အီဗ်ရာဟီမ် · 22/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
وَقَالَ الشَّيْطَانُ لَمَّا قُضِيَ الْأَمْرُ إِنَّ اللَّهَ وَعَدَكُمْ وَعْدَ الْحَقِّ وَوَعَدتُّكُمْ فَأَخْلَفْتُكُمْ ۖ وَمَا كَانَ لِيَ عَلَيْكُم مِّن سُلْطَانٍ إِلَّا أَن دَعَوْتُكُمْ فَاسْتَجَبْتُمْ لِي ۖ فَلَا تَلُومُونِي وَلُومُوا أَنفُسَكُم ۖ مَّا أَنَا بِمُصْرِخِكُمْ وَمَا أَنتُم بِمُصْرِخِيَّ ۖ إِنِّي كَفَرْتُ بِمَا أَشْرَكْتُمُونِ مِن قَبْلُ ۗ إِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ ۝٢٢
Wa qaalash Shaitaanu lammaa qudiyal amru innal laaha wa`adakum wa`dal haqqi wa wa`attukum faakhlaftukum wa maa kaana liya `alaikum min sultaanin illaaa an da`awtukum fastajabtum lee falaa taloomoonee wa loomooo anfusakum maaa ana bimusrikhikum wa maaa antum bimusrikhiyya innee kafartu bimaaa ashraktumooni min qabl; innaz zaalimeena lahum azaabun aleem
📖 မြန်မာဘာသာ
၎င်းပြင်(အလုံးစုံ)စီရင်ဆုံးဖြတ်၍ ပြီးခဲ့သောအခါ ရှိုင်တွာန်မိစ္ဆာကောင်သည်(ဂျဟန္နမ် ငရဲဘုံသို့လားကြရသဖြင့် ညည်းညူပြစ်တင်သူတို့အား ဖြေကြားသောအားဖြင့်ဤသို့)ပြောဆိုအံ့။ (အို-ကျွန်ုပ်အား ပြစ်တင်ကဲ့ရဲ့သူအပေါင်းတို့) မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သော ကတိပေးခြင်း ကို ကတိပေးတော်မူခဲ့၏၊ ၎င်းပြင် ကျွန်ုပ်သည်လည်းအသင်တို့အား ကတိပေးခဲ့သည်ဖြစ်၏။ သို့ရာတွင်မူကားကျွန်ုပ်သည် အသင်တို့အား(ပေးခဲ့သည့်ကတိကို) ဖေါက်ဖျက်ခဲ့၏။စင်စစ်မူကား ကျွန်ုပ်မှာ အသင်တို့အား ဖိတ်ခေါ်ခဲ့သည်မှအပအသင်တို့အပေါ်၌ မည်သည့်ဩဇာ အာဏာတစ်စုံတစ်ရာမျှပင် ရှိခဲ့သည်မဟုတ်ပေ။ (ကျွန်ုပ်သည်) ထို(ကဲ့သို့ ဖိတ်ခေါ်ခဲ့သော)အခါ အသင်တို့သည် ကျွန်ုပ်(၏ဖိတ်ခေါ်ချက်)ကိုသဘောတူလက်ခံခဲ့ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်အား ပြစ်တင်ပုတ်ခတ်မည့်အစား မိမိတို့ကိုယ် ကိုသာလျှင်မိမိတို့ပြစ်တင်ပုတ်ခတ်ကြလေကုန်။ (ယနေ့သော်ကား)ကျွန်ုပ်သည်လည်း အသင်တို့အား ကယ်မည့်သူမဟုတ်။ အသင်တို့သည်လည်း ကျွန်ုပ်အား ကယ်ဆယ်မည့်သူများ မဟုတ်ကြပေ။အသင်တို့သည် ယခင်မူလက ကျွန်ုပ်အား(အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ခဲ့ကြသည်ကို ကျွန်ုပ်ငြင်းပယ်၏။ ဧကန်အမှန် မတရားသောသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • قُضِيَ الْأَمْرُ (ကုဒိယလ် အမ်ရ်) — အမှုကိစ္စ ဆုံးဖြတ်ပြီးစီးခြင်း၊ ဆိုလိုသည်မှာ စစ်ကြောစီရင်ခြင်း ပြီးဆုံး၍ ဂျန္နသ်သားများ ဂျန္နသ်သို့လည်းကောင်း၊ နရကီများ နရကသို့လည်းကောင်း ဝင်ရောက်ပြီးဖြစ်သော အချိန်ကို ဆိုသည်။
  • سُلْطَانٍ (သုလ်သွာန်) — အာဏာ၊ အဓမ္မဖိအားပေးနိုင်သော စွမ်းအား၊ ခိုင်လုံသော သက်သေအထောက်အထား။
  • مُصْرِخِكُمْ (မုဆ်ရိခ်ခွမ်) — သင်တို့ကို ကယ်တင်ကူညီမည့်သူ၊ အကူအညီပေးမည့်သူ။
  • أَشْرَكْتُمُونِ (အာရှ်ရက္ကုမ်မူနီ) — သင်တို့သည် ငါ့ကို (အလ္လာဟ်နှင့်) တွဲဖက်ကိုးကွယ်ခဲ့ကြသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

စစ်ကြောစီရင်ခြင်း ပြီးဆုံး၍ ဂျန္နသ်သားများ ဂျန္နသ်သို့ ဝင်ရောက်ပြီးချိန်၊ နရကီများ နရကသို့ ဝင်ရောက်ပြီးချိန်တွင် ရှိုင်သွာန် (အီဗ်လီးစ်) သည် မိမိနောက်လိုက်များကို ရည်ရွယ်၍ ပြောဆိုမည်မှာ —

“အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မှန်ကန်သော ကတိဖြစ်သည့် ရှင်ပြန်ထမြောက်ခြင်း၊ စစ်ကြောစီရင်ခြင်း၊ ဂျန္နသ်နှင့် နရက်၏ ကတိကို ပေးတော်မူခဲ့၏။ ထိုကတိကို အရှင်မြတ် ပြည့်စုံစေတော်မူခဲ့သည်။ သို့သော် ငါသည် သင်တို့အား ရှင်ပြန်ထမြောက်ခြင်းမရှိ၊ စစ်ကြောစီရင်ခြင်းမရှိ၊ ဂျန္နသ်နှင့် နရက်လည်းမရှိဟု မိစ္ဆာကတိကို ပေးခဲ့၏။ ထိုကတိကို ငါ ဖျက်သိမ်းခဲ့သည်၊ ငါ လိမ်လည်ခဲ့သည်။

ငါ့ထံတွင် သင်တို့အား အတင်းအကြပ် ဖိအားပေး၍ ကုဖ်ရ်သို့ ဆွဲခေါ်နိုင်သော အာဏာစွမ်းအား မရှိခဲ့ပါ။ ငါသည် သင်တို့အား ကုဖ်ရ်နှင့် လမ်းမှားဆီသို့ ဖိတ်ခေါ်ခဲ့ရုံသာဖြစ်၏၊ သင်တို့ကလည်း ငါ့ဖိတ်ခေါ်ချက်ကို အလျင်အမြန် လိုက်နာခဲ့ကြသည်။

ထို့ကြောင့် ငါ့ကို အပြစ်မတင်ကြနှင့်။ မိမိတို့ကိုယ်ကိုသာ အပြစ်တင်ကြပါ။ အပြစ်သည် သင်တို့၏ အပြစ်ဖြစ်သည်။ ငါသည် သင်တို့အား အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ ကယ်တင်နိုင်သူ မဟုတ်ပါ။ သင်တို့သည်လည်း ငါ့အား ထိုပြစ်ဒဏ်မှ ကယ်တင်နိုင်သူများ မဟုတ်ကြပါ။

ငါသည် ယခင်က သင်တို့သည် ငါ့ကို အလ္လာဟ်အရှင်မြတ်နှ



📜 အာယာသ် 20-24 — စူရာ အီဗ်ရာဟီမ်

20وَمَا ذَٰلِكَ عَلَى اللَّهِ بِعَزِيزٍ
စင်စစ်မူကား ဤသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ (လုံးဝ) ခဲယဉ်းသည် မဟုတ်ပေ။
21وَبَرَزُوا لِلَّهِ جَمِيعًا فَقَالَ الضُّعَفَاءُ لِلَّذِينَ اسْتَكْبَرُوا إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنتُم مُّغْنُونَ عَنَّا مِنْ عَذَابِ اللَّهِ مِن شَيْءٍ ۚ قَالُوا لَوْ هَدَانَا اللَّهُ لَهَدَيْنَاكُمْ ۖ سَوَاءٌ عَلَيْنَا أَجَزِعْنَا أَمْ صَبَرْنَا مَا لَنَا مِن مَّحِيصٍ
အမှန်စင်စစ်မှာမူကား ၎င်းတို့အားလုံးသည်အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရောက်ရှိ လာကြမည်သာတည်း၊ ထိုအခါ အားအင်ချည့်နဲ့သောသူတို့က(နောက်လိုက်များက) မောက်မာပလွှားခဲ့ကြ သူတို့(ရှေ့ဆောင်အကြီးအကဲ)တို့အား ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့၏နောက်လိုက်များသာ ဖြစ်ခဲ့ကြပေရာ(ယနေ့မူကား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်များအနက်မှ အနည်းငယ်မျှကိုပင် ကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးနိုင်ကြပါသလောဟုပြောဆို(မေးမြန်း)ခဲ့ကြပေမည်။ (ထိုအခါ)၎င်းတို့က အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တိုအား (တရား)လမ်းမှန်ကို ညွှန်ပြတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်း အသင်တို့အား(တရား)လမ်းကို ညွှန်ပြကြမည်ဖြစ်သည်။ (ယခုမူ)ကားအသင်တို့ ကျွန်ုပ်တို့အဖို့မှာ အသင်တို့ ကျွန်ုပ်တို့သည် ငိုကြွေးကြသည်ဖြစ်စေ၊ သည်းခံကြသည်ဖြစ်စေ၊ အကြောင်းမထူးတော့ပြီ။(မည်သို့ပင်ဖြစ်စေ) ကျွန်ုပ်တို့အဖို့မူကား ထွက်ပြေး(လွတ်မြောက်)ကြရန် မည်သည့်နေရာမျှ အလျှင်း မရှိတော့ပြီတကားဟု ပြောဆိုဖြေကြားကြပေမည်သာတည်း။
22وَقَالَ الشَّيْطَانُ لَمَّا قُضِيَ الْأَمْرُ إِنَّ اللَّهَ وَعَدَكُمْ وَعْدَ الْحَقِّ وَوَعَدتُّكُمْ فَأَخْلَفْتُكُمْ ۖ وَمَا كَانَ لِيَ عَلَيْكُم مِّن سُلْطَانٍ إِلَّا أَن دَعَوْتُكُمْ فَاسْتَجَبْتُمْ لِي ۖ فَلَا تَلُومُونِي وَلُومُوا أَنفُسَكُم ۖ مَّا أَنَا بِمُصْرِخِكُمْ وَمَا أَنتُم بِمُصْرِخِيَّ ۖ إِنِّي كَفَرْتُ بِمَا أَشْرَكْتُمُونِ مِن قَبْلُ ۗ إِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ
၎င်းပြင်(အလုံးစုံ)စီရင်ဆုံးဖြတ်၍ ပြီးခဲ့သောအခါ ရှိုင်တွာန်မိစ္ဆာကောင်သည်(ဂျဟန္နမ် ငရဲဘုံသို့လားကြရသဖြင့် ညည်းညူပြစ်တင်သူတို့အား ဖြေကြားသောအားဖြင့်ဤသို့)ပြောဆိုအံ့။ (အို-ကျွန်ုပ်အား ပြစ်တင်ကဲ့ရဲ့သူအပေါင်းတို့) မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သော ကတိပေးခြင်း ကို ကတိပေးတော်မူခဲ့၏၊ ၎င်းပြင် ကျွန်ုပ်သည်လည်းအသင်တို့အား ကတိပေးခဲ့သည်ဖြစ်၏။ သို့ရာတွင်မူကားကျွန်ုပ်သည် အသင်တို့အား(ပေးခဲ့သည့်ကတိကို) ဖေါက်ဖျက်ခဲ့၏။စင်စစ်မူကား ကျွန်ုပ်မှာ အသင်တို့အား ဖိတ်ခေါ်ခဲ့သည်မှအပအသင်တို့အပေါ်၌ မည်သည့်ဩဇာ အာဏာတစ်စုံတစ်ရာမျှပင် ရှိခဲ့သည်မဟုတ်ပေ။ (ကျွန်ုပ်သည်) ထို(ကဲ့သို့ ဖိတ်ခေါ်ခဲ့သော)အခါ အသင်တို့သည် ကျွန်ုပ်(၏ဖိတ်ခေါ်ချက်)ကိုသဘောတူလက်ခံခဲ့ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်အား ပြစ်တင်ပုတ်ခတ်မည့်အစား မိမိတို့ကိုယ် ကိုသာလျှင်မိမိတို့ပြစ်တင်ပုတ်ခတ်ကြလေကုန်။ (ယနေ့သော်ကား)ကျွန်ုပ်သည်လည်း အသင်တို့အား ကယ်မည့်သူမဟုတ်။ အသင်တို့သည်လည်း ကျွန်ုပ်အား ကယ်ဆယ်မည့်သူများ မဟုတ်ကြပေ။အသင်တို့သည် ယခင်မူလက ကျွန်ုပ်အား(အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ခဲ့ကြသည်ကို ကျွန်ုပ်ငြင်းပယ်၏။ ဧကန်အမှန် မတရားသောသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။
23وَأُدْخِلَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا بِإِذْنِ رَبِّهِمْ ۖ تَحِيَّتُهُمْ فِيهَا سَلَامٌ
၎င်းပြင် (အီမာန်)သက်ဝင် ယုံကြည်ခဲ့သည့်ပြင်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူ ဆောက်တည်ခဲ့ကြကုန်သောသူတို့ကား ဥယျာဉ်များ သို့ ဝင်ရောက်စေခြင်းကိုခံကြရလတ္တံ့။ ထိုဥယျာဉ် များ၏အောက်တွင် စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြကုန်အံ့။ ၎င်းတို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် ထိုဥယျာဉ်များတွင် ထာဝစဉ်နေထိုင်စံမြန်းသူများ ဖြစ်ကြပေအံ့။ထိုဥယျာဉ်များတွင် ၎င်းတို့၏မေတ္တာပို့သ နှုတ်ခွန်းဆက်သမှုကားစလာမ် (ငြိမ်းချမ်းသာယာ)ဟူ၍ပင် ဖြစ်ချိမ့်အံ့သတည်း။
24أَلَمْ تَرَ كَيْفَ ضَرَبَ اللَّهُ مَثَلًا كَلِمَةً طَيِّبَةً كَشَجَرَةٍ طَيِّبَةٍ أَصْلُهَا ثَابِتٌ وَفَرْعُهَا فِي السَّمَاءِ
(အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်သည်စင်ကြယ်သန့်ရှင်းသောစကားကို မည်သို့ဥပမာခိုင်းနှိုင်းတော်မူခဲ့သည်ကို အသင်သည် မသိမမြင်လေသလော။ အလ္လာဟ်အရှင်မြတ်သည် ယင်းစကားကို ဥပမာခိုင်းနှိုင်းတော်မူသည်မှာ စင်ကြယ်သန့်ရှင်းသောထိုစကားသည်) အကြင် သန့်စင်သောသစ်ပင်တစ်ပင်နှင့်တူပေသည်။ ယင်းသစ်ပင်၏ အမြစ်ကား မြဲမြံခိုင်ခံ့၍ ၎င်း၏အကိုင်းအလက်တို့မှာမူကား ကောင်းကင်၌ ရှိနေကုန်၏။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
22အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 22

စူရာ အီဗ်ရာဟီမ် အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင်(အလုံးစုံ)စီရင်ဆုံးဖြတ်၍ ပြီးခဲ့သောအခါ ရှိုင်တွာန်မိစ္ဆာကောင်သည်(ဂျဟန္နမ် ငရဲဘုံသို့လားကြရသဖြင့် ညည်းညူပြစ်တင်သူတို့အား ဖြေကြားသောအားဖြင့်ဤသို့)ပြောဆိုအံ့။ (အို-ကျွန်ုပ်အား ပြစ်တင်ကဲ့ရဲ့သူအပေါင်းတို့) မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည်…

စူရာ အာယာသ် 22/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers