📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 10
အလ်-ဗကရ

အလ်-ဗကရ

2:62
إِنَّ ٱلَّذِينَ ءَامَنُواْ وَٱلَّذِينَ هَادُواْ وَٱلنَّصَٰرَىٰ وَٱلصَّٰبِـِٔينَ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَعَمِلَ صَٰلِحًا فَلَهُمۡ أَجۡرُهُمۡ عِندَ رَبِّهِمۡ وَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ٦٢
ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိသော ‘မုအ်မင်’များသည်လည်းကောင်း၊ ယဟူဒီများသည်လည်းကောင်း၊ ခရစ်ယာန်များသည်လည်းကောင်း၊ ဆွာဗိအီများသည် လည်းကောင်း၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊(သေပြီးနောက်ရှင်ပြန်ထရမည့်) နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံ ကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ခဲ့ပါလျှင် ထိုသူတို့အဖို့အရာ မိမိတို့အား မွေးမြူတော် မူသော အလ္လာဟ်အရှင်မြတ် အထံတော်၌ ကုသိုလ်အကျိုးသည် အသင့်ရှိ၏။ ထို့နောက် ယင်းသူတို့အဖို့ မည်သည့် တစ်စုံတစ်ရာမျှ စိုးရိမ် ကြောင့်ကြခြင်းလည်း မရှိပေ၊ဝမ်းနည်း ပူဆွေး ကြရမည်လည်း မဟုတ်ချေ။
2:63
وَإِذۡ أَخَذۡنَا مِيثَٰقَكُمۡ وَرَفَعۡنَا فَوۡقَكُمُ ٱلطُّورَ خُذُواْ مَآ ءَاتَيۡنَٰكُم بِقُوَّةٍ وَٱذۡكُرُواْ مَا فِيهِ لَعَلَّكُمۡ تَتَّقُونَ ٦٣
(အို-အစ္စရာအီလီ မျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ ငါအရှင်သည် အသင်တို့အထက်ဝယ် ‘တူရ်’ အမည် ရှိသောတောင်ကို ပင့်မြှောက်လျက် (တောင်ရာတ် ကျမ်းမြတ်နှင့်အညီ လိုက်နာကျင့် မူကြရမည့်အကြောင်း) အသင်တို့ထံမှ (ဤသို့) ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ �သင်တို့အား ငါအရှင်ပေးသနား တော်မူသော တောင်ရာတ်ကျမ်းမြတ်ကို စွဲစွဲမြဲမြဲ လက်ကိုင်ထားကြကုန်။ ထို့နောက် ယင်းကျမ်းလာ တရားဒေသနာတော်များကိုလည်း (သတိဝီရိယနှင့်) လေ့ကျက်မှတ်သား(ကျင့်မူ) ကြကုန်လော့၊ သို့မှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများမှ) ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။
2:64
ثُمَّ تَوَلَّيۡتُم مِّنۢ بَعۡدِ ذَٰلِكَۖ فَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ لَكُنتُم مِّنَ ٱلۡخَٰسِرِينَ ٦٤
ထို့နောက် အသင်တို့သည် (ထိုကဲ့သို့ တိကျခိုင်လုံစွာ) ပဋိညာဉ် ကတိသစ္စာကို ထုံးဖွဲ့ ပြီးသည့်နောက်(ကတိမတည်) နောက်သို့ ပြန်လှည့် ထွက်သွားခဲ့ကြကုန်၏။ထို့နောက် အကယ်၍ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် မဟာကရုဏာတော်သည် အသင်တို့အပေါ်ဝယ် သက်ရောက်ခြင်း မရှိခဲ့ပါမူ အသင်တို့သည် မုချဧကန် ဆုံးရှုံးနစ်နာပျက်စီးသူများ ဖြစ်ကြပေပြီ။
2:65
وَلَقَدۡ عَلِمۡتُمُ ٱلَّذِينَ ٱعۡتَدَوۡاْ مِنكُمۡ فِي ٱلسَّبۡتِ فَقُلۡنَا لَهُمۡ كُونُواْ قِرَدَةً خَٰسِـِٔينَ ٦٥
င်းပြင် အသင်တို့အနက်မှ ဥပုသ်သီတင်းနေ့နှင့် စပ်လျဉ်း၍ (တရားတော်၏ ပညတ်ချက်များကို) ဖောက်ဖျက် ကျူးလွန်ကြကုန်သော သူများအား ငါအရှင်က အသင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသော မျောက်တိရစ္ဆာန်များ ဖြစ်ကြကုန်လော့ဟု မိန့်ကြားတော်မူခဲ့ဘူးသည်ကို အသင်တို့သည် မုချအသိပင် ဖြစ်ကြသည်။
2:66
فَجَعَلۡنَٰهَا نَكَٰلًا لِّمَا بَيۡنَ يَدَيۡهَا وَمَا خَلۡفَهَا وَمَوۡعِظَةً لِّلۡمُتَّقِينَ ٦٦
တဖန် ငါအရှင်မြတ်သည် ယင်းသူတို့၏ မျက်မှောက်၌ ရှိကြကုန်သော သူများနှင့် ယင်းသူ တို့၏ နောင်လာနောက်သားများ အဖို့အရာ ထိုအတ္ထုပ္ပတ္တိကို သတိသံဝေဂရဘွယ်ရာ အကြောင်း တရပ်အဖြစ်လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် ကို ကြောက်ရွံ့ ရိုသေခြင်းအားဖြင့်) ပြစ်မှု ဒုစရိုက်များကို ကြဉ်ရှောင်ကြကုန်သော သူတော်စဉ်များ အဖို့အရာ ဆုံးမဩဝါဒတရပ်အဖြစ် လည်းကောင်း ပြုထားတော် မူခဲ့လေသည်။
2:67
وَإِذۡ قَالَ مُوسَىٰ لِقَوۡمِهِۦٓ إِنَّ ٱللَّهَ يَأۡمُرُكُمۡ أَن تَذۡبَحُواْ بَقَرَةًۖ قَالُوٓاْ أَتَتَّخِذُنَا هُزُوًاۖ قَالَ أَعُوذُ بِٱللَّهِ أَنۡ أَكُونَ مِنَ ٱلۡجَٰهِلِينَ ٦٧
၎င်းပြင် (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်း တို့၊အသင်တို့သည် ပြန်လည်အောက်မေ့ သတိရ ကြကုန်လော့) အခါတစ်ပါး၌ နဗီတမန်တော်မူစာ (အလိုင်ဟစ္စလာမ်) ကမိမိအမျိုးသားများအား (ဤသို့) ပြောကြားလေသည်။ (ဟယ်အချင်းတို့) အသင်တို့အား အလ္လာဟ်အရှင်မြတ်က (မိမိနာမံတော်ဖြင့်) နွားမတစ်ကောင်ကို လှီးဖြတ်ကြရန် မိန့်ကြားတော်မူလေသည်၊ ထိုအခါ ယင်းအမျိုးသားတို့က (အိုနဗီတမန်တော်မူစာ) အသင်သည် အကျွန်ုပ်တို့ကို ပြက်ရယ်ကျီစယ်ဘွယ် ပြုလုပ်ပါ သလောဟု မေးမြန်းကြကုန်သည်။ ထိုအခါ နဗီ တမန်တော်မူစာ (အလိုင်ဟစ္စလာမ်) က(ဟယ်အချင်းတို့၊ ပြက်ရယ်ကျီစယ်မှုသည် လူ့ဗာလများ၏အလေ့အထ မျှသာ ဖြစ်သည်၊ ကျွန်ုပ်သည်ကား လူ့ဗာလ မဟုတ်၊ သို့ဖြစ်ရာ) အကျွန်ုပ်သည် အသိအလိမ္မာ ဉာဏ်ပညာကင်းမဲ့ကြကုန်သော လူ့ဗာလတို့အနက် အပါအဝင်မဖြစ်ရန် အလ္လာဟ်အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏ဟု ပြန်လည် ဖြေကြား လေသည်။
2:68
قَالُواْ ٱدۡعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا هِيَۚ قَالَ إِنَّهُۥ يَقُولُ إِنَّهَا بَقَرَةٌ لَّا فَارِضٌ وَلَا بِكۡرٌ عَوَانُۢ بَيۡنَ ذَٰلِكَۖ فَٱفۡعَلُواْ مَا تُؤۡمَرُونَ ٦٨
(ထိုအခါ) ယင်းအမျိုးသားတို့က အို-နဗီ တမန်တော်မူစာ(အလိုင်ဟစ္စလာမ်) အသင်သည် မိမိအား မွေးမြူတော် မူသောအရှင်မြတ်၏အထံတော်၌ ကျွန်တော်များ သိနားလည်နိုင်ရန်အဖို့ ထိုနွားမဖြစ်သည် အဘယ်ကဲ့သို့ သောနွားမဖြစ်သည်ကို ရှင်းလင်း ဖော်ပြပါမည့်အကြောင်း လျှောက်ထားပန်ကြား၍ ပေးတော်မူပါ ဟု တောင်းပန်လျှောက်ထား ကြကုန်၏။ ထိုအခါ မူစာ(အလိုင်ဟစ္စလာမ်) က (ဟယ်-အချင်းတို့) ထိုအရှင်မြတ်က ဧကန်စင်စစ် ထိုနွားမသည် အသက်ကြီး၍ အိုမင်းရင့်ရော်ခြင်းသည်လည်း မရှိစေရ၊ အလွန်နုပျိုသော နွားမတမ်းလည်းမဖြစ်စေရ၊ ယင်း နှစ်မျိုး၏အကြား၌ (အသက်အရွယ်အားဖြင့် မကြီး မငယ်) အလတ်စားပင် ဖြစ်စေရမည်ဟုမိန့်ကြားတော် မူသည်။ သို့ဖြစ်ရာ သင်တို့သည် အမိန့်တော်အတိုင်း လိုက်နာကျင့်မူ ကြကုန်လော့ဟူ၍ ဖြေကြားခဲ့လေသည်။
2:69
قَالُواْ ٱدۡعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا لَوۡنُهَاۚ قَالَ إِنَّهُۥ يَقُولُ إِنَّهَا بَقَرَةٌ صَفۡرَآءُ فَاقِعٌ لَّوۡنُهَا تَسُرُّ ٱلنَّٰظِرِينَ ٦٩
(တဖန်) ယင်းအမျိုးသားများက (အို-နဗီ တမန်တော်မူစာ) ကျွန်တော်မျိုးများ သိနားလည်ရန်အဖို့ အသင့်အားမွေးမြူတော်မူသော အရှင်၏အထံ တော်၌ ထိုနွားမ၏ အသွေးအရောင် အဘယ်ကဲ့သို့ဖြစ်သည်ကို ကျွန်တော်မျိုးတို့အား ရှင်းလင်းဖော်ပြ ပေးသနားတော်မူရန် ဆုတောင်းပတ္ထနာ ပြုပေးပါဦး ဟု တောင်းပန် လျှောက်ထားကြသည်။ ထိုအခါ နဗီ တမန်တော်မူစာ (အလိုင်ဟစ္စလာမ်) က ပြန်လည်ဖြေ ကြားတော်မူသည်မှာ (အို-အချင်းတို့) ဧကန်စင်စစ် ယင်းနွားမသည် အဝါရင့်ရောင် တောက်ပြောင် လျက်ရှိပြီးကြည့်ရှုသူများအား စက္ခုပသာဒဖြစ်စေ၍ (စိတ်ကို) ကြည်လင်ရွှင်လန်းစေနိုင်သော နွားမပင်ဖြစ်စေရမည် ဟု အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, August 19, 2026
Don't forget us in your sincere prayers







