စူရာ အတ်-တဟ်ရီးမ်
PDF —
12 အာယာသ် Medinan PDF
Built right in your browser — download starts automatically

စူရာ အတ်-တဟ်ရီးမ် pdf — ဒေါင်းလုဒ် (မြန်မာ)

စူရာ အတ်-တဟ်ရီးမ် pdf မြန်မာ — ဒေါင်းလုဒ် စူရာ အတ်-တဟ်ရီးမ် ဘာသာပြန်. အတ်-တဟ်ရီးမ် (Medinan) 12 အာယာသ်.



စူရာ အတ်-တဟ်ရီးမ်
12 အာယာသ် · Medinan · မြန်မာ
bismillah
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡ
အို-နဗီတမန်တော်၊ အသင်သည် မိမိအဖို့ အလ္လာဟ်အရှင်မြတ်က (ဟလာလ်) ခွင့်ပြုတော်မူခဲ့သောအရာကို မည်သည့်အတွက်ကြောင့် အသင်၏ ကြင်ရာတော်များ၏နှစ်သက်မှုကို ရှာဖွေသောအားဖြင့် (ဟရမ်)ဟူ၍ တားမြစ်သောအရာ ပြုလုပ်ပါသနည်း။ သို့တစေလည်း အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊အလွန်တရာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
ﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ အသင်တို့၏ ကျိန်ဆိုချက်များကို ဖြေနိုင်ရန် (နည်းလမ်း)သတ်မှတ်၍ ပေးတော်မူခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ကိစ္စအဝဝကို ဆောင်ရွက်ပေးတော်မူသည့်ပြင် ထိုအရှင်မြတ်သည် ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ အလွန်တရာ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
ﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏ
၎င်းပြင် (ပြန်လည် သတိရကြလေကုန်။) တစ်ရံရောအခါဝယ် နဗီတမန်တော်မြတ်သည် မိမိ၏ ကြင်ယာတော်တစ်ပါးအား စကားတစ်ခွန်းကို လျှို့ဝှက်စွာ ပြောခဲ့လေ၏။ ထို့နောက် ထိုကြင်ရာတော်က (အခြားကြင်ရာတော်အား) ယင်းစကားကို ပြောပြခဲ့လေ၏။ အလ္လာဟ်အရှင်မြတ်သည် ယင်းအကြောင်းကို နဗီတမန်တော်မြတ်အား အသိပေးတော်မူခဲ့၏။ ထိုအခါ ထိုနဗီတမန်တော်မြတ်သည် ယင်းစကားအချို့ကို သိစေခဲ့ပြီး အချို့ကိုမူ လျစ်လျူရှုထားခဲ့၏။ တစ်ဖန် ထိုနဗီတမန်တော်မြတ်သည် ထိုကြင်ရာတော်အား ယင်းစကားကို ပြောပြခဲ့သောအခါ ထိုကြင်ရာတော်က ဤသတင်းကို အသင့်အား မည်သူပြောပြသနည်းဟု ပြောဆို(မေးမြန်း)ခဲ့ရာ ထိုနဗီတမန်တော်မြတ်က ကျွန်ုပ်အား ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိရှိတော်မူသော၊ ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသော၊ အရှင်မြတ်က အသိပေးတော်မူခဲ့သည်ဟု ပြန်ကြားခဲ့လေသည်။
ﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧ
အကယ်၍ အသင်(ကြင်ရာတော်)နှစ်ပါး တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ဝန်ချ တောင်းပန်ခဲ့ကြပါလျှင် (အသင်တို့အဖို့ ကောင်း၏။ အဘယ်ကြောင့်ဆိုသော်)စင်စစ်မှာကား အသင်တို့နှစ်ဦး၏ စိတ်နှလုံးမှာ (တမန်တော်မြတ် မနှစ်မြို့သော အရာဘက်သို့) ယိမ်းညွှတ်လျက် ရှိနေခဲ့၏။ သို့ရာတွင် အကယ်၍ အသင်တို့နှစ်ဦးသည် ထိုနဗီတမန်တော်မြတ်နှင့် ဆန့်ကျင်၍ အချင်းချင်း ရိုင်းပင်းကူညီလျက် ရှိကြပါလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား ကာကွယ် စောင့်ရှောက်တော်မူမည့် အဆွေခင်ပွန်း ဖြစ်တော်မူသည်။ ထို့ပြင်တဝ ကောင်းကင်တမန် ‘ဂျစ်ဗ်ရီလ်’သည်လည်းကောင်း၊ ထိုနဗီတမန်တော်မြတ်အား ကာကွယ်စောင့်ရှောက်သော အဆွေခင်ပွန်းများ ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့အပြင် ‘မလာအိကဟ်’ ကောင်းကင်တမန်တို့သည်လည်း ရိုင်းပင်းကူညီသူများပင် ဖြစ်ကြကုန်၏။
ﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚ
အကယ်၍ ထိုနဗီတမန်တော်မြတ်သည် အသင်တို့အား ကွာရှင်းခဲ့ပါလျှင် ထိုနဗီတမန်တော်မြတ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့အစား ထိုနဗီတမန်တော်မြတ်အား အသင်တို့ထက် ပိုမို၍ထွတ်မြတ်သော’မွတ်စ်လင်မ်’ မိန်းမများ၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သော မိန်းမများ၊ အမိန့်ကိုနာခံသော မိန်းမများ၊ ဝန်ချတောင်းပန်ကြသော မိန်းမများ၊ ဝတ်ပြုသောမိန်းမများ၊ ဥပုသ်သီလ ဆောက်တည်သော မိန်းမများ၊ အအိုများနှင့် အပျိုများကို ပေးတော်မူအံ့သတည်း။
ﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်များကိုလည်းကောင်း၊ မိမိတို့၏ အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ (ငရဲ)မီး (ဘေး)မှ ကင်းလွတ်စေကြလေကုန်။ ယင်း(ငရဲ)မီး၏ လောင်စာများမှာ လူများနှင့်ကျောက်တုံးများ ဖြစ်ကြ၏။ ယင်း(ငရဲ)မီး၌ ညှာတာမှုကင်းမဲ့၊ စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသော၊ လွန်စွာပြင်းထန် ကြံ့ခိုင်သော "မလာအိကဟ်" ကောင်းကင်တမန်များသည် (စောင့်ကြပ်လျက်)ရှိကြကုန်၏။ ထို "မလာအိကဟ်" ကောင်းကင်တမန်တို့မှာ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်က ၎င်းတို့ကို ပေးတော်မူသော အမိန့်တော်နှင့်စပ်လျဉ်း၍ ဖီဆန်ကြသည် မရှိသည့်အပြင် မိမိတို့ အမိန့်ပေးတော်မူခြင်း ခံကြရသည်ကို (မဆိုင်း မတွ) ပြုလုပ် ဆောင်ရွက်လေ့ရှိကြကုန်၏။
ﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾ
အို-"ကာဖိရ်" သွေဖည်ငြင်းပယ်သူအပေါင်းတို့၊ ယနေ့ အသင်တို့သည် (မည်သို့မျှ) အကြောင်း မပြကြကုန်လင့်။ အသင်တို့သည် မိမိတို့ ကျင့်မူနေခဲ့ကြသော (အမှုကိစ္စ)နှင့် စပ်လျဉ်း၍သာ အစားပေးခြင်းကို ခံနေကြရခြင်း ဖြစ်သည်။
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀ
အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ စစ်မှန်သော ဝန်ချ တောင်းပန်ခြင်းမျိုးဖြင့် ဝန်ချ တောင်းပန်ကြလေကုန်။ (သို့ပြုလုပ်ခြင်းအားဖြင့်)အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကို အသင်တို့မှ ပပျောက်စေတော်မူမည့်ပြင် အသင်တို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူတန်ရာ၏။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ အကြင်နေ့ကို(သတိရရှိကြလေကုန်၊) ထိုနေ့တွင်အလ္လာဟ်အရှင်မြတ်သည် နဗီ တမန်တော်မြတ်အား လည်းကောင်း၊ ထိုနဗီတမန်တော်မြတ်နှင့်အတူ သက်ဝင် ယုံကြည်ခဲ့ကြသောသူတို့အား လည်းကောင်း၊ ကျိုးယုတ်ရှက်ရ ဖြစ်စေတော်မူမည် မဟုတ်ပေ။ ၎င်းတို့၏ အလင်းရောင်မှာ ၎င်းတို့၏ ရှေ့၌လည်းကောင်း၊ လယ်ယာဘက်များ၌လည်း ကောင်း၊ ပြေးလျက် ရှိပေမည်။ ၎င်းတို့မှာ(ဤသို့)လျှောက်ထား ပန်ကြားလျက်ရှိကြမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ကျွန်တော်မျိုးတို့၏အလင်းရောင်ကို အဆုံးတိုင်အောင် ထားရှိတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ခွင့်လွှတ်တော်မူပါ၊ ဧကန်မလွဲ အရှင်မြတ်သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။
ﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎ
အို-နဗီတမန်တော်၊ အသင်သည် "ကာဖိရ်" သွေဖည်ငြင်းပယ်ကြကုန်သော သူတို့အားလည်းကောင်း၊ "မုနာဖစ်က်" အယောင်ဆောင် မွတ်စ်လင်မ်တို့အားလည်းကောင်း၊ သက်စွန့်ကြိုးပမ်း တိုက်ခိုက်ပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့အပေါ်၌ ကျပ်တည်းစေပါလေ။ ထို့ပြင် ၎င်းတို့၏ခိုလှုံရာဌာနမှာ "ဂျဟန္နမ်" ငရဲသာလျှင်ဖြစ်၏။ စင်စစ်မှာကား (ယင်း"ဂျဟန္နမ်"ငရဲမှာ) လွန်စွာ ဆိုးရွားလှသောစခန်းပင် ဖြစ်ချေသည်။
ﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫ
အလ္လာဟ်အရှင်မြတ်သည် "ကာဖိရ်" သွေဖည် ငြင်းပယ်ကြကုန်သူတို့၏အကျိုးငှာ (နဗီတမန်တော်) နူဟ်၏ဇနီးကြင်ရာကိုလည်းကောင်း၊ (နဗီတမန်တော်) လူ(တ်)၏ဇနီးကြင်ရာကိုလည်းကောင်း၊ ဥပမာအဖြစ် ခိုင်းနှိုင်း မိန့်ကြားတော်မူ၏။ ထိုဇနီးကြင်ရာနှစ်ဦးကား ငါအရှင်မြတ်၏ကျွန်အနက် သူတော်စင်ကျွန်နှစ်ပါး၏ (ထိမ်းမြားမှု) အောက်တွင် ရှိခဲ့ကြလေ၏။ သို့တစေလည်း ထိုဇနီးကြင်ရာနှစ်ဦးသည် ထိုကျွန်နှစ်ပါးနှင့်ပတ်သက်၍ (ဒီန်သာသနာရေးတွင်) သစ္စာ သွေလှန်ခဲ့ကြပေရာ ထိုကျွန်တော်နှစ်ပါးမှာ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ထိုကြင်ရာနှစ်ဦးအဖို့ အနည်းငယ်စိုးစဉ်းမျှပင် အကျိုးမပြုနိုင်ခဲ့ကြပေ။ ထို့ပြင် "အသင်တို့နှစ်ဦးသည်လည်း (အခြားသော) ဝင်ရောက်ကြသူတို့နှင့်အတူ (ငရဲ)မီးထဲသို့ ဝင်ရောက် ကြကုန်လော့"ဟု အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရလေသတည်း။
ﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥ
ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည် "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော သူတို့၏အကျိုးငှာ ‘ဖစ်ရ်အောင်န်’ ၏ဇနီးကြင်ရာကို ဥပမာအဖြစ် ခိုင်းနှိုင်း မိန့်ကြားတော်မူခဲ့၏။ တစ်ရံရောအခါဝယ် ထို ‘ဖစ်ရ်အောင်န်’၏ဇနီးကြင်ရာသည် (ဤသို့) လျှောက်ထား ပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးမအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် မိမိထံတော်ပါး၌ ‘ဂျန္နတ်’သုခဘုံတွင် ကျွန်တော်မျိုးမအဖို့ နေအိမ်တစ်လုံးကို ပြုလုပ်၍ ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမအား `ဖစ်ရ်အောင်န်` နှင့် ၎င်း၏ အကျင့်အမူတို့မှ လွတ်မြောက်စေတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးမအား မတရားသော အမျိုးသားတို့မှလည်း လွတ်မြောက်စေတော်မူပါ။
ﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷ
ထိုနည်းတူစွာ (အလ္လာဟ်အရှင်မြတ်သည်) `အီမ်ရာန်` ၏သမီး၊ အကြင် ‘မရ်ယမ်’ အား (ဥပမာအဖြစ် ခိုင်းနှိုင်း မိန့်ကြားတော်မူခဲ့၏၊) ထို ‘မရ်ယမ်’ သည် မိမိအသရေကို စောင့်စည်းထိန်းသိမ်းခဲ့လေရာ ငါအရှင်မြတ်သည် ၎င်း၏အင်္ကျီရင်ကွဲ(ရင်ဖုံး)ဝယ် မိမိအထံတော်မှ အသက်ဇီဝိန်ကို နှုတ်တော်မူခဲ့လေ၏။ ထို့ပြင် ထို ‘မရ်ယမ်’ သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မိန့်ကြားချက်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်တရားတော်တို့ကိုလည်းကောင်း၊ ယုံကြည်ထောက်ခံခဲ့သည့်ပြင် အမှန်စင်စစ် ထို’မရ်ယမ်’မှာ အမိန့်တော်ကို နာခံကြ ကုန်သော သူတို့တွင် အပါအဝင်ဖြစ်ခဲ့ပေသတည်း။

ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers