အာလ်-အိမရာန် · 34/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
ذُرِّيَّةً بَعْضُهَا مِن بَعْضٍ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ ۝٣٤
Zurriyyatam ba`duhaa mim ba`d; wallaahu Samee`un `Aleem
📖 မြန်မာဘာသာ
ယင်းသူတို့အနက် အချို့သောသူတို့သည်အချို့သောသူတို့၏ သားစဉ်မြေးဆက်များပင် ဖြစ်ကြပေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 32-36 — စူရာ အာလ်-အိမရာန်

32قُلْ أَطِيعُوا اللَّهَ وَالرَّسُولَ ۖ فَإِن تَوَلَّوْا فَإِنَّ اللَّهَ لَا يُحِبُّ الْكَافِرِينَ
အသင်သည် (ယင်းသူတို့အား) ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ (တသဝေမသိမ်း) လိုက်နာ ကြကုန်။ တဖန်အကယ်၍ ယင်းသူတို့သည် သွေဖည် ကျောခိုင်း၍ လွှဲရှောင်သွားကြပါမူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့)မယုံ မကြည် သွေဖည်ငြင်းပယ်သော ကာဖိရ် တို့ကိုကားနှစ်သက်တော်မမူချေ။
33۞ إِنَّ اللَّهَ اصْطَفَىٰ آدَمَ وَنُوحًا وَآلَ إِبْرَاهِيمَ وَآلَ عِمْرَانَ عَلَى الْعَالَمِينَ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အာဒမ်ကိုလည်းကောင်း၊ (နဗီတမန်တော်)နူဟ်ကိုလည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏အဆက်အနွယ်ကိုလည်းကောင်း၊ အင်(မ်)ရာန်၏ အဆက်အနွယ်ကိုလည်းကောင်း၊ စကြာဝဠာခပ်သိမ်းတို့အပေါ်ဝယ်ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။
34ذُرِّيَّةً بَعْضُهَا مِن بَعْضٍ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ယင်းသူတို့အနက် အချို့သောသူတို့သည်အချို့သောသူတို့၏ သားစဉ်မြေးဆက်များပင် ဖြစ်ကြပေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။
35إِذْ قَالَتِ امْرَأَتُ عِمْرَانَ رَبِّ إِنِّي نَذَرْتُ لَكَ مَا فِي بَطْنِي مُحَرَّرًا فَتَقَبَّلْ مِنِّي ۖ إِنَّكَ أَنتَ السَّمِيعُ الْعَلِيمُ
(ပြန်လည်အောက်မေ့သတိရကြကုန်) အခါတပါး၌ (မရ်ယမ်သခင်မ၏ဘခင်) အင်(မ်)ရာန်၏ ဇနီးမိန်းမက (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားခဲ့၏။ အို-ကျွန်တော်မျိုးမအား မွေးမြူတော်မူသောအရှင်မြတ်။ စင်စစ်ဧကန် ကျွန်တော်မျိုးမသည် အရှင်မြတ်အဖို့ မိမိဝမ်းတွင်း၌ရှိသောကလေးကို အရှင်မြတ်အားသာ(ဝတ်ပြုနိုင်စေခြင်းငှာ) လွတ်လပ်စွာထားရှိရန် အတွက်ဓိဋ္ဌာန်ပြုပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ယင်း(ဓိဋ္ဌာန်ချက်ကို) ကျွန်တော်မျိုးမ၏ အထံမှ သဘောတူလက်ခံတော်မူပါ။မုချဧကန် အရှင်မြတ်သည် အကြွင်းမဲ့ ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။
36فَلَمَّا وَضَعَتْهَا قَالَتْ رَبِّ إِنِّي وَضَعْتُهَا أُنثَىٰ وَاللَّهُ أَعْلَمُ بِمَا وَضَعَتْ وَلَيْسَ الذَّكَرُ كَالْأُنثَىٰ ۖ وَإِنِّي سَمَّيْتُهَا مَرْيَمَ وَإِنِّي أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ الشَّيْطَانِ الرَّجِيمِ
တစ်ဖန် ထို(အင်(မ်)ရာန်၏ဇနီးမိန်းမ)သည်ထို(သန္ဓေ)ကို သမီးမိန်းကလေး ဖွားမြင်ခဲ့လေရာ (ဝမ်းနည်းစွာဖြင့်) အို-ကျွန်တော်မျိုးမအား မွေးမြူတော်မူသောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်တော်မျိုးမသည် ထိုသန္ဓေကိုသမီးမိန်းကလေး ဖွားမြင်ပါပြီ။ အမှန်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ထိုသူမဖွားမြင်ခဲ့သည်ကို ပိုမို၍ သိရှိတော်မူ၏။ သို့ရာတွင် (ထိုသူမလိုလားသော) ယောက်ျားလေး မူကား(မည်သည့်နည်းနှင့်မျှ) ဤ(ဖွားမြင်လေသော) သမီးမိန်းကလေးကဲ့သို့ မဟုတ်ချေ။ ထို့ပြင်တဝ မုချဧကန် ကျွန်တော်မျိုးမသည်ထိုသမီးမိန်းကလေးကို မရ်ယမ် ဟူ၍ အမည် မှည့်ခေါ်ပါပြီ။ထို့ပြင် ထိုသူမကိုလည်းကောင်း၊ ထိုသူမ၏ ားသမီးများကိုလည်းကောင်း၊ နှင်ထုတ်ခြင်းခံရသော ရှိုင်တွာန် ၏ အနှောင့်အယှက်များမှ ကာကွယ်စောင့်ထိန်းတော် မူပါရန် အရှင်မြတ်အားအပ်နှံပါ၏ ဟု လျှောက်ထားပန်ကြားလေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
34အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 34

စူရာ အာလ်-အိမရာန် အာယာသ် 34 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ယင်းသူတို့အနက် အချို့သောသူတို့သည်အချို့သောသူတို့၏ သားစဉ်မြေးဆက်များပင် ဖြစ်ကြပေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။

စူရာ အာယာသ် 34/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 32–36. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers