📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 9
အလ်-ဗကရ

အလ်-ဗကရ

2:58
وَإِذۡ قُلۡنَا ٱدۡخُلُواْ هَٰذِهِ ٱلۡقَرۡيَةَ فَكُلُواْ مِنۡهَا حَيۡثُ شِئۡتُمۡ رَغَدًا وَٱدۡخُلُواْ ٱلۡبَابَ سُجَّدًا وَقُولُواْ حِطَّةٌ نَّغۡفِرۡ لَكُمۡ خَطَٰيَٰكُمۡۚ وَسَنَزِيدُ ٱلۡمُحۡسِنِينَ ٥٨
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်၊) တရံရောအခါ ငါအရှင်သည် မိန့်ကြားခဲ့သည်မှာ အသင်တို့သည် ဤမြို့သို့ဝင်ရောက်၍ အလိုရှိရာခဲဘွယ်ဘောဇဉ်များကို အဘယ်မှမဆို မိမိတို့ဆန္ဒ အလိုက်ဖေါဖေါသီသီ စားသုံးကြကုန်၊ (ငါ့အားလည်း ခယရိုကျိုး သောအနေအားဖြင့်) ဝပ်တွား၍ မြို့တံခါးပေါက်သို့ ဝင်ကြ ကုန်(ကျွန်တော်မျိုးတို့အား အပြစ်များမှ ချမ်းသာခွင့် ပေးသနားတော် မူပါ) ဟုလည်း မြွက်ဆိုကြကုန်။ (ဖေါ်ပြပါအမိန့် ဩဝါဒများကို လိုက်နာ ကျင့်မူကြပါလျှင်) ငါအရှင်သည် အသင်တို့၏ မှားယွင်မှုများကို ခွင့်လွှတ်တော် မူမည်။ ထို့ပြင်တဝ ငါအရှင်သည် ကောင်းမှုပြုသော သူများ ကိုလည်းကုသိုလ်အကျိုး ဆထက်တိုး၍ ပေးသနားတော်မူမည်။
2:59
فَبَدَّلَ ٱلَّذِينَ ظَلَمُواْ قَوۡلًا غَيۡرَ ٱلَّذِي قِيلَ لَهُمۡ فَأَنزَلۡنَا عَلَى ٱلَّذِينَ ظَلَمُواْ رِجۡزًا مِّنَ ٱلسَّمَآءِ بِمَا كَانُواْ يَفۡسُقُونَ ٥٩
သို့ရာတွင် (တရားတော်ကို) ကျူးလွန် ကြသောထို(အစ္စရာအီလီ) လူမျိုးတို့သည် မိမိတို့အား သင်ကြားပို့ချထားသော စကားရပ်နှင့် ဆန့်ကျင်သည့် အခြား (မလျော်ကန်သော) စကားရပ်ကို ပြောင်းလွှဲ၍ သုံးစွဲကြလေသည်။ သို့ဖြစ်ရာငါအရှင်သည် တရားတော်ကို ကျူးလွန်သော ထို(အစ္စရာအီလ်) မျိုးနွယ်အပေါ်သို့ ဒုစရိုက်မှုများ ပြုလေ့ရှိကြ သည့်အတွက် မိုးကောင်းကင်မှ ရောဂါကပ်ကို စိုက်ရောက်စေတော်မူလေသည်။
2:60
۞ وَإِذِ ٱسۡتَسۡقَىٰ مُوسَىٰ لِقَوۡمِهِۦ فَقُلۡنَا ٱضۡرِب بِّعَصَاكَ ٱلۡحَجَرَۖ فَٱنفَجَرَتۡ مِنۡهُ ٱثۡنَتَا عَشۡرَةَ عَيۡنًاۖ قَدۡ عَلِمَ كُلُّ أُنَاسٍ مَّشۡرَبَهُمۡۖ كُلُواْ وَٱشۡرَبُواْ مِن رِّزۡقِ ٱللَّهِ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ٦٠
(အို-အစ္စရာအီလ် မျိုးနွယ်အပေါင်းပြန်လည်သတိရကြလေကုန်၊) အခါ တပါး၌ (နဗီတမန်တော်) မူစာ(အ)သည် (ငါအရှင်မြတ်၏ ထံတော်မှ) မိမိ အမျိုးသားများ အဖို့သောက်သုံးရန်ရေကို (ပေးသနားတော်မူပါဟု) ဆုတောင်းပတ္တနာပြုရာ ငါအရှင်က (အို-မူစာ) အသင်သည် မိမိလှင်ကန်တောင်ဝှေးဖြင့် ကျောက်တုံးကို ရိုက်ခတ်လော့ဟု မိန့်ကြားတော် မူခဲ့လေသည်။ [သို့ မိန့်ကြားချက်အရနဗီတမန်တော်မူစာ(အလိုင် ဟစ္စလာမ်)သည် ကျောက်တုံးကို ရိုက်ခတ်လေရာယင်း ကျောက်တုံးသည် ကွဲအက်၍ အစ္စရာအီလီ လူမျိုးတို့၏အသင်း ဦးရေနှင့်အညီ] စမ်းရေချောင်း 12 သွယ်တို့သည်ထိုကျောက်တုံးမှ ပန်းထွက်လာလေသည်။ (ထိုအခါ)ယင်းအစ္စရာအီလီ လူမျိုးတို့သည် အသီးသီး မိမိတို့ သောက်သုံးရာဌာနကို(ကောင်းမွန်စွာ) မှတ်သား၍ ထားကြလေသည်။(ထိုအခါ ငါအရှင်မြတ်သည် ယင်းသူတို့ကို) အသင်တို့သည်ငါအရှင်မြတ်ထံတော်မှ ပေးသနား တော်မူသော (မန္န နှင့် စလ်ဝါတည်းဟူသော) ခဲဘွယ် ဘောဇဉ်တို့ ကို စားသုံးကြ၍ (အယဉ်တွေတွေစီးဆင်းလျက် ရှိသော ကျောက်စက်ရေကိုကျေးဇူး တင်စွာဖြင့်) သောက်သုံး ကြကုန်လော့။ အသင်တို့သည် ပထဝီမြေပြင်ဝယ် ဆူပူသောင်းကျန်းသူများအဖြစ်နှင့် မကျူးလွန်ကြကုန်လင့်၊ (ဟု မိန့်တော်မူ လေသည်)။
2:61
وَإِذۡ قُلۡتُمۡ يَٰمُوسَىٰ لَن نَّصۡبِرَ عَلَىٰ طَعَامٍ وَٰحِدٍ فَٱدۡعُ لَنَا رَبَّكَ يُخۡرِجۡ لَنَا مِمَّا تُنۢبِتُ ٱلۡأَرۡضُ مِنۢ بَقۡلِهَا وَقِثَّآئِهَا وَفُومِهَا وَعَدَسِهَا وَبَصَلِهَاۖ قَالَ أَتَسۡتَبۡدِلُونَ ٱلَّذِي هُوَ أَدۡنَىٰ بِٱلَّذِي هُوَ خَيۡرٌۚ ٱهۡبِطُواْ مِصۡرًا فَإِنَّ لَكُم مَّا سَأَلۡتُمۡۗ وَضُرِبَتۡ عَلَيۡهِمُ ٱلذِّلَّةُ وَٱلۡمَسۡكَنَةُ وَبَآءُو بِغَضَبٍ مِّنَ ٱللَّهِۚ ذَٰلِكَ بِأَنَّهُمۡ كَانُواْ يَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقۡتُلُونَ ٱلنَّبِيِّـۧنَ بِغَيۡرِ ٱلۡحَقِّۚ ذَٰلِكَ بِمَا عَصَواْ وَّكَانُواْ يَعۡتَدُونَ ٦١
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရရှိကြကုန်လော့၊) တရံရော အခါ အသင်တို့သည် [နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်)အား] အ�ုနဗီတမန်တော် မူစာ (အလိုင် ဟစ္စလာမ်) ကျွန်တော်များသည်(နေ့စဉ်နှင့်အမျှ မန္န နှင့် စလ်ဝါကိုသာ မှီဝဲစားသုံး နေရခြင်းဖြင့် ငြီးငွေ့ကြပြီဖြစ်ပေရာ) အစားတမျိုးတည်းနှင့် ရောင့်ရဲတင်းတိမ်၍ အလျင်းမနေနိုင် ကြတော့ပြီ၊ သို့ဖြစ်လေရာ ကျွန်တော်များအဖို့ မြေမှပေါက်ရောက်သော (အစားအစာများဖြစ်သော) ဟင်းသီးဟင်းရွက်များ၊ သခွါးသီးများ၊ ဂျုံများ၊ ပဲရာဇာများနှင့် ကြက်သွန်နီများကို ပေါက်ရောက် စေတော်မူပါရန် အသင့်အား မွေးမြူတော်မူသော အရှင့်ထံတော်ဝယ် ဆုတောင်းပန်ထွာ၍ ပေးတော်မူပါဟု ပြောဆိုခဲ့ကြလေသည်။[ထိုအခါ နဗီတမန်တော်(မူစာအလိုင်ဟစ္စလာမ်) က ဟယ်အချင်းတို့] အသင်တို့သည် (ယခုစားသုံး နေကြရသော) အလွန်ကောင်း မြတ်သော(ဘောဇဉ်ခဲဘွယ်) များကို အလွန်တရာမျှ ညံ့ဖျင်းသော အာဟာရမျိုးဖြင့် လဲလှယ်စားသုံးလိုကြ ပါသလော။ (သို့ဖြစ်လျှင်) အသင်တို့ လိုလားတောင့်တကြကုန်သော အစာအာဟာရများကို ရရှိနိုင်ရန် အလို့ငှာ မြို့တစ်မြို့သို့ ဝင်ရောက်နေထိုင်ကြကုန်လော့ဟု မိန့်တော်မူလေသည်။ ထိုကဲ့သို့သော သွေဖည်မှုများကြောင့် ယင်း(အစ္စရာအီလီလူမျိုး) တို့ပေါ်ဝယ် ဂုဏ်ရည်သေးသိမ်ခြင်း နှင့်ဒုက္ခဆင်းရဲခြင်းတို့သည် အတည်ဖြစ်ခဲ့ချေပြီ။ ထို့ပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှခြင်းကို ခံစားကြရချေပြီ။ ယင်း(ကဲ့သို့ အပြစ်ဒဏ်အမျိုးမျိုး ခံစား ရခြင်း)၏အကြောင်းမှာ အလ္လာဟ်အရှင်မြတ် ပို့ချပေးသနား တော်မူသော တရားဒေသနာတော် များကို မယုံမကြည် သွေဖည်ငြင်းဆန်လေ့ ရှိခြင်းကြောင့် လည်းကောင်း၊ နဗီတမန်တော်များအား မတရားသဖြင့် (နှိပ်စက်ညှဉ်းပန်း) သတ်ဖြတ်လေ့ရှိခြင်းကြောင့် လည်းကောင်း၊ ဖြစ်ပေသည်။ ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ခြင်းများသည် ထိုသူတို့၏ ဖီဆန်ပုန်ကန်ခြင်းနှင့် စည်းကမ်း ဖောက်ဖျက်လေ့ရှိခြင်းများကြောင့် ပင်တည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, August 19, 2026
Don't forget us in your sincere prayers







