ယူနူစ် · 32/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
فَذَٰلِكُمُ اللَّهُ رَبُّكُمُ الْحَقُّ ۖ فَمَاذَا بَعْدَ الْحَقِّ إِلَّا الضَّلَالُ ۖ فَأَنَّىٰ تُصْرَفُونَ ۝٣٢
Fazaalikumul laahu Rabbukumul haqq; famaazaa ba`dal haqqi illad dalaalu fa annnaa tusrafoon
📖 မြန်မာဘာသာ
သို့ဖြစ်လေရာ သင်တို့၏အရှင် အစစ်အမှန်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အစစ်အမှန်ပင်။ သို့ဖြစ်သောကြောင့် အမှန်တရား (ထင်ရှားပြီးသည်)၏နောက် အမှားမှအပ အခြားမည်သည့်အရာ ရှိလေတော့သနည်း။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်၍သွားကြပါသနည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အရှင်သခင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအား ဖန်ဆင်းခြင်း၊ ရိက္ခာပေးခြင်း၊ အသက်ရှင်စေခြင်း၊ သေစေခြင်း စသည့် ကိစ္စအားလုံးကို စီမံခန့်ခွဲတော်မူသော အရှင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် အမှန်တရားဖြစ်တော်မူသည်။ အမှန်တရားနောက်တွင် လမ်းမှားခြင်းမှတစ်ပါး အခြားမရှိပါ။
  2. ဤအခန်းငယ်တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအား ဖန်ဆင်းခြင်း၊ ရိက္ခာပေးခြင်း၊ အသက်ရှင်စေခြင်း၊ သေစေခြင်း စသည့် ကိစ္စအားလုံးကို စီမံခန့်ခွဲတော်မူသော အရှင်ဖြစ်တော်မူကြောင်း ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ထိုအရှင်မြတ်သည် အမှန်တရားဖြစ်တော်မူသည်။ အမှန်တရားနောက်တွင် လမ်းမှားခြင်းမှတစ်ပါး အခြားမရှိပါ။ အမှန်တရားနှင့် လမ်းမှားခြင်းကြားတွင် အလယ်အလတ်မရှိပါ။ ထို့ကြောင့် အမှန်တရားကို စွန့်လွှတ်၍ လမ်းမှားသို့ လိုက်ခြင်းသည် အကျိုးမဲ့ခြင်းနှင့် ပျက်စီးခြင်းသို့ ရောက်စေပါသည်။ သင်တို့သည် အမှန်တရားမှ လမ်းမှားသို့ မည်သို့ လှည့်သွားကြသနည်း။ သင်တို့၏ ဆင်ခြင်ဉာဏ်များသည် ဤရှင်းလင်းသော အမှန်တရားမှ မည်သို့ လွဲမှားသွားကြသနည်း။
  3. ဤအခန်းငယ်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် အမှန်တရားဖြစ်တော်မူကြောင်း သိရှိခြင်းသည် အီမာန်ယုံကြည်မှု၏ အခြေခံဖြစ်ပါသည်။ အမှန်တရားကို လက်ခံခြင်းသည် ကယ်တင်ခြင်းသို့ ရောက်စေပြီး လမ်းမှားခြင်းသည် ပျက်စီးခြင်းသို့ ရောက်စေပါသည်။ အစ္စလာမ်သည် အမှန်တရားကို အခြေခံသော ဘာသာဖြစ်ပြီး လူသားတို့အား အမှန်တရားဆီသို့ လမ်းညွှန်ပေးပါသည်။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဆင်ခြင်ဉာဏ်ကို အသုံးပြု၍ အမှန်တရားကို ရှာဖွေရန် ဖိတ်ခေါ်ထားပါသည်။ အမှန်တရားကို လိုက်နာခြင်းသည် လူသားတို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်ပါသည်။


📜 အာယာသ် 30-34 — စူရာ ယူနူစ်

30هُنَالِكَ تَبْلُو كُلُّ نَفْسٍ مَّا أَسْلَفَتْ ۚ وَرُدُّوا إِلَى اللَّهِ مَوْلَاهُمُ الْحَقِّ ۖ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ
ထိုနေရာတွင် လူတိုင်းလူတိုင်းသည် မိမိတို့တင်ကြိုပို့နှင့်ခဲ့ပြီးဖြစ်သောအပြုအမူများကိုစမ်းသပ်(မျက်ဝါး၏ထင်ထင်သိရှိတွေ့မြင်)ကြမည်ဖြစ်ပေသည်။ ထို့ပြင် ၎င်း တို့သည်မိမိတို့၏အရှင်သခင်အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် အထံတော်သို့ ပြန်ပို့ခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး၎င်း တို့ ကြံဖန်လီဆယ်ခဲ့သမျှတို့သည် ၎င်း တို့ထံမှ ကွယ်ပျောက်သွားကြမည်သာဖြစ်သတည်း။
31قُلْ مَن يَرْزُقُكُم مِّنَ السَّمَاءِ وَالْأَرْضِ أَمَّن يَمْلِكُ السَّمْعَ وَالْأَبْصَارَ وَمَن يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَيُخْرِجُ الْمَيِّتَ مِنَ الْحَيِّ وَمَن يُدَبِّرُ الْأَمْرَ ۚ فَسَيَقُولُونَ اللَّهُ ۚ فَقُلْ أَفَلَا تَتَّقُونَ
(အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား)ဤသို့ ပြောဆိုမေးမြန်းကြပါလေ၊ အချင်းတို့ အသင်တို့အားအာကာသမိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေကြီးမှလည်းကောင်း၊ မည်သူမည်ဝါ စားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်းမဟုတ် မည်သူသည် နားများနှင့် မျက်စိများကိုစိုးပိုင်ပါသနည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကိုသက်မဲ့မှထွက်စေ၍ သက်မဲ့ကိုသက်ရှိမှ ထွက်စေသနည်း။ ထိုမှတစ်ပါးမည်သူသည် အမှုကိစ္စ အဝဝကို စီမံခန့်ခွဲလေသနည်း ဟုမေးမြန်းပါလေ။ ထိုအခါ ၎င်း တို့က အလ္လာဟ်အရှင်မြတ်ဟူ၍ပင် မုချပြောဆိုဖြေ ကြားကြပေမည်။ သို့ဖြစ်ပေရာ အသင်သည် (၎င်း တို့အား)အချင်းတို့ သို့ပါလျက် အသင်တို့သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြလေသလောဟု မေးမြန်းပါလေ။
32فَذَٰلِكُمُ اللَّهُ رَبُّكُمُ الْحَقُّ ۖ فَمَاذَا بَعْدَ الْحَقِّ إِلَّا الضَّلَالُ ۖ فَأَنَّىٰ تُصْرَفُونَ
သို့ဖြစ်လေရာ သင်တို့၏အရှင် အစစ်အမှန်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အစစ်အမှန်ပင်။ သို့ဖြစ်သောကြောင့် အမှန်တရား (ထင်ရှားပြီးသည်)၏နောက် အမှားမှအပ အခြားမည်သည့်အရာ ရှိလေတော့သနည်း။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်၍သွားကြပါသနည်း။
33كَذَٰلِكَ حَقَّتْ كَلِمَتُ رَبِّكَ عَلَى الَّذِينَ فَسَقُوا أَنَّهُمْ لَا يُؤْمِنُونَ
ဤအတိုင်းပင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏စကားတော်သည် အမိန့်တော်ကိုဖီဆန်ခဲ့သူနှင့်ပတ်သက်၍ အတည်ဖြစ်သွားခဲ့ချေပြီ။ အဘယ်ကြောင့်ဆိုသော် ၎င်း တို့သည် အီမာန် သက်�င်ယုံကြည်ကြမည်မဟုတ်သောကြောင့် ပင်တည်း။
34قُلْ هَلْ مِن شُرَكَائِكُم مَّن يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ۚ قُلِ اللَّهُ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ۖ فَأَنَّىٰ تُؤْفَكُونَ
(အို-နဗီတမန်တော်)အသင်သည် (၎င်း တို့အား)အသင်တို့၊ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၊ နှိုင်းယှဉ်ကိုးကွယ်ကြသူတို့အနက် (သက်ရှိ သက်မဲ့အပေါင်းတို့အား) ပထမအကြိမ်စတင်ဖန်ဆင်း၍ ထို(သက်ရှိသက်မဲ့အပေါင်းတို့ သေကြေပျက်စီးကြပြီး)နောက် ယင်းဖန်ဆင်းခြင်းကို တစ်ဖန် ဒုတိယ အကြိမ်လည်း ပြန်၍ပြုလုပ်မည့်သူဟူ၍ ရှိလေသလောဟု မေးမြန်းပါလေ။ (ထို့နောက်) အသင်ကပင် (၎င်း တို့အား ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် သာလျှင် (သက်ရှိသက်မဲ့ အပေါင်းတို့ကို) ပထမအကြိမ်လည်း စတင် ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထို(သက်ရှိသက်မဲ့အပေါင်းတို့ သေကြေပျက်စီးကြပြီး) နောက်လည်း ထိုအရှင်မြတ်သည်ပင် ဒုတိယအကြိမ် ပြန်လည်ဖန်ဆင်းတော်မူမည်ဖြစ်သည်။ သို့ပါလျက် အသင်တို့သည်အဘယ်သို့ ပြန်လှည့်(၍ထွက်သွား)ကြပါသနည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
32အာယာသ်

ဘာသာပြန် — ယူနူစ် 32

စူရာ ယူနူစ် အာယာသ် 32 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်လေရာ သင်တို့၏အရှင် အစစ်အမှန်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အစစ်အမှန်ပင်။ သို့ဖြစ်သောကြောင့် အမှန်တရား…

စူရာ အာယာသ် 32/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 30–34. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers