📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 556
စူရာ အတ်-တဂါဘွန်း

စူရာ အတ်-တဂါဘွန်း

64:1
يُسَبِّحُ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ لَهُ ٱلۡمُلۡكُ وَلَهُ ٱلۡحَمۡدُۖ وَهُوَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ١
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက် ရှိကြကုန်၏။ စိုးမိုးအုပ်ချုပ်မှုသည်လည်း ထိုအရှင်မြတ်၌သာ ရှိ၏။ ချီးမွမ်းထောပနာ ဟူဟူသမျှ တို့သည်လည်း ထိုအရှင်မြတ်နှင့်သာ အပ်စပ်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
64:2
هُوَ ٱلَّذِي خَلَقَكُمۡ فَمِنكُمۡ كَافِرٌ وَمِنكُم مُّؤۡمِنٌۚ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٌ ٢
ထိုအရှင်မြတ်သည်သာ အသင်တို့အား ဖန်ဆင်းတော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။ သို့ပါသော်လည်း အသင်တို့အနက် အချို့မှာ သွေဖည်ငြင်းပယ်သူဖြစ်၍ အသင်တို့အနက် အချို့မှာ သက်ဝင်ယုံကြည်သူ ဖြစ်၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့မြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
64:3
خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّ وَصَوَّرَكُمۡ فَأَحۡسَنَ صُوَرَكُمۡۖ وَإِلَيۡهِ ٱلۡمَصِيرُ ٣
ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ပုံပန်းသဏ္ဌာန်ကို ပြုလုပ်တော်မူခဲ့ရာ အသင်တို့၏ပုံပန်းသဏ္ဌာန်များကို ကောင်းမွန်လှပစွာ ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး (အသင်တို့၏ နောက်ဆုံး) ပြန်လည်ရာစခန်းမှာလည်း ထိုအရှင်မြတ်ထံတော်၌ပင် ဖြစ်၏။
64:4
يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَيَعۡلَمُ مَا تُسِرُّونَ وَمَا تُعۡلِنُونَۚ وَٱللَّهُ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ٤
ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိရှိသမျှတို့ကို သိရှိတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ လျှို့ဝှက်စွာ ပြုလုပ်သမျှတို့ကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစွာ ပြုလုပ်သမျှတို့ကိုလည်းကောင်း၊ သိရှိတော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ ရှိသမျှတို့ကိုလည်း အကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
64:5
أَلَمۡ يَأۡتِكُمۡ نَبَؤُاْ ٱلَّذِينَ كَفَرُواْ مِن قَبۡلُ فَذَاقُواْ وَبَالَ أَمۡرِهِمۡ وَلَهُمۡ عَذَابٌ أَلِيمٌ ٥
အသင်တို့ထံ (မိမိတို့)အလျင် သွေဖည်ငြင်းပယ်ခဲ့ကြလေသော ရှေးသူဟောင်းတို့၏ သတင်းရောက်ရှိ၍ မလာခဲ့လေသလော။ သို့သွေဖည် ငြင်းပယ်ခဲ့ကြပေရာ ၎င်းတို့သည် မိမိတို့၏ အပြုအမူနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရလေပြီ။ ထိုမှတစ်ပါး (‘အာခိရတ်’တမလွန်ဘဝတွင်) ၎င်းတို့၌ လွန်စွာ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်လည်း ရှိချေဦးမည်။
64:6
ذَٰلِكَ بِأَنَّهُۥ كَانَت تَّأۡتِيهِمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَقَالُوٓاْ أَبَشَرٌ يَهۡدُونَنَا فَكَفَرُواْ وَتَوَلَّواْۖ وَّٱسۡتَغۡنَى ٱللَّهُۚ وَٱللَّهُ غَنِيٌّ حَمِيدٌ ٦
ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့ထံ ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားစွာသော သက်သေသာဓကများနှင့်တကွ လာရောက်လေ့ ရှိခဲ့ကြသောအခါ ၎င်းတို့က မနုဿလူသားများသည် ကျွန်ုပ်တို့အား တရားလမ်းမှန်ကို ပြသကြမည်လောဟု ပြောဆိုခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် သွေဖည် ငြင်းပယ်ခဲ့ကြကုန်၏။ ကျောခိုင်းသွားခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည်လည်း ၎င်းတို့အား ဂရုစိုက်တော်မူသည် မရှိခဲ့ပေ။စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တမှု ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းအပ်သောဂုဏ်တော်၊ အတိုင်းအဆမရှိ ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
64:7
زَعَمَ ٱلَّذِينَ كَفَرُوٓاْ أَن لَّن يُبۡعَثُواْۚ قُلۡ بَلَىٰ وَرَبِّي لَتُبۡعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلۡتُمۡۚ وَذَٰلِكَ عَلَى ٱللَّهِ يَسِيرٌ ٧
‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့က ၎င်းတို့သည် အလျှင်း ရှင်ပြန်ထကြရမည် မဟုတ်ဟူ၍ ထင်မြင် ပြောဆိုခဲ့ကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အဘယ်ကြောင့် မဟုတ်သနည်း။ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အား တိုင်တည်၍(ပြောအံ့)၊ ဧကန်မလွဲ အသင်တို့သည် ရှင်ပြန်ထကြရပေမည်။ ထို့နောက် ဧကန်မုချ အသင်တို့သည် မိမိတို့ကျင့်မူခဲ့သမျှတို့ကို သိစေခြင်း ခံကြရမည်။ စင်စစ်သော်ကား ဤသည် အလ္လာဟ်အရှင်မြတ်၌ လွန်စွာလွယ်ကူလှ၏။
64:8
فَـَٔامِنُواْ بِٱللَّهِ وَرَسُولِهِۦ وَٱلنُّورِ ٱلَّذِيٓ أَنزَلۡنَاۚ وَٱللَّهُ بِمَا تَعۡمَلُونَ خَبِيرٌ ٨
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ငါအရှင်မြတ်ချပေး သနားတော်မူခဲ့သော အလင်းရောင်အားလည်းကောင်း၊ သက်ဝင် ယုံကြည်ကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
64:9
يَوۡمَ يَجۡمَعُكُمۡ لِيَوۡمِ ٱلۡجَمۡعِۖ ذَٰلِكَ يَوۡمُ ٱلتَّغَابُنِۗ وَمَن يُؤۡمِنۢ بِٱللَّهِ وَيَعۡمَلۡ صَٰلِحًا يُكَفِّرۡ عَنۡهُ سَيِّـَٔاتِهِۦ وَيُدۡخِلۡهُ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ٩
အကြင်နေ့ကို (သတိရကြလေကုန်)။ ထိုအရှင်မြတ်သည် အသင်တို့အား စုရုံးရာနေ့တွင် စုရုံးတော်မူပေမည်။ ထိုနေ့ကား အရှုံးအနိုင်ကို အမှန်အတိုင်း သိရှိရမည့်နေ့ပင်။ စင်စစ်မှာမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်၍ ကောင်းမှုကို ကျင့်မူဆောက်တည်ပါလျှင် ထိုအရှင်မြတ်သည် ၎င်း၏ အကုသိုလ်ဒုစရိုက်များကို ၎င်းမှ ပပျောက်စေတော်မူမည့်ပြင် ၎င်းအား အကြင်ဥယျာဉ်များသို့လည်း အမြဲထာဝစဉ် နေထိုင်သူများအဖြစ် ဝင်ရောက်စေတော် မူမည်ဖြစ်၏။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ ထိုသည် ကြီးကျယ် လှစွာသော အောင်မြင်မှုပင်။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Monday, August 31, 2026
Don't forget us in your sincere prayers







