တို့သည် ငါတို့အား ကိုးကွယ်ခဲ့ကြသည်မဟုတ်။ ငါတို့က သင်တို့အား ကိုးကွယ်ရန် အမိန့်ပေးခဲ့သည်မဟုတ်” ဟု ငြင်းဆိုကြမည်။ ဤသို့ဖြင့် လောကီဘဝတွင် ရှိခဲ့သော ဆက်သွယ်မှုများ အားလုံး ပြတ်တောက်သွားမည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် နောက်ဆုံးနေ့တွင် လူသားအားလုံးကို စုရုံး၍ စစ်ဆေးတော်မူမည်ဖြစ်သောကြောင့် မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်ပါ။
  • အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာများကို ကိုးကွယ်ခြင်းသည် အကျိုးမရှိသော လုပ်ရပ်ဖြစ်ကြောင်း ဤအာယသ်တော်က ရှင်းလင်းစွာ ဖော်ပြသည်။
  • ကိုးကွယ်ခံရသူများက မိမိတို့အား ကိုးကွယ်သူများကို ငြင်းဆိုကြမည်ဖြစ်သောကြောင့် လောကီဘဝတွင် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ရန် လိုအပ်ကြောင်း သွန်သင်ပေးသည်။
  • အစ္စလာမ်သာသနာသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ရန် ဖိတ်ခေါ်သော သာသနာဖြစ်ပြီး၊ လူသားအားလုံးအတွက် ကယ်တ


📜 အာယာသ် 26-30 — စူရာ ယူနူစ်

26۞ لِّلَّذِينَ أَحْسَنُوا الْحُسْنَىٰ وَزِيَادَةٌ ۖ وَلَا يَرْهَقُ وُجُوهَهُمْ قَتَرٌ وَلَا ذِلَّةٌ ۚ أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
ကောင်းမှုကို ပြုခဲ့ကြသောသူတို့အဖို့ ကောင်းမြတ်သောအကျိုး(ဝါ)ဂျန္နတ်သုခဘုံရှိသည့်ပြင် အပို(ဆုလာဘ်များ)လည်း ရှိချေသည်။ ထိုမှတစ်ပါး ၎င်း တို့၏မျက်နှာများကိုမြူ၊ဖုန်များ ဖုံးလွှမ်းမည်မဟုတ်။ ကျိုးယုတ်ရှက်ရ ဂုဏ်သိက္ခာကျခြင်းသည် လည်း ဖုံးလွှမ်းမည်မဟုတ်ပေ။ ထိုသူတို့သည်ပင်ဂျန္နတ်သုခဘုံသားများ ဖြစ်ကြကုန်၏။ ၎င်း တို့သည် ယင်းဂျန္နတ်သုခဘုံတွင် ထာဝစဉ်နေထိုင်စံမြန်း ကြမည့်သူများ ဖြစ်ကြကုန်သတည်း။
27وَالَّذِينَ كَسَبُوا السَّيِّئَاتِ جَزَاءُ سَيِّئَةٍ بِمِثْلِهَا وَتَرْهَقُهُمْ ذِلَّةٌ ۖ مَّا لَهُم مِّنَ اللَّهِ مِنْ عَاصِمٍ ۖ كَأَنَّمَا أُغْشِيَتْ وُجُوهُهُمْ قِطَعًا مِّنَ اللَّيْلِ مُظْلِمًا ۚ أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
သို့ရာတွင် မကောင်းမှု ဒုစရိုက်များကို ရှာဖွေဆည်းပူးကြကုန်သောသူတို့မူကား (၎င်း တို့ရှာဖွေ ဆည်းပူးခဲ့ကြကုန်သော) မကောင်းမှုများ၏အကျိုးသည် ထိုမကောင်းမှုနှင့်ထပ်တူထပ်မျှပင် ဖြစ်ချေသည်။ ထို့ပြင် ကျိုးယုတ်ရှက်ရ၊ ဂုဏ်သိက္ခာကျခြင်းသည် လည်း ၎င်း တို့အား ဖုံးလွှမ်းမည်ဖြစ်သည်။၎င်း တို့အား အလ္လာဟ်အရှင်မြတ်၏(ပြစ်ဒဏ်)မှ ကယ်တင်မည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။ ၎င်း တို့၏မျက်နှာများမှာကား မည်းမှောင်နေသော ညဉ့်၏အပိုင်းအစများဖြင့် ဖုံးအုပ်ခြင်း ခံရဘိသကဲ့သို့ ရှိကြပေမည်။ ထိုသူတို့သည်ငရဲသားများ ဖြစ်ကြပေသည်။ ၎င်း တို့သည် ငရဲဘုံ၌ အမြဲထာဝစဉ်နေထိုင် ခံစားကြရမည့်သူများပင် ဖြစ်ကြကုန်သတည်း။
28وَيَوْمَ نَحْشُرُهُمْ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشْرَكُوا مَكَانَكُمْ أَنتُمْ وَشُرَكَاؤُكُمْ ۚ فَزَيَّلْنَا بَيْنَهُمْ ۖ وَقَالَ شُرَكَاؤُهُم مَّا كُنتُمْ إِيَّانَا تَعْبُدُونَ
၎င်း ပြင် အကြင်နေ့က ို(သတိရပါလေ)ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်း တို့အားလုံးကို စုရုံးစေတော်မူမည်။ထိုနောက် ငါအရှင်မြတ်သည်(အခြားအရာများကို ငါအရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသူတို့အား အသင်တို့နှင့်အသင်တို့ ယှဉ်တွဲကိုးကွယ်ခဲ့ကြသော ပေါင်းဖော်ပေါင်းဖက်တို့သည် မိမိတို့၏နေရာတွင်ပင် ရပ်တည်၍နေကြလေကုန်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့အားအချင်းချင်းကွဲစေတော်မူမည်။ (ထိုအခါ) ၎င်း တို့ တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခဲ့ကြကုန်သော ပေါင်းဖော်ပေါင်းဖက်တို့က(၎င်း တို့အား) အသင်တို့သည် ငါတို့အား ကိုးကွယ်ခဲ့ကြသည်မဟုတ်ဟု ပြောဆိုကြလတ္တံ့။
29فَكَفَىٰ بِاللَّهِ شَهِيدًا بَيْنَنَا وَبَيْنَكُمْ إِن كُنَّا عَنْ عِبَادَتِكُمْ لَغَافِلِينَ
သို့ဖြစ်ပေရာ အသင်တို့၏ကိုးကွယ်မှုကို ငါတို့(အလျဉ်း)မသိခဲ့ကြောင်း အလ္လာဟ်အရှင်မြတ်သည်ပင် ငါတို့နှင့် အသင်တို့၏စပ်ကြားဝယ် သက်သေအဖြစ် လုံလောက်တော်မူပေသည်။
30هُنَالِكَ تَبْلُو كُلُّ نَفْسٍ مَّا أَسْلَفَتْ ۚ وَرُدُّوا إِلَى اللَّهِ مَوْلَاهُمُ الْحَقِّ ۖ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ
ထိုနေရာတွင် လူတိုင်းလူတိုင်းသည် မိမိတို့တင်ကြိုပို့နှင့်ခဲ့ပြီးဖြစ်သောအပြုအမူများကိုစမ်းသပ်(မျက်ဝါး၏ထင်ထင်သိရှိတွေ့မြင်)ကြမည်ဖြစ်ပေသည်။ ထို့ပြင် ၎င်း တို့သည်မိမိတို့၏အရှင်သခင်အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် အထံတော်သို့ ပြန်ပို့ခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး၎င်း တို့ ကြံဖန်လီဆယ်ခဲ့သမျှတို့သည် ၎င်း တို့ထံမှ ကွယ်ပျောက်သွားကြမည်သာဖြစ်သတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
28အာယာသ်

ဘာသာပြန် — ယူနူစ် 28

စူရာ ယူနူစ် အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်း ပြင် အကြင်နေ့က ို(သတိရပါလေ)ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်း တို့အားလုံးကို စုရုံးစေတော်မူမည်။ထိုနောက် ငါအရှင်မြတ်သည်(အခြားအရာများကို ငါအရှင်မြတ်နှင့်)…

စူရာ အာယာသ် 28/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers