အာလ်-အိမရာန် · 35/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
إِذْ قَالَتِ امْرَأَتُ عِمْرَانَ رَبِّ إِنِّي نَذَرْتُ لَكَ مَا فِي بَطْنِي مُحَرَّرًا فَتَقَبَّلْ مِنِّي ۖ إِنَّكَ أَنتَ السَّمِيعُ الْعَلِيمُ ۝٣٥
Iz qaalatim ra atu `Imraana Rabbi innee nazartu laka maa fee batnee muharraran fataqabbal minnee innaka Antas Samee`ul `Aleem
📖 မြန်မာဘာသာ
(ပြန်လည်အောက်မေ့သတိရကြကုန်) အခါတပါး၌ (မရ်ယမ်သခင်မ၏ဘခင်) အင်(မ်)ရာန်၏ ဇနီးမိန်းမက (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားခဲ့၏။ အို-ကျွန်တော်မျိုးမအား မွေးမြူတော်မူသောအရှင်မြတ်။ စင်စစ်ဧကန် ကျွန်တော်မျိုးမသည် အရှင်မြတ်အဖို့ မိမိဝမ်းတွင်း၌ရှိသောကလေးကို အရှင်မြတ်အားသာ(ဝတ်ပြုနိုင်စေခြင်းငှာ) လွတ်လပ်စွာထားရှိရန် အတွက်ဓိဋ္ဌာန်ပြုပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ယင်း(ဓိဋ္ဌာန်ချက်ကို) ကျွန်တော်မျိုးမ၏ အထံမှ သဘောတူလက်ခံတော်မူပါ။မုချဧကန် အရှင်မြတ်သည် အကြွင်းမဲ့ ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ

  • نَذَرْتُ (နဇရ်သု) — ငါသည် သစ္စာကတိပြုခဲ့သည်၊ ဆန္ဒသစ္စာပြုခဲ့သည်။
  • مُحَرَّرًا (မုဟရ်ရရန်) — လွတ်လပ်စွာ သီးသန့်ဖြစ်သော၊ အခြားအရာများမှ ကင်းလွတ်၍ အလ္လာဟ်အရှင်မြတ်၏ ဝတ်ပြုမှုအတွက်သာ သီးသန့်ဖြစ်သော။
  • فَتَقَبَّلْ (ဖသနကဗ်ဗလ်) — ထို့ကြောင့် အရှင်မြတ်သည် ကျွန်ုပ်ထံမှ လက်ခံတော်မူပါ။
  • السَّمِيعُ (အစ္စမာအီအု) — အလုံးစုံကို ကြားတော်မူသောအရှင်။
  • الْعَلِيمُ (အလ်အလီမု) — အလုံးစုံကို သိတော်မူသောအရှင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

(အို—တမန်တော်မုဟမ္မဒ်) အသင်သည် အိမ်ရာန်၏ဇနီး (မရ်ယမ်၏မိခင်) ပြောခဲ့သော စကားကို ပြန်လည်သတိရပါ။ သူမက “အို—ကျွန်ုပ်၏အရှင်မြတ်၊ ကျွန်ုပ်၏ဝမ်းထဲ၌ ရှိသောသန္တာန်ကို အရှင်မြတ်၏ဝတ်ပြုမှုအတွက်သာ သီးသန့်ဖြစ်စေလျက် သစ္စာကတိပြုပါသည်။ ထို့ကြောင့် ကျွန်ုပ်ထံမှ လက်ခံတော်မူပါ။ ဧကန်စင်စစ် အရှင်မြတ်သည် ကြားတော်မူသောအရှင်၊ သိတော်မူသောအရှင် ဖြစ်တော်မူပါသည်” ဟု လျှောက်ထားခဲ့သည်။

ထိုအချိန်က အိမ်ရာန်၏ဇနီးသည် ကိုယ်ဝန်ဆောင်ရှိစဉ် မိမိဝမ်းထဲရှိ သန္တာန်ကို ဘိုးဘွားများ၏ ထုံးတမ်းစဉ်လာအရ ဗိုင်သုလ်မက္ကဒစ် (ဂျေရုဆလင်ရှိ ဝတ်ပြုကျောင်းတော်) ၏ အမှုတော်ထမ်းဆောင်ရန်အတွက် လုံးလုံးလျားလျား သီးသန့်ဖြစ်စေမည်ဟု ဆန္ဒသစ္စာပြုခဲ့သည်။ လောကီကိစ္စအဝဝမှ ကင်းလွတ်စေ၍ အလ္လာဟ်အရှင်မြတ်၏ ဝတ်ပြုမှုအတွက်သာ သီးသန့်ဖြစ်စေမည်ဟု ကတိပြုခဲ့သည်။ ထို့နောက် အရှင်မြတ်ထံ ဤသန္တာန်ကို လက်ခံတော်မူပါရန် အသနားခံလျှောက်ထားခဲ့သည်။ အရှင်မြတ်သည် သူမ၏ဆုတောင်းသံကို ကြားတော်မူသောအရှင်၊ သူမ၏စိတ်ရင်းစေတနာကို သိတော်မူသောအရှင် ဖြစ်တော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များ၏ ဆုတောင်းသံများကို အမြဲကြားတော်မူပြီး စိတ်ရင်းစေတနာများကို အသေးစိတ်သိတော်မူသည်။ ထို့ကြောင့် မည်သည့်အခြေအနေတွင်မဆို အရှင်မြတ်ထံ စိတ်ရင်းဖြင့် ဆုတောင်းပါ။
  • မိဘ


📜 အာယာသ် 33-37 — စူရာ အာလ်-အိမရာန်

33۞ إِنَّ اللَّهَ اصْطَفَىٰ آدَمَ وَنُوحًا وَآلَ إِبْرَاهِيمَ وَآلَ عِمْرَانَ عَلَى الْعَالَمِينَ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အာဒမ်ကိုလည်းကောင်း၊ (နဗီတမန်တော်)နူဟ်ကိုလည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏အဆက်အနွယ်ကိုလည်းကောင်း၊ အင်(မ်)ရာန်၏ အဆက်အနွယ်ကိုလည်းကောင်း၊ စကြာဝဠာခပ်သိမ်းတို့အပေါ်ဝယ်ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။
34ذُرِّيَّةً بَعْضُهَا مِن بَعْضٍ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ယင်းသူတို့အနက် အချို့သောသူတို့သည်အချို့သောသူတို့၏ သားစဉ်မြေးဆက်များပင် ဖြစ်ကြပေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။
35إِذْ قَالَتِ امْرَأَتُ عِمْرَانَ رَبِّ إِنِّي نَذَرْتُ لَكَ مَا فِي بَطْنِي مُحَرَّرًا فَتَقَبَّلْ مِنِّي ۖ إِنَّكَ أَنتَ السَّمِيعُ الْعَلِيمُ
(ပြန်လည်အောက်မေ့သတိရကြကုန်) အခါတပါး၌ (မရ်ယမ်သခင်မ၏ဘခင်) အင်(မ်)ရာန်၏ ဇနီးမိန်းမက (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားခဲ့၏။ အို-ကျွန်တော်မျိုးမအား မွေးမြူတော်မူသောအရှင်မြတ်။ စင်စစ်ဧကန် ကျွန်တော်မျိုးမသည် အရှင်မြတ်အဖို့ မိမိဝမ်းတွင်း၌ရှိသောကလေးကို အရှင်မြတ်အားသာ(ဝတ်ပြုနိုင်စေခြင်းငှာ) လွတ်လပ်စွာထားရှိရန် အတွက်ဓိဋ္ဌာန်ပြုပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ယင်း(ဓိဋ္ဌာန်ချက်ကို) ကျွန်တော်မျိုးမ၏ အထံမှ သဘောတူလက်ခံတော်မူပါ။မုချဧကန် အရှင်မြတ်သည် အကြွင်းမဲ့ ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။
36فَلَمَّا وَضَعَتْهَا قَالَتْ رَبِّ إِنِّي وَضَعْتُهَا أُنثَىٰ وَاللَّهُ أَعْلَمُ بِمَا وَضَعَتْ وَلَيْسَ الذَّكَرُ كَالْأُنثَىٰ ۖ وَإِنِّي سَمَّيْتُهَا مَرْيَمَ وَإِنِّي أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ الشَّيْطَانِ الرَّجِيمِ
တစ်ဖန် ထို(အင်(မ်)ရာန်၏ဇနီးမိန်းမ)သည်ထို(သန္ဓေ)ကို သမီးမိန်းကလေး ဖွားမြင်ခဲ့လေရာ (ဝမ်းနည်းစွာဖြင့်) အို-ကျွန်တော်မျိုးမအား မွေးမြူတော်မူသောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်တော်မျိုးမသည် ထိုသန္ဓေကိုသမီးမိန်းကလေး ဖွားမြင်ပါပြီ။ အမှန်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ထိုသူမဖွားမြင်ခဲ့သည်ကို ပိုမို၍ သိရှိတော်မူ၏။ သို့ရာတွင် (ထိုသူမလိုလားသော) ယောက်ျားလေး မူကား(မည်သည့်နည်းနှင့်မျှ) ဤ(ဖွားမြင်လေသော) သမီးမိန်းကလေးကဲ့သို့ မဟုတ်ချေ။ ထို့ပြင်တဝ မုချဧကန် ကျွန်တော်မျိုးမသည်ထိုသမီးမိန်းကလေးကို မရ်ယမ် ဟူ၍ အမည် မှည့်ခေါ်ပါပြီ။ထို့ပြင် ထိုသူမကိုလည်းကောင်း၊ ထိုသူမ၏ ားသမီးများကိုလည်းကောင်း၊ နှင်ထုတ်ခြင်းခံရသော ရှိုင်တွာန် ၏ အနှောင့်အယှက်များမှ ကာကွယ်စောင့်ထိန်းတော် မူပါရန် အရှင်မြတ်အားအပ်နှံပါ၏ ဟု လျှောက်ထားပန်ကြားလေသည်။
37فَتَقَبَّلَهَا رَبُّهَا بِقَبُولٍ حَسَنٍ وَأَنبَتَهَا نَبَاتًا حَسَنًا وَكَفَّلَهَا زَكَرِيَّا ۖ كُلَّمَا دَخَلَ عَلَيْهَا زَكَرِيَّا الْمِحْرَابَ وَجَدَ عِندَهَا رِزْقًا ۖ قَالَ يَا مَرْيَمُ أَنَّىٰ لَكِ هَٰذَا ۖ قَالَتْ هُوَ مِنْ عِندِ اللَّهِ ۖ إِنَّ اللَّهَ يَرْزُقُ مَن يَشَاءُ بِغَيْرِ حِسَابٍ
ထို့နောက် ထို(မရ်ယမ်)အား ၎င်းကိုမွေးမြူတော်မူသောအသျှင်သည် ကောင်းမွန်သောလက်ခံ ခြင်းမျိုးနှင့်သဘောတူလက်ခံတော်မူ၍ ကောင်းမွန်သော ကြီးပြင်းဖွံ့ဖြိုးခြင်း နည်းမျိုးဖြင့် ကြီးပြင်း ဖွံ့ဖြိုးစေတော်မူ၏။ ၎င်းပြင်ထိုအရှင်မြတ်သည် တမန်တော် ဇကရိယာအား ထိုမိန်းကလေးကို ထိန်းသိမ်းစောင့်ရှောက်စေတော်မူခဲ့၏။ တမန်တော် ဇကရိယာသည် ထိုမရ်ယမ်အား ကြည့်ရှုရန် ၎င်း၏အဆောင်အတွင်းသို့ ဝင်ရောက် သည့်အခါတိုင်း၌ ထို(မရ်ယမ်)၏အနီး၌ စားဘွယ် များကိုတွေ့ရှိရသဖြင့် အို-မရ်ယမ်၊ဤစားဘွယ် ဘောဇဉ်များသည် အသင့်ထံ အဘယ်မှ ရောက်ရှိလာပါသနည်းဟု မေးမြန်းလေသည်။ ထိုအခါ (မရ်ယမ်)ကထိုစားဖွယ်များသည် အလ္လာဟ်အရှင်မြတ် အထံတော်မှဖြစ်ပါသည် ဟု ဖြေကြားခဲ့လေသည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူများကို မခန့်မှန်းမချင့် တွက်နိုင်လောက်အောင် စားနပ်ရိက္ခာများကို အသချေင်္အသချင်္ာပေးသနား တော်မူလေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
35အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 35

စူရာ အာလ်-အိမရာန် အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ပြန်လည်အောက်မေ့သတိရကြကုန်) အခါတပါး၌ (မရ်ယမ်သခင်မ၏ဘခင်) အင်(မ်)ရာန်၏ ဇနီးမိန်းမက (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားခဲ့၏။ အို-ကျွန်တော်မျိုးမအား မွေးမြူတော်မူသောအရှင်မြတ်။…

စူရာ အာယာသ် 35/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers