အလ်-ဗကရ · 225/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
لَّا يُؤَاخِذُكُمُ اللَّهُ بِاللَّغْوِ فِي أَيْمَانِكُمْ وَلَٰكِن يُؤَاخِذُكُم بِمَا كَسَبَتْ قُلُوبُكُمْ ۗ وَاللَّهُ غَفُورٌ حَلِيمٌ ۝٢٢٥
Laa yu`aakhi zukumul laahu billaghwi feee aymaa nikum wa laakiny yu`aakhi zukum bimaa kasabat quloo bukum; wallaahu Ghafoorun Haleem
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏အချည်း နှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့၏စိတ်နှလုံး များက စေ့ဆော်တိုက်တွန်း၍ ကျိန်ဆိုသော ကျိန်ဆိုချက်များ နှင့် စပ်လျဉ်း၍မူ ထိုအရှင်မြတ်သည် အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူ သောအရှင်၊ အလွန် ထောက်ထားညှာတာ တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 223-227 — စူရာ အလ်-ဗကရ

223نِسَاؤُكُمْ حَرْثٌ لَّكُمْ فَأْتُوا حَرْثَكُمْ أَنَّىٰ شِئْتُمْ ۖ وَقَدِّمُوا لِأَنفُسِكُمْ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّكُم مُّلَاقُوهُ ۗ وَبَشِّرِ الْمُؤْمِنِينَ
အသင်တို့၏ ဇနီးမိန်းမများသည် အသင်တို့အဖို့ လယ်ယာမြေ(ပမာပင်) ဖြစ်ပေရာ အသင်တို့သည် မိမိတို့လယ် ယာများသို့ မိမိတို့ ကြိုက်နှစ်သက်ရာနည်းနှင့် သွားလာ (စိုက်ပျိုး)ကြကုန်။ ထို့ပြင် အသင်တို့သည်(နောင်ရေးကို ရှေ့ ရှုကာ) မိမိတို့အကျိုးအလို့ငှာ(ကောင်းမှုကုသိုလ်များကို) တင်ကြို ၍ ပို့ဆောင်(ပြုလုပ်)ကြကုန်။ ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်။ ထို့ပြင် အသင်တို့သည် ထို အရှင်မြတ်၏ရှေ့တော်မှောက်သို့ မုချဝင်ရောက် ကြရမည့်သူ များဖြစ်သည်ကိုလည်း မှတ်ယူကြကုန်၊ ထို့ပြင်(အို-နဗီ) အသင် သည် ယုံကြည်ခြင်းသဒ္ဓါ တရားနှင့်ပြည့်စုံသော မုအ်မင်န် တို့အား ဝမ်းမြောက်ဘွယ်ရာသတင်းကို ပြောကြားပါလေ။
224وَلَا تَجْعَلُوا اللَّهَ عُرْضَةً لِّأَيْمَانِكُمْ أَن تَبَرُّوا وَتَتَّقُوا وَتُصْلِحُوا بَيْنَ النَّاسِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ထို့ပြင် အသင်တို့သည် ကုသိုလ်ကောင်းမှုများ ကို မပြုကြရန်လည်းကောင်း၊ ဒုစရိုက်မှုများကို မကြဉ်ရှောင် ကြရန်လည်းကောင်း၊ လူသားတို့စပ်ကြားတွင် ခိုက်ရန်ဖြစ်ပွားမှု များကိုမဖြန် ဖြေကြရန်လည်ေးကာင်း၊ မိမိတို့၏ကျိန်ဆိုချက် များဖြင့် အလ္လာဟ်အရှင်မြတ်အား ဒိုင်းကြီး�ဖွယ် အကာ အကွယ် မပြုလုပ်ကြကုန်လင့်။ အမှန်သော် ကား အလ္လာဟ် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
225لَّا يُؤَاخِذُكُمُ اللَّهُ بِاللَّغْوِ فِي أَيْمَانِكُمْ وَلَٰكِن يُؤَاخِذُكُم بِمَا كَسَبَتْ قُلُوبُكُمْ ۗ وَاللَّهُ غَفُورٌ حَلِيمٌ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏အချည်း နှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့၏စိတ်နှလုံး များက စေ့ဆော်တိုက်တွန်း၍ ကျိန်ဆိုသော ကျိန်ဆိုချက်များ နှင့် စပ်လျဉ်း၍မူ ထိုအရှင်မြတ်သည် အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူ သောအရှင်၊ အလွန် ထောက်ထားညှာတာ တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
226لِّلَّذِينَ يُؤْلُونَ مِن نِّسَائِهِمْ تَرَبُّصُ أَرْبَعَةِ أَشْهُرٍ ۖ فَإِن فَاءُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
မိမိတို့၏ဇနီးမိန်းမများနှင့် (ကာယသံသဂ္ဂအမှု ပြုကြမည်မဟုတ်ပါဟု) ကျိန်ဆိုသူများအဖို့ လေးလစောင့် ဆိုင်းခွင့်ရှိ၏။ အကယ်၍ ထိုသူတို့သည် (ထိုကဲ့သို့) ကျိန်ဆိုပြီး နောက် (4-လအတွင်း မိမိ တို့၏ကျိန်ဆိုချက်ကို) ပြန်လည်ရုပ် သိမ်းကြပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန် ကရုဏာပြုတော်မူသောအရှင် ဖြစ်တော် မူပေသတည်း။
227وَإِنْ عَزَمُوا الطَّلَاقَ فَإِنَّ اللَّهَ سَمِيعٌ عَلِيمٌ
ထို့ပြင် အကယ်၍သာ ယင်းသူတို့သည်၊ ကွာရှင်း ခြင်းကိုသာ စိတ်ပိုင်းဖြတ်ကြပါလျှင် ဧကန်မုချ အလ္လာဟ် အင်မြတ်သည် (ထိုသူတို့၏ ကျိန်ဆိုချက်တို့ကိုလည်း) အကြွင်းမရှိသိတော်မူသောအရှင်၊ (ထိုသူတို့၏ စိတ်ပြဋ္ဌာန်း ချက်များကိုလည်း) အကြွင်းမရှိ သိတော်မူသောအရှင် ဖြစ် တော်မူလေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
225အာယာသ်

ဘာသာပြန် — အလ်-ဗကရ 225

စူရာ အလ်-ဗကရ အာယာသ် 225 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏အချည်း နှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့၏စိတ်နှလုံး များက…

စူရာ အာယာသ် 225/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 223–227. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers