📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 54
يَوۡمَ تَجِدُ كُلُّ نَفۡسٍ مَّا عَمِلَتۡ مِنۡ خَيۡرٍ مُّحۡضَرًا وَمَا عَمِلَتۡ مِن سُوٓءٍ تَوَدُّ لَوۡ أَنَّ بَيۡنَهَا وَبَيۡنَهُۥٓ أَمَدَۢا بَعِيدًاۗ وَيُحَذِّرُكُمُ ٱللَّهُ نَفۡسَهُۥۗ وَٱللَّهُ رَءُوفُۢ بِٱلۡعِبَادِ  ۝٣٠ قُلۡ إِن كُنتُمۡ تُحِبُّونَ ٱللَّهَ فَٱتَّبِعُونِي يُحۡبِبۡكُمُ ٱللَّهُ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۚ وَٱللَّهُ غَفُورٌ رَّحِيمٌ  ۝٣١ قُلۡ أَطِيعُواْ ٱللَّهَ وَٱلرَّسُولَۖ فَإِن تَوَلَّوۡاْ فَإِنَّ ٱللَّهَ لَا يُحِبُّ ٱلۡكَٰفِرِينَ  ۝٣٢ ۞ إِنَّ ٱللَّهَ ٱصۡطَفَىٰٓ ءَادَمَ وَنُوحًا وَءَالَ إِبۡرَٰهِيمَ وَءَالَ عِمۡرَٰنَ عَلَى ٱلۡعَٰلَمِينَ  ۝٣٣ ذُرِّيَّةَۢ بَعۡضُهَا مِنۢ بَعۡضٍۗ وَٱللَّهُ سَمِيعٌ عَلِيمٌ  ۝٣٤ إِذۡ قَالَتِ ٱمۡرَأَتُ عِمۡرَٰنَ رَبِّ إِنِّي نَذَرۡتُ لَكَ مَا فِي بَطۡنِي مُحَرَّرًا فَتَقَبَّلۡ مِنِّيٓۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلۡعَلِيمُ  ۝٣٥ فَلَمَّا وَضَعَتۡهَا قَالَتۡ رَبِّ إِنِّي وَضَعۡتُهَآ أُنثَىٰ وَٱللَّهُ أَعۡلَمُ بِمَا وَضَعَتۡ وَلَيۡسَ ٱلذَّكَرُ كَٱلۡأُنثَىٰۖ وَإِنِّي سَمَّيۡتُهَا مَرۡيَمَ وَإِنِّيٓ أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ ٱلشَّيۡطَٰنِ ٱلرَّجِيمِ  ۝٣٦ فَتَقَبَّلَهَا رَبُّهَا بِقَبُولٍ حَسَنٍ وَأَنۢبَتَهَا نَبَاتًا حَسَنًا وَكَفَّلَهَا زَكَرِيَّاۖ كُلَّمَا دَخَلَ عَلَيۡهَا زَكَرِيَّا ٱلۡمِحۡرَابَ وَجَدَ عِندَهَا رِزۡقًاۖ قَالَ يَٰمَرۡيَمُ أَنَّىٰ لَكِ هَٰذَاۖ قَالَتۡ هُوَ مِنۡ عِندِ ٱللَّهِۖ إِنَّ ٱللَّهَ يَرۡزُقُ مَن يَشَآءُ بِغَيۡرِ حِسَابٍ  ۝٣٧
3:30
يَوۡمَ تَجِدُ كُلُّ نَفۡسٍ مَّا عَمِلَتۡ مِنۡ خَيۡرٍ مُّحۡضَرًا وَمَا عَمِلَتۡ مِن سُوٓءٍ تَوَدُّ لَوۡ أَنَّ بَيۡنَهَا وَبَيۡنَهُۥٓ أَمَدَۢا بَعِيدًاۗ وَيُحَذِّرُكُمُ ٱللَّهُ نَفۡسَهُۥۗ وَٱللَّهُ رَءُوفُۢ بِٱلۡعِبَادِ  ۝٣٠
အကြင်နေ့၌ လူတိုင်းလူတိုင်းသည် မိမိ ပြုလုပ်ခဲ့သမျှသောကောင်းမှုသုစရိုက်များကိုလည်းကောင်း၊ မိမိတို့ပြုလုပ်ခဲ့ သမျှသောမကောင်းမှု ဒုစရိုက်များကိုလည်းကောင်း(မိမိတို့) ရှေ့မှောက်တွင် အဆင်သင့်တွေ့ရှိကြလတ္တံ့။ ထိုအခါယင်းသူတို့သည် (မိမိတို့ ပြုကျင့်ခဲ့လေသော ဒုစရိုက်များကိုမမြင်လိုကြသဖြင့်) အကယ်၍သာ ယင်းသူတို့နှင့် ထို့နေ့၏စပ်ကြားဝယ် ကမ်းလှမ်း ဝေးကွာလှစွာသော ခရီးစခမ်းရှိနေပါလျှင် ကောင်းလေ စွတကား ဟုတောင့်တကြကုန်အံ့။ တဖန်အလ္လာဟ် အရှင်မြတ်သည် မိမိ(၏အပြစ်ဒဏ်တော်)ကိုကြောက်ရွံ့စေရန်) အသင်တို့အား သတိပေး နှိုးဆော်တော်မူသည်။အကြောင်းတမူကား အလ္လာဟ် အရှင်မြတ်သည် (မိမိ)ကျွန်များကို အလွန် သနား ညှာတာတော်မူသောအရှင် ဖြစ်တော်မူသတည်း။
3:31
قُلۡ إِن كُنتُمۡ تُحِبُّونَ ٱللَّهَ فَٱتَّبِعُونِي يُحۡبِبۡكُمُ ٱللَّهُ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۚ وَٱللَّهُ غَفُورٌ رَّحِيمٌ  ۝٣١
(အို-နဗီတမန်တော်) အသင်သည် (လူခပင်းတို့အား ဤသို့) ပြောကြားပါလေ။ အကယ်၍ အသင်တို့သည်အလ္လာဟ်အရှင်မြတ်အား ချစ်ကြည် မြတ်နိုးကြပါမူ ငါ၏အမိန့်ဩဝါဒများကို အစဉ် တစိုက်လိုက်နာကြကုန်။ (သို့မှသာလျှင်)အသင်တို့ အား အလ္လာဟ်အရှင်မြတ်သည် ချစ်ကြည်မြတ်နိုးတော်မူအံ့။ ထို့ပြင်တဝ ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကိုလည်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးသနားတော်မူအံ့။ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် (အပြစ်များမှ) အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အစဉ်သနားညှာတာတော်မူသော မဟာကရုဏာ တော်ရှင် ဖြစ်တော်မူသတည်း။
3:32
قُلۡ أَطِيعُواْ ٱللَّهَ وَٱلرَّسُولَۖ فَإِن تَوَلَّوۡاْ فَإِنَّ ٱللَّهَ لَا يُحِبُّ ٱلۡكَٰفِرِينَ  ۝٣٢
အသင်သည် (ယင်းသူတို့အား) ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ (တသဝေမသိမ်း) လိုက်နာ ကြကုန်။ တဖန်အကယ်၍ ယင်းသူတို့သည် သွေဖည် ကျောခိုင်း၍ လွှဲရှောင်သွားကြပါမူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့)မယုံ မကြည် သွေဖည်ငြင်းပယ်သော ကာဖိရ် တို့ကိုကားနှစ်သက်တော်မမူချေ။
3:33
۞ إِنَّ ٱللَّهَ ٱصۡطَفَىٰٓ ءَادَمَ وَنُوحًا وَءَالَ إِبۡرَٰهِيمَ وَءَالَ عِمۡرَٰنَ عَلَى ٱلۡعَٰلَمِينَ  ۝٣٣
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အာဒမ်ကိုလည်းကောင်း၊ (နဗီတမန်တော်)နူဟ်ကိုလည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏အဆက်အနွယ်ကိုလည်းကောင်း၊ အင်(မ်)ရာန်၏ အဆက်အနွယ်ကိုလည်းကောင်း၊ စကြာဝဠာခပ်သိမ်းတို့အပေါ်ဝယ်ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။
3:34
ذُرِّيَّةَۢ بَعۡضُهَا مِنۢ بَعۡضٍۗ وَٱللَّهُ سَمِيعٌ عَلِيمٌ  ۝٣٤
ယင်းသူတို့အနက် အချို့သောသူတို့သည်အချို့သောသူတို့၏ သားစဉ်မြေးဆက်များပင် ဖြစ်ကြပေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။
3:35
إِذۡ قَالَتِ ٱمۡرَأَتُ عِمۡرَٰنَ رَبِّ إِنِّي نَذَرۡتُ لَكَ مَا فِي بَطۡنِي مُحَرَّرًا فَتَقَبَّلۡ مِنِّيٓۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلۡعَلِيمُ  ۝٣٥
(ပြန်လည်အောက်မေ့သတိရကြကုန်) အခါတပါး၌ (မရ်ယမ်သခင်မ၏ဘခင်) အင်(မ်)ရာန်၏ ဇနီးမိန်းမက (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားခဲ့၏။ အို-ကျွန်တော်မျိုးမအား မွေးမြူတော်မူသောအရှင်မြတ်။ စင်စစ်ဧကန် ကျွန်တော်မျိုးမသည် အရှင်မြတ်အဖို့ မိမိဝမ်းတွင်း၌ရှိသောကလေးကို အရှင်မြတ်အားသာ(ဝတ်ပြုနိုင်စေခြင်းငှာ) လွတ်လပ်စွာထားရှိရန် အတွက်ဓိဋ္ဌာန်ပြုပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ယင်း(ဓိဋ္ဌာန်ချက်ကို) ကျွန်တော်မျိုးမ၏ အထံမှ သဘောတူလက်ခံတော်မူပါ။မုချဧကန် အရှင်မြတ်သည် အကြွင်းမဲ့ ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။
3:36
فَلَمَّا وَضَعَتۡهَا قَالَتۡ رَبِّ إِنِّي وَضَعۡتُهَآ أُنثَىٰ وَٱللَّهُ أَعۡلَمُ بِمَا وَضَعَتۡ وَلَيۡسَ ٱلذَّكَرُ كَٱلۡأُنثَىٰۖ وَإِنِّي سَمَّيۡتُهَا مَرۡيَمَ وَإِنِّيٓ أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ ٱلشَّيۡطَٰنِ ٱلرَّجِيمِ  ۝٣٦
တစ်ဖန် ထို(အင်(မ်)ရာန်၏ဇနီးမိန်းမ)သည်ထို(သန္ဓေ)ကို သမီးမိန်းကလေး ဖွားမြင်ခဲ့လေရာ (ဝမ်းနည်းစွာဖြင့်) အို-ကျွန်တော်မျိုးမအား မွေးမြူတော်မူသောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်တော်မျိုးမသည် ထိုသန္ဓေကိုသမီးမိန်းကလေး ဖွားမြင်ပါပြီ။ အမှန်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ထိုသူမဖွားမြင်ခဲ့သည်ကို ပိုမို၍ သိရှိတော်မူ၏။ သို့ရာတွင် (ထိုသူမလိုလားသော) ယောက်ျားလေး မူကား(မည်သည့်နည်းနှင့်မျှ) ဤ(ဖွားမြင်လေသော) သမီးမိန်းကလေးကဲ့သို့ မဟုတ်ချေ။ ထို့ပြင်တဝ မုချဧကန် ကျွန်တော်မျိုးမသည်ထိုသမီးမိန်းကလေးကို မရ်ယမ် ဟူ၍ အမည် မှည့်ခေါ်ပါပြီ။ထို့ပြင် ထိုသူမကိုလည်းကောင်း၊ ထိုသူမ၏ ားသမီးများကိုလည်းကောင်း၊ နှင်ထုတ်ခြင်းခံရသော ရှိုင်တွာန် ၏ အနှောင့်အယှက်များမှ ကာကွယ်စောင့်ထိန်းတော် မူပါရန် အရှင်မြတ်အားအပ်နှံပါ၏ ဟု လျှောက်ထားပန်ကြားလေသည်။
3:37
فَتَقَبَّلَهَا رَبُّهَا بِقَبُولٍ حَسَنٍ وَأَنۢبَتَهَا نَبَاتًا حَسَنًا وَكَفَّلَهَا زَكَرِيَّاۖ كُلَّمَا دَخَلَ عَلَيۡهَا زَكَرِيَّا ٱلۡمِحۡرَابَ وَجَدَ عِندَهَا رِزۡقًاۖ قَالَ يَٰمَرۡيَمُ أَنَّىٰ لَكِ هَٰذَاۖ قَالَتۡ هُوَ مِنۡ عِندِ ٱللَّهِۖ إِنَّ ٱللَّهَ يَرۡزُقُ مَن يَشَآءُ بِغَيۡرِ حِسَابٍ  ۝٣٧
ထို့နောက် ထို(မရ်ယမ်)အား ၎င်းကိုမွေးမြူတော်မူသောအသျှင်သည် ကောင်းမွန်သောလက်ခံ ခြင်းမျိုးနှင့်သဘောတူလက်ခံတော်မူ၍ ကောင်းမွန်သော ကြီးပြင်းဖွံ့ဖြိုးခြင်း နည်းမျိုးဖြင့် ကြီးပြင်း ဖွံ့ဖြိုးစေတော်မူ၏။ ၎င်းပြင်ထိုအရှင်မြတ်သည် တမန်တော် ဇကရိယာအား ထိုမိန်းကလေးကို ထိန်းသိမ်းစောင့်ရှောက်စေတော်မူခဲ့၏။ တမန်တော် ဇကရိယာသည် ထိုမရ်ယမ်အား ကြည့်ရှုရန် ၎င်း၏အဆောင်အတွင်းသို့ ဝင်ရောက် သည့်အခါတိုင်း၌ ထို(မရ်ယမ်)၏အနီး၌ စားဘွယ် များကိုတွေ့ရှိရသဖြင့် အို-မရ်ယမ်၊ဤစားဘွယ် ဘောဇဉ်များသည် အသင့်ထံ အဘယ်မှ ရောက်ရှိလာပါသနည်းဟု မေးမြန်းလေသည်။ ထိုအခါ (မရ်ယမ်)ကထိုစားဖွယ်များသည် အလ္လာဟ်အရှင်မြတ် အထံတော်မှဖြစ်ပါသည် ဟု ဖြေကြားခဲ့လေသည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူများကို မခန့်မှန်းမချင့် တွက်နိုင်လောက်အောင် စားနပ်ရိက္ခာများကို အသချေင်္အသချင်္ာပေးသနား တော်မူလေသတည်း။


📚Juz 3 📄54 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Friday, August 21, 2026

Don't forget us in your sincere prayers