အီဗ်ရာဟီမ် · 19/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
أَلَمْ تَرَ أَنَّ اللَّهَ خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۚ إِن يَشَأْ يُذْهِبْكُمْ وَيَأْتِ بِخَلْقٍ جَدِيدٍ ۝١٩
Alam tara annal laaha khalaqas samaawaati wal arda bilhaqq; iny yashaa yuzhibkum wa yaati bikhalqin jadeed
📖 မြန်မာဘာသာ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်း ကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊(တိကျ) မှန်ကန်စွာ ဖန်ဆင်းတော် မူခဲ့သည်ကို အသင်သည်မြင်လေသလော။ အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ဖယ်ရှားတော်မူ၍ အဖန်ဆင်းခံအသစ် (အသင်တို့အစား) ယူဆောင်လာတော်မူပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • أَلَمْ تَرَ (အလမ် တရာ) — “မင်း မမြင်ခဲ့ဘူးလား / မသိခဲ့ဘူးလား” ဟု အဓိပ္ပာယ်ရပြီး ဤနေရာတွင် မျက်စိဖြင့် မြင်ခြင်းကို မဆိုလိုဘဲ စိတ်နှလုံးဖြင့် သိမြင်နားလည်ခြင်းကို ဆိုလိုသည်။
  • بِالْحَقِّ (ဗိလ်ဟက္က်) — “အမှန်တရားဖြင့် / မှန်ကန်သောရည်ရွယ်ချက်ဖြင့်” ဟု အဓိပ္ပာယ်ရသည်။ အလ္လာဟ်အရှင်မြတ်သည် မိုးနှင့်မြေကို အချည်းနှီး၊ အကျိုးမရှိဘဲ ဖန်ဆင်းတော်မူခဲ့ခြင်း မဟုတ်ကြောင်း ဖော်ပြသည်။
  • إِن يَشَأْ (အင်း ယရှာအ်) — “အကယ်၍ အရှင်မြတ် အလိုတော်ရှိလျှင်” ဟု အဓိပ္ပာယ်ရသည်။
  • يُذْهِبْكُمْ (ယုဇ်ဟိဗ်ကွမ်) — “သင်တို့ကို ဖယ်ရှားပစ်မည် / ပျောက်ကွယ်စေမည်” ဟု အဓိပ္ပာယ်ရသည်။
  • خَلْقٍ جَدِيدٍ (ခလ်ကင် ဂျဒီးဒ်) — “အသစ်သော ဖန်ဆင်းခံများ / အသစ်သော လူ့အဖွဲ့အစည်း” ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို လူသားတို့၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာမြေကို အမှန်တရားနှင့်အညီ၊ ဉာဏ်ပညာနှင့်ပြည့်စုံစွာ ဖန်ဆင်းတော်မူခဲ့သည်ကို သင်တို့ မသိမမြင်ခဲ့ကြသလော။ အရှင်မြတ်သည် ၎င်းတို့ကို အချည်းနှီး၊ ရည်ရွယ်ချက်မဲ့စွာ ဖန်ဆင်းတော်မူခဲ့ခြင်း မဟုတ်ပေ။ ထိုဖန်ဆင်းခြင်းအားဖြင့် အရှင်မြတ်၏ တစ်ဆူတည်းဖြစ်တော်မူခြင်း၊ တန်ခိုးတော်နှင့် ဉာဏ်ပညာတော်ကို ထင်ရှားစေပြီး လူသားတို့သည် အရှင်မြတ်ကို တစ်ဆူတည်း ကိုးကွယ်ကြရန်၊ မည်သည့်အရာကိုမျှ အရှင်မြတ်နှင့် တွဲဖက်မကိုးကွယ်ကြရန် ဖြစ်သည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိလျှင် သင်တို့အားလုံးကို ဖယ်ရှားပစ်တော်မူပြီး သင်တို့အစား အရှင်မြတ်ကို နာခံကိုးကွယ်မည့် အသစ်သော ဖန်ဆင်းခံများကို ယူဆောင်တော်မူမည်။ ဤသည်မှာ အရှင်မြတ်အတွက် အလွန်လွယ်ကူသော ကိစ္စသာ ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကို အချည်းနှီး ဖန်ဆင်းခဲ့ခြင်းမဟုတ်ဘဲ အမှန်တရား၊ ဉာဏ်ပညာနှင့် ရည်ရွယ်ချက်ဖြင့် ဖန်ဆင်းခဲ့ကြောင်း သိရှိရသည်။ ဤအချက်က လူသားတို့အား စဉ်းစားဆင်ခြင်စေပြီး အရှင်မြတ်၏ ကြီ


📜 အာယာသ် 17-21 — စူရာ အီဗ်ရာဟီမ်

17يَتَجَرَّعُهُ وَلَا يَكَادُ يُسِيغُهُ وَيَأْتِيهِ الْمَوْتُ مِن كُلِّ مَكَانٍ وَمَا هُوَ بِمَيِّتٍ ۖ وَمِن وَرَائِهِ عَذَابٌ غَلِيظٌ
(၎င်းသည် ယင်းပြည်ပုပ်ရေကို တစ်ကျိုက်စီသောက်မျိုအံ့။ သို့ရာတွင် ၎င်းသည် ယင်းပြည် ပုတ်ရေကိုလည်ချောင်းအောက် ခဲယဉ်းစွာမျိုချရလတ္တံ့)။ ၎င်းပြင် မရဏသေခြင်းတရားသည် အဖက်ဖက်မှ ယင်း၏ထံသို့ ရောက်ရှိလာပေအံ့။ သို့ရာတွင် ၎င်းမှာမူကား သေဆုံးနိုင်မည်မဟုတ်ပေ။ထိုမှတစ်ပါး ၎င်း၏ေ့ရှ၌ ပြင်းထန်လှစွာသော(အခြား)ပြစ်ဒဏ်တစ်မျိုးလည်းရှိအံ့သတည်း။
18مَّثَلُ الَّذِينَ كَفَرُوا بِرَبِّهِمْ ۖ أَعْمَالُهُمْ كَرَمَادٍ اشْتَدَّتْ بِهِ الرِّيحُ فِي يَوْمٍ عَاصِفٍ ۖ لَّا يَقْدِرُونَ مِمَّا كَسَبُوا عَلَىٰ شَيْءٍ ۚ ذَٰلِكَ هُوَ الضَّلَالُ الْبَعِيدُ
မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား သွေဖည်ငြင်းပယ်ခဲ့ကြကုန်သော သူတို့၏ အကျင့်သီလများ၏ဥပမာကား အကြင် ပြာနှင့်တူပေသည်။ ထိုပြာကိုလေမုန်တိုင်းကျသောနေ့တွင် လေသည် ပြင်းထန်စွာ တိုက်ခတ်ခဲ့လေသည်။ ၎င်းတို့သည် မိမိတို့ရှာဖွေ ဆည်းပူးခဲ့ကြသောအရာများအနက်မှ မည်သည့်တစ်စုံတစ်ရာ(အကျိုးကျေးဇူး)ကိုမျှ (ခံစားနိုင်ရန်) တတ်စွမ်းနိုင်ကြမည် မဟုတ်ပေ။ ဤသည်အလွန်ဝေးစွာသောလမ်းမှားခြင်း ပင် ဖြစ်ချေသတည်း။
19أَلَمْ تَرَ أَنَّ اللَّهَ خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۚ إِن يَشَأْ يُذْهِبْكُمْ وَيَأْتِ بِخَلْقٍ جَدِيدٍ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်း ကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊(တိကျ) မှန်ကန်စွာ ဖန်ဆင်းတော် မူခဲ့သည်ကို အသင်သည်မြင်လေသလော။ အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ဖယ်ရှားတော်မူ၍ အဖန်ဆင်းခံအသစ် (အသင်တို့အစား) ယူဆောင်လာတော်မူပေမည်။
20وَمَا ذَٰلِكَ عَلَى اللَّهِ بِعَزِيزٍ
စင်စစ်မူကား ဤသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ (လုံးဝ) ခဲယဉ်းသည် မဟုတ်ပေ။
21وَبَرَزُوا لِلَّهِ جَمِيعًا فَقَالَ الضُّعَفَاءُ لِلَّذِينَ اسْتَكْبَرُوا إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنتُم مُّغْنُونَ عَنَّا مِنْ عَذَابِ اللَّهِ مِن شَيْءٍ ۚ قَالُوا لَوْ هَدَانَا اللَّهُ لَهَدَيْنَاكُمْ ۖ سَوَاءٌ عَلَيْنَا أَجَزِعْنَا أَمْ صَبَرْنَا مَا لَنَا مِن مَّحِيصٍ
အမှန်စင်စစ်မှာမူကား ၎င်းတို့အားလုံးသည်အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရောက်ရှိ လာကြမည်သာတည်း၊ ထိုအခါ အားအင်ချည့်နဲ့သောသူတို့က(နောက်လိုက်များက) မောက်မာပလွှားခဲ့ကြ သူတို့(ရှေ့ဆောင်အကြီးအကဲ)တို့အား ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့၏နောက်လိုက်များသာ ဖြစ်ခဲ့ကြပေရာ(ယနေ့မူကား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်များအနက်မှ အနည်းငယ်မျှကိုပင် ကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးနိုင်ကြပါသလောဟုပြောဆို(မေးမြန်း)ခဲ့ကြပေမည်။ (ထိုအခါ)၎င်းတို့က အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တိုအား (တရား)လမ်းမှန်ကို ညွှန်ပြတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်း အသင်တို့အား(တရား)လမ်းကို ညွှန်ပြကြမည်ဖြစ်သည်။ (ယခုမူ)ကားအသင်တို့ ကျွန်ုပ်တို့အဖို့မှာ အသင်တို့ ကျွန်ုပ်တို့သည် ငိုကြွေးကြသည်ဖြစ်စေ၊ သည်းခံကြသည်ဖြစ်စေ၊ အကြောင်းမထူးတော့ပြီ။(မည်သို့ပင်ဖြစ်စေ) ကျွန်ုပ်တို့အဖို့မူကား ထွက်ပြေး(လွတ်မြောက်)ကြရန် မည်သည့်နေရာမျှ အလျှင်း မရှိတော့ပြီတကားဟု ပြောဆိုဖြေကြားကြပေမည်သာတည်း။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
19အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 19

စူရာ အီဗ်ရာဟီမ် အာယာသ် 19 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်း ကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊(တိကျ) မှန်ကန်စွာ ဖန်ဆင်းတော် မူခဲ့သည်ကို အသင်သည်မြင်လေသလော။…

စူရာ အာယာသ် 19/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 17–21. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers