အလ်-ဗကရ · 226/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
لِّلَّذِينَ يُؤْلُونَ مِن نِّسَائِهِمْ تَرَبُّصُ أَرْبَعَةِ أَشْهُرٍ ۖ فَإِن فَاءُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ ۝٢٢٦
Lillazeena yu`loona min nisaaa`ihim tarabbusu arba`ati ashhurin fain faaa`oo fa innal laaha Ghafoorur Raheem
📖 မြန်မာဘာသာ
မိမိတို့၏ဇနီးမိန်းမများနှင့် (ကာယသံသဂ္ဂအမှု ပြုကြမည်မဟုတ်ပါဟု) ကျိန်ဆိုသူများအဖို့ လေးလစောင့် ဆိုင်းခွင့်ရှိ၏။ အကယ်၍ ထိုသူတို့သည် (ထိုကဲ့သို့) ကျိန်ဆိုပြီး နောက် (4-လအတွင်း မိမိ တို့၏ကျိန်ဆိုချက်ကို) ပြန်လည်ရုပ် သိမ်းကြပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန် ကရုဏာပြုတော်မူသောအရှင် ဖြစ်တော် မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 224-228 — စူရာ အလ်-ဗကရ

224وَلَا تَجْعَلُوا اللَّهَ عُرْضَةً لِّأَيْمَانِكُمْ أَن تَبَرُّوا وَتَتَّقُوا وَتُصْلِحُوا بَيْنَ النَّاسِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ထို့ပြင် အသင်တို့သည် ကုသိုလ်ကောင်းမှုများ ကို မပြုကြရန်လည်းကောင်း၊ ဒုစရိုက်မှုများကို မကြဉ်ရှောင် ကြရန်လည်းကောင်း၊ လူသားတို့စပ်ကြားတွင် ခိုက်ရန်ဖြစ်ပွားမှု များကိုမဖြန် ဖြေကြရန်လည်ေးကာင်း၊ မိမိတို့၏ကျိန်ဆိုချက် များဖြင့် အလ္လာဟ်အရှင်မြတ်အား ဒိုင်းကြီး�ဖွယ် အကာ အကွယ် မပြုလုပ်ကြကုန်လင့်။ အမှန်သော် ကား အလ္လာဟ် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
225لَّا يُؤَاخِذُكُمُ اللَّهُ بِاللَّغْوِ فِي أَيْمَانِكُمْ وَلَٰكِن يُؤَاخِذُكُم بِمَا كَسَبَتْ قُلُوبُكُمْ ۗ وَاللَّهُ غَفُورٌ حَلِيمٌ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏အချည်း နှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့၏စိတ်နှလုံး များက စေ့ဆော်တိုက်တွန်း၍ ကျိန်ဆိုသော ကျိန်ဆိုချက်များ နှင့် စပ်လျဉ်း၍မူ ထိုအရှင်မြတ်သည် အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူ သောအရှင်၊ အလွန် ထောက်ထားညှာတာ တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
226لِّلَّذِينَ يُؤْلُونَ مِن نِّسَائِهِمْ تَرَبُّصُ أَرْبَعَةِ أَشْهُرٍ ۖ فَإِن فَاءُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
မိမိတို့၏ဇနီးမိန်းမများနှင့် (ကာယသံသဂ္ဂအမှု ပြုကြမည်မဟုတ်ပါဟု) ကျိန်ဆိုသူများအဖို့ လေးလစောင့် ဆိုင်းခွင့်ရှိ၏။ အကယ်၍ ထိုသူတို့သည် (ထိုကဲ့သို့) ကျိန်ဆိုပြီး နောက် (4-လအတွင်း မိမိ တို့၏ကျိန်ဆိုချက်ကို) ပြန်လည်ရုပ် သိမ်းကြပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန် ကရုဏာပြုတော်မူသောအရှင် ဖြစ်တော် မူပေသတည်း။
227وَإِنْ عَزَمُوا الطَّلَاقَ فَإِنَّ اللَّهَ سَمِيعٌ عَلِيمٌ
ထို့ပြင် အကယ်၍သာ ယင်းသူတို့သည်၊ ကွာရှင်း ခြင်းကိုသာ စိတ်ပိုင်းဖြတ်ကြပါလျှင် ဧကန်မုချ အလ္လာဟ် အင်မြတ်သည် (ထိုသူတို့၏ ကျိန်ဆိုချက်တို့ကိုလည်း) အကြွင်းမရှိသိတော်မူသောအရှင်၊ (ထိုသူတို့၏ စိတ်ပြဋ္ဌာန်း ချက်များကိုလည်း) အကြွင်းမရှိ သိတော်မူသောအရှင် ဖြစ် တော်မူလေသတည်း။
228وَالْمُطَلَّقَاتُ يَتَرَبَّصْنَ بِأَنفُسِهِنَّ ثَلَاثَةَ قُرُوءٍ ۚ وَلَا يَحِلُّ لَهُنَّ أَن يَكْتُمْنَ مَا خَلَقَ اللَّهُ فِي أَرْحَامِهِنَّ إِن كُنَّ يُؤْمِنَّ بِاللَّهِ وَالْيَوْمِ الْآخِرِ ۚ وَبُعُولَتُهُنَّ أَحَقُّ بِرَدِّهِنَّ فِي ذَٰلِكَ إِنْ أَرَادُوا إِصْلَاحًا ۚ وَلَهُنَّ مِثْلُ الَّذِي عَلَيْهِنَّ بِالْمَعْرُوفِ ۚ وَلِلرِّجَالِ عَلَيْهِنَّ دَرَجَةٌ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
ထို့ပြင် ကွာရှင်းခြင်းခံရသော ဇနီးမိန်းမများ သည် ရာသီပန်းသုံးကြိမ်ပွင့်သည့်တိုင်အောင်(အိမ်ထောင်သစ် ပြုခြင်းမှ)မိမိတို့ကိုယ်ကို ဆိုင်းငံ့ထားကြရမည်။ ထို့ပြင် အကယ် စင်စစ် ထိုဇနီးမိန်းမများသည် အလ္လာဟ်အရှင်မြတ် ကိုလည်း ကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ကြပါလျှင် ထိုဇနီးမိန်းမ များအဖို့ မိမိတို့ သားအိမ်များတွင် အလ္လာဟ် အရှင်မြတ်ဖန်ဆင်း ထားတော်မူသောအရာ (ကိုယ်ဝန်များကို လည်းကောင်း၊ ရာသီပန်းပွင့်ခြင်းကိုလည်းကောင်း၊) ထိန်ချန် လျှို့ဝှက်ထားပိုင်ခွင့် မရှိချေ။ ထို့ပြင် ထိုဇနီးမိန်းမများတို့၏ လင်ယောက်ျားတို့သည် သင့်မြတ်ခြင်းကို ရည်စူးကြပါလျှင် ထို ဇနီးမိန်းမများအား ပြန်လည်သိမ်းပိုက်ရန် အခွင့်အရေး ပို၍ရှိ သူများ ဖြစ်ကြပေသည်။ ထို့ပြင် ထိုဇနီးမိန်းမများအပေါ်ဝယ် တာဝန်များရှိ သကဲ့သို့ ထိုဇနီးမိန်းမများအဘို့လည်း တရား စည်းကမ်းများ အတိုင်း အခွင့်အရေးများလည်း ရှိကြပေသည်။ သို့ပင်တစေ လင်ယောက်ျားတို့ အဖို့မှာကား ထိုဇနီးမိန်းမများ အပေါ်ဝယ် သာလွန်ခြင်းတစ်ရပ်ရှိပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော် မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော် မူသော အရှင် ဖြစ်တော်မူပေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
226အာယာသ်

ဘာသာပြန် — အလ်-ဗကရ 226

စူရာ အလ်-ဗကရ အာယာသ် 226 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မိမိတို့၏ဇနီးမိန်းမများနှင့် (ကာယသံသဂ္ဂအမှု ပြုကြမည်မဟုတ်ပါဟု) ကျိန်ဆိုသူများအဖို့ လေးလစောင့် ဆိုင်းခွင့်ရှိ၏။ အကယ်၍ ထိုသူတို့သည် (ထိုကဲ့သို့) ကျိန်ဆိုပြီး…

စူရာ အာယာသ် 226/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 224–228. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers