يَا أَيُّهَا الَّذِينَ آمَنُوا إِنَّ مِنْ أَزْوَاجِكُمْ وَأَوْلَادِكُمْ عَدُوًّا لَّكُمْ فَاحْذَرُوهُمْ ۚ وَإِن تَعْفُوا وَتَصْفَحُوا وَتَغْفِرُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ ١٤
🔤 Transliteration
Yaaa ayyuhal lazeena aamanooo inna min azwaaji kum wa awlaadikum `aduwwal lakum fahzaroohum; wa in ta`foo wa tasfahoo wa taghfiroo fa innal laaha ghafoorur Raheem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-`မုအ်မင်န်` သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ဇနီးမိန်းမတို့တွင်လည်းကောင်း၊ အသင်တို့၏ သားသမီးတို့တွင်လည်းကောင်း၊ အသင်တို့၏ရန်သူများ ရှိနေကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့ကို သတိပြုကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည်(ထိုသူတို့အား) ခွင့်လွှတ်ကြပါလျှင်လည်းကောင်း၊ လျစ်လျူရှုကြပါလျှင်လည်းကောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးကြပါလျှင်လည်းကောင်း၊ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင် ဖြစ်တော်မူ၏။
🌐 Additional reference in ภาษาไทย
ကလိမ္မသိသာသော ဝေါဟာရများ၏ အဓိပ္ပာယ်— أَزْوَاجِ (အဇ်ဝါဂျ်) — ဇနီးမယားများ၊ အိမ်ထောင်ဖက်များ။ أَوْلَادِ (အောင်လာဒ်) — သားသမီးများ။ عَدُوًّا (အဒူဝမ်) — ရန်သူ။ ဤနေရာတွင် မိမိတို့၏ ဒီန်(သာသနာ)နှင့် ကောင်းမှုကို တားဆီးပိတ်ပင်သော ရန်သူကို ဆိုလိုသည်။ فَاحْذَرُوهُمْ (ဖဟ်ဇရူဟုမ်) — သင်တို့သည် သူတို့ကို သတိထားကြလော့၊ သူတို့၏ တိုက်တွန်းမှုကို မလိုက်နာကြလော့။ تَعْفُوا (တအ်ဖူဝူ) — သင်တို့သည် ခွင့်လွှတ်ကြလျှင်။ تَصْفَحُوا (တဆ်ဖဟူဝူ) — သင်တို့သည် မျက်နှာလွှဲ၍ လျစ်လျူရှုကြလျှင်။ تَغْفِرُوا (တဂ်ဖိရူဝူ) — သင်တို့သည် ဖုံးအုပ်ခွင့်လွှတ်ကြလျှင်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်— အို အီမာန်ယုံကြည်သူတို့၊ သင်တို့၏ ဇနီးမယားများနှင့် သားသမီးများထဲတွင် သင်တို့အတွက် ရန်သူများ ရှိနိုင်သည်။ သူတို့သည် သင်တို့ကို အလ္လာဟ်အရှင်မြတ်ကို သတိရခြင်း၊ အရှင်မြတ်၏ လမ်းတော်တွင် ကြိုးပမ်းခြင်းမှ ဖျောင်းဖျတားဆီးနိုင်ပြီး ကောင်းမှုများတွင် အားလျော့စေနိုင်သည်။ ထို့ကြောင့် သူတို့၏ တိုက်တွန်းမှုများကို သတိထားကြလော့၊ အရှင်မြတ်၏ အမိန့်တော်ကို ချိုးဖောက်ရန် သူတို့ကို မလိုက်နာကြလော့။ သို့သော် သူတို့သည် သင်တို့အပေါ် ပြုလုပ်ခဲ့သော အမှားများ၊ အားနည်းချက်များကို သင်တို့သည် ခွင့်လွှတ်ခြင်း၊ လျစ်လျူရှုခြင်း၊ ဖုံးအုပ်ခြင်းတို့ကို ပြုလုပ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသည်။ သင်တို့သည် သူတို့ကို ခွင့်လွှတ်ကြလျှင် အရှင်မြတ်သည်လည်း သင်တို့ကို ခွင့်လွှတ်တော်မူမည်။ အကြောင်းမှာ အကျိုးအပြစ်သည် ပြုလုပ်သည့်အတိုင်း ပြန်လည်ခံစားရမည် ဖြစ်သောကြောင့်တည်း။
ဤအာယသ်တော်သည် ဟိဂျ်ရသ်(နေရပ်ရွှေ့ပြောင်းခြင်း)ကို ပြုလုပ်လိုသော်လည်း ဇနီးမယားနှင့် သားသမီးများက ဟန့်တားထားသဖြင့် မပြုလုပ်နိုင်ခဲ့ကြသူများနှင့် ပတ်သက်၍ ဆင်းသက်ခဲ့သည်။ ထိုသူတို့သည် မိမိတို့ထက် ရှေးဦးစွာ ဟိဂျ်ရသ်ပြုလုပ်ခဲ့ကြသူများကို ဒီန်ဗေဒင်ပညာတွင် နက်နဲသိရှိလာကြသည်ကို မြင်တွေ့ကြရသောအခါ မိမိတို့ကို ဟန့်တားခဲ့သော ဇ
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّ مِنۡ أَزۡوَٰجِكُمۡ وَأَوۡلَٰدِكُمۡ عَدُوًّا لَّكُمۡ فَٱحۡذَرُوهُمۡۚ وَإِن تَعۡفُواْ وَتَصۡفَحُواْ وَتَغۡفِرُواْ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ١٤
အို-`မုအ်မင်န်` သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ဇနီးမိန်းမတို့တွင်လည်းကောင်း၊ အသင်တို့၏ သားသမီးတို့တွင်လည်းကောင်း၊ အသင်တို့၏ရန်သူများ ရှိနေကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့ကို သတိပြုကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည်(ထိုသူတို့အား) ခွင့်လွှတ်ကြပါလျှင်လည်းကောင်း၊ လျစ်လျူရှုကြပါလျှင်လည်းကောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးကြပါလျှင်လည်းကောင်း၊ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင် ဖြစ်တော်မူ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 12-16 — စူရာ အတ်-တဂါဘွန်း
12 وَأَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ ۚ فَإِن تَوَلَّيْتُمْ فَإِنَّمَا عَلَىٰ رَسُولِنَا الْبَلَاغُ الْمُبِينُ
၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို လိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်ကိုလည်း လိုက်နာကြလေကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (လိုက်နာခြင်းမပြုဘဲ) မျက်နှာလွှဲသွားလျှင် ငါအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အပေါ်ဝယ် (အမိန့်တော်များကို) ရှင်းလင်းစွာ ပို့ဆောင်ရန်သာလျှင် တာဝန်ရှိ၏။
13 اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
အလ္လာဟ်အရှင်မြတ်သာလျှင် (ဆည်းကပ်ကိုးကွယ်ရာအရှင် ဖြစ်တော်မူ၏။) ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်း မရှိပြီ။ သို့ဖြစ်ပေရာ ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူတို့မှာမူကား အလ္လာဟ်အရှင်မြတ်၏အပေါ်၌သာလျှင် ယုံပုံလွှဲအပ် အားထားရာကုန်သတည်း။
14 يَا أَيُّهَا الَّذِينَ آمَنُوا إِنَّ مِنْ أَزْوَاجِكُمْ وَأَوْلَادِكُمْ عَدُوًّا لَّكُمْ فَاحْذَرُوهُمْ ۚ وَإِن تَعْفُوا وَتَصْفَحُوا وَتَغْفِرُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
အို-`မုအ်မင်န်` သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ဇနီးမိန်းမတို့တွင်လည်းကောင်း၊ အသင်တို့၏ သားသမီးတို့တွင်လည်းကောင်း၊ အသင်တို့၏ရန်သူများ ရှိနေကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့ကို သတိပြုကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည်(ထိုသူတို့အား) ခွင့်လွှတ်ကြပါလျှင်လည်းကောင်း၊ လျစ်လျူရှုကြပါလျှင်လည်းကောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးကြပါလျှင်လည်းကောင်း၊ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင် ဖြစ်တော်မူ၏။
15 إِنَّمَا أَمْوَالُكُمْ وَأَوْلَادُكُمْ فِتْنَةٌ ۚ وَاللَّهُ عِندَهُ أَجْرٌ عَظِيمٌ
အသင်တို့၏ ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ အသင်တို့၏ သားသမီးများသည်လည်းကောင်း၊ စမ်းသပ်မှုသာလျှင် ဖြစ်ကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြီးကျယ်လှစွာသော အကျိုးကျေးဇူးသည် ရှိပေသည်။
16 فَاتَّقُوا اللَّهَ مَا اسْتَطَعْتُمْ وَاسْمَعُوا وَأَطِيعُوا وَأَنفِقُوا خَيْرًا لِّأَنفُسِكُمْ ۗ وَمَن يُوقَ شُحَّ نَفْسِهِ فَأُولَٰئِكَ هُمُ الْمُفْلِحُونَ
သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့တတ် စွမ်းနိုင်သမျှ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထို့ပြင် အသင်တို့သည် နာခံကြလေကုန်။ ၎င်းပြင် အသင်တို့သည် လိုက်နာကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ကိုယ်တိုင် ကောင်းစားရန် သုံးစွဲ(လှူဒါန်း)ကြလေကုန်။ စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်တိုင်၏ လောဘရမ္မက်ကြီးမှုမှ လွတ်ကင်းပါမူ ယင်းကဲ့သို့သော သူတို့သည်သာလျှင် အောင်မြင်သူများ ဖြစ်ကုန်၏။
ဘာသာပြန် — အတ်-တဂါဘွန်း 14 စူရာ အတ်-တဂါဘွန်း အာယာသ် 14 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-`မုအ်မင်န်` သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ဇနီးမိန်းမတို့တွင်လည်းကောင်း၊ အသင်တို့၏ သားသမီးတို့တွင်လည်းကောင်း၊ အသင်တို့၏ရန်သူများ ရှိနေကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည်…
စူရာ အာယာသ် 14/18 — စူရာ အတ်-တဂါဘွန်း التغابن (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တဂါဘွန်း နားထောင်, စူရာ အတ်-တဂါဘွန်း ဘာသာပြန်, စူရာ အတ်-တဂါဘွန်း mp3, စူရာ အတ်-တဂါဘွန်း pdf. အာယာသ် 12–16. မြန်မာဘာသာ: ภาษาไทย.