📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 557
وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِ خَٰلِدِينَ فِيهَاۖ وَبِئۡسَ ٱلۡمَصِيرُ  ۝١٠ مَآ أَصَابَ مِن مُّصِيبَةٍ إِلَّا بِإِذۡنِ ٱللَّهِۗ وَمَن يُؤۡمِنۢ بِٱللَّهِ يَهۡدِ قَلۡبَهُۥۚ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٌ  ۝١١ وَأَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَۚ فَإِن تَوَلَّيۡتُمۡ فَإِنَّمَا عَلَىٰ رَسُولِنَا ٱلۡبَلَٰغُ ٱلۡمُبِينُ  ۝١٢ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ  ۝١٣ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّ مِنۡ أَزۡوَٰجِكُمۡ وَأَوۡلَٰدِكُمۡ عَدُوًّا لَّكُمۡ فَٱحۡذَرُوهُمۡۚ وَإِن تَعۡفُواْ وَتَصۡفَحُواْ وَتَغۡفِرُواْ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ  ۝١٤ إِنَّمَآ أَمۡوَٰلُكُمۡ وَأَوۡلَٰدُكُمۡ فِتۡنَةٌۚ وَٱللَّهُ عِندَهُۥٓ أَجۡرٌ عَظِيمٌ  ۝١٥ فَٱتَّقُواْ ٱللَّهَ مَا ٱسۡتَطَعۡتُمۡ وَٱسۡمَعُواْ وَأَطِيعُواْ وَأَنفِقُواْ خَيۡرًا لِّأَنفُسِكُمۡۗ وَمَن يُوقَ شُحَّ نَفۡسِهِۦ فَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ  ۝١٦ إِن تُقۡرِضُواْ ٱللَّهَ قَرۡضًا حَسَنًا يُضَٰعِفۡهُ لَكُمۡ وَيَغۡفِرۡ لَكُمۡۚ وَٱللَّهُ شَكُورٌ حَلِيمٌ  ۝١٧ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ ٱلۡعَزِيزُ ٱلۡحَكِيمُ  ۝١٨
64:10
وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِ خَٰلِدِينَ فِيهَاۖ وَبِئۡسَ ٱلۡمَصِيرُ  ۝١٠
သို့တစေလည်း အကြင်သူသည် သွေဖည် ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့ကား ငရဲမီး၌ အမြဲ ထာဝစဉ် နေထိုင်ကြရအံ့သော သူများပင် ဖြစ်ကြကုန်၏။ စင်စစ်သော်ကား ယင်းငရဲမီးသည် လွန်စွာ ယုတ်ညံ့လှစွာသော စခန်းပင် ဖြစ်ပေသတည်း။
64:11
مَآ أَصَابَ مِن مُّصِيبَةٍ إِلَّا بِإِذۡنِ ٱللَّهِۗ وَمَن يُؤۡمِنۢ بِٱللَّهِ يَهۡدِ قَلۡبَهُۥۚ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٌ  ۝١١
ဘေးဒုက္ခဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့်သာ သက်ရောက်၏။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ပါလျှင် ထိုအလ္လာဟ်အရှင်မြတ်သည် ၎င်း၏စိတ်နှလုံးကို တရားလမ်းမှန် ပြသတော်မူ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
64:12
وَأَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَۚ فَإِن تَوَلَّيۡتُمۡ فَإِنَّمَا عَلَىٰ رَسُولِنَا ٱلۡبَلَٰغُ ٱلۡمُبِينُ  ۝١٢
၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို လိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်ကိုလည်း လိုက်နာကြလေကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (လိုက်နာခြင်းမပြုဘဲ) မျက်နှာလွှဲသွားလျှင် ငါအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အပေါ်ဝယ် (အမိန့်တော်များကို) ရှင်းလင်းစွာ ပို့ဆောင်ရန်သာလျှင် တာဝန်ရှိ၏။
64:13
ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ  ۝١٣
အလ္လာဟ်အရှင်မြတ်သာလျှင် (ဆည်းကပ်ကိုးကွယ်ရာအရှင် ဖြစ်တော်မူ၏။) ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်း မရှိပြီ။ သို့ဖြစ်ပေရာ ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူတို့မှာမူကား အလ္လာဟ်အရှင်မြတ်၏အပေါ်၌သာလျှင် ယုံပုံလွှဲအပ် အားထားရာကုန်သတည်း။
64:14
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّ مِنۡ أَزۡوَٰجِكُمۡ وَأَوۡلَٰدِكُمۡ عَدُوًّا لَّكُمۡ فَٱحۡذَرُوهُمۡۚ وَإِن تَعۡفُواْ وَتَصۡفَحُواْ وَتَغۡفِرُواْ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ  ۝١٤
အို-`မုအ်မင်န်` သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ဇနီးမိန်းမတို့တွင်လည်းကောင်း၊ အသင်တို့၏ သားသမီးတို့တွင်လည်းကောင်း၊ အသင်တို့၏ရန်သူများ ရှိနေကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့ကို သတိပြုကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည်(ထိုသူတို့အား) ခွင့်လွှတ်ကြပါလျှင်လည်းကောင်း၊ လျစ်လျူရှုကြပါလျှင်လည်းကောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးကြပါလျှင်လည်းကောင်း၊ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင် ဖြစ်တော်မူ၏။
64:15
إِنَّمَآ أَمۡوَٰلُكُمۡ وَأَوۡلَٰدُكُمۡ فِتۡنَةٌۚ وَٱللَّهُ عِندَهُۥٓ أَجۡرٌ عَظِيمٌ  ۝١٥
အသင်တို့၏ ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ အသင်တို့၏ သားသမီးများသည်လည်းကောင်း၊ စမ်းသပ်မှုသာလျှင် ဖြစ်ကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြီးကျယ်လှစွာသော အကျိုးကျေးဇူးသည် ရှိပေသည်။
64:16
فَٱتَّقُواْ ٱللَّهَ مَا ٱسۡتَطَعۡتُمۡ وَٱسۡمَعُواْ وَأَطِيعُواْ وَأَنفِقُواْ خَيۡرًا لِّأَنفُسِكُمۡۗ وَمَن يُوقَ شُحَّ نَفۡسِهِۦ فَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ  ۝١٦
သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့တတ် စွမ်းနိုင်သမျှ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထို့ပြင် အသင်တို့သည် နာခံကြလေကုန်။ ၎င်းပြင် အသင်တို့သည် လိုက်နာကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ကိုယ်တိုင် ကောင်းစားရန် သုံးစွဲ(လှူဒါန်း)ကြလေကုန်။ စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်တိုင်၏ လောဘရမ္မက်ကြီးမှုမှ လွတ်ကင်းပါမူ ယင်းကဲ့သို့သော သူတို့သည်သာလျှင် အောင်မြင်သူများ ဖြစ်ကုန်၏။
64:17
إِن تُقۡرِضُواْ ٱللَّهَ قَرۡضًا حَسَنًا يُضَٰعِفۡهُ لَكُمۡ وَيَغۡفِرۡ لَكُمۡۚ وَٱللَّهُ شَكُورٌ حَلِيمٌ  ۝١٧
အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်စွာ ချေးငှားကြသည်ရှိသော် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ယင်းချေးငှားခြင်းကို ဆထက် တိုးပွားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ခွင့်လွှတ်ချမ်းသာပေးတော် မူပေမည်။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင်၊ အလွန်တရာ သည်းခံခြင်းတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
64:18
عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ ٱلۡعَزِيزُ ٱلۡحَكِيمُ  ۝١٨
လျှို့ဝှက်စွာ ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာ ရှိသည်တို့ကိုလည်းကောင်း၊ သိရှိတော်မူသောအရှင်၊ အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ လွန်စွာ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။


📚Juz 28 📄557 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Monday, August 31, 2026

Don't forget us in your sincere prayers