အလ်-အစ်ရာ · 70/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
۞ وَلَقَدْ كَرَّمْنَا بَنِي آدَمَ وَحَمَلْنَاهُمْ فِي الْبَرِّ وَالْبَحْرِ وَرَزَقْنَاهُم مِّنَ الطَّيِّبَاتِ وَفَضَّلْنَاهُمْ عَلَىٰ كَثِيرٍ مِّمَّنْ خَلَقْنَا تَفْضِيلًا ۝٧٠
Wa laqad karramnaa Baneee aadama wa hamalnaahum fil barri walbahri wa razaqnaahum minat taiyibaati wa faddalnaahum `alaa kaseerim mimman khalaqnaa tafdeelaa
📖 မြန်မာဘာသာ
ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများကို ဂုဏ်သိန်ထူးကဲ မြင့်မြတ်စေတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကုန်းပေါ်၌ (ကုလားအုတ်၊ မြင်း၊ ကုန်းယာဉ်၊ လေယာဉ် ပျံ၊ စသောအစီးအနင်းတို့ကို)လည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌(သင်္ဘော၊ လှေ၊ သမ္ဗန်စသောယာဉ်များကို)လည်းကောင်း၊ စီးနင်းစေတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား (စားသုံးရန်) စင်ကြယ်ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော် မူခဲ့သည်။တစ်ဖန် ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများအနက် များစွာ(သောသက်ရှိသက်မဲ့)တို့ထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • ကရ္မနာ (كَرَّمْنَا)။ ။ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်း၊ မြင့်မြတ်စေခြင်း။
  • ဗနီအာဒမ် (بَنِي آدَم)။ ။ အာဒမ်၏သားသမီးများ၊ လူသားအားလုံး။
  • ဟမာလ်နာဟွမ် (حَمَلْنَاهُمْ)။ ။ သယ်ဆောင်ပေးခြင်း၊ တင်ဆောင်ပေးခြင်း။
  • ရဇက္နာဟွမ် (رَزَقْنَاهُم)။ ။ ရိက္ခာချီးမြှင့်ပေးအပ်ခြင်း။
  • သွိုင်ယိဗာသ် (الطَّيِّبَات)။ ။ သန့်ရှင်းကောင်းမွန်သောအရာများ၊ အရသာရှိသော စားသောက်ဖွယ်ရာများ။
  • ဖဒ္ဒလ္နာဟွမ် (فَضَّلْنَاهُمْ)။ ။ ထူးကဲစွာ ဂုဏ်ပေးခြင်း၊ သာလွန်စေခြင်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် အာဒမ်၏သားသမီးများဖြစ်သော လူသားအားလုံးကို ကြီးမားသော ဂုဏ်အသရေကို ချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ ထိုဂုဏ်အသရေသည် ဥစ္စာဓနကြွယ်ဝခြင်းကြောင့်မဟုတ်၊ ဘဝ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် အသိဉာဏ်ပေးအပ်ခြင်းကြောင့် ဖြစ်သည်။ လူသားတို့အား ကုန်းမြေပေါ်တွင် တိရစ္ဆာန်များဖြင့်လည်းကောင်း၊ ရေပြင်တွင် သင်္ဘောများဖြင့်လည်းကောင်း သယ်ဆောင်သွားလာနိုင်စေရန် အရှင်မြတ်သည် နည်းလမ်းများကို ဖန်တီးပေးအပ်တော်မူခဲ့သည်။ ထို့အပြင် သန့်ရှင်းကောင်းမွန်သော စားသောက်ဖွယ်ရာများ၊ သောက်သုံးဖွယ်ရာများကို ရိက္ခာအဖြစ် ချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ ဖန်ဆင်းထားသော သတ္တဝါအများအပြားထက် လူသားတို့ကို ထူးကဲစွာ သာလွန်မြင့်မြတ်စေတော်မူခဲ့သည်။ ဤသာလွန်မှုသည် အလွန်ကြီးမားသော ဂုဏ်ပေးမှုဖြစ်သည်။ ထို့ကြောင့် လူသားတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို အမြဲသတိရပြီး ကျေးဇူးတင်ရမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးကို ဂုဏ်ပြုချီးမြှင့်ထားတော်မူသည်။ ဤဂုဏ်အသရေသည် လူသားတို့အတွက် ကြီးမားသော ဂုဏ်ယူဖွယ်ရာဖြစ်သည်။
  • အရှင်မြတ်သည် ကုန်းရေနှစ်ဘက်တွင် သွားလာနိုင်ရန် နည်းလမ်းများကို ဖန်တီးပေးအပ်ထားတော်မူသည်။ ဤသည်မှာ အရှင်မြတ်၏ ကြီးမားသော ကရုဏာတော်ဖြစ်သည်။
  • သန့်ရှင်းကောင်းမွန်သော ရိက္ခာများကို ချီးမြှင့်ပေးအပ်ထားတော်မူသည်။ ဤကျေးဇူးတော်ကို သတိရပြီး ကျေးဇူးတင်ရမည်။


📜 အာယာသ် 68-72 — စူရာ အလ်-အစ်ရာ

68أَفَأَمِنتُمْ أَن يَخْسِفَ بِكُمْ جَانِبَ الْبَرِّ أَوْ يُرْسِلَ عَلَيْكُمْ حَاصِبًا ثُمَّ لَا تَجِدُوا لَكُمْ وَكِيلًا
ထိုအရှင်မြတ်သည် ကုန်းပေါ်၌ အသင်တို့အားမြေမျိုစေတော်မူမည်ကိုလည်းကောင်း၊ အသင်တို့ အပေါ်၌သဲမုန်တိုင်း စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ အသင်တို့သည် စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍နေကြလေသလော။ ထို(သို့ပြုတော်မူခဲ့သည့်)နောက်တွင်မူ အသင်တို့သည် မိမိတို့အဖို့ ကာကွယ် စောင့်ရှောက် မည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင်(ရှာဖွေ) တွေ့ရှိကြမည်မဟုတ်ပေ။ (တစ်နည်း)ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းပေါ်၌ပင် မြေမျိုစေတော်မူခြင်းကိုလည်းကောင်း၊ အသင်တို့အပေါ်၌ သဲမုန်တိုင်း စေလွှတ်တော်မူခြင်းကိုသော်လည်းကောင်း၊ ပြုနိုင်တော်မူ၏။ ထိုအခါတွင်အသင်တို့သည် မိမိတို့အဖို့ ကာကွယ် စောင့်ရှောက်မည့်သူတစ်ဦးတစ်ယောက်ကိုမျှပင် (ရှာဖွေ) တွေ့ရှိကြမည် မဟုတ်ပေ။အသင်တို့သည် (ဤသည့်ပြစ်ဒဏ်များမှ) စိုးရိမ်ခြင်းကင်း၍ နေကြလေသလော။
69أَمْ أَمِنتُمْ أَن يُعِيدَكُمْ فِيهِ تَارَةً أُخْرَىٰ فَيُرْسِلَ عَلَيْكُمْ قَاصِفًا مِّنَ الرِّيحِ فَيُغْرِقَكُم بِمَا كَفَرْتُمْ ۙ ثُمَّ لَا تَجِدُوا لَكُمْ عَلَيْنَا بِهِ تَبِيعًا
သို့တည်းမဟုတ် အရှင်မြတ်သည် အသင်တို့ အားယင်းသမုဒ္ဒရာပင်လယ်ထဲသို့ နောက်တစ်ကြိမ်ထပ်မံ၍ ရောက်စေတော်မူပြီးလျှင် အသင်တို့အပေါ်၌ အသင်တို့၏သွေဖည်ငြင်းပယ်မှုကြောင့် လေမုန်တိုင်းကိုစေလွှတ်ခြင်းအားဖြင့် အသင်တို့အား နစ်မြုပ်စေတော်မူမည်ကို စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍နေကြလေသလော။ ထိုအခါ အသင်တို့သည် မိမိတို့အဖို့ ငါ အရှင်မြတ်နှင့်ဆန့်ကျင်၍ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင် (ရှာဖွေ)တွေ့ကြလိမ့်မည် မဟုတ်ပေတကား။(တစ်နည်း)သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အသင်တို့အားယင်း သမုဒ္ဒရာပင်လယ်ထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ရောက်စေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ လေမုန်တိုင်းကို စေလွှတ်တော်မူမည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏သွေဖည်ငြင်းပယ်မှုကြောင့် နစ်မြုပ်စေတော်မူမည်။ ထိုအခါ အသင်တို့သည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ငါအရှင်မြတ်နှင့်ဆန့်ကျင်ပြီး မိမိတို့အဖို့ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင်(ရှာဖွေ)တွေ့ရှိကြလိမ့်မည်မဟုတ်ပေ။ (တစ်နည်း) အသင်တို့သည် မိမိအဖို့ယင်းကိစ္စနှင့်စပ်လျဉ်း၍ ငါ့အားအရေးယူမည့်သူ တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိကြမည်မဟုတ်ပေ။ အသင်တို့သည် (ဤသည့် ပြစ်ဒဏ်များမှ) စိုးရိမ်ခြင်းကင်း၍ နေကြလေသလော။
70۞ وَلَقَدْ كَرَّمْنَا بَنِي آدَمَ وَحَمَلْنَاهُمْ فِي الْبَرِّ وَالْبَحْرِ وَرَزَقْنَاهُم مِّنَ الطَّيِّبَاتِ وَفَضَّلْنَاهُمْ عَلَىٰ كَثِيرٍ مِّمَّنْ خَلَقْنَا تَفْضِيلًا
ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများကို ဂုဏ်သိန်ထူးကဲ မြင့်မြတ်စေတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကုန်းပေါ်၌ (ကုလားအုတ်၊ မြင်း၊ ကုန်းယာဉ်၊ လေယာဉ် ပျံ၊ စသောအစီးအနင်းတို့ကို)လည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌(သင်္ဘော၊ လှေ၊ သမ္ဗန်စသောယာဉ်များကို)လည်းကောင်း၊ စီးနင်းစေတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား (စားသုံးရန်) စင်ကြယ်ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော် မူခဲ့သည်။တစ်ဖန် ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများအနက် များစွာ(သောသက်ရှိသက်မဲ့)တို့ထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့လေသတည်း။
71يَوْمَ نَدْعُو كُلَّ أُنَاسٍ بِإِمَامِهِمْ ۖ فَمَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ فَأُولَٰئِكَ يَقْرَءُونَ كِتَابَهُمْ وَلَا يُظْلَمُونَ فَتِيلًا
အကြင်နေ့တွင် ငါအရှင်မြတ်သည် လူသားအားလုံးတို့ကို ၎င်းတို့၏ရှေ့ဆောင်တို့နှင့်တကွ (မှတ်တမ်းများနှင့်တကွ) ခေါ်ယူတော်မူအံ့။ ထိုအခါ မိမိတို့၏မှတ်တမ်းများကိုမိမိတို့ လက်ယာလက်သို့ ပေးခြင်းခံကြရသော သူတို့မှာမူကားမိမိတို့၏မှတ်တမ်းများကို(ဝမ်းမြောက်ဝမ်းသာ) ဖတ်ကြကုန်အံ့။၎င်းပြင် ထိုသူတို့သည် စိုးစဉ်းမျှပင် မတရားပြုလုပ်ခြင်းကိုခံကြရမည် မဟုတ်ပေ။
72وَمَن كَانَ فِي هَٰذِهِ أَعْمَىٰ فَهُوَ فِي الْآخِرَةِ أَعْمَىٰ وَأَضَلُّ سَبِيلًا
စင်စစ် မည်သူမဆို ဤပစ္စုပ္ပန်လောကီဘဝတွင်မျက်စိကန်းသူဖြစ်ခဲ့လျှင်၊ ထိုသူသည် နောင်တမလွန် ဘဝတွင်လည်း ကန်းသူသည်လည်းကောင်း၊ (မှန်ကန်သောလမ်းမှ) ပို၍ဝေးသူသည်လည်းကောင်း၊ ဖြစ်အံ့သတည်း။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
70အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 70

စူရာ အလ်-အစ်ရာ အာယာသ် 70 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများကို ဂုဏ်သိန်ထူးကဲ မြင့်မြတ်စေတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကုန်းပေါ်၌ (ကုလားအုတ်၊ မြင်း၊…

စူရာ အာယာသ် 70/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 68–72. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers