📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 289
وَإِذَا مَسَّكُمُ ٱلضُّرُّ فِي ٱلۡبَحۡرِ ضَلَّ مَن تَدۡعُونَ إِلَّآ إِيَّاهُۖ فَلَمَّا نَجَّىٰكُمۡ إِلَى ٱلۡبَرِّ أَعۡرَضۡتُمۡۚ وَكَانَ ٱلۡإِنسَٰنُ كَفُورًا  ۝٦٧ أَفَأَمِنتُمۡ أَن يَخۡسِفَ بِكُمۡ جَانِبَ ٱلۡبَرِّ أَوۡ يُرۡسِلَ عَلَيۡكُمۡ حَاصِبًا ثُمَّ لَا تَجِدُواْ لَكُمۡ وَكِيلًا  ۝٦٨ أَمۡ أَمِنتُمۡ أَن يُعِيدَكُمۡ فِيهِ تَارَةً أُخۡرَىٰ فَيُرۡسِلَ عَلَيۡكُمۡ قَاصِفًا مِّنَ ٱلرِّيحِ فَيُغۡرِقَكُم بِمَا كَفَرۡتُمۡ ثُمَّ لَا تَجِدُواْ لَكُمۡ عَلَيۡنَا بِهِۦ تَبِيعًا  ۝٦٩ ۞ وَلَقَدۡ كَرَّمۡنَا بَنِيٓ ءَادَمَ وَحَمَلۡنَٰهُمۡ فِي ٱلۡبَرِّ وَٱلۡبَحۡرِ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ وَفَضَّلۡنَٰهُمۡ عَلَىٰ كَثِيرٍ مِّمَّنۡ خَلَقۡنَا تَفۡضِيلًا  ۝٧٠ يَوۡمَ نَدۡعُواْ كُلَّ أُنَاسِۭ بِإِمَٰمِهِمۡۖ فَمَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ فَأُوْلَٰٓئِكَ يَقۡرَءُونَ كِتَٰبَهُمۡ وَلَا يُظۡلَمُونَ فَتِيلًا  ۝٧١ وَمَن كَانَ فِي هَٰذِهِۦٓ أَعۡمَىٰ فَهُوَ فِي ٱلۡأٓخِرَةِ أَعۡمَىٰ وَأَضَلُّ سَبِيلًا  ۝٧٢ وَإِن كَادُواْ لَيَفۡتِنُونَكَ عَنِ ٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ لِتَفۡتَرِيَ عَلَيۡنَا غَيۡرَهُۥۖ وَإِذًا لَّٱتَّخَذُوكَ خَلِيلًا  ۝٧٣ وَلَوۡلَآ أَن ثَبَّتۡنَٰكَ لَقَدۡ كِدتَّ تَرۡكَنُ إِلَيۡهِمۡ شَيۡـًٔا قَلِيلًا  ۝٧٤ إِذًا لَّأَذَقۡنَٰكَ ضِعۡفَ ٱلۡحَيَوٰةِ وَضِعۡفَ ٱلۡمَمَاتِ ثُمَّ لَا تَجِدُ لَكَ عَلَيۡنَا نَصِيرًا  ۝٧٥
17:67
وَإِذَا مَسَّكُمُ ٱلضُّرُّ فِي ٱلۡبَحۡرِ ضَلَّ مَن تَدۡعُونَ إِلَّآ إِيَّاهُۖ فَلَمَّا نَجَّىٰكُمۡ إِلَى ٱلۡبَرِّ أَعۡرَضۡتُمۡۚ وَكَانَ ٱلۡإِنسَٰنُ كَفُورًا  ۝٦٧
စင်စစ် အသင်တို့တွင် သမုဒ္ဒရာပင်လယ်၌ ဘေးဒုက္ခသက်ရောက်ခဲ့သော် (အသင်တို့သည်)ထို အရှင်မြတ်မှတစ်ပါး အသင်တို့ဟစ်ခေါ်(ကိုးကွယ်)လျက် ရှိကြသူတို့သည် ပျောက်ကွယ်သွားကြလေသည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းပေါ်သို့ လွတ်မြောက်စေတော်မူခဲ့သောအခါ အသင်တို့သည် မျက်နှာလွှဲသွားခဲ့ကြပြန်၏။ စင်စစ်သော်ကား မနုဿလူသားသည် အလနွ တ် ရာ ကျေးဇူး ကန်း သပူ ငြ်ဖစေ် ချသတည်း ။
17:68
أَفَأَمِنتُمۡ أَن يَخۡسِفَ بِكُمۡ جَانِبَ ٱلۡبَرِّ أَوۡ يُرۡسِلَ عَلَيۡكُمۡ حَاصِبًا ثُمَّ لَا تَجِدُواْ لَكُمۡ وَكِيلًا  ۝٦٨
ထိုအရှင်မြတ်သည် ကုန်းပေါ်၌ အသင်တို့အားမြေမျိုစေတော်မူမည်ကိုလည်းကောင်း၊ အသင်တို့ အပေါ်၌သဲမုန်တိုင်း စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ အသင်တို့သည် စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍နေကြလေသလော။ ထို(သို့ပြုတော်မူခဲ့သည့်)နောက်တွင်မူ အသင်တို့သည် မိမိတို့အဖို့ ကာကွယ် စောင့်ရှောက် မည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင်(ရှာဖွေ) တွေ့ရှိကြမည်မဟုတ်ပေ။ (တစ်နည်း)ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းပေါ်၌ပင် မြေမျိုစေတော်မူခြင်းကိုလည်းကောင်း၊ အသင်တို့အပေါ်၌ သဲမုန်တိုင်း စေလွှတ်တော်မူခြင်းကိုသော်လည်းကောင်း၊ ပြုနိုင်တော်မူ၏။ ထိုအခါတွင်အသင်တို့သည် မိမိတို့အဖို့ ကာကွယ် စောင့်ရှောက်မည့်သူတစ်ဦးတစ်ယောက်ကိုမျှပင် (ရှာဖွေ) တွေ့ရှိကြမည် မဟုတ်ပေ။အသင်တို့သည် (ဤသည့်ပြစ်ဒဏ်များမှ) စိုးရိမ်ခြင်းကင်း၍ နေကြလေသလော။
17:69
أَمۡ أَمِنتُمۡ أَن يُعِيدَكُمۡ فِيهِ تَارَةً أُخۡرَىٰ فَيُرۡسِلَ عَلَيۡكُمۡ قَاصِفًا مِّنَ ٱلرِّيحِ فَيُغۡرِقَكُم بِمَا كَفَرۡتُمۡ ثُمَّ لَا تَجِدُواْ لَكُمۡ عَلَيۡنَا بِهِۦ تَبِيعًا  ۝٦٩
သို့တည်းမဟုတ် အရှင်မြတ်သည် အသင်တို့ အားယင်းသမုဒ္ဒရာပင်လယ်ထဲသို့ နောက်တစ်ကြိမ်ထပ်မံ၍ ရောက်စေတော်မူပြီးလျှင် အသင်တို့အပေါ်၌ အသင်တို့၏သွေဖည်ငြင်းပယ်မှုကြောင့် လေမုန်တိုင်းကိုစေလွှတ်ခြင်းအားဖြင့် အသင်တို့အား နစ်မြုပ်စေတော်မူမည်ကို စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍နေကြလေသလော။ ထိုအခါ အသင်တို့သည် မိမိတို့အဖို့ ငါ အရှင်မြတ်နှင့်ဆန့်ကျင်၍ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင် (ရှာဖွေ)တွေ့ကြလိမ့်မည် မဟုတ်ပေတကား။(တစ်နည်း)သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အသင်တို့အားယင်း သမုဒ္ဒရာပင်လယ်ထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ရောက်စေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ လေမုန်တိုင်းကို စေလွှတ်တော်မူမည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏သွေဖည်ငြင်းပယ်မှုကြောင့် နစ်မြုပ်စေတော်မူမည်။ ထိုအခါ အသင်တို့သည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ငါအရှင်မြတ်နှင့်ဆန့်ကျင်ပြီး မိမိတို့အဖို့ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင်(ရှာဖွေ)တွေ့ရှိကြလိမ့်မည်မဟုတ်ပေ။ (တစ်နည်း) အသင်တို့သည် မိမိအဖို့ယင်းကိစ္စနှင့်စပ်လျဉ်း၍ ငါ့အားအရေးယူမည့်သူ တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိကြမည်မဟုတ်ပေ။ အသင်တို့သည် (ဤသည့် ပြစ်ဒဏ်များမှ) စိုးရိမ်ခြင်းကင်း၍ နေကြလေသလော။
17:70
۞ وَلَقَدۡ كَرَّمۡنَا بَنِيٓ ءَادَمَ وَحَمَلۡنَٰهُمۡ فِي ٱلۡبَرِّ وَٱلۡبَحۡرِ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ وَفَضَّلۡنَٰهُمۡ عَلَىٰ كَثِيرٍ مِّمَّنۡ خَلَقۡنَا تَفۡضِيلًا  ۝٧٠
ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများကို ဂုဏ်သိန်ထူးကဲ မြင့်မြတ်စေတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကုန်းပေါ်၌ (ကုလားအုတ်၊ မြင်း၊ ကုန်းယာဉ်၊ လေယာဉ် ပျံ၊ စသောအစီးအနင်းတို့ကို)လည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌(သင်္ဘော၊ လှေ၊ သမ္ဗန်စသောယာဉ်များကို)လည်းကောင်း၊ စီးနင်းစေတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား (စားသုံးရန်) စင်ကြယ်ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော် မူခဲ့သည်။တစ်ဖန် ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများအနက် များစွာ(သောသက်ရှိသက်မဲ့)တို့ထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့လေသတည်း။
17:71
يَوۡمَ نَدۡعُواْ كُلَّ أُنَاسِۭ بِإِمَٰمِهِمۡۖ فَمَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ فَأُوْلَٰٓئِكَ يَقۡرَءُونَ كِتَٰبَهُمۡ وَلَا يُظۡلَمُونَ فَتِيلًا  ۝٧١
အကြင်နေ့တွင် ငါအရှင်မြတ်သည် လူသားအားလုံးတို့ကို ၎င်းတို့၏ရှေ့ဆောင်တို့နှင့်တကွ (မှတ်တမ်းများနှင့်တကွ) ခေါ်ယူတော်မူအံ့။ ထိုအခါ မိမိတို့၏မှတ်တမ်းများကိုမိမိတို့ လက်ယာလက်သို့ ပေးခြင်းခံကြရသော သူတို့မှာမူကားမိမိတို့၏မှတ်တမ်းများကို(ဝမ်းမြောက်ဝမ်းသာ) ဖတ်ကြကုန်အံ့။၎င်းပြင် ထိုသူတို့သည် စိုးစဉ်းမျှပင် မတရားပြုလုပ်ခြင်းကိုခံကြရမည် မဟုတ်ပေ။
17:72
وَمَن كَانَ فِي هَٰذِهِۦٓ أَعۡمَىٰ فَهُوَ فِي ٱلۡأٓخِرَةِ أَعۡمَىٰ وَأَضَلُّ سَبِيلًا  ۝٧٢
စင်စစ် မည်သူမဆို ဤပစ္စုပ္ပန်လောကီဘဝတွင်မျက်စိကန်းသူဖြစ်ခဲ့လျှင်၊ ထိုသူသည် နောင်တမလွန် ဘဝတွင်လည်း ကန်းသူသည်လည်းကောင်း၊ (မှန်ကန်သောလမ်းမှ) ပို၍ဝေးသူသည်လည်းကောင်း၊ ဖြစ်အံ့သတည်း။
17:73
وَإِن كَادُواْ لَيَفۡتِنُونَكَ عَنِ ٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ لِتَفۡتَرِيَ عَلَيۡنَا غَيۡرَهُۥۖ وَإِذًا لَّٱتَّخَذُوكَ خَلِيلًا  ۝٧٣
စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင့်ထံသို့ပို့တော်မူခဲ့သောအမိန့်တော်မှတစ်ပါးကို ငါအရှင်မြတ် အပေါ်၌အသင်လီဆယ်ပြောဆိုအံ့သောငှာ ၎င်းတို့သည် အသင့်အားယင်းအမိန့်တော်မှ ချွတ်ချော်တိမ်းပါး စေအံ့ဆဲဆဲပင် ဖြစ်ခဲ့ကြကုန်၏။ ထိုအခါ ၎င်းတို့သည် အသင့်အား ရင်းနှီးသောအားဖြင့်အဆွေခင်ပွန်းပြုလုပ်ခဲ့ကြမည်အမှန်ပင်။
17:74
وَلَوۡلَآ أَن ثَبَّتۡنَٰكَ لَقَدۡ كِدتَّ تَرۡكَنُ إِلَيۡهِمۡ شَيۡـًٔا قَلِيلًا  ۝٧٤
အကယ်၍သာ ငါအရှင်မြတ်သည် အသင့်အားရပ်တည်စေတော်မမူခဲ့လျှင် မလွဲဧကန် အသင်သည် ၎င်းတို့ဘက်သို့ ယိမ်းယိုင်ဖွယ်ရာရှိခဲ့၏။
17:75
إِذًا لَّأَذَقۡنَٰكَ ضِعۡفَ ٱلۡحَيَوٰةِ وَضِعۡفَ ٱلۡمَمَاتِ ثُمَّ لَا تَجِدُ لَكَ عَلَيۡنَا نَصِيرًا  ۝٧٥
ထိုအခါ ငါအရှင်မြတ်သည် အသင့်အား ဤအသက်ရှင်လျက်ရှိသော ပစ္စုပ္ပန်ဘဝ၏ နှစ်ဆနှင့် သေလွန်ပြီးနောင်ဘဝတွင် (ပြစ်ဒဏ်)နှစ်ဆကို မုချမြည်းစမ်းစေတော်မူမည်။ ထို့နောက် အသင်သည် ငါအရှင်မြတ်နှင့်ဆန့်ကျင်၍ မိမိတို့အဖို့ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိလိမ့်မည် မဟုတ်ပေ။


📚Juz 15 📄289 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, August 25, 2026

Don't forget us in your sincere prayers