အန်-နီဆာ · 100/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
۞ وَمَن يُهَاجِرْ فِي سَبِيلِ اللَّهِ يَجِدْ فِي الْأَرْضِ مُرَاغَمًا كَثِيرًا وَسَعَةً ۚ وَمَن يَخْرُجْ مِن بَيْتِهِ مُهَاجِرًا إِلَى اللَّهِ وَرَسُولِهِ ثُمَّ يُدْرِكْهُ الْمَوْتُ فَقَدْ وَقَعَ أَجْرُهُ عَلَى اللَّهِ ۗ وَكَانَ اللَّهُ غَفُورًا رَّحِيمًا ۝١٠٠
Wa mai yuhaajir fee sabeelil laahi yajid fil ardi mmuraaghaman kaseeranw wa sa`ah; wa mai yakhruj mim baitihee muhaajiran ilal laahi wa Rasoolihee summa yudrikhul mawtu faqad waqa`a ajruhoo `alal laah; wa kaanal laahu Ghafoorar Raheemaa
📖 မြန်မာဘာသာ
၎င်းပြင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ‘ဟစ်ဂျ်ရတ်’ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းခြင်းကိုပြုအံ့။ ထိုသူသည် ကမ္ဘာမြေပြင်ဝယ် (ခိုလှုံရာ) နေရာများစွာကိုလည်းကောင်း၊ (ဘာသာသာသနာရေးအတွက်) ကျယ်ဝန်း (လွတ်လပ်) မှုကိုလည်းကောင်း တွေ့ရှိပေအံ့။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ် (နှစ်သက်တော်မူသောနေရာ) ကို ရည်စူး၍လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (အား ကူညီခြင်း) ကို ရည်စူး၍လည်းကောင်း၊ မိမိအိမ်မှ ‘မုဟာဂျစ်ရ်’ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသူအဖြစ် ထွက်ခဲ့ပြီးနောက် (လမ်းခရီး၌ပင်) ထိုသူ၌ ‘မရဏ’ သေခြင်းတရား ဆိုက်ရောက်လာ (သဖြင့် သေဆုံး) ခဲ့မူ၊ မုချဧကန် ထိုသူ၏အကျိုးသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ အတည်ဖြစ်ချေပြီ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ (ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 98-102 — စူရာ အန်-နီဆာ

98إِلَّا الْمُسْتَضْعَفِينَ مِنَ الرِّجَالِ وَالنِّسَاءِ وَالْوِلْدَانِ لَا يَسْتَطِيعُونَ حِيلَةً وَلَا يَهْتَدُونَ سَبِيلًا
သို့ရာတွင် အင်အားချည့်နဲ့ မစွမ်းမသန်သော အကြင်ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်တို့သည် (ဟစ်ဂျ်ရတ်ပြုလုပ်ရန်အတွက်) မည်သည့်အကြံအစည်ကိုမျှ မတတ်စွမ်းနိုင်ကြအံ့။ ၎င်းပြင် မည်သည့် လမ်းကိုမျှလည်း မတွေ့ရှိကြအံ့။
99فَأُولَٰئِكَ عَسَى اللَّهُ أَن يَعْفُوَ عَنْهُمْ ۚ وَكَانَ اللَّهُ عَفُوًّا غَفُورًا
ယင်းသို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား မကြာမြင့်မီ ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
100۞ وَمَن يُهَاجِرْ فِي سَبِيلِ اللَّهِ يَجِدْ فِي الْأَرْضِ مُرَاغَمًا كَثِيرًا وَسَعَةً ۚ وَمَن يَخْرُجْ مِن بَيْتِهِ مُهَاجِرًا إِلَى اللَّهِ وَرَسُولِهِ ثُمَّ يُدْرِكْهُ الْمَوْتُ فَقَدْ وَقَعَ أَجْرُهُ عَلَى اللَّهِ ۗ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
၎င်းပြင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ‘ဟစ်ဂျ်ရတ်’ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းခြင်းကိုပြုအံ့။ ထိုသူသည် ကမ္ဘာမြေပြင်ဝယ် (ခိုလှုံရာ) နေရာများစွာကိုလည်းကောင်း၊ (ဘာသာသာသနာရေးအတွက်) ကျယ်ဝန်း (လွတ်လပ်) မှုကိုလည်းကောင်း တွေ့ရှိပေအံ့။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ် (နှစ်သက်တော်မူသောနေရာ) ကို ရည်စူး၍လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (အား ကူညီခြင်း) ကို ရည်စူး၍လည်းကောင်း၊ မိမိအိမ်မှ ‘မုဟာဂျစ်ရ်’ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသူအဖြစ် ထွက်ခဲ့ပြီးနောက် (လမ်းခရီး၌ပင်) ထိုသူ၌ ‘မရဏ’ သေခြင်းတရား ဆိုက်ရောက်လာ (သဖြင့် သေဆုံး) ခဲ့မူ၊ မုချဧကန် ထိုသူ၏အကျိုးသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ အတည်ဖြစ်ချေပြီ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ (ရကူ)
101وَإِذَا ضَرَبْتُمْ فِي الْأَرْضِ فَلَيْسَ عَلَيْكُمْ جُنَاحٌ أَن تَقْصُرُوا مِنَ الصَّلَاةِ إِنْ خِفْتُمْ أَن يَفْتِنَكُمُ الَّذِينَ كَفَرُوا ۚ إِنَّ الْكَافِرِينَ كَانُوا لَكُمْ عَدُوًّا مُّبِينًا
၎င်းပြင် အကြင်အခါဝယ်၊ အသင်တို့သည် ကမ္ဘာမြေပြင်ဝယ် ခရီးထွက်ခဲ့ကြကုန်၏။ ထိုအခါဝယ် အသင်တို့သည် အကယ်၍ မိမိတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့က ဒုက္ခပေးကြမည်ကို စိုးရိမ်ကြသည်ရှိသော်၊ အသင်တို့၌ ‘ဆွလာသ်’ ဝတ်ပြုမှုကို လျော့၍ပြုခြင်းအားဖြင့် အပြစ်တစ်စုံတစ်ရာမျှမရှိချေ။ ဧကန်စင်စစ် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ကား အသင်တို့၏ ထင်ရှားစွာသောရန်သူများပင် ဖြစ်ကြကုန်သတည်း။
102وَإِذَا كُنتَ فِيهِمْ فَأَقَمْتَ لَهُمُ الصَّلَاةَ فَلْتَقُمْ طَائِفَةٌ مِّنْهُم مَّعَكَ وَلْيَأْخُذُوا أَسْلِحَتَهُمْ فَإِذَا سَجَدُوا فَلْيَكُونُوا مِن وَرَائِكُمْ وَلْتَأْتِ طَائِفَةٌ أُخْرَىٰ لَمْ يُصَلُّوا فَلْيُصَلُّوا مَعَكَ وَلْيَأْخُذُوا حِذْرَهُمْ وَأَسْلِحَتَهُمْ ۗ وَدَّ الَّذِينَ كَفَرُوا لَوْ تَغْفُلُونَ عَنْ أَسْلِحَتِكُمْ وَأَمْتِعَتِكُمْ فَيَمِيلُونَ عَلَيْكُم مَّيْلَةً وَاحِدَةً ۚ وَلَا جُنَاحَ عَلَيْكُمْ إِن كَانَ بِكُمْ أَذًى مِّن مَّطَرٍ أَوْ كُنتُم مَّرْضَىٰ أَن تَضَعُوا أَسْلِحَتَكُمْ ۖ وَخُذُوا حِذْرَكُمْ ۗ إِنَّ اللَّهَ أَعَدَّ لِلْكَافِرِينَ عَذَابًا مُّهِينًا
၎င်းပြင် (အို- နဗီတမန်တော်) အကြင်အခါဝယ် အသင်သည် ထိုသူတို့အထဲတွင်ရှိနေ၍ ထိုသူတို့အဖို့ ‘ဆွလာသ်’ဝတ်ပြုမှုကို စီစဉ်ခဲ့ပါလျှင်၊ ထိုအခါ ၎င်းတို့အနက်မှ လူတစ်စုသည် (အသင်၏နောက်မှ ‘ဆွလာသ်’ ဝတ်ပြုကြရန်) အသင်နှင့်အတူ ရပ်ကြရပေမည်။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏လက်နက်များကိုလည်း ယူဆောင်ထားကြရပေမည်။ တစ်ဖန် ယင်းသူတို့သည် (အသင်နှင့်အတူ) ‘စဂျ်ဒဟ်’ ပျပ်ဝပ် ဦးချပြီးကြသောအခါ အသင်တို့၏နောက်သို့ ဆုတ်သွားကြရပေမည်။ ထို့နောက် ‘ဆွလာသ်’ ဝတ်မပြုကြရသေးသော အခြားသူတစ်စုသည် လာပြီးလျှင်၊ အသင်နှင့်အတူ ‘ဆွလာသ်’ ဝတ်ပြုကြရပေမည်။ ထို့ပြင် ၎င်းတို့သည်လည်း မိမိတို့၏ဘေးရန်ကို ကာကွယ်မည့်ပစ္စည်းများနှင့် လက်နက်များကို ယူဆောင်ထားကြရပေမည်။ (အကြောင်းသော်ကား) ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့က အကယ်၍သာ အသင်တို့သည် မိမိတို့၏ လက်နက်များနှင့် အသုံးအ�ောင်ပစ္စည်းများကို မေ့လျော့သွားကြသော် ၎င်းတို့သည် အသင်တို့အား တစ်ဟုန်တည်း ဝင်ရောက်တိုက်ခိုက်ရန် နှစ်သက်လိုလားကြ (သောကြောင့်ဖြစ်) ပေသည်။ သို့တစေလည်း အကယ်၍သာ အသင်တို့၌ မိုးရွာသွန်းသောကြောင့် (လက်နက်များယူဆောင်ကာ ‘ဆွလာသ်’ ဝတ်ပြုကြရန်) ခဲယဉ်းမှုရှိခဲ့မူ၊ သို့တည်းမဟုတ် အသင်တို့သည် ဝေဒနာရှင်များဖြစ်ခဲ့ကြပါမူ မိမိတို့၏လက်နက်များကို ချထားခြင်းကြောင့် အသင်တို့၌ အပြစ်မရှိပြီ။ သို့သော်လည်း အသင်တို့သည် မိမိတို့အဖို့ ကာကွယ်မှုကိုမူ ပြုလုပ်၍ထားရှိကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့အဖို့ ကျိုးယုတ်ရှက်ရဖြစ်စေမည့် ပြစ်ဒဏ်ကို အရံသင့်ပြုထားတော်မူလေသတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
100အာယာသ်

ဘာသာပြန် — အန်-နီဆာ 100

စူရာ အန်-နီဆာ အာယာသ် 100 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ‘ဟစ်ဂျ်ရတ်’ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းခြင်းကိုပြုအံ့။ ထိုသူသည် ကမ္ဘာမြေပြင်ဝယ် (ခိုလှုံရာ) နေရာများစွာကိုလည်းကောင်း၊…

စူရာ အာယာသ် 100/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 98–102. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers