📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 258
أَلَمۡ تَرَ أَنَّ ٱللَّهَ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۚ إِن يَشَأۡ يُذۡهِبۡكُمۡ وَيَأۡتِ بِخَلۡقٍ جَدِيدٍ  ۝١٩ وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٍ  ۝٢٠ وَبَرَزُواْ لِلَّهِ جَمِيعًا فَقَالَ ٱلضُّعَفَٰٓؤُاْ لِلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا كُنَّا لَكُمۡ تَبَعًا فَهَلۡ أَنتُم مُّغۡنُونَ عَنَّا مِنۡ عَذَابِ ٱللَّهِ مِن شَيۡءٍۚ قَالُواْ لَوۡ هَدَىٰنَا ٱللَّهُ لَهَدَيۡنَٰكُمۡۖ سَوَآءٌ عَلَيۡنَآ أَجَزِعۡنَآ أَمۡ صَبَرۡنَا مَا لَنَا مِن مَّحِيصٍ  ۝٢١ وَقَالَ ٱلشَّيۡطَٰنُ لَمَّا قُضِيَ ٱلۡأَمۡرُ إِنَّ ٱللَّهَ وَعَدَكُمۡ وَعۡدَ ٱلۡحَقِّ وَوَعَدتُّكُمۡ فَأَخۡلَفۡتُكُمۡۖ وَمَا كَانَ لِيَ عَلَيۡكُم مِّن سُلۡطَٰنٍ إِلَّآ أَن دَعَوۡتُكُمۡ فَٱسۡتَجَبۡتُمۡ لِيۖ فَلَا تَلُومُونِي وَلُومُوٓاْ أَنفُسَكُمۖ مَّآ أَنَا۠ بِمُصۡرِخِكُمۡ وَمَآ أَنتُم بِمُصۡرِخِيَّ إِنِّي كَفَرۡتُ بِمَآ أَشۡرَكۡتُمُونِ مِن قَبۡلُۗ إِنَّ ٱلظَّٰلِمِينَ لَهُمۡ عَذَابٌ أَلِيمٌ  ۝٢٢ وَأُدۡخِلَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا بِإِذۡنِ رَبِّهِمۡۖ تَحِيَّتُهُمۡ فِيهَا سَلَٰمٌ  ۝٢٣ أَلَمۡ تَرَ كَيۡفَ ضَرَبَ ٱللَّهُ مَثَلًا كَلِمَةً طَيِّبَةً كَشَجَرَةٍ طَيِّبَةٍ أَصۡلُهَا ثَابِتٌ وَفَرۡعُهَا فِي ٱلسَّمَآءِ  ۝٢٤
14:19
أَلَمۡ تَرَ أَنَّ ٱللَّهَ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۚ إِن يَشَأۡ يُذۡهِبۡكُمۡ وَيَأۡتِ بِخَلۡقٍ جَدِيدٍ  ۝١٩
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်း ကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊(တိကျ) မှန်ကန်စွာ ဖန်ဆင်းတော် မူခဲ့သည်ကို အသင်သည်မြင်လေသလော။ အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ဖယ်ရှားတော်မူ၍ အဖန်ဆင်းခံအသစ် (အသင်တို့အစား) ယူဆောင်လာတော်မူပေမည်။
14:20
وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٍ  ۝٢٠
စင်စစ်မူကား ဤသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ (လုံးဝ) ခဲယဉ်းသည် မဟုတ်ပေ။
14:21
وَبَرَزُواْ لِلَّهِ جَمِيعًا فَقَالَ ٱلضُّعَفَٰٓؤُاْ لِلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا كُنَّا لَكُمۡ تَبَعًا فَهَلۡ أَنتُم مُّغۡنُونَ عَنَّا مِنۡ عَذَابِ ٱللَّهِ مِن شَيۡءٍۚ قَالُواْ لَوۡ هَدَىٰنَا ٱللَّهُ لَهَدَيۡنَٰكُمۡۖ سَوَآءٌ عَلَيۡنَآ أَجَزِعۡنَآ أَمۡ صَبَرۡنَا مَا لَنَا مِن مَّحِيصٍ  ۝٢١
အမှန်စင်စစ်မှာမူကား ၎င်းတို့အားလုံးသည်အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရောက်ရှိ လာကြမည်သာတည်း၊ ထိုအခါ အားအင်ချည့်နဲ့သောသူတို့က(နောက်လိုက်များက) မောက်မာပလွှားခဲ့ကြ သူတို့(ရှေ့ဆောင်အကြီးအကဲ)တို့အား ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့၏နောက်လိုက်များသာ ဖြစ်ခဲ့ကြပေရာ(ယနေ့မူကား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်များအနက်မှ အနည်းငယ်မျှကိုပင် ကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးနိုင်ကြပါသလောဟုပြောဆို(မေးမြန်း)ခဲ့ကြပေမည်။ (ထိုအခါ)၎င်းတို့က အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တိုအား (တရား)လမ်းမှန်ကို ညွှန်ပြတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်း အသင်တို့အား(တရား)လမ်းကို ညွှန်ပြကြမည်ဖြစ်သည်။ (ယခုမူ)ကားအသင်တို့ ကျွန်ုပ်တို့အဖို့မှာ အသင်တို့ ကျွန်ုပ်တို့သည် ငိုကြွေးကြသည်ဖြစ်စေ၊ သည်းခံကြသည်ဖြစ်စေ၊ အကြောင်းမထူးတော့ပြီ။(မည်သို့ပင်ဖြစ်စေ) ကျွန်ုပ်တို့အဖို့မူကား ထွက်ပြေး(လွတ်မြောက်)ကြရန် မည်သည့်နေရာမျှ အလျှင်း မရှိတော့ပြီတကားဟု ပြောဆိုဖြေကြားကြပေမည်သာတည်း။
14:22
وَقَالَ ٱلشَّيۡطَٰنُ لَمَّا قُضِيَ ٱلۡأَمۡرُ إِنَّ ٱللَّهَ وَعَدَكُمۡ وَعۡدَ ٱلۡحَقِّ وَوَعَدتُّكُمۡ فَأَخۡلَفۡتُكُمۡۖ وَمَا كَانَ لِيَ عَلَيۡكُم مِّن سُلۡطَٰنٍ إِلَّآ أَن دَعَوۡتُكُمۡ فَٱسۡتَجَبۡتُمۡ لِيۖ فَلَا تَلُومُونِي وَلُومُوٓاْ أَنفُسَكُمۖ مَّآ أَنَا۠ بِمُصۡرِخِكُمۡ وَمَآ أَنتُم بِمُصۡرِخِيَّ إِنِّي كَفَرۡتُ بِمَآ أَشۡرَكۡتُمُونِ مِن قَبۡلُۗ إِنَّ ٱلظَّٰلِمِينَ لَهُمۡ عَذَابٌ أَلِيمٌ  ۝٢٢
၎င်းပြင်(အလုံးစုံ)စီရင်ဆုံးဖြတ်၍ ပြီးခဲ့သောအခါ ရှိုင်တွာန်မိစ္ဆာကောင်သည်(ဂျဟန္နမ် ငရဲဘုံသို့လားကြရသဖြင့် ညည်းညူပြစ်တင်သူတို့အား ဖြေကြားသောအားဖြင့်ဤသို့)ပြောဆိုအံ့။ (အို-ကျွန်ုပ်အား ပြစ်တင်ကဲ့ရဲ့သူအပေါင်းတို့) မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သော ကတိပေးခြင်း ကို ကတိပေးတော်မူခဲ့၏၊ ၎င်းပြင် ကျွန်ုပ်သည်လည်းအသင်တို့အား ကတိပေးခဲ့သည်ဖြစ်၏။ သို့ရာတွင်မူကားကျွန်ုပ်သည် အသင်တို့အား(ပေးခဲ့သည့်ကတိကို) ဖေါက်ဖျက်ခဲ့၏။စင်စစ်မူကား ကျွန်ုပ်မှာ အသင်တို့အား ဖိတ်ခေါ်ခဲ့သည်မှအပအသင်တို့အပေါ်၌ မည်သည့်ဩဇာ အာဏာတစ်စုံတစ်ရာမျှပင် ရှိခဲ့သည်မဟုတ်ပေ။ (ကျွန်ုပ်သည်) ထို(ကဲ့သို့ ဖိတ်ခေါ်ခဲ့သော)အခါ အသင်တို့သည် ကျွန်ုပ်(၏ဖိတ်ခေါ်ချက်)ကိုသဘောတူလက်ခံခဲ့ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်အား ပြစ်တင်ပုတ်ခတ်မည့်အစား မိမိတို့ကိုယ် ကိုသာလျှင်မိမိတို့ပြစ်တင်ပုတ်ခတ်ကြလေကုန်။ (ယနေ့သော်ကား)ကျွန်ုပ်သည်လည်း အသင်တို့အား ကယ်မည့်သူမဟုတ်။ အသင်တို့သည်လည်း ကျွန်ုပ်အား ကယ်ဆယ်မည့်သူများ မဟုတ်ကြပေ။အသင်တို့သည် ယခင်မူလက ကျွန်ုပ်အား(အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ခဲ့ကြသည်ကို ကျွန်ုပ်ငြင်းပယ်၏။ ဧကန်အမှန် မတရားသောသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။
14:23
وَأُدۡخِلَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا بِإِذۡنِ رَبِّهِمۡۖ تَحِيَّتُهُمۡ فِيهَا سَلَٰمٌ  ۝٢٣
၎င်းပြင် (အီမာန်)သက်ဝင် ယုံကြည်ခဲ့သည့်ပြင်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူ ဆောက်တည်ခဲ့ကြကုန်သောသူတို့ကား ဥယျာဉ်များ သို့ ဝင်ရောက်စေခြင်းကိုခံကြရလတ္တံ့။ ထိုဥယျာဉ် များ၏အောက်တွင် စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြကုန်အံ့။ ၎င်းတို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် ထိုဥယျာဉ်များတွင် ထာဝစဉ်နေထိုင်စံမြန်းသူများ ဖြစ်ကြပေအံ့။ထိုဥယျာဉ်များတွင် ၎င်းတို့၏မေတ္တာပို့သ နှုတ်ခွန်းဆက်သမှုကားစလာမ် (ငြိမ်းချမ်းသာယာ)ဟူ၍ပင် ဖြစ်ချိမ့်အံ့သတည်း။
14:24
أَلَمۡ تَرَ كَيۡفَ ضَرَبَ ٱللَّهُ مَثَلًا كَلِمَةً طَيِّبَةً كَشَجَرَةٍ طَيِّبَةٍ أَصۡلُهَا ثَابِتٌ وَفَرۡعُهَا فِي ٱلسَّمَآءِ  ۝٢٤
(အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်သည်စင်ကြယ်သန့်ရှင်းသောစကားကို မည်သို့ဥပမာခိုင်းနှိုင်းတော်မူခဲ့သည်ကို အသင်သည် မသိမမြင်လေသလော။ အလ္လာဟ်အရှင်မြတ်သည် ယင်းစကားကို ဥပမာခိုင်းနှိုင်းတော်မူသည်မှာ စင်ကြယ်သန့်ရှင်းသောထိုစကားသည်) အကြင် သန့်စင်သောသစ်ပင်တစ်ပင်နှင့်တူပေသည်။ ယင်းသစ်ပင်၏ အမြစ်ကား မြဲမြံခိုင်ခံ့၍ ၎င်း၏အကိုင်းအလက်တို့မှာမူကား ကောင်းကင်၌ ရှိနေကုန်၏။


📚 13 📄258 / 604



M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, October 13, 2026

Don't forget us in your sincere prayers