قُلْ أَطِيعُوا اللَّهَ وَالرَّسُولَ ۖ فَإِن تَوَلَّوْا فَإِنَّ اللَّهَ لَا يُحِبُّ الْكَافِرِينَ ٣٢
🔤 Transliteration
Qul atee`ul laaha war Rasoola fa in tawallaw fa innal laaha laa yuhibbul kaafireen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အသင်သည် (ယင်းသူတို့အား) ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ (တသဝေမသိမ်း) လိုက်နာ ကြကုန်။ တဖန်အကယ်၍ ယင်းသူတို့သည် သွေဖည် ကျောခိုင်း၍ လွှဲရှောင်သွားကြပါမူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့)မယုံ မကြည် သွေဖည်ငြင်းပယ်သော ကာဖိရ် တို့ကိုကားနှစ်သက်တော်မမူချေ။
🌐 Additional reference in ภาษาไทย
ကမ္မသဒ္ဒါပဒ ရှင်းလင်းချက် أَطِيعُوا: နာခံကြပါ။ ကိုယ်တော်နှင့် ရစူလ်တော်မြတ်၏ အမိန့်တော်များကို လိုက်နာပြီး တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ تَوَلَّوْا: မျက်နှာလွှဲသွားကြသည်။ လှည့်ဖျားသွားကြသည်။ နာခံမှုမှ လွှဲခွာသွားကြသည်ဟု ဆိုလိုသည်။ الْكَافِرِينَ: ကာဖိရ်များ။ အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တော်မြတ်၏ အမိန့်တော်ကို ငြင်းပယ်သူများဖြစ်သည်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အို ရစူလ်တော်မြတ်၊ သင်သည် လူသားတို့အား ဤသို့ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်ကို နာခံကြပါ။ ကိုယ်တော်ချမှတ်ပေးအပ်ထားသော ကုရ်အာန်ကျမ်းတော်မြတ်ကို လိုက်နာခြင်းဖြင့် အလ္လာဟ်အရှင်မြတ်ကို နာခံကြပါ။ ထို့အပြင် ရစူလ်တော်မြတ်ကိုလည်း နာခံကြပါ။ ရစူလ်တော်မြတ်၏ သွန်သင်ချက်များ၊ စွန္နသ်တော်များကို လိုက်နာခြင်းဖြင့် ရစူလ်တော်မြတ်ကို နာခံကြပါ။ ဤသို့ နာခံခြင်းသည် ရစူလ်တော်မြတ် သက်ရှိထင်ရှားရှိစဉ်တွင်သာမက ကွယ်လွန်တော်မူပြီးနောက်တွင်လည်း ဆက်လက်လိုက်နာရမည်ဖြစ်သည်။
သို့သော် အကယ်၍ သူတို့သည် ဤအမိန့်တော်မှ မျက်နှာလွှဲသွားကြပြီး မိမိတို့၏ ကာဖိရ်ဖြစ်မှုနှင့် လမ်းမှားမှုအပေါ် ဆက်လက်ရပ်တည်နေကြလျှင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ချစ်ခြင်းမေတ္တာကို ခံစားထိုက်သူများ မဟုတ်တော့ပေ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များကို မချစ်မမြတ်နိုးတော်မူပေ။ ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအား ခွင့်လွှတ်တော်မူမည် မဟုတ်ပေ။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တော်မြတ်ကို နာခံခြင်းသည် အစ္စလာမ်သာသနာ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း သိရှိစေသည်။ ရစူလ်တော်မြတ်၏ စွန္နသ်တော်ကို လိုက်နာခြင်းသည် အလ္လာဟ်အရှင်မြတ်ကို နာခံခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နားလည်စေသည်။ အလ္လာဟ်အရှင်မြတ်၏ ချစ်ခြင်းမေတ္တာကို ရရှိလိုပါက နာခံမှုရှိရမည်ဖြစ်ကြောင်း သွန်သင်ပေးသည်။ ကာဖိရ်ဖြစ်ခြင်း၏ နောက်ဆုံးအကျိုးဆက်သည် အလ္လာဟ်အရှင်မြတ်၏ ချစ်ခြင်းမှ ကင်းဝေးခြင်းဖြစ်ကြောင်း သတိပေးသည်။
قُلۡ أَطِيعُواْ ٱللَّهَ وَٱلرَّسُولَۖ فَإِن تَوَلَّوۡاْ فَإِنَّ ٱللَّهَ لَا يُحِبُّ ٱلۡكَٰفِرِينَ ٣٢
အသင်သည် (ယင်းသူတို့အား) ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ (တသဝေမသိမ်း) လိုက်နာ ကြကုန်။ တဖန်အကယ်၍ ယင်းသူတို့သည် သွေဖည် ကျောခိုင်း၍ လွှဲရှောင်သွားကြပါမူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့)မယုံ မကြည် သွေဖည်ငြင်းပယ်သော ကာဖိရ် တို့ကိုကားနှစ်သက်တော်မမူချေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 30-34 — စူရာ အာလ်-အိမရာန်
30 يَوْمَ تَجِدُ كُلُّ نَفْسٍ مَّا عَمِلَتْ مِنْ خَيْرٍ مُّحْضَرًا وَمَا عَمِلَتْ مِن سُوءٍ تَوَدُّ لَوْ أَنَّ بَيْنَهَا وَبَيْنَهُ أَمَدًا بَعِيدًا ۗ وَيُحَذِّرُكُمُ اللَّهُ نَفْسَهُ ۗ وَاللَّهُ رَءُوفٌ بِالْعِبَادِ
အကြင်နေ့၌ လူတိုင်းလူတိုင်းသည် မိမိ ပြုလုပ်ခဲ့သမျှသောကောင်းမှုသုစရိုက်များကိုလည်းကောင်း၊ မိမိတို့ပြုလုပ်ခဲ့ သမျှသောမကောင်းမှု ဒုစရိုက်များကိုလည်းကောင်း(မိမိတို့) ရှေ့မှောက်တွင် အဆင်သင့်တွေ့ရှိကြလတ္တံ့။ ထိုအခါယင်းသူတို့သည် (မိမိတို့ ပြုကျင့်ခဲ့လေသော ဒုစရိုက်များကိုမမြင်လိုကြသဖြင့်) အကယ်၍သာ ယင်းသူတို့နှင့် ထို့နေ့၏စပ်ကြားဝယ် ကမ်းလှမ်း ဝေးကွာလှစွာသော ခရီးစခမ်းရှိနေပါလျှင် ကောင်းလေ စွတကား ဟုတောင့်တကြကုန်အံ့။ တဖန်အလ္လာဟ် အရှင်မြတ်သည် မိမိ(၏အပြစ်ဒဏ်တော်)ကိုကြောက်ရွံ့စေရန်) အသင်တို့အား သတိပေး နှိုးဆော်တော်မူသည်။အကြောင်းတမူကား အလ္လာဟ် အရှင်မြတ်သည် (မိမိ)ကျွန်များကို အလွန် သနား ညှာတာတော်မူသောအရှင် ဖြစ်တော်မူသတည်း။
31 قُلْ إِن كُنتُمْ تُحِبُّونَ اللَّهَ فَاتَّبِعُونِي يُحْبِبْكُمُ اللَّهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ
(အို-နဗီတမန်တော်) အသင်သည် (လူခပင်းတို့အား ဤသို့) ပြောကြားပါလေ။ အကယ်၍ အသင်တို့သည်အလ္လာဟ်အရှင်မြတ်အား ချစ်ကြည် မြတ်နိုးကြပါမူ ငါ၏အမိန့်ဩဝါဒများကို အစဉ် တစိုက်လိုက်နာကြကုန်။ (သို့မှသာလျှင်)အသင်တို့ အား အလ္လာဟ်အရှင်မြတ်သည် ချစ်ကြည်မြတ်နိုးတော်မူအံ့။ ထို့ပြင်တဝ ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကိုလည်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးသနားတော်မူအံ့။ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် (အပြစ်များမှ) အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အစဉ်သနားညှာတာတော်မူသော မဟာကရုဏာ တော်ရှင် ဖြစ်တော်မူသတည်း။
32 قُلْ أَطِيعُوا اللَّهَ وَالرَّسُولَ ۖ فَإِن تَوَلَّوْا فَإِنَّ اللَّهَ لَا يُحِبُّ الْكَافِرِينَ
အသင်သည် (ယင်းသူတို့အား) ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ (တသဝေမသိမ်း) လိုက်နာ ကြကုန်။ တဖန်အကယ်၍ ယင်းသူတို့သည် သွေဖည် ကျောခိုင်း၍ လွှဲရှောင်သွားကြပါမူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့)မယုံ မကြည် သွေဖည်ငြင်းပယ်သော ကာဖိရ် တို့ကိုကားနှစ်သက်တော်မမူချေ။
33 ۞ إِنَّ اللَّهَ اصْطَفَىٰ آدَمَ وَنُوحًا وَآلَ إِبْرَاهِيمَ وَآلَ عِمْرَانَ عَلَى الْعَالَمِينَ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အာဒမ်ကိုလည်းကောင်း၊ (နဗီတမန်တော်)နူဟ်ကိုလည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏အဆက်အနွယ်ကိုလည်းကောင်း၊ အင်(မ်)ရာန်၏ အဆက်အနွယ်ကိုလည်းကောင်း၊ စကြာဝဠာခပ်သိမ်းတို့အပေါ်ဝယ်ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။
34 ذُرِّيَّةً بَعْضُهَا مِن بَعْضٍ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ယင်းသူတို့အနက် အချို့သောသူတို့သည်အချို့သောသူတို့၏ သားစဉ်မြေးဆက်များပင် ဖြစ်ကြပေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။
ဘာသာပြန် — အာလ်-အိမရာန် 32 စူရာ အာလ်-အိမရာန် အာယာသ် 32 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်သည် (ယင်းသူတို့အား) ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ (တသဝေမသိမ်း) လိုက်နာ…
စူရာ အာယာသ် 32/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 30–34. မြန်မာဘာသာ: ภาษาไทย.