۞ إِنَّ اللَّهَ اصْطَفَىٰ آدَمَ وَنُوحًا وَآلَ إِبْرَاهِيمَ وَآلَ عِمْرَانَ عَلَى الْعَالَمِينَ ٣٣
🔤 Transliteration
Innal laahas tafaaa Aadama wa Noohanw wa Aala Ibraaheema wa Aala Imraana `alal `aalameen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အာဒမ်ကိုလည်းကောင်း၊ (နဗီတမန်တော်)နူဟ်ကိုလည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏အဆက်အနွယ်ကိုလည်းကောင်း၊ အင်(မ်)ရာန်၏ အဆက်အနွယ်ကိုလည်းကောင်း၊ စကြာဝဠာခပ်သိမ်းတို့အပေါ်ဝယ်ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့အရှင်မြတ်၏ ရွေးချယ်ခြင်းဆိုင်ရာ ဝေါဟာရများ اصْطَفَىٰ (အစ်ဆွ်သွဖာ) — ရွေးချယ်ခြင်း၊ သီးသန့်ထားရှိခြင်း။ آلَ (အာလ) — အိမ်သူအိမ်သားများ၊ ဆွေမျိုးသားချင်းများ။ الْعَالَمِينَ (အလ်အာလမိုင်န်) — ကမ္ဘာ့လူသားအားလုံး၊ ခေတ်ကာလသူများ။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အာဒမ်(အ.စ)ကို ရွေးချယ်မြှောက်စားတော်မူခဲ့သည်။ ထို့နောက် နူဟ်(အ.စ)ကို ရွေးချယ်တော်မူခဲ့သည်။ ထို့နောက် အိဗ်ရာဟီမ်(အ.စ)၏ အိမ်သူအိမ်သားများနှင့် အိမ်ရာန်(အ.စ)၏ အိမ်သူအိမ်သားများကိုလည်း ရွေးချယ်မြှောက်စားတော်မူခဲ့သည်။
အာဒမ်(အ.စ)သည် လူသားအားလုံး၏ ဖခင်ကြီးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူ့အား ရွေးချယ်တော်မူပြီး မလာအိကဟ်တို့အား သူ့ရှေ့တွင် စဂျ်ဒဟ်ပြုရန် အမိန့်ပေးတော်မူခဲ့သည်။ နူဟ်(အ.စ)ကိုလည်း ရွေးချယ်တော်မူပြီး ကမ္ဘာမြေပေါ်တွင် ပထမဆုံး ရစူလ်တမန်တော်အဖြစ် ခန့်အပ်တော်မူခဲ့သည်။ အိဗ်ရာဟီမ်(အ.စ)၏ အိမ်သူအိမ်သားများထဲမှ နဗီတမန်တော်အဖြစ် ဆက်လက်တည်ရှိစေတော်မူခဲ့သည်။ အိမ်ရာန်(အ.စ)၏ အိမ်သူအိမ်သားများထဲမှလည်း မူစာ(အ.စ)နှင့် ဟာရူန်(အ.စ)တို့ကို ရွေးချယ်မြှောက်စားတော်မူခဲ့သည်။
ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် ဤပုဂ္ဂိုလ်များနှင့် သူတို့၏ သားစဉ်မြေးဆက်များထဲမှ နဗီတမန်တော်များကို သူတို့၏ ခေတ်ကာလရှိ လူသားအားလုံးထက် ရွေးချယ်မြှောက်စားတော်မူခဲ့ကြောင်း ရှင်းလင်းစွာ ဖော်ပြတော်မူခဲ့သည်။ ဤရွေးချယ်မှုသည် အရှင်မြတ်၏ ဉာဏ်ပညာတော်နှင့်အညီ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး သူတို့အား ဂုဏ်သတင်းကြီးမားစေခြင်း၊ လူသားများအတွက် လမ်းညွှန်မှုအဖြစ် ခန့်အပ်ခြင်းတို့ကို ရည်ရွယ်တော်မူခဲ့သည်။
ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိသူများကို ရွေးချယ်မြှောက်စားတော်မူကြောင်း သိရှိရသည်။ ထို့ကြောင့် မွတ်စ်လင်မ်တစ်ဦးအနေဖြင့် အရှင်မြတ်၏ ရွေးချယ်မှုကို လေးစားတန်ဖိုးထားရမည်။ နဗီတမန်တော်များသည် လူသားများထဲမှ ရွေးချယ်ခံရ
۞ إِنَّ ٱللَّهَ ٱصۡطَفَىٰٓ ءَادَمَ وَنُوحًا وَءَالَ إِبۡرَٰهِيمَ وَءَالَ عِمۡرَٰنَ عَلَى ٱلۡعَٰلَمِينَ ٣٣
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အာဒမ်ကိုလည်းကောင်း၊ (နဗီတမန်တော်)နူဟ်ကိုလည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏အဆက်အနွယ်ကိုလည်းကောင်း၊ အင်(မ်)ရာန်၏ အဆက်အနွယ်ကိုလည်းကောင်း၊ စကြာဝဠာခပ်သိမ်းတို့အပေါ်ဝယ်ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 31-35 — စူရာ အာလ်-အိမရာန်
31 قُلْ إِن كُنتُمْ تُحِبُّونَ اللَّهَ فَاتَّبِعُونِي يُحْبِبْكُمُ اللَّهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ
(အို-နဗီတမန်တော်) အသင်သည် (လူခပင်းတို့အား ဤသို့) ပြောကြားပါလေ။ အကယ်၍ အသင်တို့သည်အလ္လာဟ်အရှင်မြတ်အား ချစ်ကြည် မြတ်နိုးကြပါမူ ငါ၏အမိန့်ဩဝါဒများကို အစဉ် တစိုက်လိုက်နာကြကုန်။ (သို့မှသာလျှင်)အသင်တို့ အား အလ္လာဟ်အရှင်မြတ်သည် ချစ်ကြည်မြတ်နိုးတော်မူအံ့။ ထို့ပြင်တဝ ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကိုလည်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးသနားတော်မူအံ့။ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် (အပြစ်များမှ) အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အစဉ်သနားညှာတာတော်မူသော မဟာကရုဏာ တော်ရှင် ဖြစ်တော်မူသတည်း။
32 قُلْ أَطِيعُوا اللَّهَ وَالرَّسُولَ ۖ فَإِن تَوَلَّوْا فَإِنَّ اللَّهَ لَا يُحِبُّ الْكَافِرِينَ
အသင်သည် (ယင်းသူတို့အား) ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ (တသဝေမသိမ်း) လိုက်နာ ကြကုန်။ တဖန်အကယ်၍ ယင်းသူတို့သည် သွေဖည် ကျောခိုင်း၍ လွှဲရှောင်သွားကြပါမူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့)မယုံ မကြည် သွေဖည်ငြင်းပယ်သော ကာဖိရ် တို့ကိုကားနှစ်သက်တော်မမူချေ။
33 ۞ إِنَّ اللَّهَ اصْطَفَىٰ آدَمَ وَنُوحًا وَآلَ إِبْرَاهِيمَ وَآلَ عِمْرَانَ عَلَى الْعَالَمِينَ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အာဒမ်ကိုလည်းကောင်း၊ (နဗီတမန်တော်)နူဟ်ကိုလည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏အဆက်အနွယ်ကိုလည်းကောင်း၊ အင်(မ်)ရာန်၏ အဆက်အနွယ်ကိုလည်းကောင်း၊ စကြာဝဠာခပ်သိမ်းတို့အပေါ်ဝယ်ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။
34 ذُرِّيَّةً بَعْضُهَا مِن بَعْضٍ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ယင်းသူတို့အနက် အချို့သောသူတို့သည်အချို့သောသူတို့၏ သားစဉ်မြေးဆက်များပင် ဖြစ်ကြပေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။
35 إِذْ قَالَتِ امْرَأَتُ عِمْرَانَ رَبِّ إِنِّي نَذَرْتُ لَكَ مَا فِي بَطْنِي مُحَرَّرًا فَتَقَبَّلْ مِنِّي ۖ إِنَّكَ أَنتَ السَّمِيعُ الْعَلِيمُ
(ပြန်လည်အောက်မေ့သတိရကြကုန်) အခါတပါး၌ (မရ်ယမ်သခင်မ၏ဘခင်) အင်(မ်)ရာန်၏ ဇနီးမိန်းမက (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားခဲ့၏။ အို-ကျွန်တော်မျိုးမအား မွေးမြူတော်မူသောအရှင်မြတ်။ စင်စစ်ဧကန် ကျွန်တော်မျိုးမသည် အရှင်မြတ်အဖို့ မိမိဝမ်းတွင်း၌ရှိသောကလေးကို အရှင်မြတ်အားသာ(ဝတ်ပြုနိုင်စေခြင်းငှာ) လွတ်လပ်စွာထားရှိရန် အတွက်ဓိဋ္ဌာန်ပြုပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ယင်း(ဓိဋ္ဌာန်ချက်ကို) ကျွန်တော်မျိုးမ၏ အထံမှ သဘောတူလက်ခံတော်မူပါ။မုချဧကန် အရှင်မြတ်သည် အကြွင်းမဲ့ ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။
ဘာသာပြန် — အာလ်-အိမရာန် 33 စူရာ အာလ်-အိမရာန် အာယာသ် 33 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အာဒမ်ကိုလည်းကောင်း၊ (နဗီတမန်တော်)နူဟ်ကိုလည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏အဆက်အနွယ်ကိုလည်းကောင်း၊ အင်(မ်)ရာန်၏ အဆက်အနွယ်ကိုလည်းကောင်း၊ စကြာဝဠာခပ်သိမ်းတို့အပေါ်ဝယ်ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။
စူရာ အာယာသ် 33/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 31–35. မြန်မာဘာသာ: ภาษาไทย.