အလ်-ကစာစ် · 41/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
وَجَعَلْنَاهُمْ أَئِمَّةً يَدْعُونَ إِلَى النَّارِ ۖ وَيَوْمَ الْقِيَامَةِ لَا يُنصَرُونَ ۝٤١
Wa ja`alnaahum a`immatany yad`oona ilan Naari wa Yawmal Qiyaamati laa yunsaroon
📖 မြန်မာဘာသာ
စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား ငရဲသို့ဖိတ်ခေါ်ကြကုန်သော ရှေ့ဆောင်ရှေ့ရပ်များအဖြစ် ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ‘ကိယာမတ်’ ရှင်ပြန် ထမည့်နေ့တွင်ထိုသူတို့သည် ကူညီစောင်မခြင်းကို လုံးဝခံကြရမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 39-43 — စူရာ အလ်-ကစာစ်

39وَاسْتَكْبَرَ هُوَ وَجُنُودُهُ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَظَنُّوا أَنَّهُمْ إِلَيْنَا لَا يُرْجَعُونَ
စင်စစ်သော်ကား ထိုဖစ်ရ်အောင်န်သည် လည်းကောင်း၊ ဖစ်ရ်အောင်န်၏ရဲမက်တို့သည် လည်းကောင်း၊ တိုင်းပြည်တွင် မတရားသဖြင့် မာန်မာနထောင်လွှားခဲ့ကြသည် သာမက၊ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်ရှိကြရမည် မဟုတ်ဟု ထင်မှတ်နေခဲ့ကြကုန်၏။
40فَأَخَذْنَاهُ وَجُنُودَهُ فَنَبَذْنَاهُمْ فِي الْيَمِّ ۖ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الظَّالِمِينَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုဖစ်ရ်အောင်န်အား လည်းကောင်း၊ ထိုဖိရ်အောင်(န်)၏ရဲမက်တို့အား လည်းကောင်း၊ ဖမ်းဆီးကာ သမုဒ္ဒရာပင်လယ်ထဲ၌ ပစ်ချတော်မူခဲ့၏။သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) မတရားသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံ ရှိခဲ့သည်ကို အသင်သည် ကြည့်ရှုပါလေ။
41وَجَعَلْنَاهُمْ أَئِمَّةً يَدْعُونَ إِلَى النَّارِ ۖ وَيَوْمَ الْقِيَامَةِ لَا يُنصَرُونَ
စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား ငရဲသို့ဖိတ်ခေါ်ကြကုန်သော ရှေ့ဆောင်ရှေ့ရပ်များအဖြစ် ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ‘ကိယာမတ်’ ရှင်ပြန် ထမည့်နေ့တွင်ထိုသူတို့သည် ကူညီစောင်မခြင်းကို လုံးဝခံကြရမည်မဟုတ်ပေ။
42وَأَتْبَعْنَاهُمْ فِي هَٰذِهِ الدُّنْيَا لَعْنَةً ۖ وَيَوْمَ الْقِيَامَةِ هُم مِّنَ الْمَقْبُوحِينَ
စင်စစ် ငါအရှင်မြတ်သည် ဤပစ္စုပ္ပန်လောက၌လည်း က�ုဏာတော်မှ ကင်းဝေးမှုကို ၎င်းတို့၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါစေတော်မူခဲ့၏။ ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်လည်း ၎င်းတို့သည် အခြေအနေ အလွန်ဆိုးရွားသူတို့အနက်မှပင် ဖြစ်ကြကုန်အံ့သတည်း။
43وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ مِن بَعْدِ مَا أَهْلَكْنَا الْقُرُونَ الْأُولَىٰ بَصَائِرَ لِلنَّاسِ وَهُدًى وَرَحْمَةً لَّعَلَّهُمْ يَتَذَكَّرُونَ
၎င်းပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် ရှေးဟောင်းမျိုးဆက်များကို ဖျက်ဆီးတော်မူခဲ့ပြီးနောက် လူတို့အဖို့ တရားရကြအံ့သောငှာ ထင်ရှားစွာသော သက်သေခံများ အဖြစ်လည်းကောင်း၊ တရားလမ်းညွှန် အဖြစ်လည်းကောင်း၊ကရုဏာတော် အဖြစ်လည်းကောင်း၊ ငါအရှင်မြတ်သည် မူစာအား ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
41အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 41

စူရာ အလ်-ကစာစ် အာယာသ် 41 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား ငရဲသို့ဖိတ်ခေါ်ကြကုန်သော ရှေ့ဆောင်ရှေ့ရပ်များအဖြစ် ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ‘ကိယာမတ်’ ရှင်ပြန် ထမည့်နေ့တွင်ထိုသူတို့သည်…

စူရာ အာယာသ် 41/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 39–43. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers