အလ်-အစ်ရာ · 71/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
يَوْمَ نَدْعُو كُلَّ أُنَاسٍ بِإِمَامِهِمْ ۖ فَمَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ فَأُولَٰئِكَ يَقْرَءُونَ كِتَابَهُمْ وَلَا يُظْلَمُونَ فَتِيلًا ۝٧١
Yawma nad`oo kulla unaasim bi imaamihim faman ootiya kitaabahoo bi yameenihee fa ulaaa`ika yaqra`oona kitaabahum wa laa yuzlamoona fateelaa
📖 မြန်မာဘာသာ
အကြင်နေ့တွင် ငါအရှင်မြတ်သည် လူသားအားလုံးတို့ကို ၎င်းတို့၏ရှေ့ဆောင်တို့နှင့်တကွ (မှတ်တမ်းများနှင့်တကွ) ခေါ်ယူတော်မူအံ့။ ထိုအခါ မိမိတို့၏မှတ်တမ်းများကိုမိမိတို့ လက်ယာလက်သို့ ပေးခြင်းခံကြရသော သူတို့မှာမူကားမိမိတို့၏မှတ်တမ်းများကို(ဝမ်းမြောက်ဝမ်းသာ) ဖတ်ကြကုန်အံ့။၎င်းပြင် ထိုသူတို့သည် စိုးစဉ်းမျှပင် မတရားပြုလုပ်ခြင်းကိုခံကြရမည် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ဘာသာပြန်ဆိုချက်
  • ယောမ် (يَوْمَ) - နေ့၊ ရှင်ပြန်ထမြောက်မည့်နေ့
  • နဒ်အူ (نَدْعُو) - ကျွန်ုပ်တို့ခေါ်ဆိုသည်
  • အုနာစ် (أُنَاسٍ) - လူအုပ်စုများ၊ လူမျိုးများ
  • ဗိအိမာမိဟိမ် (بِإِمَامِهِمْ) - သူတို့၏ခေါင်းဆောင်နှင့်အတူ၊ သူတို့လိုက်နာခဲ့သောခေါင်းဆောင်နှင့်အတူ
  • ဖတီလာ (فَتِيلًا) - စွန်ပလွံစေ့၏အလယ်ရှိအမျှင်ကဲ့သို့သော အလွန်သေးငယ်သည့်အရာ
  1. အာယသ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

(အို တမန်တော်) ရှင်ပြန်ထမြောက်မည့်နေ့ကို သတိရပါ။ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် လူအုပ်စုတိုင်းကို သူတို့၏ခေါင်းဆောင်နှင့်အတူ ခေါ်ဆိုမည်ဖြစ်သည်။ ထိုခေါင်းဆောင်မှာ သူတို့သည် လောကီဘဝတွင် လိုက်နာခဲ့သော ခေါင်းဆောင်ဖြစ်သည်။ ထို့နောက် မည်သူမဆို သူ၏လုပ်ရပ်မှတ်တမ်းစာအုပ်ကို သူ၏ညာလက်ဖြင့် ရရှိပါက ထိုသူတို့သည် သူတို့၏စာအုပ်များကို ဝမ်းမြောက်ဝမ်းသာဖြင့် ဖတ်ရှုကြမည်။ သူတို့သည် စွန်ပလွံစေ့၏အလယ်ရှိအမျှင်ကဲ့သို့သော အလွန်သေးငယ်သည့်အရာမျှပင် အကျိုးအမြတ်မှ လျော့နည်းခြင်းခံရမည်မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် တရားစီရင်မည့်နေ့တွင် တရားမျှတမှုကို အပြည့်အဝ ပေးအပ်မည်ဖြစ်ပြီး မည်သူ့ကိုမျှ မတရားပြုလုပ်ခြင်းခံရမည်မဟုတ်ပါ။
  • ဤလောကီဘဝတွင် ကောင်းမွန်သောခေါင်းဆောင်များနှင့် လမ်းညွှန်ပေးသူများကို လိုက်နာခြင်းသည် နောင်တမလွန်ဘဝတွင် အောင်မြင်မှုရရှိစေမည်ဖြစ်သည်။
  • ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းသည် ထိုနေ့တွင် ဝမ်းမြောက်ဝမ်းသာဖြစ်ရခြင်း၏ အကြောင်းရင်းဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် အသေးငယ်ဆုံးသော ကောင်းမှုကိုပင် အကျိုးအမြတ်ပေးအပ်မည်ဖြစ်ပြီး မည်သည့်ကောင်းမှုမျှ အလဟဿဖြစ်မည်မဟုတ်ပါ။
  • ဤအာယသ်တော်သည် အစ္စလာမ်ဘာသာ၏ တရားမျှတမှုနှင့် ကရုဏာတော်ကို ထင်ဟပ်ပြသပေးသည်။


📜 အာယာသ် 69-73 — စူရာ အလ်-အစ်ရာ

69أَمْ أَمِنتُمْ أَن يُعِيدَكُمْ فِيهِ تَارَةً أُخْرَىٰ فَيُرْسِلَ عَلَيْكُمْ قَاصِفًا مِّنَ الرِّيحِ فَيُغْرِقَكُم بِمَا كَفَرْتُمْ ۙ ثُمَّ لَا تَجِدُوا لَكُمْ عَلَيْنَا بِهِ تَبِيعًا
သို့တည်းမဟုတ် အရှင်မြတ်သည် အသင်တို့ အားယင်းသမုဒ္ဒရာပင်လယ်ထဲသို့ နောက်တစ်ကြိမ်ထပ်မံ၍ ရောက်စေတော်မူပြီးလျှင် အသင်တို့အပေါ်၌ အသင်တို့၏သွေဖည်ငြင်းပယ်မှုကြောင့် လေမုန်တိုင်းကိုစေလွှတ်ခြင်းအားဖြင့် အသင်တို့အား နစ်မြုပ်စေတော်မူမည်ကို စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍နေကြလေသလော။ ထိုအခါ အသင်တို့သည် မိမိတို့အဖို့ ငါ အရှင်မြတ်နှင့်ဆန့်ကျင်၍ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင် (ရှာဖွေ)တွေ့ကြလိမ့်မည် မဟုတ်ပေတကား။(တစ်နည်း)သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အသင်တို့အားယင်း သမုဒ္ဒရာပင်လယ်ထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ရောက်စေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ လေမုန်တိုင်းကို စေလွှတ်တော်မူမည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏သွေဖည်ငြင်းပယ်မှုကြောင့် နစ်မြုပ်စေတော်မူမည်။ ထိုအခါ အသင်တို့သည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ငါအရှင်မြတ်နှင့်ဆန့်ကျင်ပြီး မိမိတို့အဖို့ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင်(ရှာဖွေ)တွေ့ရှိကြလိမ့်မည်မဟုတ်ပေ။ (တစ်နည်း) အသင်တို့သည် မိမိအဖို့ယင်းကိစ္စနှင့်စပ်လျဉ်း၍ ငါ့အားအရေးယူမည့်သူ တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိကြမည်မဟုတ်ပေ။ အသင်တို့သည် (ဤသည့် ပြစ်ဒဏ်များမှ) စိုးရိမ်ခြင်းကင်း၍ နေကြလေသလော။
70۞ وَلَقَدْ كَرَّمْنَا بَنِي آدَمَ وَحَمَلْنَاهُمْ فِي الْبَرِّ وَالْبَحْرِ وَرَزَقْنَاهُم مِّنَ الطَّيِّبَاتِ وَفَضَّلْنَاهُمْ عَلَىٰ كَثِيرٍ مِّمَّنْ خَلَقْنَا تَفْضِيلًا
ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများကို ဂုဏ်သိန်ထူးကဲ မြင့်မြတ်စေတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကုန်းပေါ်၌ (ကုလားအုတ်၊ မြင်း၊ ကုန်းယာဉ်၊ လေယာဉ် ပျံ၊ စသောအစီးအနင်းတို့ကို)လည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌(သင်္ဘော၊ လှေ၊ သမ္ဗန်စသောယာဉ်များကို)လည်းကောင်း၊ စီးနင်းစေတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား (စားသုံးရန်) စင်ကြယ်ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော် မူခဲ့သည်။တစ်ဖန် ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများအနက် များစွာ(သောသက်ရှိသက်မဲ့)တို့ထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့လေသတည်း။
71يَوْمَ نَدْعُو كُلَّ أُنَاسٍ بِإِمَامِهِمْ ۖ فَمَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ فَأُولَٰئِكَ يَقْرَءُونَ كِتَابَهُمْ وَلَا يُظْلَمُونَ فَتِيلًا
အကြင်နေ့တွင် ငါအရှင်မြတ်သည် လူသားအားလုံးတို့ကို ၎င်းတို့၏ရှေ့ဆောင်တို့နှင့်တကွ (မှတ်တမ်းများနှင့်တကွ) ခေါ်ယူတော်မူအံ့။ ထိုအခါ မိမိတို့၏မှတ်တမ်းများကိုမိမိတို့ လက်ယာလက်သို့ ပေးခြင်းခံကြရသော သူတို့မှာမူကားမိမိတို့၏မှတ်တမ်းများကို(ဝမ်းမြောက်ဝမ်းသာ) ဖတ်ကြကုန်အံ့။၎င်းပြင် ထိုသူတို့သည် စိုးစဉ်းမျှပင် မတရားပြုလုပ်ခြင်းကိုခံကြရမည် မဟုတ်ပေ။
72وَمَن كَانَ فِي هَٰذِهِ أَعْمَىٰ فَهُوَ فِي الْآخِرَةِ أَعْمَىٰ وَأَضَلُّ سَبِيلًا
စင်စစ် မည်သူမဆို ဤပစ္စုပ္ပန်လောကီဘဝတွင်မျက်စိကန်းသူဖြစ်ခဲ့လျှင်၊ ထိုသူသည် နောင်တမလွန် ဘဝတွင်လည်း ကန်းသူသည်လည်းကောင်း၊ (မှန်ကန်သောလမ်းမှ) ပို၍ဝေးသူသည်လည်းကောင်း၊ ဖြစ်အံ့သတည်း။
73وَإِن كَادُوا لَيَفْتِنُونَكَ عَنِ الَّذِي أَوْحَيْنَا إِلَيْكَ لِتَفْتَرِيَ عَلَيْنَا غَيْرَهُ ۖ وَإِذًا لَّاتَّخَذُوكَ خَلِيلًا
စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင့်ထံသို့ပို့တော်မူခဲ့သောအမိန့်တော်မှတစ်ပါးကို ငါအရှင်မြတ် အပေါ်၌အသင်လီဆယ်ပြောဆိုအံ့သောငှာ ၎င်းတို့သည် အသင့်အားယင်းအမိန့်တော်မှ ချွတ်ချော်တိမ်းပါး စေအံ့ဆဲဆဲပင် ဖြစ်ခဲ့ကြကုန်၏။ ထိုအခါ ၎င်းတို့သည် အသင့်အား ရင်းနှီးသောအားဖြင့်အဆွေခင်ပွန်းပြုလုပ်ခဲ့ကြမည်အမှန်ပင်။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
71အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 71

စူရာ အလ်-အစ်ရာ အာယာသ် 71 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်နေ့တွင် ငါအရှင်မြတ်သည် လူသားအားလုံးတို့ကို ၎င်းတို့၏ရှေ့ဆောင်တို့နှင့်တကွ (မှတ်တမ်းများနှင့်တကွ) ခေါ်ယူတော်မူအံ့။ ထိုအခါ မိမိတို့၏မှတ်တမ်းများကိုမိမိတို့ လက်ယာလက်သို့ ပေးခြင်းခံကြရသော…

စူရာ အာယာသ် 71/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 69–73. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers