أَلَمْ تَرَ كَيْفَ ضَرَبَ اللَّهُ مَثَلًا كَلِمَةً طَيِّبَةً كَشَجَرَةٍ طَيِّبَةٍ أَصْلُهَا ثَابِتٌ وَفَرْعُهَا فِي السَّمَاءِ ٢٤
🔤 Transliteration
Alam tara kaifa darabal laahu masalan kalimatan taiyibatan kashajaratin taiyibatin asluhaa saabitunw wa far`uhaa fis samaaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်သည်စင်ကြယ်သန့်ရှင်းသောစကားကို မည်သို့ဥပမာခိုင်းနှိုင်းတော်မူခဲ့သည်ကို အသင်သည် မသိမမြင်လေသလော။ အလ္လာဟ်အရှင်မြတ်သည် ယင်းစကားကို ဥပမာခိုင်းနှိုင်းတော်မူသည်မှာ စင်ကြယ်သန့်ရှင်းသောထိုစကားသည်) အကြင် သန့်စင်သောသစ်ပင်တစ်ပင်နှင့်တူပေသည်။ ယင်းသစ်ပင်၏ အမြစ်ကား မြဲမြံခိုင်ခံ့၍ ၎င်း၏အကိုင်းအလက်တို့မှာမူကား ကောင်းကင်၌ ရှိနေကုန်၏။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ် أَلَمْ تَرَ — မင်းမသိဘူးလား၊ မမြင်ဘူးလား (ဤနေရာတွင် "မသိဘူးလား" ဟု အဓိပ္ပာယ်ရသည်)။ضَرَبَ مَثَلًا — ဥပမာတစ်ခု ဖော်ပြခဲ့သည်။كَلِمَةً طَيِّبَةً — သန့်ရှင်းမြင့်မြတ်သော စကားလုံး (တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာမရှိ ဟူသော သက်သေခံစကား)။كَشَجَرَةٍ طَيِّبَةٍ — ကောင်းမြတ်သော သစ်ပင်တစ်ပင်ကဲ့သို့ (ဤနေရာတွင် စွန်ပလွံပင်ကို ဆိုလိုသည်)။أَصْلُهَا ثَابِتٌ — သစ်ပင်၏ အမြစ်သည် မြေထဲတွင် ခိုင်မြဲစွာ စွဲကိုင်ထားသည်။وَفَرْعُهَا فِي السَّمَاءِ — သစ်ပင်၏ အကိုင်းအခက်များသည် ကောင်းကင်သို့ မြင့်တက်နေသည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းမြင့်မြတ်သော စကားလုံး — ဆိုလိုသည်မှာ "လာအိလာဟာ အိလ္လလ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ အမှန်တကယ် မရှိပါ) ဟူသော စကားတော်ကို — မည်သို့ ဥပမာပြုခဲ့သည်ကို သင်မသိခဲ့ဘူးလား။
ထိုစကားတော်ကို ကောင်းမြတ်သော သစ်ပင်တစ်ပင် — စွန်ပလွံပင်နှင့် နှိုင်းယှဉ်ပြထားသည်။ ထိုသစ်ပင်၏ အမြစ်သည် မြေထဲတွင် နက်ရှိုင်းစွာ စွဲမြဲနေပြီး ရေကို ကောင်းမွန်သော အမြစ်များဖြင့် စုပ်ယူသည်။ အကိုင်းအခက်များမှာမူ ကောင်းကင်သို့ မြင့်မားစွာ ထိုးထွက်နေကာ လေကောင်းလေသန့်ကို ရှူရှိုက်ရသကဲ့သို့ဖြစ်သည်။
ထိုနည်းတူစွာ "လာအိလာဟာ အိလ္လလ္လာဟ်" ဟူသော စကားတော်သည် မုအ်မင်န် (ယုံကြည်သူ) ၏ နှလုံးသားထဲတွင် အသိပညာနှင့် ယုံကြည်မှုဖြင့် ခိုင်မြဲစွာ အမြစ်တွယ်နေသည်။ ထိုစကားကို သူပြောဆိုလိုက်သောအခါ ထိုသစ်ပင်၏ အကိုင်းအခက်များ ကောင်းကင်သို့ မြင့်တက်သကဲ့သို့ ထိုစကားတော်သည်လည်း ကောင်းကင်ဘုံသို့ တက်သွားသည်။ ထို့ကြောင့် ယုံကြည်သူ၏ နှလုံးသားတွင် ထိုစကားတော်သည် အမြစ်ခိုင်မြဲပြီး အကျိုးကျေးဇူးများ အဆက်မပြတ် သီးပွင့်နေသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ၁။ တောင်ဟီးဒ် (တစ်ဆူတည်းကိုးကွယ်ခြင်း) ၏ စကားသည် အမြင့်မြတ်ဆုံးသော စကားဖြစ်သည်။ "လာအိလာဟာ အိလ္လလ္လာဟ်" ဟူသော စကားသည် ကောင်းမြတ်သော သစ်ပ
أَلَمۡ تَرَ كَيۡفَ ضَرَبَ ٱللَّهُ مَثَلًا كَلِمَةً طَيِّبَةً كَشَجَرَةٍ طَيِّبَةٍ أَصۡلُهَا ثَابِتٌ وَفَرۡعُهَا فِي ٱلسَّمَآءِ ٢٤
(အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်သည်စင်ကြယ်သန့်ရှင်းသောစကားကို မည်သို့ဥပမာခိုင်းနှိုင်းတော်မူခဲ့သည်ကို အသင်သည် မသိမမြင်လေသလော။ အလ္လာဟ်အရှင်မြတ်သည် ယင်းစကားကို ဥပမာခိုင်းနှိုင်းတော်မူသည်မှာ စင်ကြယ်သန့်ရှင်းသောထိုစကားသည်) အကြင် သန့်စင်သောသစ်ပင်တစ်ပင်နှင့်တူပေသည်။ ယင်းသစ်ပင်၏ အမြစ်ကား မြဲမြံခိုင်ခံ့၍ ၎င်း၏အကိုင်းအလက်တို့မှာမူကား ကောင်းကင်၌ ရှိနေကုန်၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 22-26 — စူရာ အီဗ်ရာဟီမ်
22 وَقَالَ الشَّيْطَانُ لَمَّا قُضِيَ الْأَمْرُ إِنَّ اللَّهَ وَعَدَكُمْ وَعْدَ الْحَقِّ وَوَعَدتُّكُمْ فَأَخْلَفْتُكُمْ ۖ وَمَا كَانَ لِيَ عَلَيْكُم مِّن سُلْطَانٍ إِلَّا أَن دَعَوْتُكُمْ فَاسْتَجَبْتُمْ لِي ۖ فَلَا تَلُومُونِي وَلُومُوا أَنفُسَكُم ۖ مَّا أَنَا بِمُصْرِخِكُمْ وَمَا أَنتُم بِمُصْرِخِيَّ ۖ إِنِّي كَفَرْتُ بِمَا أَشْرَكْتُمُونِ مِن قَبْلُ ۗ إِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ
၎င်းပြင်(အလုံးစုံ)စီရင်ဆုံးဖြတ်၍ ပြီးခဲ့သောအခါ ရှိုင်တွာန်မိစ္ဆာကောင်သည်(ဂျဟန္နမ် ငရဲဘုံသို့လားကြရသဖြင့် ညည်းညူပြစ်တင်သူတို့အား ဖြေကြားသောအားဖြင့်ဤသို့)ပြောဆိုအံ့။ (အို-ကျွန်ုပ်အား ပြစ်တင်ကဲ့ရဲ့သူအပေါင်းတို့) မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သော ကတိပေးခြင်း ကို ကတိပေးတော်မူခဲ့၏၊ ၎င်းပြင် ကျွန်ုပ်သည်လည်းအသင်တို့အား ကတိပေးခဲ့သည်ဖြစ်၏။ သို့ရာတွင်မူကားကျွန်ုပ်သည် အသင်တို့အား(ပေးခဲ့သည့်ကတိကို) ဖေါက်ဖျက်ခဲ့၏။စင်စစ်မူကား ကျွန်ုပ်မှာ အသင်တို့အား ဖိတ်ခေါ်ခဲ့သည်မှအပအသင်တို့အပေါ်၌ မည်သည့်ဩဇာ အာဏာတစ်စုံတစ်ရာမျှပင် ရှိခဲ့သည်မဟုတ်ပေ။ (ကျွန်ုပ်သည်) ထို(ကဲ့သို့ ဖိတ်ခေါ်ခဲ့သော)အခါ အသင်တို့သည် ကျွန်ုပ်(၏ဖိတ်ခေါ်ချက်)ကိုသဘောတူလက်ခံခဲ့ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်အား ပြစ်တင်ပုတ်ခတ်မည့်အစား မိမိတို့ကိုယ် ကိုသာလျှင်မိမိတို့ပြစ်တင်ပုတ်ခတ်ကြလေကုန်။ (ယနေ့သော်ကား)ကျွန်ုပ်သည်လည်း အသင်တို့အား ကယ်မည့်သူမဟုတ်။ အသင်တို့သည်လည်း ကျွန်ုပ်အား ကယ်ဆယ်မည့်သူများ မဟုတ်ကြပေ။အသင်တို့သည် ယခင်မူလက ကျွန်ုပ်အား(အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ခဲ့ကြသည်ကို ကျွန်ုပ်ငြင်းပယ်၏။ ဧကန်အမှန် မတရားသောသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။
23 وَأُدْخِلَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا بِإِذْنِ رَبِّهِمْ ۖ تَحِيَّتُهُمْ فِيهَا سَلَامٌ
၎င်းပြင် (အီမာန်)သက်ဝင် ယုံကြည်ခဲ့သည့်ပြင်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူ ဆောက်တည်ခဲ့ကြကုန်သောသူတို့ကား ဥယျာဉ်များ သို့ ဝင်ရောက်စေခြင်းကိုခံကြရလတ္တံ့။ ထိုဥယျာဉ် များ၏အောက်တွင် စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြကုန်အံ့။ ၎င်းတို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် ထိုဥယျာဉ်များတွင် ထာဝစဉ်နေထိုင်စံမြန်းသူများ ဖြစ်ကြပေအံ့။ထိုဥယျာဉ်များတွင် ၎င်းတို့၏မေတ္တာပို့သ နှုတ်ခွန်းဆက်သမှုကားစလာမ် (ငြိမ်းချမ်းသာယာ)ဟူ၍ပင် ဖြစ်ချိမ့်အံ့သတည်း။
24 أَلَمْ تَرَ كَيْفَ ضَرَبَ اللَّهُ مَثَلًا كَلِمَةً طَيِّبَةً كَشَجَرَةٍ طَيِّبَةٍ أَصْلُهَا ثَابِتٌ وَفَرْعُهَا فِي السَّمَاءِ
(အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်သည်စင်ကြယ်သန့်ရှင်းသောစကားကို မည်သို့ဥပမာခိုင်းနှိုင်းတော်မူခဲ့သည်ကို အသင်သည် မသိမမြင်လေသလော။ အလ္လာဟ်အရှင်မြတ်သည် ယင်းစကားကို ဥပမာခိုင်းနှိုင်းတော်မူသည်မှာ စင်ကြယ်သန့်ရှင်းသောထိုစကားသည်) အကြင် သန့်စင်သောသစ်ပင်တစ်ပင်နှင့်တူပေသည်။ ယင်းသစ်ပင်၏ အမြစ်ကား မြဲမြံခိုင်ခံ့၍ ၎င်း၏အကိုင်းအလက်တို့မှာမူကား ကောင်းကင်၌ ရှိနေကုန်၏။
25 تُؤْتِي أُكُلَهَا كُلَّ حِينٍ بِإِذْنِ رَبِّهَا ۗ وَيَضْرِبُ اللَّهُ الْأَمْثَالَ لِلنَّاسِ لَعَلَّهُمْ يَتَذَكَّرُونَ
ထိုသစ်ပင်သည် မိမိအား ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ အမိန့်တော်နှင့် မိမိ၏အသီးများကို ဥတုရာသီမရွေး၊ အခါခပ်သိမ်း ပေးလျက်ရှိနေပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် လူတို့အဖို့ ၎င်းတို့ ဆင်ခြင်သုံးသပ် သိမြင်နိုင်အံ့သောငှာ ဥပမာ ပုံဆောင်ချက်များကိုခိုင်းနှိုင်း တော်မူပေသတည်း။
26 وَمَثَلُ كَلِمَةٍ خَبِيثَةٍ كَشَجَرَةٍ خَبِيثَةٍ اجْتُثَّتْ مِن فَوْقِ الْأَرْضِ مَا لَهَا مِن قَرَارٍ
သို့ရာတွင် ညစ်ညမ်းသောစကား၏ ဥပမာပုံဆောင်ချက်ကား အကြင်ညစ်ညမ်းသော သစ်ပင်တစ်ပင်ကဲ့သို့ပင်။ ထိုသစ်ပင်သည် မြေ၏အပေါ်ယံမှ နှုတ်ပစ်ခြင်းကို ခံခဲ့ရလေရာ၊ ၎င်း၌ မြဲမြံခိုင်ခံ့မှု အလျင်းမရှိချေ။
ဘာသာပြန် — အီဗ်ရာဟီမ် 24 စူရာ အီဗ်ရာဟီမ် အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်သည်စင်ကြယ်သန့်ရှင်းသောစကားကို မည်သို့ဥပမာခိုင်းနှိုင်းတော်မူခဲ့သည်ကို အသင်သည် မသိမမြင်လေသလော။ အလ္လာဟ်အရှင်မြတ်သည် ယင်းစကားကို ဥပမာခိုင်းနှိုင်းတော်မူသည်မှာ စင်ကြယ်သန့်ရှင်းသောထိုစကားသည်) အကြင်…
စူရာ အာယာသ် 24/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.