📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 390
فَلَمَّا جَآءَهُم مُّوسَىٰ بِـَٔايَٰتِنَا بَيِّنَٰتٍ قَالُواْ مَا هَٰذَآ إِلَّا سِحۡرٌ مُّفۡتَرًى وَمَا سَمِعۡنَا بِهَٰذَا فِيٓ ءَابَآئِنَا ٱلۡأَوَّلِينَ ٣٦ وَقَالَ مُوسَىٰ رَبِّيٓ أَعۡلَمُ بِمَن جَآءَ بِٱلۡهُدَىٰ مِنۡ عِندِهِۦ وَمَن تَكُونُ لَهُۥ عَٰقِبَةُ ٱلدَّارِۚ إِنَّهُۥ لَا يُفۡلِحُ ٱلظَّٰلِمُونَ ٣٧ وَقَالَ فِرۡعَوۡنُ يَٰٓأَيُّهَا ٱلۡمَلَأُ مَا عَلِمۡتُ لَكُم مِّنۡ إِلَٰهٍ غَيۡرِي فَأَوۡقِدۡ لِي يَٰهَٰمَٰنُ عَلَى ٱلطِّينِ فَٱجۡعَل لِّي صَرۡحًا لَّعَلِّيٓ أَطَّلِعُ إِلَىٰٓ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُۥ مِنَ ٱلۡكَٰذِبِينَ ٣٨ وَٱسۡتَكۡبَرَ هُوَ وَجُنُودُهُۥ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَظَنُّوٓاْ أَنَّهُمۡ إِلَيۡنَا لَا يُرۡجَعُونَ ٣٩ فَأَخَذۡنَٰهُ وَجُنُودَهُۥ فَنَبَذۡنَٰهُمۡ فِي ٱلۡيَمِّۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلظَّٰلِمِينَ ٤٠ وَجَعَلۡنَٰهُمۡ أَئِمَّةً يَدۡعُونَ إِلَى ٱلنَّارِۖ وَيَوۡمَ ٱلۡقِيَٰمَةِ لَا يُنصَرُونَ ٤١ وَأَتۡبَعۡنَٰهُمۡ فِي هَٰذِهِ ٱلدُّنۡيَا لَعۡنَةًۖ وَيَوۡمَ ٱلۡقِيَٰمَةِ هُم مِّنَ ٱلۡمَقۡبُوحِينَ ٤٢ وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ مِنۢ بَعۡدِ مَآ أَهۡلَكۡنَا ٱلۡقُرُونَ ٱلۡأُولَىٰ بَصَآئِرَ لِلنَّاسِ وَهُدًى وَرَحۡمَةً لَّعَلَّهُمۡ يَتَذَكَّرُونَ ٤٣
28:36
فَلَمَّا جَآءَهُم مُّوسَىٰ بِـَٔايَٰتِنَا بَيِّنَٰتٍ قَالُواْ مَا هَٰذَآ إِلَّا سِحۡرٌ مُّفۡتَرًى وَمَا سَمِعۡنَا بِهَٰذَا فِيٓ ءَابَآئِنَا ٱلۡأَوَّلِينَ ٣٦
ထို့နောက် မူစာသည် ၎င်းတို့ထံ ငါအရှင်မြတ်၏ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ဆောင်ကြဉ်းခဲ့လေရာ ၎င်းတို့က ‘ဤသည် အသစ်တီထွင်ဖန်တီးထားသော ပဉ္စလက်အတတ်မျှသာ ဖြစ်သည်။ စင်စစ် ကျွန်ုပ်တို့သည် မိမိတို့၏ ရှေးဟောင်း အဘ၊ ဘိုးဘေးတို့(လက်ထက်)တွင် ဤသို့သောစကား (ရှိခဲ့ဖူးသည်ဟူ၍လည်း) မကြားခဲ့ဖူးကြပါဟု ဆိုကြကုန်၏။
28:37
وَقَالَ مُوسَىٰ رَبِّيٓ أَعۡلَمُ بِمَن جَآءَ بِٱلۡهُدَىٰ مِنۡ عِندِهِۦ وَمَن تَكُونُ لَهُۥ عَٰقِبَةُ ٱلدَّارِۚ إِنَّهُۥ لَا يُفۡلِحُ ٱلظَّٰلِمُونَ ٣٧
၎င်းပြင် မူစာက ပြောကြားခဲ့၏။ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအထံတော်မှ မည်သူတရားလမ်းညွှန်ကို ဆောင်ကြဉ်းခဲ့သည်ကို လည်းကောင်း၊ဤလောကီဘဝ၏ နောက်ဆုံးအကျိုးသည် မည်သူ့အဖို့ရှိမည်ကို လည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ ဧကန်အမှန် မတရားကျူးလွန်သောသူတို့သည် အောင်မြင်မှုကိုရရှိကြမည် မဟုတ်ပေတကား။
28:38
وَقَالَ فِرۡعَوۡنُ يَٰٓأَيُّهَا ٱلۡمَلَأُ مَا عَلِمۡتُ لَكُم مِّنۡ إِلَٰهٍ غَيۡرِي فَأَوۡقِدۡ لِي يَٰهَٰمَٰنُ عَلَى ٱلطِّينِ فَٱجۡعَل لِّي صَرۡحًا لَّعَلِّيٓ أَطَّلِعُ إِلَىٰٓ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُۥ مِنَ ٱلۡكَٰذِبِينَ ٣٨
ထို့ပြင် ဖစ်ရ်အောင်န်က ပြောဆိုလေ၏။ အို-မှူးမတ်တို့၊ ကျွန်ုပ်သည် မိမိအပြင် အသင်တို့၌ အခြားကိုးကွယ်ရာရှိသည် ဟူ၍မသိပေ။ သို့ဖြစ်ပေရာ အို-’ဟာမာန်’၊ အသင်သည် ကျွန်ုပ်၏အဖို့ ရွှံ့မြေကို မီးဖြင့်ဖုတ်ပြီးလျှင် ကျွန်ုပ်၏အဖို့ မြင့်မားသော အဆောက်အအုံတစ်ခုကို ပြုလုပ်လော့။သို့မှသာလျှင် ကျွန်ုပ်သည် မူစာ၏ကိုးကွယ်ရာ အရှင်အား ကြည့်ရှုနိုင်ပေမည်။ သို့ရာတွင် ဧကန်မလွဲ ကျွန်ုပ်သည် ထိုမူစာအား မုသာဝါဒီဖြစ်သည်ဟူ၍ ထင်မှတ်ပေသည်။
28:39
وَٱسۡتَكۡبَرَ هُوَ وَجُنُودُهُۥ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَظَنُّوٓاْ أَنَّهُمۡ إِلَيۡنَا لَا يُرۡجَعُونَ ٣٩
စင်စစ်သော်ကား ထိုဖစ်ရ်အောင်န်သည် လည်းကောင်း၊ ဖစ်ရ်အောင်န်၏ရဲမက်တို့သည် လည်းကောင်း၊ တိုင်းပြည်တွင် မတရားသဖြင့် မာန်မာနထောင်လွှားခဲ့ကြသည် သာမက၊ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်ရှိကြရမည် မဟုတ်ဟု ထင်မှတ်နေခဲ့ကြကုန်၏။
28:40
فَأَخَذۡنَٰهُ وَجُنُودَهُۥ فَنَبَذۡنَٰهُمۡ فِي ٱلۡيَمِّۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلظَّٰلِمِينَ ٤٠
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုဖစ်ရ်အောင်န်အား လည်းကောင်း၊ ထိုဖိရ်အောင်(န်)၏ရဲမက်တို့အား လည်းကောင်း၊ ဖမ်းဆီးကာ သမုဒ္ဒရာပင်လယ်ထဲ၌ ပစ်ချတော်မူခဲ့၏။သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) မတရားသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံ ရှိခဲ့သည်ကို အသင်သည် ကြည့်ရှုပါလေ။
28:41
وَجَعَلۡنَٰهُمۡ أَئِمَّةً يَدۡعُونَ إِلَى ٱلنَّارِۖ وَيَوۡمَ ٱلۡقِيَٰمَةِ لَا يُنصَرُونَ ٤١
စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား ငရဲသို့ဖိတ်ခေါ်ကြကုန်သော ရှေ့ဆောင်ရှေ့ရပ်များအဖြစ် ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ‘ကိယာမတ်’ ရှင်ပြန် ထမည့်နေ့တွင်ထိုသူတို့သည် ကူညီစောင်မခြင်းကို လုံးဝခံကြရမည်မဟုတ်ပေ။
28:42
وَأَتۡبَعۡنَٰهُمۡ فِي هَٰذِهِ ٱلدُّنۡيَا لَعۡنَةًۖ وَيَوۡمَ ٱلۡقِيَٰمَةِ هُم مِّنَ ٱلۡمَقۡبُوحِينَ ٤٢
စင်စစ် ငါအရှင်မြတ်သည် ဤပစ္စုပ္ပန်လောက၌လည်း က�ုဏာတော်မှ ကင်းဝေးမှုကို ၎င်းတို့၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါစေတော်မူခဲ့၏။ ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်လည်း ၎င်းတို့သည် အခြေအနေ အလွန်ဆိုးရွားသူတို့အနက်မှပင် ဖြစ်ကြကုန်အံ့သတည်း။
28:43
وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ مِنۢ بَعۡدِ مَآ أَهۡلَكۡنَا ٱلۡقُرُونَ ٱلۡأُولَىٰ بَصَآئِرَ لِلنَّاسِ وَهُدًى وَرَحۡمَةً لَّعَلَّهُمۡ يَتَذَكَّرُونَ ٤٣
၎င်းပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် ရှေးဟောင်းမျိုးဆက်များကို ဖျက်ဆီးတော်မူခဲ့ပြီးနောက် လူတို့အဖို့ တရားရကြအံ့သောငှာ ထင်ရှားစွာသော သက်သေခံများ အဖြစ်လည်းကောင်း၊ တရားလမ်းညွှန် အဖြစ်လည်းကောင်း၊ကရုဏာတော် အဖြစ်လည်းကောင်း၊ ငါအရှင်မြတ်သည် မူစာအား ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, August 26, 2026
Don't forget us in your sincere prayers







