အလ်-ဗကရ · 58/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَإِذْ قُلْنَا ادْخُلُوا هَٰذِهِ الْقَرْيَةَ فَكُلُوا مِنْهَا حَيْثُ شِئْتُمْ رَغَدًا وَادْخُلُوا الْبَابَ سُجَّدًا وَقُولُوا حِطَّةٌ نَّغْفِرْ لَكُمْ خَطَايَاكُمْ ۚ وَسَنَزِيدُ الْمُحْسِنِينَ ۝٥٨
Wa iz qulnad khuloo haazihil qaryata fakuloo minhaa haisu shi`tum raghadanw wadkhulul baaba sujjadanw wa qooloo hittatun naghfir lakum khataayaakum; wa sanazeedul muhsineen
📖 မြန်မာဘာသာ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်၊) တရံရောအခါ ငါအရှင်သည် မိန့်ကြားခဲ့သည်မှာ အသင်တို့သည် ဤမြို့သို့ဝင်ရောက်၍ အလိုရှိရာခဲဘွယ်ဘောဇဉ်များကို အဘယ်မှမဆို မိမိတို့ဆန္ဒ အလိုက်ဖေါဖေါသီသီ စားသုံးကြကုန်၊ (ငါ့အားလည်း ခယရိုကျိုး သောအနေအားဖြင့်) ဝပ်တွား၍ မြို့တံခါးပေါက်သို့ ဝင်ကြ ကုန်(ကျွန်တော်မျိုးတို့အား အပြစ်များမှ ချမ်းသာခွင့် ပေးသနားတော် မူပါ) ဟုလည်း မြွက်ဆိုကြကုန်။ (ဖေါ်ပြပါအမိန့် ဩဝါဒများကို လိုက်နာ ကျင့်မူကြပါလျှင်) ငါအရှင်သည် အသင်တို့၏ မှားယွင်မှုများကို ခွင့်လွှတ်တော် မူမည်။ ထို့ပြင်တဝ ငါအရှင်သည် ကောင်းမှုပြုသော သူများ ကိုလည်းကုသိုလ်အကျိုး ဆထက်တိုး၍ ပေးသနားတော်မူမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • الْقَرْيَةَ (အလ်-ကော်ရ်ယသ်): မြို့၊ ဤနေရာတွင် ဗိုင်သုလ်မုကဒ္စ (ဂျေရုဆလင်မြို့) ကို ဆိုလိုသည်။
  • رَغَدًا (ရဂဒန်): ကျယ်ဝန်းစွာ၊ ပေါများစွာ၊ မည်သည့်အခက်အခဲမှ မရှိဘဲ လွတ်လပ်စွာ။
  • سُجَّدًا (သုဂျ္ဂဒန်): ဦးညွှတ်သူများ၊ ရိုကျိုးသူများ၊ နှိမ့်ချသူများ။
  • حِطَّةٌ (ဟိတ္တသွန်): ကျွန်ုပ်တို့၏ အပြစ်များကို ဖျက်ပစ်ပါ၊ ခွင့်လွှတ်ပါ ဟု ဆိုလိုသည်။
  • نَّغْفِرْ (နဂ်ဖိရ်): ကျွန်ုပ်တို့ ခွင့်လွှတ်မည်၊ ဖုံးအုပ်ပေးမည်။
  • الْمُحْسِنِينَ (အလ်မုဟ်စိနီးန်): ကောင်းမှုပြုသူများ၊ ကောင်းမွန်စွာ ပြုမူသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အစ္စရာအီလ်လူမျိုးတို့အား အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူခဲ့သည့် အချိန်ကို ပြန်လည်သတိရပါ။ သူတို့သည် တောကန္တာရတွင် နှစ်ပေါင်းများစွာ လှည့်လည်နေထိုင်ခဲ့ရပြီးနောက် အလ္လာဟ်အရှင်မြတ်က သူတို့အား ဤမြို့ (ဗိုင်သုလ်မုကဒ္စ) ထဲသို့ ဝင်ရောက်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထိုမြို့ထဲသို့ ဝင်ရောက်ပြီးပါက မည်သည့်နေရာတွင်မဆို မည်သည့်အစားအစာကိုမဆို ကျယ်ဝန်းပေါများစွာ၊ လွတ်လပ်စွာ စားသုံးနိုင်သည်။ သို့သော် သူတို့သည် ထိုမြို့ထဲသို့ ဝင်ရောက်သည့်အခါ အလ္လာဟ်အရှင်မြတ်အား ရိုကျိုးနှိမ့်ချစွာ၊ ဦးညွှတ်လျက် ဝင်ရောက်ရမည်။ ထို့အပြင် သူတို့၏ လျှာဖြင့် "ဟိတ္တသွန်" ဟု ဆိုရမည်။ ဆိုလိုသည်မှာ "အို ကျွန်ုပ်တို့၏ အရှင်မြတ်၊ ကျွန်ုပ်တို့၏ အပြစ်များကို ဖျက်ပစ်တော်မူပါ၊ ခွင့်လွှတ်တော်မူပါ" ဟု ဆိုရမည်။ ထိုသို့ ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်သည် သူတို့၏ အပြစ်များကို ခွင့်လွှတ်တော်မူမည်။ ထို့အပြင် ကောင်းမှုပြုသူများအား သူတို့၏ ကောင်းမှုများအတွက် ဆုလာဘ်များကို ထပ်တိုးပေးတော်မူမည်။

ဤအာယသ်တော်သည် အစ္စရာအီလ်လူမျိုးတို့အား အလ္လာဟ်အရှင်မြတ်၏ ဂုဏ်ကျေးဇူးများကို သတိရစေပြီး၊ နောင်တရခြင်း၊ နှိမ့်ချခြင်းနှင့် ကောင်းမှုပြုခြင်း၏ အရေးပါမှုကို သွန်သင်ပေးသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များ နောင်တရပြီး ကောင်းမှုပြုလျှင် ခွင့်လွှတ်ပေးပြီ



📜 အာယာသ် 56-60 — စူရာ အလ်-ဗကရ

56ثُمَّ بَعَثْنَاكُم مِّن بَعْدِ مَوْتِكُمْ لَعَلَّكُمْ تَشْكُرُونَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊) အသင်တို့ အသက်သေကြေ ပျက်စီးပြီးသည့် နောက်သော်မှပင် ငါအရှင်သည် အသင်တို့အား တဖန်ရှင်ပြန်ထစေတော်မူ၏။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတင်ကြမည်။
57وَظَلَّلْنَا عَلَيْكُمُ الْغَمَامَ وَأَنزَلْنَا عَلَيْكُمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِن طَيِّبَاتِ مَا رَزَقْنَاكُمْ ۖ وَمَا ظَلَمُونَا وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) ငါအရှင်သည် အသင်တို့အပေါ်ဝယ် မိုးတိမ်များကို အရိပ်အာဝါသအဖြစ် ပြုလုပ်ပေးတော်မူ၏။ ထိုမျှမကသေး (မွတ်သိပ်ဆာလောင်ခြင်းမှ ကင်းစိမ့်သောငှာ) ငါအရှင်သည် မန္နဟူသော စားဘွယ်ရာတမျိုးနှင့် စလ်ဝါ ခေါ် ငုံးသတ္တဝါ တစ်မျိုးကို ချပေးသနားတော် မူ၏။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင် ပေးသနားတော်မူသည့် ကောင်းမြတ်သော ခဲဘွယ် ဘောဇဉ်များကို စားသုံးကြကုန်။ ထိုသူတို့သည် ငါအရှင်မြတ်အား နှိပ်စက် ညှဉ်းပန်းကြသည် မဟုတ်။ မိမိတို့ကိုယ်ကို မိမိတို့ပင် နှိပ်စက်ညှဉ်းပန်းကြကုန်၏။
58وَإِذْ قُلْنَا ادْخُلُوا هَٰذِهِ الْقَرْيَةَ فَكُلُوا مِنْهَا حَيْثُ شِئْتُمْ رَغَدًا وَادْخُلُوا الْبَابَ سُجَّدًا وَقُولُوا حِطَّةٌ نَّغْفِرْ لَكُمْ خَطَايَاكُمْ ۚ وَسَنَزِيدُ الْمُحْسِنِينَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်၊) တရံရောအခါ ငါအရှင်သည် မိန့်ကြားခဲ့သည်မှာ အသင်တို့သည် ဤမြို့သို့ဝင်ရောက်၍ အလိုရှိရာခဲဘွယ်ဘောဇဉ်များကို အဘယ်မှမဆို မိမိတို့ဆန္ဒ အလိုက်ဖေါဖေါသီသီ စားသုံးကြကုန်၊ (ငါ့အားလည်း ခယရိုကျိုး သောအနေအားဖြင့်) ဝပ်တွား၍ မြို့တံခါးပေါက်သို့ ဝင်ကြ ကုန်(ကျွန်တော်မျိုးတို့အား အပြစ်များမှ ချမ်းသာခွင့် ပေးသနားတော် မူပါ) ဟုလည်း မြွက်ဆိုကြကုန်။ (ဖေါ်ပြပါအမိန့် ဩဝါဒများကို လိုက်နာ ကျင့်မူကြပါလျှင်) ငါအရှင်သည် အသင်တို့၏ မှားယွင်မှုများကို ခွင့်လွှတ်တော် မူမည်။ ထို့ပြင်တဝ ငါအရှင်သည် ကောင်းမှုပြုသော သူများ ကိုလည်းကုသိုလ်အကျိုး ဆထက်တိုး၍ ပေးသနားတော်မူမည်။
59فَبَدَّلَ الَّذِينَ ظَلَمُوا قَوْلًا غَيْرَ الَّذِي قِيلَ لَهُمْ فَأَنزَلْنَا عَلَى الَّذِينَ ظَلَمُوا رِجْزًا مِّنَ السَّمَاءِ بِمَا كَانُوا يَفْسُقُونَ
သို့ရာတွင် (တရားတော်ကို) ကျူးလွန် ကြသောထို(အစ္စရာအီလီ) လူမျိုးတို့သည် မိမိတို့အား သင်ကြားပို့ချထားသော စကားရပ်နှင့် ဆန့်ကျင်သည့် အခြား (မလျော်ကန်သော) စကားရပ်ကို ပြောင်းလွှဲ၍ သုံးစွဲကြလေသည်။ သို့ဖြစ်ရာငါအရှင်သည် တရားတော်ကို ကျူးလွန်သော ထို(အစ္စရာအီလ်) မျိုးနွယ်အပေါ်သို့ ဒုစရိုက်မှုများ ပြုလေ့ရှိကြ သည့်အတွက် မိုးကောင်းကင်မှ ရောဂါကပ်ကို စိုက်ရောက်စေတော်မူလေသည်။
60۞ وَإِذِ اسْتَسْقَىٰ مُوسَىٰ لِقَوْمِهِ فَقُلْنَا اضْرِب بِّعَصَاكَ الْحَجَرَ ۖ فَانفَجَرَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَّشْرَبَهُمْ ۖ كُلُوا وَاشْرَبُوا مِن رِّزْقِ اللَّهِ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ
(အို-အစ္စရာအီလ် မျိုးနွယ်အပေါင်းပြန်လည်သတိရကြလေကုန်၊) အခါ တပါး၌ (နဗီတမန်တော်) မူစာ(အ)သည် (ငါအရှင်မြတ်၏ ထံတော်မှ) မိမိ အမျိုးသားများ အဖို့သောက်သုံးရန်ရေကို (ပေးသနားတော်မူပါဟု) ဆုတောင်းပတ္တနာပြုရာ ငါအရှင်က (အို-မူစာ) အသင်သည် မိမိလှင်ကန်တောင်ဝှေးဖြင့် ကျောက်တုံးကို ရိုက်ခတ်လော့ဟု မိန့်ကြားတော် မူခဲ့လေသည်။ [သို့ မိန့်ကြားချက်အရနဗီတမန်တော်မူစာ(အလိုင် ဟစ္စလာမ်)သည် ကျောက်တုံးကို ရိုက်ခတ်လေရာယင်း ကျောက်တုံးသည် ကွဲအက်၍ အစ္စရာအီလီ လူမျိုးတို့၏အသင်း ဦးရေနှင့်အညီ] စမ်းရေချောင်း 12 သွယ်တို့သည်ထိုကျောက်တုံးမှ ပန်းထွက်လာလေသည်။ (ထိုအခါ)ယင်းအစ္စရာအီလီ လူမျိုးတို့သည် အသီးသီး မိမိတို့ သောက်သုံးရာဌာနကို(ကောင်းမွန်စွာ) မှတ်သား၍ ထားကြလေသည်။(ထိုအခါ ငါအရှင်မြတ်သည် ယင်းသူတို့ကို) အသင်တို့သည်ငါအရှင်မြတ်ထံတော်မှ ပေးသနား တော်မူသော (မန္န နှင့် စလ်ဝါတည်းဟူသော) ခဲဘွယ် ဘောဇဉ်တို့ ကို စားသုံးကြ၍ (အယဉ်တွေတွေစီးဆင်းလျက် ရှိသော ကျောက်စက်ရေကိုကျေးဇူး တင်စွာဖြင့်) သောက်သုံး ကြကုန်လော့။ အသင်တို့သည် ပထဝီမြေပြင်ဝယ် ဆူပူသောင်းကျန်းသူများအဖြစ်နှင့် မကျူးလွန်ကြကုန်လင့်၊ (ဟု မိန့်တော်မူ လေသည်)။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
58အာယာသ်

ဘာသာပြန် — အလ်-ဗကရ 58

စူရာ အလ်-ဗကရ အာယာသ် 58 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်၊) တရံရောအခါ ငါအရှင်သည် မိန့်ကြားခဲ့သည်မှာ အသင်တို့သည် ဤမြို့သို့ဝင်ရောက်၍ အလိုရှိရာခဲဘွယ်ဘောဇဉ်များကို…

စူရာ အာယာသ် 58/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 56–60. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers