အန်-နီဆာ · 97/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
إِنَّ الَّذِينَ تَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنفُسِهِمْ قَالُوا فِيمَ كُنتُمْ ۖ قَالُوا كُنَّا مُسْتَضْعَفِينَ فِي الْأَرْضِ ۚ قَالُوا أَلَمْ تَكُنْ أَرْضُ اللَّهِ وَاسِعَةً فَتُهَاجِرُوا فِيهَا ۚ فَأُولَٰئِكَ مَأْوَاهُمْ جَهَنَّمُ ۖ وَسَاءَتْ مَصِيرًا ۝٩٧
Innal lazeena tawaffaa humul malaaa`ikatu zaalimeee anfusihim qaaloo feema kuntum qaaloo kunnaa mustad`afeena fil-ard; qaalooo alam takun ardul laahi waasi`atan fatuhaajiroo feehaa; fa ulaaa`ika maawaahum Jahannamu wa saaa`at maseeraa
📖 မြန်မာဘာသာ
ဧကန်စင်စစ် အကြင်သူတို့သည် မိမိတို့ကိုယ်ကိုနှိပ်စက်နေကြစဉ် ‘မလာအိကဟ်’ ကောင်းကင်တမန်တ�ု့သည် ထိုသူတို့၏အသက်ဇီဝိန်ကို နှုတ်ခဲ့ကြကုန်အံ့။ (ထိုကဲ့သို့သောသူတို့အား) ယင်း ‘မလာအိကဟ်’ ကောင်းကင်တမန်တော်တို့က (ဤသို့) စစ်ဆေးမေးမြန်းကြကုန်အံ့။ “အသင်တို့သည် မည်သည့်ကိစ္စမျိုး၌ ပါဝင်ဆောင်ရွက်ခဲ့ကြသနည်း။ မည်သည့်အဖြစ်မျိုး၌ ရှိခဲ့ကြသနည်း။” (ထိုအခါ) ၎င်းတို့က (ဤသို့) ဖြေကြားကြလတ္တံ့။ “ကျွန်တော်မျိုးတို့သည် (ထို) တိုင်းပြည်ဒေသ၌ ဖိနှိပ်ချုပ်ချယ်မှု ခံနေရသူများဖြစ်ခဲ့ကြပါ၏။” (တစ်ဖန်) ထို‘မလာအိကဟ်’ ကောင်းကင်တမန်တို့က (ဤသို့) ပြန်ပြောကြကုန်အံ့။ “(အသင်တို့ ရွှေ့ပြောင်းနေထိုင်ကြရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ်၏ပထဝီမြေပြင်သည် ကျယ်ဝန်းစွာရှိသည်မဟုတ်လော။ သို့ဖြစ်ရာ အသင်တို့သည် ထိုပထဝီမြေပြင်ဝယ် ရွှေ့ပြောင်း (နေထိုင်) နိုင်ကြ၏။ သို့ (ရွှေ့ပြောင်းနေထိုင်နိုင်ကြပါလျက် ရွှေ့ပြောင်းနေထိုင်ခြင်း မပြုကြသည့်) အတွက်ကြောင့် ထိုကဲ့သို့သောသူတို့၏ဌာနသည် ‘ဂျဟန္နမ်’ ငရဲဘုံပင်ဖြစ်၏။ အမှန်သော်ကား ထိုဂျဟန္နမ်ငရဲဘုံသည် အလွန်ဆိုးဝါးလှသော နေရာထိုင်ခင်းပင်ဖြစ်ချေသတည်း။”

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • تَوَفَّاهُمُ الْمَلَائِكَةُ — ကောင်းကင်တမန်များသည် သူတို့၏ အသက်ဝိညာဉ်များကို သိမ်းယူကြသည်။
  • ظَالِمِي أَنفُسِهِمْ — မိမိတို့ကိုယ်ကို မိမိတို့ ပြစ်မှားသူများ။
  • فِيمَ كُنتُمْ — သင်တို့သည် မည်သည့်အခြေအနေတွင် ရှိခဲ့ကြသနည်း။
  • مُسْتَضْعَفِينَ — အားနည်းသူများ၊ ဖိနှိပ်ခံရသူများ။
  • مَأْوَاهُمْ — သူတို့၏ ခိုလှုံရာနေရာ။
  • مَصِيرًا — ပြန်လည်ရောက်ရှိရာ အဆုံးသတ်နေရာ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် မိမိတို့ကိုယ်ကို ပြစ်မှားကြသော လူအုပ်စုတစ်စုအကြောင်း မိန့်တော်မူသည်။ သူတို့သည် မakkahမြို့တွင် အစ္စလာမ်ကို လက်ခံခဲ့ကြသော်လည်း ဟိဂျ်ရသ် (ရွှေ့ပြောင်းနေထိုင်ခြင်း) ပြုလုပ်ရန် တာဝန်ရှိချိန်တွင် မပြုလုပ်ဘဲ ကာဖိရ်များကြားတွင် ဆက်လက်နေထိုင်ခဲ့ကြသည်။ ထို့နောက် သူတို့သည် ကာဖိရ်များနှင့်အတူ စစ်ပွဲများတွင် ပါဝင်ခဲ့ကြပြီး ကာဖိရ်များဘက်မှ သေဆုံးခဲ့ကြသည်။

ထိုသူတို့၏ အသက်ဝိညာဉ်များကို ကောင်းကင်တမန်များ သိမ်းယူသောအခါ ကောင်းကင်တမန်များက “သင်တို့သည် မိမိတို့၏ ဒီန်သာသနာကိစ္စတွင် မည်သည့်အခြေအနေ၌ ရှိခဲ့ကြသနည်း” ဟု ကဲ့ရဲ့ပြစ်တင်စွာ မေးမြန်းကြသည်။ ထိုအခါ သူတို့က “ကျွန်ုပ်တို့သည် မakkahမြို့တွင် အားနည်းသူများ၊ ဖိနှိပ်ခံရသူများဖြစ်ခဲ့ကြပါသည်၊ ရွှေ့ပြောင်းနိုင်စွမ်း မရှိခဲ့ကြပါ” ဟု ဆင်ခြေပေးကြသည်။

ထိုအခါ ကောင်းကင်တမန်များက “အလ္လာဟ်အရှင်မြတ်၏ မြေပြင်သည် ကျယ်ဝန်းလှသည်မဟုတ်လော၊ သင်တို့သည် မိမိတို့၏ ဒီန်သာသနာကို လုံခြုံစွာ ကျင့်သုံးနိုင်မည့် အခြားဒေသတစ်ခုသို့ ရွှေ့ပြောင်းနေထိုင်နိုင်ခဲ့သည်မဟုတ်လော” ဟု ကဲ့ရဲ့ပြစ်တင်ကြသည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် “ထိုသူတို့၏ ခိုလှုံရာနေရာသည် ဂျဟန်နမ် (ငရဲ) ဖြစ်သည်၊ ထိုနေရာသည် အလွန်ဆိုးရွားသော အဆုံးသတ်နေရာပင်ဖြစ်သည်” ဟု မိန့်တော်မူသည်။

သို့သော် ဤအာယသ်တော်သည် အမှန်တကယ် အားနည်းသူများ၊ ရွှေ့ပြောင်းနိုင်စွမ်းမရှိသူများ (အမျိုးသမီးများ၊ ကလေးများ၊ မသန်စွမ်းသူများ) အတွက် မဟုတ်ပါ။ သူတို့သည် ရွှေ့ပြောင်းနိုင်စွမ်းမရှိသောကြောင့် တ



📜 အာယာသ် 95-99 — စူရာ အန်-နီဆာ

95لَّا يَسْتَوِي الْقَاعِدُونَ مِنَ الْمُؤْمِنِينَ غَيْرُ أُولِي الضَّرَرِ وَالْمُجَاهِدُونَ فِي سَبِيلِ اللَّهِ بِأَمْوَالِهِمْ وَأَنفُسِهِمْ ۚ فَضَّلَ اللَّهُ الْمُجَاهِدِينَ بِأَمْوَالِهِمْ وَأَنفُسِهِمْ عَلَى الْقَاعِدِينَ دَرَجَةً ۚ وَكُلًّا وَعَدَ اللَّهُ الْحُسْنَىٰ ۚ وَفَضَّلَ اللَّهُ الْمُجَاهِدِينَ عَلَى الْقَاعِدِينَ أَجْرًا عَظِيمًا
‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အနက်မှ (ချည့်နဲ့ကျိုးကန်း မစွမ်းမသန်သော) ဒုက္ခိတများမဟုတ်ဘဲ (မိမိတို့အိမ်တွင်းဝယ်) ထိုင်၍နေသောသူတို့နှင့် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ အသက်စည်းစိမ်တို့ဖြင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သောသူတို့သည် တူညီကြသည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် မိမိတို့၏ အသက်စည်းစိမ်တို့ဖြင့် စစ်မက်ပြိုင်ဆိုင်တိုက်ကြကုန်သောသူတို့အား (မိမိတို့အိမ်တွင်းဝယ်) ထိုင်၍နေကြကုန်သောသူတို့ထက် ဂုဏ်ရည် အဆင့်အတန်းအားဖြင့် မြင့်မြတ်စေတော်မူခဲ့လေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ထိုင်၍နေသူများနှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူများ) အားလုံးတို့ကို ကောင်းကျိုးပေးသနားတော်မူမည်ဟု ပဋိညာဉ် ထားရှိတော်မူပြီးဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သောသူတို့အား (မိမိတို့အိမ်တွင်း၌ အငြိမ်း) ထိုင်၍နေသောသူတို့ထက် ကြီးကျယ်သော အကျိုးကျေးဇူး (ချီးမြှင့်တော်မူခြင်း) အားဖြင့် မြင့်မြတ်စေတော်မူခဲ့လေပြီ။
96دَرَجَاتٍ مِّنْهُ وَمَغْفِرَةً وَرَحْمَةً ۚ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
အလ္လာဟ်အရှင်မြတ်အထံတော်မှ ဂုဏ်ရည်အဆင့်အတန်း အမျိုးမျိုးတို့ကို ချီးမြှင့် ပေးသနားတော်မူခြင်းအားဖြင့်လည်းကောင်း၊ အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူခြင်းအားဖြင့်လည်းကောင်း၊ ကရုဏာ ပြုတော်မူခြင်းအားဖြင့်လည်းကောင်း (ထိုသူတို့အား မြင့်မြတ်စေတော်မူခဲ့လေပြီ။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အစဉ်အမြဲ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
97إِنَّ الَّذِينَ تَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنفُسِهِمْ قَالُوا فِيمَ كُنتُمْ ۖ قَالُوا كُنَّا مُسْتَضْعَفِينَ فِي الْأَرْضِ ۚ قَالُوا أَلَمْ تَكُنْ أَرْضُ اللَّهِ وَاسِعَةً فَتُهَاجِرُوا فِيهَا ۚ فَأُولَٰئِكَ مَأْوَاهُمْ جَهَنَّمُ ۖ وَسَاءَتْ مَصِيرًا
ဧကန်စင်စစ် အကြင်သူတို့သည် မိမိတို့ကိုယ်ကိုနှိပ်စက်နေကြစဉ် ‘မလာအိကဟ်’ ကောင်းကင်တမန်တ�ု့သည် ထိုသူတို့၏အသက်ဇီဝိန်ကို နှုတ်ခဲ့ကြကုန်အံ့။ (ထိုကဲ့သို့သောသူတို့အား) ယင်း ‘မလာအိကဟ်’ ကောင်းကင်တမန်တော်တို့က (ဤသို့) စစ်ဆေးမေးမြန်းကြကုန်အံ့။ “အသင်တို့သည် မည်သည့်ကိစ္စမျိုး၌ ပါဝင်ဆောင်ရွက်ခဲ့ကြသနည်း။ မည်သည့်အဖြစ်မျိုး၌ ရှိခဲ့ကြသနည်း။” (ထိုအခါ) ၎င်းတို့က (ဤသို့) ဖြေကြားကြလတ္တံ့။ “ကျွန်တော်မျိုးတို့သည် (ထို) တိုင်းပြည်ဒေသ၌ ဖိနှိပ်ချုပ်ချယ်မှု ခံနေရသူများဖြစ်ခဲ့ကြပါ၏။” (တစ်ဖန်) ထို‘မလာအိကဟ်’ ကောင်းကင်တမန်တို့က (ဤသို့) ပြန်ပြောကြကုန်အံ့။ “(အသင်တို့ ရွှေ့ပြောင်းနေထိုင်ကြရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ်၏ပထဝီမြေပြင်သည် ကျယ်ဝန်းစွာရှိသည်မဟုတ်လော။ သို့ဖြစ်ရာ အသင်တို့သည် ထိုပထဝီမြေပြင်ဝယ် ရွှေ့ပြောင်း (နေထိုင်) နိုင်ကြ၏။ သို့ (ရွှေ့ပြောင်းနေထိုင်နိုင်ကြပါလျက် ရွှေ့ပြောင်းနေထိုင်ခြင်း မပြုကြသည့်) အတွက်ကြောင့် ထိုကဲ့သို့သောသူတို့၏ဌာနသည် ‘ဂျဟန္နမ်’ ငရဲဘုံပင်ဖြစ်၏။ အမှန်သော်ကား ထိုဂျဟန္နမ်ငရဲဘုံသည် အလွန်ဆိုးဝါးလှသော နေရာထိုင်ခင်းပင်ဖြစ်ချေသတည်း။”
98إِلَّا الْمُسْتَضْعَفِينَ مِنَ الرِّجَالِ وَالنِّسَاءِ وَالْوِلْدَانِ لَا يَسْتَطِيعُونَ حِيلَةً وَلَا يَهْتَدُونَ سَبِيلًا
သို့ရာတွင် အင်အားချည့်နဲ့ မစွမ်းမသန်သော အကြင်ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်တို့သည် (ဟစ်ဂျ်ရတ်ပြုလုပ်ရန်အတွက်) မည်သည့်အကြံအစည်ကိုမျှ မတတ်စွမ်းနိုင်ကြအံ့။ ၎င်းပြင် မည်သည့် လမ်းကိုမျှလည်း မတွေ့ရှိကြအံ့။
99فَأُولَٰئِكَ عَسَى اللَّهُ أَن يَعْفُوَ عَنْهُمْ ۚ وَكَانَ اللَّهُ عَفُوًّا غَفُورًا
ယင်းသို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား မကြာမြင့်မီ ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
97အာယာသ်

ဘာသာပြန် — အန်-နီဆာ 97

စူရာ အန်-နီဆာ အာယာသ် 97 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် အကြင်သူတို့သည် မိမိတို့ကိုယ်ကိုနှိပ်စက်နေကြစဉ် ‘မလာအိကဟ်’ ကောင်းကင်တမန်တ�ု့သည် ထိုသူတို့၏အသက်ဇီဝိန်ကို နှုတ်ခဲ့ကြကုန်အံ့။ (ထိုကဲ့သို့သောသူတို့အား) ယင်း ‘မလာအိကဟ်’…

စူရာ အာယာသ် 97/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 95–99. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers