ယူနူစ် · 33/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
كَذَٰلِكَ حَقَّتْ كَلِمَتُ رَبِّكَ عَلَى الَّذِينَ فَسَقُوا أَنَّهُمْ لَا يُؤْمِنُونَ ۝٣٣
Kazaalika haqqat Kalimatu Rabbika `alal lazeena fasaqooo annahum laa yu`minoon
📖 မြန်မာဘာသာ
ဤအတိုင်းပင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏စကားတော်သည် အမိန့်တော်ကိုဖီဆန်ခဲ့သူနှင့်ပတ်သက်၍ အတည်ဖြစ်သွားခဲ့ချေပြီ။ အဘယ်ကြောင့်ဆိုသော် ၎င်း တို့သည် အီမာန် သက်�င်ယုံကြည်ကြမည်မဟုတ်သောကြောင့် ပင်တည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • كَذَٰلِكَ (က་ဇာလိက) — ထိုကဲ့သို့ပင်၊ ထိုနည်းတူစွာ။
  • حَقَّتْ (ဟက္ကိသ်) — သက်ရောက်ခဲ့ပြီ၊ တည်မြဲခဲ့ပြီ၊ မလွဲမသွေ ဖြစ်ပေါ်လာခဲ့ပြီ။
  • كَلِمَتُ رَبِّكَ (ကာလိမသု ရဗ္ဗိက) — သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ စကားတော်၊ ဆုံးဖြတ်ချက်တော်။
  • فَسَقُوا (ဖစကူ) — သူတို့သည် အမိန့်တော်ကို ချိုးဖောက်ခဲ့ကြပြီ၊ နာခံမှုမှ ထွက်ခွာခဲ့ကြပြီ။
  • لَا يُؤْمِنُونَ (လာ ယုအ်မိနူန) — သူတို့သည် သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဤအာယသ်တော်သည် ရှေးယခင်က ကာဖိရ်များ (မယုံကြည်သူများ) သည် အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်၍ ရုပ်တုကိုးကွယ်မှုတွင် ဆက်လက်ရပ်တည်ခဲ့ကြသကဲ့သို့ပင်၊ ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်၏ ဆုံးဖြတ်ချက်တော်နှင့် စီရင်ချက်တော်သည် အရှင်မြတ်၏ အမိန့်တော်များကို ချိုးဖောက်၍ နာခံမှုမှ ထွက်ခွာခဲ့ကြသော သူများအပေါ်၌ သက်ရောက်တည်မြဲခဲ့ပြီ ဖြစ်သည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ တစ်ဆူတည်းဖြစ်တော်မူခြင်းကိုလည်းကောင်း၊ တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ၏ တမန်တော်ဖြစ်ခြင်းကိုလည်းကောင်း လက်ခံယုံကြည်ကြမည် မဟုတ်ပေ။ ထို့အပြင် သူတို့သည် အရှင်မြတ်၏ လမ်းညွှန်မှုတော်အတိုင်း လုပ်ဆောင်ကြမည်လည်း မဟုတ်ပေ။

အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းမွေးမြူသူအဖြစ် စစ်မှန်သော အရှင်သခင်ဖြစ်တော်မူခြင်းသည် ထင်ရှားသက်သေပြီးဖြစ်သည်။ ထိုအမှန်တရားကို လက်ခံရန် ငြင်းဆန်ကြသော သူများအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကြိုတင်ဆုံးဖြတ်ချက်တော်သည် မလွဲမသွေ သက်ရောက်တည်မြဲခဲ့ပြီဖြစ်သည်။ သူတို့သည် အမှန်တရားကို သိရှိပါလျက် ဇွဲဖြင့် ငြင်းပယ်ခဲ့ကြသောကြောင့် သူတို့သည် သက်ဝင်ယုံကြည်မှု ကင်းမဲ့ကြရမည်ဟု ဆုံးဖြတ်ချက်တော် သက်ရောက်ခဲ့ခြင်း ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် စစ်မှန်သော အရှင်သခင်ဖြစ်တော်မူခြင်းသည် ထင်ရှားသော အမှန်တရားဖြစ်သည်။ ဤအမှန်တရားကို လက်ခံခြင်းသည် လူသ


📜 အာယာသ် 31-35 — စူရာ ယူနူစ်

31قُلْ مَن يَرْزُقُكُم مِّنَ السَّمَاءِ وَالْأَرْضِ أَمَّن يَمْلِكُ السَّمْعَ وَالْأَبْصَارَ وَمَن يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَيُخْرِجُ الْمَيِّتَ مِنَ الْحَيِّ وَمَن يُدَبِّرُ الْأَمْرَ ۚ فَسَيَقُولُونَ اللَّهُ ۚ فَقُلْ أَفَلَا تَتَّقُونَ
(အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား)ဤသို့ ပြောဆိုမေးမြန်းကြပါလေ၊ အချင်းတို့ အသင်တို့အားအာကာသမိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေကြီးမှလည်းကောင်း၊ မည်သူမည်ဝါ စားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်းမဟုတ် မည်သူသည် နားများနှင့် မျက်စိများကိုစိုးပိုင်ပါသနည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကိုသက်မဲ့မှထွက်စေ၍ သက်မဲ့ကိုသက်ရှိမှ ထွက်စေသနည်း။ ထိုမှတစ်ပါးမည်သူသည် အမှုကိစ္စ အဝဝကို စီမံခန့်ခွဲလေသနည်း ဟုမေးမြန်းပါလေ။ ထိုအခါ ၎င်း တို့က အလ္လာဟ်အရှင်မြတ်ဟူ၍ပင် မုချပြောဆိုဖြေ ကြားကြပေမည်။ သို့ဖြစ်ပေရာ အသင်သည် (၎င်း တို့အား)အချင်းတို့ သို့ပါလျက် အသင်တို့သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြလေသလောဟု မေးမြန်းပါလေ။
32فَذَٰلِكُمُ اللَّهُ رَبُّكُمُ الْحَقُّ ۖ فَمَاذَا بَعْدَ الْحَقِّ إِلَّا الضَّلَالُ ۖ فَأَنَّىٰ تُصْرَفُونَ
သို့ဖြစ်လေရာ သင်တို့၏အရှင် အစစ်အမှန်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အစစ်အမှန်ပင်။ သို့ဖြစ်သောကြောင့် အမှန်တရား (ထင်ရှားပြီးသည်)၏နောက် အမှားမှအပ အခြားမည်သည့်အရာ ရှိလေတော့သနည်း။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်၍သွားကြပါသနည်း။
33كَذَٰلِكَ حَقَّتْ كَلِمَتُ رَبِّكَ عَلَى الَّذِينَ فَسَقُوا أَنَّهُمْ لَا يُؤْمِنُونَ
ဤအတိုင်းပင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏စကားတော်သည် အမိန့်တော်ကိုဖီဆန်ခဲ့သူနှင့်ပတ်သက်၍ အတည်ဖြစ်သွားခဲ့ချေပြီ။ အဘယ်ကြောင့်ဆိုသော် ၎င်း တို့သည် အီမာန် သက်�င်ယုံကြည်ကြမည်မဟုတ်သောကြောင့် ပင်တည်း။
34قُلْ هَلْ مِن شُرَكَائِكُم مَّن يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ۚ قُلِ اللَّهُ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ۖ فَأَنَّىٰ تُؤْفَكُونَ
(အို-နဗီတမန်တော်)အသင်သည် (၎င်း တို့အား)အသင်တို့၊ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၊ နှိုင်းယှဉ်ကိုးကွယ်ကြသူတို့အနက် (သက်ရှိ သက်မဲ့အပေါင်းတို့အား) ပထမအကြိမ်စတင်ဖန်ဆင်း၍ ထို(သက်ရှိသက်မဲ့အပေါင်းတို့ သေကြေပျက်စီးကြပြီး)နောက် ယင်းဖန်ဆင်းခြင်းကို တစ်ဖန် ဒုတိယ အကြိမ်လည်း ပြန်၍ပြုလုပ်မည့်သူဟူ၍ ရှိလေသလောဟု မေးမြန်းပါလေ။ (ထို့နောက်) အသင်ကပင် (၎င်း တို့အား ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် သာလျှင် (သက်ရှိသက်မဲ့ အပေါင်းတို့ကို) ပထမအကြိမ်လည်း စတင် ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထို(သက်ရှိသက်မဲ့အပေါင်းတို့ သေကြေပျက်စီးကြပြီး) နောက်လည်း ထိုအရှင်မြတ်သည်ပင် ဒုတိယအကြိမ် ပြန်လည်ဖန်ဆင်းတော်မူမည်ဖြစ်သည်။ သို့ပါလျက် အသင်တို့သည်အဘယ်သို့ ပြန်လှည့်(၍ထွက်သွား)ကြပါသနည်း။
35قُلْ هَلْ مِن شُرَكَائِكُم مَّن يَهْدِي إِلَى الْحَقِّ ۚ قُلِ اللَّهُ يَهْدِي لِلْحَقِّ ۗ أَفَمَن يَهْدِي إِلَى الْحَقِّ أَحَقُّ أَن يُتَّبَعَ أَمَّن لَّا يَهِدِّي إِلَّا أَن يُهْدَىٰ ۖ فَمَا لَكُمْ كَيْفَ تَحْكُمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အား)အသင်တို့၊ (အလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြသူအသင်တို့တွင် မှန်ကန်ရာသို့ လမ်းညွှန်မည့်သူ တစ်ဦးတစ်ယောက်မျှ ရှိလေသလောဟု မေးမြန်းပါလေ။ (တစ်ဖန်)အသင်ကပင် (၎င်း တို့အားဤသို့)ပြန်၍ ပြောကြားပါလေ။အလ္လာဟ်အသျှင်မြတ်ပင် မှန်ကန်ရာသို့ လမ်းညွှန်တော်မူ၏။သို့ဖြစ်ပေရာ မှန်ကန်ရာသို့ လမ်းညွှန်တော် မူသောအရှင်မြတ်သည် လိုက်နာခြင်းကို ပို၍ခံထိုက်တော်မူပါသလော၊ သို့ တည်းမဟုတ် မိမိကိုယ်တိုင် လမ်းညွှန်ခြင်းကို မခံရက မှန်ကန်သောတရားလမ်း ကို မရရှိသောသူသည် လိုက်နာခြင်းကိုပို၍ခံထိုက် လေသလော။ သို့ဖြစ်ပေရာ (ဤသည်တို့ကိုအလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်ကြရန်) အသင်တို့တွင်မည်သည့် အကြောင်းရှိသနည်း။ အသင်တို့သည် မည်ကဲ့သို့ဆုံးဖြတ်ကြပါ သနည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
33အာယာသ်

ဘာသာပြန် — ယူနူစ် 33

စူရာ ယူနူစ် အာယာသ် 33 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤအတိုင်းပင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏စကားတော်သည် အမိန့်တော်ကိုဖီဆန်ခဲ့သူနှင့်ပတ်သက်၍ အတည်ဖြစ်သွားခဲ့ချေပြီ။ အဘယ်ကြောင့်ဆိုသော် ၎င်း တို့သည် အီမာန်…

စူရာ အာယာသ် 33/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 31–35. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers