📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 553
စူရာ အလ်-ဂျုမ်အာ

စူရာ အလ်-ဂျုမ်အာ

62:1
يُسَبِّحُ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ ٱلۡمَلِكِ ٱلۡقُدُّوسِ ٱلۡعَزِيزِ ٱلۡحَكِيمِ ١
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ စိုးမိုးအုပ်ချုပ်တော်မူသော၊ စင်ကြယ်သန့်ရှင်း အပြစ်ကင်းတော်မူသော၊အလွန်တရာ ခန့်ညားတော်မူသော၊ လွန်စွာ နူးညံ့သိမ်မွေ့သော၊ ဆင်ခြင်တုံတရားနှင့် ပြည့် စုံတော်မူသော အလ္လာဟ်အရှင်မြတ်၊ စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုလျက် ရှိကြကုန်၏။
62:2
هُوَ ٱلَّذِي بَعَثَ فِي ٱلۡأُمِّيِّـۧنَ رَسُولًا مِّنۡهُمۡ يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِهِۦ وَيُزَكِّيهِمۡ وَيُعَلِّمُهُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَإِن كَانُواْ مِن قَبۡلُ لَفِي ضَلَٰلٍ مُّبِينٍ ٢
ထိုအရှင်မြတ်သည်ပင် စာပေမတတ်သော သူတို့ထံ ၎င်းတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့၏။ ထိုရစူလ်တမန်တော်သည် ၎င်းတို့ရှေ့ဝယ် ထိုအရှင်မြတ်၏အာယတ်တော်များကို ဖတ်ကြားလေ၏။ ထို့ပြင် ၎င်းတို့အား စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်လေ၏။ ထိုမှတစ်ပါး ထိုသူတို့အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း၊ သင်ကြားပို့ချလေ၏။ စင်စစ်မှာမူကား ၎င်းတို့သည် ယခင်က ထင်ရှားစွာသော လမ်းမှားမှု၌ပင် ရှိနေခဲ့ကြကုန်၏။
62:3
وَءَاخَرِينَ مِنۡهُمۡ لَمَّا يَلۡحَقُواْ بِهِمۡۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٣
ထိုမှတစ်ပါး (ထိုအရှင်မြတ်သည်) ၎င်းတို့အနက်မှ ၎င်းတို့နှင့် လာရောက်ပူးပေါင်းခြင်း မရှိကြသေးသောသူတို့အဖို့လည်း(ထိုရစူလ်တမန်တော်အား စေလွှတ်တော်မူခဲ့၏)။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် လွန်စွာ ခန့်ညားတော်မူသောအရှင်၊ လွန်စွာ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင်။
62:4
ذَٰلِكَ فَضۡلُ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۚ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ٤
ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ပင်၊ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ယင်းကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူ၏။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်သော ကျေးဇူးတော်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
62:5
مَثَلُ ٱلَّذِينَ حُمِّلُواْ ٱلتَّوۡرَىٰةَ ثُمَّ لَمۡ يَحۡمِلُوهَا كَمَثَلِ ٱلۡحِمَارِ يَحۡمِلُ أَسۡفَارَۢاۚ بِئۡسَ مَثَلُ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِ ٱللَّهِۚ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ٥
‘တောင်ရာတ်’ ကျမ်းတော်နှင့်စပ်လျဉ်း၍ တာဝန်ပေးခြင်းကို ခံခဲ့ကြရပြီးနောက် ယင်း ‘တောင်ရာတ်’ကျမ်းတော်ကို (တာဝန်ကျေပွန်စွာ) ထမ်းဆောင်ခြင်းမရှိခဲ့ကြသော သူတို့၏ဥပမာကား ကျမ်းစာအုပ်များကို တင်ဆောင်လျက်ရှိသော မြည်းတိရစ္ဆာန်၏ ဥပမာကဲ့သို့ပင်၊ အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေသော လူမျိုး၏ဥပမာကား လွန်စွာ ယုတ်ညံ့လှပေ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား လမ်းမှန်သို့ ပို့ပေးတော်မူသည် မဟုတ်ပေ။
62:6
قُلۡ يَٰٓأَيُّهَا ٱلَّذِينَ هَادُوٓاْ إِن زَعَمۡتُمۡ أَنَّكُمۡ أَوۡلِيَآءُ لِلَّهِ مِن دُونِ ٱلنَّاسِ فَتَمَنَّوُاْ ٱلۡمَوۡتَ إِن كُنتُمۡ صَٰدِقِينَ ٦
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ အို-`ရေဝတီ` ဖြစ်ကြသောသူတို့၊ အကယ်၍ အသင်တို့သည် အခြားသူများမပါဘဲ မိမိတို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်၏အချစ်တော်များ ဖြစ်ကြသည်ဟု ထင်မှတ်ကြလျှင်၊ အကယ်၍ အသင်တို့သည် (ယင်းသို့ ထင်မှတ်ပြောဆိုရာ၌)သစ္စာဝါဒီများ ဖြစ်ကြလျှင်၊ ‘မရဏ’ သေခြင်းတရားကို တောင့်တ ဆန္ဒပြုကြလေကုန်။
62:7
وَلَا يَتَمَنَّوۡنَهُۥٓ أَبَدَۢا بِمَا قَدَّمَتۡ أَيۡدِيهِمۡۚ وَٱللَّهُ عَلِيمُۢ بِٱلظَّٰلِمِينَ ٧
သို့ရာတွင် ၎င်းတို့သည် မိမိတို့၏လက်များက တင်ကြိုပို့နှင့်ခဲ့သော အကျင့်အမူတို့ကြောင့် ယင်း ‘မရဏ’ သေခြင်းတရားကို မည်သည့်အခါမျှပင် တောင့်တ ဆန္ဒပြုကြမည်မဟုတ်ပြီ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား ကောင်းစွာ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
62:8
قُلۡ إِنَّ ٱلۡمَوۡتَ ٱلَّذِي تَفِرُّونَ مِنۡهُ فَإِنَّهُۥ مُلَٰقِيكُمۡۖ ثُمَّ تُرَدُّونَ إِلَىٰ عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ٨
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အသင်တို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ‘မရဏ’ သေခြင်းတရားမှာ ဧကန်မလွဲ အသင်တို့နှင့် တွေ့ဆုံမည်ပင်ဖြစ်၏။ ထို့နောက် အသင်တို့သည် လျှို့ဝှက်စွာ ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာ ရှိသည်တို့ကိုလည်းကောင်း၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်စေခြင်းကို ခံကြရပေမည်။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ကျင့်မူခဲ့ကြသည်တို့ကို သိစေတော်မူအံ့သတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Monday, August 31, 2026
Don't forget us in your sincere prayers







