وَبَرَزُوا لِلَّهِ جَمِيعًا فَقَالَ الضُّعَفَاءُ لِلَّذِينَ اسْتَكْبَرُوا إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنتُم مُّغْنُونَ عَنَّا مِنْ عَذَابِ اللَّهِ مِن شَيْءٍ ۚ قَالُوا لَوْ هَدَانَا اللَّهُ لَهَدَيْنَاكُمْ ۖ سَوَاءٌ عَلَيْنَا أَجَزِعْنَا أَمْ صَبَرْنَا مَا لَنَا مِن مَّحِيصٍ ٢١
🔤 Transliteration
Wa barazoo lillaahi jamee`an faqaalad du`afaaa`u lillazeenas takbarooo innaa kunnaa lakum taba`an fahal antum mughnoona `annaa min `azaabil laahi min shai`; qaaloo law hadaanal laahu lahadai naakum sawaaa`un `alainaaa ajazi`naa am sabarnaa maa lanaa mim mahees
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အမှန်စင်စစ်မှာမူကား ၎င်းတို့အားလုံးသည်အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရောက်ရှိ လာကြမည်သာတည်း၊ ထိုအခါ အားအင်ချည့်နဲ့သောသူတို့က(နောက်လိုက်များက) မောက်မာပလွှားခဲ့ကြ သူတို့(ရှေ့ဆောင်အကြီးအကဲ)တို့အား ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့၏နောက်လိုက်များသာ ဖြစ်ခဲ့ကြပေရာ(ယနေ့မူကား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်များအနက်မှ အနည်းငယ်မျှကိုပင် ကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးနိုင်ကြပါသလောဟုပြောဆို(မေးမြန်း)ခဲ့ကြပေမည်။ (ထိုအခါ)၎င်းတို့က အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တိုအား (တရား)လမ်းမှန်ကို ညွှန်ပြတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်း အသင်တို့အား(တရား)လမ်းကို ညွှန်ပြကြမည်ဖြစ်သည်။ (ယခုမူ)ကားအသင်တို့ ကျွန်ုပ်တို့အဖို့မှာ အသင်တို့ ကျွန်ုပ်တို့သည် ငိုကြွေးကြသည်ဖြစ်စေ၊ သည်းခံကြသည်ဖြစ်စေ၊ အကြောင်းမထူးတော့ပြီ။(မည်သို့ပင်ဖြစ်စေ) ကျွန်ုပ်တို့အဖို့မူကား ထွက်ပြေး(လွတ်မြောက်)ကြရန် မည်သည့်နေရာမျှ အလျှင်း မရှိတော့ပြီတကားဟု ပြောဆိုဖြေကြားကြပေမည်သာတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
ဝါဗရဇူ (وَبَرَزُوا ) — သူတို့သည် ထွက်ပေါ်လာကြသည်၊ ကွယ်ရာမှ ပေါ်ထွန်းလာကြသည်။ ဤနေရာတွင် သင်္ချိုင်းများမှ ထွက်ပေါ်လာကြခြင်းကို ဆိုလိုသည်။ ဒွအာဖာ (الضُّعَفَاء ) — အားနည်းသူများ၊ ဤနေရာတွင် ခေါင်းဆောင်များနောက်လိုက်သော သာမန်လူများကို ဆိုလိုသည်။ သဗအသန် (تَبَعًا ) — နောက်လိုက်များ၊ လိုက်နာသူများ။ မုဂ်နူန (مُغْنُونَ ) — ကာကွယ်ပေးနိုင်သူများ၊ ဖယ်ရှားပေးနိုင်သူများ။ မာဟီးဆွ် (مَحِيص ) — လွတ်မြောက်ရာ၊ ခိုလှုံရာ၊ ရှောင်တိမ်းရာ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ကိယာမသ်နေ့တွင် လူသားအားလုံးသည် သင်္ချိုင်းများမှ ထွက်ပေါ်လာကြပြီး အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် စုရုံးရောက်ရှိကြသည်။ ထိုအခါ ခေါင်းဆောင်များနောက်လိုက်ခဲ့ကြသော အားနည်းသူများသည် မိမိတို့ကို လမ်းမှားသို့ ခေါ်ဆောင်ခဲ့ကြသော ခေါင်းဆောင်ကြီးများအား “ကျွန်ုပ်တို့သည် သင်တို့၏ နောက်လိုက်များအဖြစ် သင်တို့၏ အမိန့်ကို နာခံခဲ့ကြပါသည်။ ယခုအခါ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်တော်မှ ကျွန်ုပ်တို့အတွက် တစ်စုံတစ်ရာ ကာကွယ်ပေးနိုင်ကြပါသလော” ဟု မေးမြန်းကြသည်။
ထိုအခါ ခေါင်းဆောင်ကြီးများက “အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား လမ်းမှန်ကို ညွှန်ပြတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်း သင်တို့အား လမ်းမှန်သို့ ညွှန်ပြခဲ့ကြမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် လမ်းမှားသို့ ရောက်ခဲ့ကြပြီး သင်တို့ကိုလည်း လမ်းမှားသို့ ခေါ်ဆောင်ခဲ့ကြသည်။ ယခုအခါ ကျွန်ုပ်တို့အားလုံးအတွက် စိတ်ပျက်အားငယ်ခြင်းဖြစ်စေ၊ သည်းခံခြင်းဖြစ်စေ အတူတူပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့အတွက် ပြစ်ဒဏ်တော်မှ လွတ်မြောက်ရာ မည်သည့်နည်းလမ်းမျှ မရှိတော့ပါ” ဟု ဖြေကြားကြသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
လူသားတိုင်းသည် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်၌ စုရုံးရောက်ရှိရမည်ဖြစ်ပြီး မည်သူမျှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပါ။ ဤလောကတွင် ခေါင်းဆောင်များကို မျက်စိကန်းစွာ လိုက်နာခြ
وَبَرَزُواْ لِلَّهِ جَمِيعًا فَقَالَ ٱلضُّعَفَٰٓؤُاْ لِلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا كُنَّا لَكُمۡ تَبَعًا فَهَلۡ أَنتُم مُّغۡنُونَ عَنَّا مِنۡ عَذَابِ ٱللَّهِ مِن شَيۡءٍۚ قَالُواْ لَوۡ هَدَىٰنَا ٱللَّهُ لَهَدَيۡنَٰكُمۡۖ سَوَآءٌ عَلَيۡنَآ أَجَزِعۡنَآ أَمۡ صَبَرۡنَا مَا لَنَا مِن مَّحِيصٍ ٢١
အမှန်စင်စစ်မှာမူကား ၎င်းတို့အားလုံးသည်အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရောက်ရှိ လာကြမည်သာတည်း၊ ထိုအခါ အားအင်ချည့်နဲ့သောသူတို့က(နောက်လိုက်များက) မောက်မာပလွှားခဲ့ကြ သူတို့(ရှေ့ဆောင်အကြီးအကဲ)တို့အား ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့၏နောက်လိုက်များသာ ဖြစ်ခဲ့ကြပေရာ(ယနေ့မူကား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်များအနက်မှ အနည်းငယ်မျှကိုပင် ကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးနိုင်ကြပါသလောဟုပြောဆို(မေးမြန်း)ခဲ့ကြပေမည်။ (ထိုအခါ)၎င်းတို့က အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တိုအား (တရား)လမ်းမှန်ကို ညွှန်ပြတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်း အသင်တို့အား(တရား)လမ်းကို ညွှန်ပြကြမည်ဖြစ်သည်။ (ယခုမူ)ကားအသင်တို့ ကျွန်ုပ်တို့အဖို့မှာ အသင်တို့ ကျွန်ုပ်တို့သည် ငိုကြွေးကြသည်ဖြစ်စေ၊ သည်းခံကြသည်ဖြစ်စေ၊ အကြောင်းမထူးတော့ပြီ။(မည်သို့ပင်ဖြစ်စေ) ကျွန်ုပ်တို့အဖို့မူကား ထွက်ပြေး(လွတ်မြောက်)ကြရန် မည်သည့်နေရာမျှ အလျှင်း မရှိတော့ပြီတကားဟု ပြောဆိုဖြေကြားကြပေမည်သာတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 19-23 — စူရာ အီဗ်ရာဟီမ်
19 أَلَمْ تَرَ أَنَّ اللَّهَ خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۚ إِن يَشَأْ يُذْهِبْكُمْ وَيَأْتِ بِخَلْقٍ جَدِيدٍ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်း ကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊(တိကျ) မှန်ကန်စွာ ဖန်ဆင်းတော် မူခဲ့သည်ကို အသင်သည်မြင်လေသလော။ အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ဖယ်ရှားတော်မူ၍ အဖန်ဆင်းခံအသစ် (အသင်တို့အစား) ယူဆောင်လာတော်မူပေမည်။
20 وَمَا ذَٰلِكَ عَلَى اللَّهِ بِعَزِيزٍ
စင်စစ်မူကား ဤသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ (လုံးဝ) ခဲယဉ်းသည် မဟုတ်ပေ။
21 وَبَرَزُوا لِلَّهِ جَمِيعًا فَقَالَ الضُّعَفَاءُ لِلَّذِينَ اسْتَكْبَرُوا إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنتُم مُّغْنُونَ عَنَّا مِنْ عَذَابِ اللَّهِ مِن شَيْءٍ ۚ قَالُوا لَوْ هَدَانَا اللَّهُ لَهَدَيْنَاكُمْ ۖ سَوَاءٌ عَلَيْنَا أَجَزِعْنَا أَمْ صَبَرْنَا مَا لَنَا مِن مَّحِيصٍ
အမှန်စင်စစ်မှာမူကား ၎င်းတို့အားလုံးသည်အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရောက်ရှိ လာကြမည်သာတည်း၊ ထိုအခါ အားအင်ချည့်နဲ့သောသူတို့က(နောက်လိုက်များက) မောက်မာပလွှားခဲ့ကြ သူတို့(ရှေ့ဆောင်အကြီးအကဲ)တို့အား ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့၏နောက်လိုက်များသာ ဖြစ်ခဲ့ကြပေရာ(ယနေ့မူကား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်များအနက်မှ အနည်းငယ်မျှကိုပင် ကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးနိုင်ကြပါသလောဟုပြောဆို(မေးမြန်း)ခဲ့ကြပေမည်။ (ထိုအခါ)၎င်းတို့က အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တိုအား (တရား)လမ်းမှန်ကို ညွှန်ပြတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်း အသင်တို့အား(တရား)လမ်းကို ညွှန်ပြကြမည်ဖြစ်သည်။ (ယခုမူ)ကားအသင်တို့ ကျွန်ုပ်တို့အဖို့မှာ အသင်တို့ ကျွန်ုပ်တို့သည် ငိုကြွေးကြသည်ဖြစ်စေ၊ သည်းခံကြသည်ဖြစ်စေ၊ အကြောင်းမထူးတော့ပြီ။(မည်သို့ပင်ဖြစ်စေ) ကျွန်ုပ်တို့အဖို့မူကား ထွက်ပြေး(လွတ်မြောက်)ကြရန် မည်သည့်နေရာမျှ အလျှင်း မရှိတော့ပြီတကားဟု ပြောဆိုဖြေကြားကြပေမည်သာတည်း။
22 وَقَالَ الشَّيْطَانُ لَمَّا قُضِيَ الْأَمْرُ إِنَّ اللَّهَ وَعَدَكُمْ وَعْدَ الْحَقِّ وَوَعَدتُّكُمْ فَأَخْلَفْتُكُمْ ۖ وَمَا كَانَ لِيَ عَلَيْكُم مِّن سُلْطَانٍ إِلَّا أَن دَعَوْتُكُمْ فَاسْتَجَبْتُمْ لِي ۖ فَلَا تَلُومُونِي وَلُومُوا أَنفُسَكُم ۖ مَّا أَنَا بِمُصْرِخِكُمْ وَمَا أَنتُم بِمُصْرِخِيَّ ۖ إِنِّي كَفَرْتُ بِمَا أَشْرَكْتُمُونِ مِن قَبْلُ ۗ إِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ
၎င်းပြင်(အလုံးစုံ)စီရင်ဆုံးဖြတ်၍ ပြီးခဲ့သောအခါ ရှိုင်တွာန်မိစ္ဆာကောင်သည်(ဂျဟန္နမ် ငရဲဘုံသို့လားကြရသဖြင့် ညည်းညူပြစ်တင်သူတို့အား ဖြေကြားသောအားဖြင့်ဤသို့)ပြောဆိုအံ့။ (အို-ကျွန်ုပ်အား ပြစ်တင်ကဲ့ရဲ့သူအပေါင်းတို့) မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သော ကတိပေးခြင်း ကို ကတိပေးတော်မူခဲ့၏၊ ၎င်းပြင် ကျွန်ုပ်သည်လည်းအသင်တို့အား ကတိပေးခဲ့သည်ဖြစ်၏။ သို့ရာတွင်မူကားကျွန်ုပ်သည် အသင်တို့အား(ပေးခဲ့သည့်ကတိကို) ဖေါက်ဖျက်ခဲ့၏။စင်စစ်မူကား ကျွန်ုပ်မှာ အသင်တို့အား ဖိတ်ခေါ်ခဲ့သည်မှအပအသင်တို့အပေါ်၌ မည်သည့်ဩဇာ အာဏာတစ်စုံတစ်ရာမျှပင် ရှိခဲ့သည်မဟုတ်ပေ။ (ကျွန်ုပ်သည်) ထို(ကဲ့သို့ ဖိတ်ခေါ်ခဲ့သော)အခါ အသင်တို့သည် ကျွန်ုပ်(၏ဖိတ်ခေါ်ချက်)ကိုသဘောတူလက်ခံခဲ့ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်အား ပြစ်တင်ပုတ်ခတ်မည့်အစား မိမိတို့ကိုယ် ကိုသာလျှင်မိမိတို့ပြစ်တင်ပုတ်ခတ်ကြလေကုန်။ (ယနေ့သော်ကား)ကျွန်ုပ်သည်လည်း အသင်တို့အား ကယ်မည့်သူမဟုတ်။ အသင်တို့သည်လည်း ကျွန်ုပ်အား ကယ်ဆယ်မည့်သူများ မဟုတ်ကြပေ။အသင်တို့သည် ယခင်မူလက ကျွန်ုပ်အား(အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ခဲ့ကြသည်ကို ကျွန်ုပ်ငြင်းပယ်၏။ ဧကန်အမှန် မတရားသောသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။
23 وَأُدْخِلَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا بِإِذْنِ رَبِّهِمْ ۖ تَحِيَّتُهُمْ فِيهَا سَلَامٌ
၎င်းပြင် (အီမာန်)သက်ဝင် ယုံကြည်ခဲ့သည့်ပြင်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူ ဆောက်တည်ခဲ့ကြကုန်သောသူတို့ကား ဥယျာဉ်များ သို့ ဝင်ရောက်စေခြင်းကိုခံကြရလတ္တံ့။ ထိုဥယျာဉ် များ၏အောက်တွင် စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြကုန်အံ့။ ၎င်းတို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် ထိုဥယျာဉ်များတွင် ထာဝစဉ်နေထိုင်စံမြန်းသူများ ဖြစ်ကြပေအံ့။ထိုဥယျာဉ်များတွင် ၎င်းတို့၏မေတ္တာပို့သ နှုတ်ခွန်းဆက်သမှုကားစလာမ် (ငြိမ်းချမ်းသာယာ)ဟူ၍ပင် ဖြစ်ချိမ့်အံ့သတည်း။
ဘာသာပြန် — အီဗ်ရာဟီမ် 21 စူရာ အီဗ်ရာဟီမ် အာယာသ် 21 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ်မှာမူကား ၎င်းတို့အားလုံးသည်အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရောက်ရှိ လာကြမည်သာတည်း၊ ထိုအခါ အားအင်ချည့်နဲ့သောသူတို့က(နောက်လိုက်များက) မောက်မာပလွှားခဲ့ကြ သူတို့(ရှေ့ဆောင်အကြီးအကဲ)တို့အား ဧကန်မလွဲ…
စူရာ အာယာသ် 21/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 19–23. မြန်မာဘာသာ: ภาษาไทย.