PDF —
98 အာယာသ် Meccan PDF
Built right in your browser — download starts automatically

စူရာ မာရ်ယမ် pdf — ဒေါင်းလုဒ် (မြန်မာ)

စူရာ မာရ်ယမ် pdf မြန်မာ — ဒေါင်းလုဒ် စူရာ မာရ်ယမ် ဘာသာပြန်. စူရာ မာရ်ယမ် (Meccan) 98 အာယာသ်.

← အလ်-ကဟ်ဖ်စူရာ မာရ်ယမ် တာဟာ →


98 အာယာသ် · Meccan · မြန်မာ
bismillah
ﭑﭒ
19:1 ကာဖ်၊ ဟာ၊ ယာ၊ အိုင်န်၊ ဆွာဒ်။
ﭓﭔﭕﭖﭗﭘ
19:2 ဤသည်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က မိမိကျွန် (နဗီတမန်တော်)ဇကရီယာ၏အပေါ်၌ ကရုဏာပြုတော်မူခဲ့ခြင်းကို ထုတ်ဖော် မြွက်ဟတော်မူခြင်းပင်တည်း။
ﭙﭚﭛﭜﭝﭞ
19:3 (ပြန်လည်အောက်မေ့သတိရကြလေကုန်)တစ်ရံရောအခါဝယ် ထိုဇကရီယာသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို လျှို့ဝှက်စွာ ပန်ကြားခဲ့လေသည်။
ﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭ
19:4 (တစ်ဖန်)ယင်းဇကရီယာသည်(ဤသို့) လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုး၏အရိုးများမှာ အားအင်ချည့်နဲ့၍နေပါပြီ။ ၎င်းပြင် (ကျွန်တော်မျိုး၏)ဦးခေါင်းမှာလည်း ဆံဖြူများကြောင့် (ဖြူဖွေး)တောက်ပလျက်ရှိနေပါပြီ။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ စင်စစ် ကျွန်တော်မျိုးသည် အရှင်မြတ်အားဟစ်ခေါ်တမ်းတ လျှောက်ထားပန်ကြားမှုကြောင့် မည်သည့်အခါကမျှ အလိုဆန္ဒ မပြည့်ဝသူ မဖြစ်ခဲ့ဘူးပါ။
ﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻ
19:5 ဧကန်စင်စစ် ကျွန်တော်မျိုးသည် မိမိ(မရှိသည့်)နောက်တွင်(မိမိ)ဆွေမျိုးနီးစပ်သူတို့နှင့် ပတ်သက်၍ စိုးရိမ်မိခဲ့ပါသည်။ ထို့ပြင် ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမထွန်းကားသော အမြုံပင်ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ သားကောင်းရတနာ အမွေစားအမွေခံ တစ်ဦးကိုချီးမြှင့်ပေးသနားတော်မူပါ၊
ﭼﭽﭾﭿﮀﮁﮂﮃﮄﮅ
19:6 ထိုသားရတနာ၊ အမွေစား အမွေခံသည် ကျွန်တော်မျိုး၏အရိုက်အရာဆက်ခံသူလည်း ဖြစ်ပါစေ။ (နဗီတမန်တော်)ယအ်ကူဗ်၏သားမြေးတို့၏ အရိုက်အရာဆက်ခံသူလည်းဖြစ်ပါစေ။ ထိုမှတစ်ပါး အို- ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းအား (မိမိအထံတော်၌) နှစ်မြို့ဖွယ်ရာလည်း ဖြစ်ပါစေ။
ﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒ
19:7 (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူခဲ့၏)။ အို-ဇကရီယာ၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ယဟ်ယာမည်သော သားရတနာတစ်ပါးနှင့်ပတ်သက်၍သတင်းကောင်း ပေးတော်မူ၏။ ယခင်က ငါအရှင်မြတ်သည်ယင်းယဟ်ယာနှင့် နာမည်တူသူတစ်ဦးတစ်ယောက်ကို ရှိစေတော်မူခဲ့သည် မဟုတ်ချေ။
ﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡ
19:8 (ထိုအခါ) ယင်းဇကရီယာက (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားရတနာသည်အသို့လျှင် ရှိနိုင်ပါအံ့နည်း။ အကြောင်းသော်ကား ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမမွေးသောအမြုံဖြစ်နေပါသည်။ကျွန်တော်မျိုးမှာလည်း သက်ရွယ်ကြီးရင့် အိုမင်းခြင်း၏အထွတ်အထိပ်သို့ ရောက်ရှိနေပါပြီ။
ﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰ
19:9 (ထိုရောကာလ) ထိုအရှင်မြတ်က (ကောင်းကင်တမန်မှတစ်ဆင့် ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (အို-ဇကရီယာ) ဤ အတိုင်းပင်ဖြစ်ပေမည်။ ဤသည် ငါအရှင်မြတ်အဖို့ အလွန်လွယ်ကူကြောင်း၊ ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယခင်ကလည်း အသင့်အား အသင် တစ်စုံတစ်ရာမရှိခဲ့စဉ်က ဖန်ဆင်းတော်မူခဲ့သည်။
ﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠ
19:10 (ထိုအခါ) ယင်းဇကရီယာက အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ (သို့ဖြစ်ပါလျှင်) အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဇနီးမှာ သားရတနာကို ကိုယ်ဝန်ဆောင်လျက် ရှိနေကြောင်း သိနိုင်အံ့သောငှာ)သက်သေလက္ခဏာ တစ်ရပ်ရပ်ကို ကျွန်တော်မျိုးအား ပြုလုပ်သတ်မှတ်၍ ပေးတော်မူပါဟု လျှောက်ထား ပန်ကြားပြန်လေ၏။ အရှင်မြတ်က (အို-ဇကရီယာ) အသင်၏ နိမိတ်လက္ခဏာမှာ အသင်သည် ပကတိကျန်းမာစွာရှိပါလျက်နှင့် သုံးညတိတိ(တစ်ဆက်တည်း) လူတို့နှင့် စကားမပြော နိုင်ဘဲရှိမည်ဟူ၍မိန့်ကြားတော်မူခဲ့ပေသည်။
ﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬ
19:11 ထို့နောက် ယင်းဇကရီယာသည် ဝတ်ပြုနေရာမှမိမိအမျိုးသားတို့ရှေ့ဝယ် ထွက်ခဲ့ပြီးလျှင် အသင်တို့သည် နံနက်ယံ၌လည်းကောင်း၊ ညဦးယံ၌လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် သန့်ရှင်းစင်ကြယ်တော်မူကြောင်း) တတ်စ်ဗီဟ်ဆိုကြလေကုန်ဟု (လက်ရိပ်ဖြင့်) ညွှန်ခဲ့လေသတည်း။
ﭑﭒﭓﭔﭕﭖﭗﭘﭙ
19:12 အို-ယဟ်ယာ၊ အသင်သည် ကျမ်းဂန်ကို စွဲမြဲစွာ ကိုင်ထားလော့(ဟုမိန့်ကြားတော်မူခဲ့၏၊) စင်စစ်သော်ကား ငါအရှင်မြတ်သည် ယင်းယဟ်ယာအား ကလေးဘဝ၌ပင် ဉာဏ်အမြော်အမြင်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ပေသည်။
ﭚﭛﭜﭝﭞﭟﭠﭡ
19:13 ထိုနည်းတူစွာ မိမိအထံတော်မှ အကြင်နာတရားကိုလည်းကောင်း၊ သန့်ရှင်းစင်ကြယ်မှုကိုလည်း ကောင်း၊(ချီးမြှင့်တော်မူခဲ့၏)။ ၎င်းပြင် ယင်းယဟ်ယာသည် (ပြစ်မှုဒုစရိုက်တို့မှ) အလွန် ရှောင်ရှားသူပင် ဖြစ်ခဲ့ပေသည်။
ﭢﭣﭤﭥﭦﭧﭨ
19:14 ထို့ပြင် မိမိ၏ မိဘနှစ်ပါးအား အလွန်ကျေးဇူးပြုတတ်သူလည်းဖြစ်ခဲ့၏။ ထို့ပြင် မာန်မာနထောင်လွှားသူအမိန့်တော်ကို ဖီဆန်သူမဖြစ်ခဲ့ပေ။
ﭩﭪﭫﭬﭭﭮﭯﭰﭱﭲ
19:15 ထိုမှတစ်ပါး ထိုယဟ်ယာ၏အပေါ်၌ ယင်းဖွားမြင်ခဲ့သည့်နေ့တွင်လည်းကောင်း၊ ကွယ်လွန်သေဆုံးမည့်နေ့တွင်လည်းကောင်း၊ အသက်ရှင်လျက် ထရမည့်နေ့တွင်လည်းကောင်း၊ (ငါအရှင်မြတ်အထံတော်မှ) ငြိမ်းချမ်းသာယာမှု(ဘေးရန်ကင်းငြိမ်းမှု)သည် ကျရောက်ပါစေသတည်း။
ﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽ
19:16 ၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်(ဤကုရ်အာန်)ကျမ်းတော်မှ မရ်ယမ်(၏အတ္ထုပ္ပတိ) အကြောင်းကို ဖတ်ကြားပါလေ။ တစ်ရံရောအခါဝယ် ယင်းမရ်ယမ်သည်မိမိအိမ်သူအိမ်သားတို့ထံမှ ခွဲခွာ၍ အရှေ့ဖက်၌ရှိသောအခန်းတစ်ခန်းသို့ သွားခဲ့လေသည်။
ﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉ
19:17 တစ်ဖန် ယင်းမရ်ယမ်သည် ထိုအိမ်သူအိမ်သားတို့ (မမြင်နိုင်ရန်)ကန့်လန့်ကာတစ်ခု ချခဲ့လေသည်။ ထို့နောက်ငါအရှင်မြတ်သည် ယင်းမရ်ယမ်၏ထံသို့ မိမိ၏ အထူးကောင်းကင်တမန်ကို စေလွှတ်တော်မူခဲ့လေသည်။ ထိုအခါ ယင်းကောင်းကင်တမန်သည် ထိုမရ်ယမ်၏အရှေ့ဝယ် ပကတိလူသားတစ်ယောက်၏အသွင်ဖြင့် ကိုယ်ထင်ပြခဲ့၏။
ﮊﮋﮌﮍﮎﮏﮐﮑﮒ
19:18 ထိုအခါ ယင်းမရ်ယမ်က (ထိုကောင်းကင်တမန်အား အကယ်စင်စစ် လူထင်မှတ်၍ဤသို့)ပြောကြား ခဲ့သည်မှာအကယ်၍ အသင်သည် သူတော်စင်တစ်ဦး ဖြစ်ခဲ့မူ ကျွန်ုပ်သည်အသင်(၏ဘေးအန္တရယ်)မှ(လွတ်ကင်းအံ့သောငှာ)ရဟ်မာန်အနန္တကရုဏာတော်ရှင်ထံတော်၌ အကာအကွယ်ယူပါ၏။
ﮓﮔﮕﮖﮗﮘﮙﮚﮛﮜ
19:19 (ထိုအခါ) ယင်းကောင်းကင်တမန်က (အိုမရ်ယမ်) ကျွန်ုပ်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ စေတမန်သာလျှင်ဖြစ်ပေသည်။ ကျွန်ုပ်သည် အသင့်အား စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော သားရတနာတစ်ပါးကိုပေးရန် သာလျှင် (လာရခြင်း)ဖြစ်သည်ဟုပြောကြားခဲ့လေသည်။
ﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨ
19:20 ထိုအခါ ယင်းမရ်ယမ်က (အို-ကောင်းကင်တမန်)စင်စစ် ကျွန်ုပ်အား မည်သည့်လူသားတစ်ဦးတစ်ယောက်မျှပင် ထိတွေ့ခဲ့ဖူးသည်လည်း မရှိပါဘဲလျက်လည်းကောင်း၊ ကျွန်ုပ်သည် အကျင့်မကောင်းသူ တစ်ဦးလည်း မဖြစ်ပါဘဲလျက်လည်းကောင်း၊ အသို့လျှင် ကျွန်ုပ်မှာ သားရတနာထွန်းကားနိုင်အံ့နည်းဟု ပြန်ပြောခဲ့လေသည်။
ﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛ
19:21 ကောင်းကင်တမန်က(အို-မရ်ယမ်) ဤအတိုင်းပင်ဖြစ်ပေမည်။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ဤသည်ကား ငါအရှင်မြတ်၌ အလွန်လွယ်ကူလှကြောင်း၊ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းသား ရတနာအား လူတို့အဖို့ သက်သေလက္ခဏာတစ်ရပ် အဖြစ်လည်းကောင်း၊ ငါအရှင်မြတ် အထံတော်မှ ကရုဏာတော်အဖြစ်လည်းကောင်း၊ ပြုလိုတော်မူကြောင်း၊ ဤသည်စီရင်ဆုံးဖြတ်ပြီးဖြစ်သောကိစ္စတစ်ရပ်ပင်ဖြစ်ကြောင်း၊ မိန့်ကြားတော်မူလေသတည်း။
ﯜﯝﯞﯟﯠﯡﯢ
19:22 ထို့နောက် မရ်ယမ်သည် ထိုသားရတနာကို ကိုယ်ဝန်ဆောင်ခဲ့လေသည်။ ထိုအခါ ယင်းမရ်ယမ်သည် ထိုကိုယ်ဝန်နှင့်အတူ ဝေးလံသောနေရာတစ်ခုသို့ ရှောင်သွားခဲ့လေသည်။
ﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰ
19:23 ထို့နောက် သားဖွားခြင်း၏ဝေဒနာသည် ထိုမရ်ယမ်အား စွန်ပလွံပင်(တစ်ပင်)ရှိရာသို့ ဆောင်ကြဉ်း သွားခဲ့လေသည်။ ထိုအခါ ယင်းမရ်ယမ်ကဪ-ဖြစ်ရလေခြင်း၊ငါသည် ဤသို့(ဖမဲ့သားကို)မဖွားမီသေဆုံးခဲ့ပြီး လုံးဝမေ့ပျောက်စွန့်ပစ်ထားပြီးဖြစ်ခဲ့ပါလျှင် ကောင်းလေစွတကား ဟု ညည်းညူမြည်တမ်းခဲ့လေသည်။
ﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻ
19:24 ထိုအခါ ယင်းမရ်ယမ်အား ၎င်းရှိရာ အောက်နားမှ (ထိုစွန်ပလွံပင်အောက်မှ) ကောင်းကင်တမန်က (ဤသို့)ပြောကြားခဲ့လေသည်။ (အို-မရ်ယမ်) အသင်မသည် စိတ်မပူလေနှင့်။ ဧကန်စင်စစ် အသင်မအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်မ၏အောက်၌ပင် ချောင်းတစ်ခုကို ဖြစ်ပေါ်စေတော်မူလေပြီ။
ﯼﯽﯾﯿﰀﰁﰂﰃﰄ
19:25 ထိုမှတစ်ပါး အသင်မသည် စွန်ပလွံပင်၏ ပင်မကို မိမိဖက်သို့(ဆွဲ၍)လှုပ်ပါလျှင် စိမ်းစိုလတ်ဆတ်သေစွန်ပလွံသီးများသည် အသင်မ၏ရှေ့ဝယ် ကေကျလာပါလိမ့်မည်။
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤ
19:26 ထိုအခါ အသင်မသည် (ထိုစွန်ပလွံသီးများကို)စားသုံး၍(ထိုချောင်းမှရေကို)သောက်သုံးပါလေ။ ၎င်းပြင် မျက်စိကို ကြည်လင်စေပါလေ။ တစ်ဖန် အကယ်၍ အသင်သည်လူသားတစ်ဦးတစ်ယောက်ကို တွေ့ခဲ့ပါမူ ဧကန်အမှန် ကျွန်မသည် ရဟ်မာန်အနန္တကရုဏာတော်ရှင်အား ရည်စူး၍ ဥပုသ်သီလဆောက်တည်ရန် အဓိဋ္ဌာန်ပြုထားပြီးဖြစ်ရာ ကျွန်မသည်ယနေ့ မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ အလျှင်းစကားပြောဆိုမည် မဟုတ်ကြောင်း၊ ပြောကြားပါလေ။
ﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰ
19:27 ၎င်းနောက် ထိုမရ်ယမ်သည် ယင်းသားရတနာကို(မိမိရင်ခွင်ဝယ်)ပွေ့ချီလျက် မိမိအမျိုးသားတို့ထံ လာခဲ့လေ၏။ (ထိုအခါ)ယင်းအမျိုးသားတို့က(ဤသို့) ပြောကြားခဲ့ကြကုန်၏။ အို-မရ်ယမ် အသင်မ သည် အလွန်ဆိုးဝါးလှသောပြစ်မှုကိုကျူးလွန်ခဲ့သည် တကား။
ﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼ
19:28 အို-ဟာရူန်၏နှမ၊ အသင်မ၏ ဖခင်မှာလည်းအကျင့်မကောင်းသူ မဟုတ်ခဲ့ပေ။ အသင်မ၏ မိခင်မှာလည်းအကျင့်ပျက်သူတစ်ဦး မဟုတ်ခဲ့ချေတကား။
ﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈ
19:29 ထိုအခါ ထိုမရ်ယမ်သည် ထိုသားရတနာကို ညွှန်ပြခဲ့လေရာ၊ ယင်းအမျိုးသားတို့က (အို-မရ်ယမ်) အကျွန်ုပ်တို့သည် ပုခက်တွင်းဝယ် ကလေး(ဘဝ၌)ပင်ရှိနေသေးသောသူငယ်နှင့်အသို့လျှင် စကားပြောဆိုကြ ရအံ့နည်းဟု ပြောဆိုခဲ့ကြလေသည်။
ﮉﮊﮋﮌﮍﮎﮏﮐﮑ
19:30 (ထိုအခါ)၊ ယင်း(ပုခက်တွင်းမှ)ကလေးသူငယ်(အီစာ)က (ဤသို့စကား)ပြောဆို(ဖြေကြား)ခဲ့လေ၏။ ဧကန်မလွဲ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်သာလျှင် ဖြစ်ပေသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်အား [အင်(န်)ဂျီလ်)]ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အား နဗီတမန်တော်အဖြစ်လည်း ချီးမြှောက်တော်မူခဲ့ပေသည်။
ﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝ
19:31 ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အား မည်သည့်နေရာ၌မဆကျွန်ုပ်ရှိနေစေကာမူ ဗရ်ကတ်မင်္ဂလာ နှင့်ပြည့်စုံသူ ပြုလုပ်တော်မူခဲ့ပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကျွန်ုပ်အား အသက်ထင်ရှား ရှိနေသမျှကာလပတ်လုံးဆွလာတ်ဝတ်ပြုရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊ အမိန့်ပေးတော် မူခဲ့လေသည်။
ﮞﮟﮠﮡﮢﮣﮤ
19:32 ထိုမှတစ်ပါး (ထိုအရှင်မြတ်သည် ကျွန်ုပ်အား)ကျွန်ုပ်၏မိခင်ကို ကောင်းစွာပြုစု ကျေးဇူးပြုတတ်သူလည်း(ဖြစ်စေတော်မူခဲ့၏၊) ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အားမာန်မာနထောင်လွှားသူ၊ အကြောင်းမလှသူအဖြစ်လည်း ပြုလုပ်တော်မမူခဲ့ချေ။
ﮥﮦﮧﮨﮩﮪﮫﮬﮭﮮ
19:33 ထို့ပြင် ကျွန်ုပ်၏အပေါ်၌ ကျွန်ုပ်မွေးဖွားခဲ့သည့်နေ့၌လည်းကောင်း၊ ကျွန်ုပ်သေဆုံးမည့်နေ့၌ လည်းကောင်း၊ကျွန်ုပ်ရှင်ပြန်ထစေခြင်း ခံရမည့်နေ့၌လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ငြိမ်းချမ်းသာယာမှုသည် ကျရောက်ပါစေသတည်း။
ﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚ
19:34 ဤသည်ကား မရ်ယမ်၏သားတော် အကြင်အီစာပင်။ ယင်းမှန်ကန်သောစကားကိုပြောဆိုခဲ့လေသည်။၎င်းတို့သည် ထိုအီစာနှင့်ပတ်သက်၍ အငြင်းအခုံပြုလျက်ရှိကြကုန်သည်။
ﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭ
19:35 သားသမီးတစ်စုံတစ်ယောက် ပြုလုပ်ခြင်းသည်အလ္လာဟ်အရှင်မြတ်နှင့် အလျှင်းမအပ်စပ်ပေ။ ထိုအရှင်မြတ်သည်(အိမ်ထောင်ပြုသားမွေးခြင်းကိစ္စတို့မှ) လုံးဝကင်းတော်မူ၏။ (အမှန်စင်စစ်) မည်သည့် အခါမဆို ထိုအရှင်မြတ်သည်အမှုကိစ္စ တစ်စုံတစ်ရာကို စီရင်ပြဋ္ဌာန်းတော်မူပါလျှင် ထိုအရှင်မြတ်သည် ယင်းအမှုကိစ္စကို ဖြစ်စေဟု မိန့်ကြားတော်မူရုံမျှဖြင့်ထိုအမှုကိစ္စသည် ဖြစ်သွားလေ၏။
ﯮﯯﯰﯱﯲﯳﯴﯵﯶﯷ
19:36 ၎င်းပြင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်ကျွန်ုပ်အားလည်း ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အသင်တို့အားလည်း ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်၊ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ ဤသည်သာလျှင် ဖြောင့်မတ်သော တရားလမ်းပင်ဖြစ်ပေသတည်း။
ﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄ
19:37 ထို့နောက် ၎င်း(ခရစ်ယာန်)တို့အနက် အုပ်စုအသီးသီးတို့သည် အထင်အမြင် အယူအဆ ကွဲပြားခဲ့ ကြလေသည်။ သို့ဖြစ်ပေရာ ကြီးကျယ်လှစွာသော (ကိယာမတ်)နေ့ရောက်ရှိလာသောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သူတို့၌(အကြီးအကျယ်) ပျက်စီးမှုသည် ရှိအံ့သတည်း။
ﰅﰆﰇﰈﰉﰊﰋﰌﰍﰎﰏﰐﰑ
19:38 ၎င်းတို့သည် ငါအရှင်မြတ်ထံတော်သို့ လာကြသောနေ့တွင် အဘယ်မျှလောက် ကြားသူများ၊ အဘယ်မျှလောက် မြင်သူများ ဖြစ်သွားကြအံ့နည်း။ သို့ရာတွင် ယနေ့သော်ကား မတရားကျူးလွန်သူတို့သည် အလွန်ထင်ရှားစွာသောလမ်းမှားမှု၌ပင် ရှိနေကြကုန်၏။
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝ
19:39 ၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အမှန်စင်စစ် ၎င်းတို့သည် အလေးမမူ ဂရုမစိုက်ဘဲရှိနေကြပေရာ အကြင်ဝမ်းနည်းကြေကွဲရ မည့်နေ့နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ ထို့အပြင် 4င်းတို့သည် မယုံကြည်ကြချေ။
ﭞﭟﭠﭡﭢﭣﭤﭥﭦ
19:40 ဧကန်မလွဲ ငါအရှင်မြတ်သာလျှင် ကမ္ဘာမြေကိုလည်းကောင်း၊ ယင်းကမ္ဘာမြေဝယ် ရှိသမျှတို့ကိုလည်းကောင်း၊အမွေခံ(ဝါ) နောက်ဆုံးပိုင်ဆိုင်တော်မူသော အရှင်မြတ်အဖြစ်ကျန်ရစ်တော်မူမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြရမည်သာတည်း။
ﭧﭨﭩﭪﭫﭬﭭﭮﭯﭰ
19:41 ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(မိမိအမျိုးတို့ရှေ့ဝယ်ဤ) ကျမ်းဂန်မှ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်(၏အကြောင်းအတ္ထုပ္ပတ္တိ)ကို ဖတ်ကြားပါလေ။ ဧကန်မလွဲ ထိုအစ်ဗ်ရာဟီမ်သည် သစ္စာဝါဒီ ဖြစ်ခဲ့ပေသည်။ နဗီတမန်တော်လည်း ဖြစ်ခဲ့ပေသည်။
ﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀ
19:42 တစ်ရံရောအခါ ထို(နဗီတမန်တော်အစ်ဗ်ရာဟီမ်)သည် မိမိဖခင်(အာဇရ်)အား (ဤသို့)ပြောကြားခဲ့လေသည်။ အို-ကျွန်ုပ်၏ဖခင်၊ အသင်(ဖခင်)သည် အဘယ်ကြောင့်အကြင်အရာကို ခဝပ်ကိုးကွယ်နေပါသနည်း။ ထိုအရာသည်(တစ်စုံတစ်ရာကိုမျှပင်)ကြားသည်လည်းမဟုတ်၊မြင်သည်လည်းမဟုတ်ချေ။ ထိုမှတစ်ပါး ယင်းအရာသည် အသင်(ဖခင်)အဖို့စိုးစဉ်းမျှပင် အသုံးဝင်နိုင်မည်လည်းမဟုတ်ပေတကား။
ﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎ
19:43 အို-ကျွန်ုပ်၏ဖခင်၊ အသင်(ဖခင်)၏ထံသို့ မရောက်ခဲ့သော အသိပညာ(ဝဟီအမိန့်တော်)ကား ဧကန်မလွဲကျွန်ုပ်ထံရောက်လာခဲ့ပြီဖြစ်ပါ၍ အသင်(ဖခင်)သည် ကျွန်ုပ်၏နောက်သို့လိုက်ခဲ့ပါ။ ကျွန်ုပ်သည် အသင်(ဖခင်)အား ဖြောင့်မတ်သောတရားလမ်း မှန်ကို ပြသပါမည်။
ﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙ
19:44 အို-ကျွန်ုပ်၏ဖခင်၊အသင်(ဖခင်)သည် ရှိုင်တွာန်မိစ္ဆာကောင်ကို ခဝပ်ကိုးကွယ်ခြင်းမပြုပါနှင့်။ ဧကန်မလွဲ ရှိုင်တွာန်မိစ္ဆာကောင်မှာ ရဟ်မာန်အနန္တ ကရုဏာရှင်(၏အမိန့်တော်)ကို ဖီဆန်သူဖြစ်ခဲ့ပါသည်။
ﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥ
19:45 အို-ကျွန်ုပ်၏ဖခင်၊ ဧကန်ဆတ်ဆတ် ကျွန်ုပ်မူကား အသင်(ဖခင်)၌ ရဟ်မာန်အနန္တကရုဏာ တော်ရှင်၏အထံတော်မှ ပြစ်ဒဏ်သက်ရောက်မည်ကို စိုးရိမ်မိပါသည်။ထိုသို့ဖြစ်ခဲ့ပါလျှင် အသင်(ဖခင်) သည် ရှိုင်တွာန်မိစ္ဆာကောင်၏အဆွေခင်ပွန်း ဖြစ်သွားပါလိမ့်မည်။
ﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕ
19:46 (ထိုအခါ နဗီတမန်တော်အစ်ဗ်ရာဟီမ်၏ဖခင်)ထို(အာဇရ်)က (ဤသို့)ပြောဆို (ကြိမ်းမောင်း)ခဲ့လေသည်။ အိုအစ်ဗ်ရာဟီမ်၊ အသင်သည် ကျွန်ုပ်၏ ကိုးကွယ်ရာတို့ဘက်မှမျက်နှာလွှဲသူ(ကျောခိုင်း)သူ ဖြစ်နေပါသလော။ အကယ်၍သာအသင်သည် (မိမိလက်ရှိအယူဝါဒကိုလည်းကောင်း၊ မိမိအယူဝါဒနှင့်စပ်လျဉ်း၍ ကျွန်ုပ်၏ရှေ့ဝယ် ဟောပြောခြင်းကိုလည်းကောင်း၊) မစွန့်ခဲ့ပါလျှင် မလွဲဧကန် ကျွန်ုပ်သည် အသင့်အားခဲဖြင့် ပစ်ပေါက်သတ်ရလိမ့်မည်။ ၎င်းပြင် အသင်သည် ကျွန်ုပ်အား ကာလရှည်ကြာစွာ စွန့်ခွာသွားလော့ဟုဆိုလေ၏။
ﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢ
19:47 ထိုအခါ ထို(နဗီတမန်တော်)အအစ်ဗ်ရာဟီမ်က(မိမိဖခင်အာဇရ်အား ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ (အိုဖခင်၊စလာမွန်အလိုက် ငြိမ်းချမ်း သာယာမှုသည် အသင့်အပေါ်၌ရှိပါစေ၊ (ကျွန်တော်လမ်းခွဲပါရစေ)၊ ယခုသော်ကားကျွန်ုပ်သည် အသင်(ဖခင်)အဖို့ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါတော့မည်။ မလွဲဧကန် ထိုအရှင်မြတ်သည် ကျွန်ုပ်အပေါ်၌ အလွန်တရာကျေးဇူးပြုတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။
ﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱ
19:48 ထိုမှတစ်ပါး ကျွန်ုပ်သည် အသင်တို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့ဟစ်ခေါ်(တသကိုးကွယ်) လျက်ရှိကြသော အရာဝတ္ထုတို့ကိုလည်းကောင်း၊(စွန့်ကာ) ဘေးဖယ်၍နေပါတော့မည်။ ၎င်းပြင်ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်အားသာလျှင်ဟစ်ခေါ်(တသပန်ကြား)ပါတော့မည်။ (စင်စစ်) ကျွန်ုပ်သည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဟစ်ခေါ်(တသပန်ကြား)၍ လိုဘမပြည့်သူ မဖြစ်နိုင်ပါ။
ﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁ
19:49 တစ်ဖန် အကြင်အခါဝယ် ယင်းအစ်ဗ်ရာဟီမ်သည် ထိုသူတို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင် မြတ်အားစွန့်၍ ထိုသူတို့ကိုးကွယ်လျက်ရှိကြသော အရာဝတ္ထုများကိုလည်းကောင်း၊(စွန့်၍)ဘေးဖယ်ခဲ့သောအခါ ငါအရှင်မြတ်သည်ထိုအစ်ဗ်ရာဟီမ်အား (သားတော်)အစ္စဟာက်ကိုလည်းကောင်း၊ (မြေးတော်) ယအ်ကူဗ်ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည်(ယင်းအစ္စဟာက်နှင့်ယအ်ကူဗ်တို့အနက်)အသီးသီးကို နဗီ တမန်တော်အဖြစ်သို့ချီးမြှင့်တော်မူခဲ့လေသတည်း။
ﰂﰃﰄﰅﰆﰇﰈﰉﰊﰋ
19:50 ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား မိမိ ကရုဏာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သည့်ပြင် ငါအရှင်မြတ်သည် ၎င်းတို့၏ မှန်ကန်သောဂုဏ်သတင်းကိုလည်း မြင့်မြတ်(ကျော်ကြားထင်ရှား)စေတော်မူခဲ့ပေသတည်း။
ﰌﰍﰎﰏﰐﰑﰒﰓﰔﰕﰖﰗ
19:51 ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် (ဤ)ကျမ်းဂန်မှ (နဗီတမန်တော်)မူစာ၏အကြောင်း အတ္ထုပ္ပတ္တိကိုဖတ်ကြားပါလေ။ ဧကန်မုချ ယင်းမူစာသည် အထူးရွေးချယ်တော်မူခြင်းခံရသူဖြစ်သည့်ပြင် ရစူလ်တမန်တော်လည်း ဖြစ်ခဲ့၏။ နဗီတမန်တော်လည်းဖြစ်ခဲ့၏။
ﭑﭒﭓﭔﭕﭖﭗﭘ
19:52 ထို့ပြင် ငါအရှင်မြတ်သည် ယင်းမူစာအား (၎င်း၏) လက်ယာဘက်၌ရှိသော သူ(ရ်)မည်သော တောင်၏ဘက်မှဟစ်ခေါ်တော်မူခဲ့လေသည်။ ထိုမှတစ်ပါးလည်း ငါအရှင်မြတ်သည် ယင်းမူစာအား လျှို့ဝှက်စကားပြောကြားသူအဖြစ်မြှောက်စားတော် မူခဲ့လေသည်။
ﭙﭚﭛﭜﭝﭞﭟﭠ
19:53 ၎င်းပြင် ငါအရှင်မြတ်သည် ယင်းမူစာအား ၎င်း၏အစ်ကိုဟာရူန်ကို နဗီတမန်တော်အဖြစ်နှင့် ချီးမြှင့်ပေးသနားတော်မူခဲ့ပေသတည်း။
ﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭ
19:54 ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(ဤ)ကျမ်းဂန်မှ (နဗီတမန်တော်)အစ္စမာအီလ်၏အကြောင်းအတ္ထုပ္ပတ္တိကို (၎င်းတို့ရှေ့ဝယ်)ဖတ်ကြားပါလေ။ ဧကန်စင်စစ်ယင်းအစ္စမာအီလ်သည် ကတိတည်ကြည်သူဖြစ်ခဲ့သည့်ပြင်ရစူလ်တမန်တော်လည်းဖြစ်ခဲ့၏။ နဗီတမန်တော်လည်း ဖြစ်ခဲ့၏။
ﭮﭯﭰﭱﭲﭳﭴﭵﭶﭷ
19:55 ၎င်းပြင် ယင်းအစ္စမာအီလ်သည် မိမိအိမ်သူအိမ်သားတို့အား ဆွလာတ်ဝတ်ပြုရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊ အမိန့်ပေးညွှန် ကြားလေ့ရှိခဲ့ပေသည်။ထိုမှတစ်ပါး ယင်းအစ္စမာအီလ်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်တွင် နှစ်မြို့ဖွယ်လည်း ဖြစ်ခဲ့ပေသတည်း။
ﭸﭹﭺﭻﭼﭽﭾﭿﮀﮁ
19:56 ၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့ရှေ့ဝယ်ဤ)ကျမ်းဂန်မှ (နဗီတမန်တော်) အိဒ်ရီစ်၏အကြောင်းအတ္ထုပ္ပတ္တိကို ဖတ်ကြားပါလေ။ ဧကန်အမှန်ပင်ယင်းအိဒ်ရီစ်သည် သစ္စာဝါဒီဖြစ်ခဲ့၏။ နဗီတမန်တော်ဖြစ်ခဲ့၏။
ﮂﮃﮄﮅ
19:57 ထို့ပြင် ငါအရှင်မြတ်သည် ယင်းအိဒ်ရီစ်အားမြင့်မြတ်သော နေရာဌာနသို့ ချီးမြှင့်မြှောက်စားတော် မူခဲ့ပေသတည်း။
ﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥ
19:58 အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူခဲ့သောသူတို့ကား ဤနဗီတမန်တော်များပင်တည်း။ အချို့မှာ အာဒမ်၏သားသမီးများ၊ အချို့မှာ ငါအရှင်မြတ်သည်(နဗီတမန်တော်)နူဟ်နှင့်အတူ(သင်္ဘောပေါ်တွင်)တင်ဆောင်တော်မူခဲ့သော သူတို့၏သားသမီးများ၊ အချို့မှာ အစ်ဗ်ရာဟီမ်၏သားသမီးများ၊အချို့မှာ အစ္စရာအီလ်၏သားသမီးများ ဖြစ်ကြပေသည်။ ထို့ပြင် ၎င်းတို့အားလုံးမှာ ငါအရှင်မြတ် တရားလမ်းမှန် ညွှန်ပြတော်မူခဲ့သော၊ (ငါအရှင်မြတ်) ရွေးချယ်တော် မူခဲ့သောသူတို့အနက်မှလည်း ဖြစ်ခဲ့ကြကုန်သည်။ မည်သည့်အခါမျိုးမဆို ထိုသူတို့ရှေ့ဝယ် ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ မုက္ခပါဌ်တော်များကို ဖတ်ကြားခဲ့ပါလျှင်၊ ထိုသူတို့သည် ငိုကြွေးလျက်ပျပ်ဝတ်ဦးချကြကုန်၏။
ﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔ
19:59 တစ်ဖန် ၎င်းတို့နောက်တွင် အကြင်ဆိုးရွားသောအရိုက်ရာဆက်ခံသူတို့က ရိုက်ရာဆက်ခံခဲ့ကြကုန်၏။၎င်းတို့သည် ဆွလာတ်ဝတ်ပြုမှုကို ဖျက်ဆီးခဲ့ကြ၏။ (မိမိတို့)စိတ်အလိုဆန္ဒများကို လိုက်စားခဲ့ကြ၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် မကြာမြင့်မီပင်ပျက်စီးမှုနှင့်တွေ့ကြုံရင်ဆိုင်ကြရပေမည်။
ﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡ
19:60 အကြင်သူမှတစ်ပါး ထိုသူသည် ဝန်ချတောင်းပန်ခဲ့လေသည်။ ၎င်းပြင် ထိုသူသည် သက်ဝင်ယုံကြည် ခဲ့လေသည်။ ထိုမှတစ်ပါး ထိုသူသည် ကောင်းမြတ် သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့လေသည်။ သို့ဖြစ်လျှင်ထို(ကဲ့သို့သော)သူတို့မူကား ဂျန္နတ်သုခဘုံသို့ လားကြရပေမည်။၎င်းပြင် ထိုသူတို့သည် (မိမိတို့၏ကုသိုလ်အကျိုးများမှ) အနည်းငယ်စိုးစဉ်းမျှပင် လျော့နည်းစေခြင်းကိုခံကြရမည် မဟုတ်ပေ။
ﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮ
19:61 (၎င်းတို့သည်)အကြင်ထာဝရ ဥယျာဉ်များသို့(လားကြရပေမည်)။ ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် မိမိကျွန်များအား (၎င်းတို့) မမြင်ဘဲလျက် အကျေအပွန်ဆောင်ရွက်ပြီးသာဖြစ်လိမ့်မည်။
ﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻ
19:62 ၎င်းတို့သည် ယင်းဂျန္နတ်သုခဘုံ၌ စလာမ်မေတ္တာပို့သခြင်းမှတစ်ပါး အချည်းနှီးသောစကားလုံးကို လုံးဝကြားကြရလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့အဖို့ ယင်းဂျန္နတ်သုခဘုံ၌ ၎င်းတို့၏စားသောက် ဖွယ်ရာများသည် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း ၌လည်းကောင်း၊ ရှိချေအံ့သတည်း။
ﯼﯽﯾﯿﰀﰁﰂﰃﰄﰅ
19:63 ဤသည် အကြင်ဂျန္နတ်သုခဘုံတည်း။ ငါအရှင်မြတ်သည် မိမိ၏ကျွန်များအနက်(ငါအရှင်မြတ်အား ကြောက်ရွံ့ရိုသေသောအားဖြင့်) ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်သောသူများ)အား အမွေဆက်ခံစေတော်မူမည် ဖြစ်သတည်း။
ﰆﰇﰈﰉﰊﰋﰌﰍﰎﰏﰐﰑﰒﰓﰔﰕﰖﰗﰘﰙﰚ
19:64 စင်စစ် ကျွန်ုပ်တို့(ကောင်းကင်တမန်များ)သည်အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အမိန့်တော်မရှိဘဲလျက် ဆင်းသက်ကြသည် မဟုတ်ပေ။ ကျွန်ုပ်တို့ရှေ့၌ရှိသောအရာများသည်လည်းကောင်း၊ ကျွန်ုပ်တို့၏ နောက်၌ရှိသော အရာများသည်လည်းကောင်း၊ ယင်း၏အကြား၌ရှိသောအရာများသည်လည်းကောင်း၊ ထိုအရှင်မြတ်ပိုင်ဆိုင်တော်မူသောအရာများသာလျှင် ဖြစ်ကုန်၏။ စင်စစ် အသင်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မေ့လျော့တော်မူသောအရှင် အလျှင်းမဟုတ်ပေ။
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞ
19:65 (ထိုအရှင်မြတ်သည်) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်း မိုးကောင်းကင်နှင့်ပထဝီမြေနှစ်ခုစလုံး၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုအရှင်မြတ်အားခဝပ်ကိုးကွယ်ပါလေ။ ၎င်းပြင် ထိုအရှင်မြတ်အား ခဝပ်ကိုးကွယ်ရာ၌ တည်ကြည်စွဲမြဲစွာ ရှိပါလေ။
ﭟﭠﭡﭢﭣﭤﭥﭦﭧ
19:66 စင်စစ် လူသားသည် ကျွန်ုပ်သေဆုံးပြီး နောက်(ပြန်လည်၍) အသက်ရှင်လျက် (သင်္ချိုင်းတွင်းမှ) ထွက် စေခြင်းကိုခံရဦးမည်လောဟုမေး၏။
ﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲ
19:67 (ယင်း)လူသားသည် ယခင်က ၎င်းဘာမျှမရှိခဲ့စဉ်အခါ၌ ငါအရှင်မြတ်သည်ပင် ၎င်းအား ဖန်ဆင်းတော်မူခဲ့သည်ကို သတိမရလေသလော။
ﭳﭴﭵﭶﭷﭸﭹﭺﭻ
19:68 သို့ဖြစ်ပေရာ အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကစမ် မလွဲဧကန် ငါအရှင်မြတ်သည်ထိုသူတို့အားလည်းကောင်း၊ ရှိုင်တွာန်မိစ္ဆာကောင်တို့အားလည်းကောင်း၊ စုရုံးတော်မူပြီးလျှင်မုချအမှန် ငါအရှင်မြတ်သည်၎င်းတို့အား ဂျဟန္နမ်ငရဲဘုံ၏ ပတ်ဝန်းကျင်၌ ပုဆစ်ဒူးတုပ်လျက် အသင့်ရောက်ရှိစေ တော်မူပေမည်။
ﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆ
19:69 ထို့နောက် အမှန်ပင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးမှ ရဟ်မာန် အနန္တကရုဏာတော်ရှင်အား အပြင်းထန်ဆုံး ပုန်ကန်သူတို့ကို (ရွေးချယ်) ထုတ်ယူတော်မူပေမည်။
ﮇﮈﮉﮊﮋﮌﮍﮎﮏ
19:70 တစ်ဖန် ဧကန်မလွဲ ယင်းဂျဟန္နမ် ငရဲဘုံ၌ မီးလောင်စေရန်၊ ပစ်ချရန်၊ အထိုက်တန်ဆုံးသောသူတို့အား ငါအရှင်မြတ်သည်ပင် အသိဆုံးဖြစ်တော်မူပေသည်။
ﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚ
19:71 စင်စစ် အသင်တို့အနက် လူတိုင်းလူတိုင်းသည်ယင်းဂျဟန္နမ်ငရဲဘုံ၌ ဆိုက်ရောက်ရမည့်သူချည်း ဖြစ်ကုန်၏။(ဤသည်) အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်က မိမိအပေါ်၌ ယတိပြတ်ဆုံး ဖြတ်ပြီးဖြစ်သောတာဝန်တစ်ရပ်ပင် ဖြစ်ချေသတည်း။
ﮛﮜﮝﮞﮟﮠﮡﮢﮣ
19:72 ထို့နောက် ငါအရှင်မြတ်သည်(မိမိအားကြောက်ရွံ့ရိုသေသောအားဖြင့် ပြစ်မှုဒုစရိုက်များမှ) ရှောင်ကြဉ်ကြကုန်သောသူတို့အား လွတ်မြောက်စေတော်မူမည်။ သို့ရာတွင်မတော်မတရား ကျူးလွန်သော သူတို့အား ငါအရှင်မြတ်သည်ယင်းဂျဟန္နမ်ငရဲဘုံ၌ပင် ပုဆစ်ဒူးတုပ်လျက် စွန့်ပစ်ထားတော်မူအံ့သတည်း။
ﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕ
19:73 စင်စစ် ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားစွာသောအာယတ်တော်များကို ဖတ်ကြားသောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့အား (ကျွန်ုပ်တို့နှင့်အသင်တို့) အုပ်စုနှစ်စုအနက်မည်သည့်အုပ်စုသည် အခြေအနေအားဖြင့် ပိုကောင်း၍ (မည်သည့်အုပ်စုသည်) အပေါင်းအဖော်အားဖြင့် ပို၍ကောင်းပေသနည်း ဟု ပြောဆို(မေးမြန်း)ကြကုန်၏။
ﯖﯗﯘﯙﯚﯛﯜﯝﯞﯟ
19:74 အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည်ထိုသူတို့အလျင် များစွာသောအုပ်စုများကို ဖျက်ဆီးတော်မူခဲ့ပေပြီ။ ယင်း(ဖျက်ဆီးခြင်းခံခဲ့ကြရသော)အုပ်စုများကား ဥစ္စာပစ္စည်းအားဖြင့်လည်းကောင်း၊ အမြင်အားဖြင့်လည်းကောင်း၊(ထိုသူတို့ထက်) သာလွန်ကောင်းမြတ် သူများပင်ဖြစ်ခဲ့ကြကုန်၏။
ﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺ
19:75 (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) မည်သူမဆို လမ်းမှား၌ရှိခဲ့မူ ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် ထိုသူအား အဓွန့်ရှည်စွာ ရွှေ့ဆိုင်းထားတော်မူပေမည်။ နောက်ဆုံးတွင် ထိုသူတို့သည် မိမိတို့ ချိန်းချက်ထားခြင်းခံကြရသော(လောကီ) ပြစ်ဒဏ်ကိုလည်းကောင်း၊ ကိယာမတ်ကိုလည်းကောင်း၊ တွေ့မြင်ကြသောအခါ၊ မည်သူသည် အခြေအနေအားဖြင့် ပို၍ဆိုးရွားသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် အုပ်စုအားဖြင့် အားနည်းသူဖြစ်သည်ကိုလည်းကောင်း၊ ထိုသူတို့သည် မုချ သိရှိကြအံ့သတည်း။
ﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉ
19:76 စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ကို လိုက်စားသူတို့အား တရားလမ်းမှန်၌ တိုး တက်စေတော်မူ၏။ အမှန်သော်ကား အမြဲတစေ တည်ရှိနေမည်ဖြစ်သောကောင်းမြတ်သော အကျင့်သီလများသည် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် ကုသိုလ်အကျိုးအားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ပေသည်။ နောက်ဆုံးအကျိုးဆက်အားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ချေသတည်း။
ﭑﭒﭓﭔﭕﭖﭗﭘﭙ
19:77 (အို-နဗီတမန်တော်)အသင်သည် အကြင်သူအားမြင်ခဲ့လေသလော။ ထိုသူသည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်း ငြင်းပယ်ခဲ့သေး၏။ ၎င်းပြင်အမှန်မုချ ကျွန်ုပ်သည် (နောင်တမလွန်ဘဝတွင်လည်း) ဥစ္စာပစ္စည်းကိုလည်းကောင်း၊ သားသမီးကိုလည်းကောင်း၊ ချီးမြှင့်ခြင်းကို ခံရဦးမည်ဟူ၍လည်း ပြောဆိုခဲ့ပေသည်။
ﭚﭛﭜﭝﭞﭟﭠﭡ
19:78 အသို့ပါနည်း ထိုသူတို့သည် အကွယ်၌ရှိသည်ကို သိရှိခဲ့လေသလော။ သို့တည်းမဟုတ် ထိုသူသည်ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ အထံတော်၌ ပဋိညာဉ်တစ်ခုခုကိုဖွဲ့ခဲ့လေသလော။
ﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬ
19:79 အလျှင်းမဟုတ်ပေ။ ယခုပင် ငါအရှင်မြတ်သည်ထိုသူပြောဆိုသော စကားကို ရေးသားတော်မူမည်။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူ၌ ပြစ်ဒဏ်ကိုလည်း တိုးတက်ခံစားစေတော်မူမည်။
ﭭﭮﭯﭰﭱﭲ
19:80 ၎င်းပြင် ထိုသူပြောဆိုသည့်အရာများကို ငါအရှင်မြတ်သည်သာလျှင် ပိုင်ဆိုင်တော်မူပေမည်။ ထို့နောက်၎င်းသည် ငါအရှင်မြတ်အထံတော်သို့ တစ်ကိုယ်တည်းပင်ရောက်ရှိလာအံ့သတည်း။
ﭳﭴﭵﭶﭷﭸﭹﭺﭻ
19:81 ထို့ပြင် ၎င်းတို့သည် မိမိတို့အဖို့ အကူအညီပေးသူများဖြစ်ကြအံ့သောငှာ အလ္လာဟ်အရှင်မြတ်အပြင်အခြားကိုးကွယ်ရာများလည်း ပြုလုပ်ထားခဲ့ကြကုန်၏။
ﭼﭽﭾﭿﮀﮁﮂﮃ
19:82 (ယင်းကိုးကွယ်ရာများသည် ၎င်းတို့အား အကူအညီပေးသူများ) အလျှင်း (ဖြစ်ကြမည်)မဟုတ်ပေ။ (စင်စစ်)မကြာမီပင် (ယင်းကိုးကွယ်ရာများသည်) ၎င်းတို့အား ကိုးကွယ်မှုကိုငြင်းပယ်၍ ၎င်းတို့၏ ရန်သူရန်ဘက်များပင် ဖြစ်သွားကြပေမည်။
ﮄﮅﮆﮇﮈﮉﮊﮋﮌﮍ
19:83 (အို-နဗီတမန်တော်)အသင်သည် မသိမမြင်ခဲ့ပါသလော။ ဧကန်မလွဲ ငါအရှင်မြတ်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အပေါ်၌ ရှိုင်တွာန်မိစ္ဆာကောင်များကို စေလွှတ်ထားတော်မူခဲ့လေသည်။ ထိုရှိုင်တွာန်မိစ္ဆာကောင်များသည် ယင်းသွေဖည်ငြင်းပယ်သောသူတို့အား လွန်စွာလှုံ့ဆော်လျက်ရှိကြကုန်၏။
ﮎﮏﮐﮑﮒﮓﮔﮕﮖ
19:84 သို့ဖြစ်ပေရာ အသင်သည် ယင်း(သွေဖည်ငြင်းပယ်သောသူ)တို့နှင့်ပတ်သက်၍ အလျင်မလိုလေနှင့်။ ငါအရှင်မြတ်ကိုယ်တော်တိုင်ပင် ၎င်းတို့(၏အပြုအမူများ)ကို ရေတွက်လျက် ရှိနေတော်မူပေသတည်း။
ﮗﮘﮙﮚﮛﮜﮝ
19:85 (၎င်းတို့အပေါ်၌ ပြစ်ဒဏ်သည်) အကြင်နေ့တွင် (ကျရောက်မည်ဖြစ်၏။) ထိုနေ့တွင် ငါအရှင်မြတ်သည်မွတ္တကီသူတော်စင်တို့အား ရဟ်မာန်အနန္တ ကရုဏာတော်ရှင်အထံတော်သို့ ဧည့်သည်တော်များအဖြစ် စုရုံးစေတော်မူမည်။
ﮞﮟﮠﮡﮢﮣ
19:86 ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား (ထိုနေ့တွင်) ဂျဟန္နမ်ငရဲဘုံသို့ ရောက်အောင်ရေငတ်မွတ်သိပ်စေလျက် မောင်းနှင်တော်မူပေမည်။
ﮤﮥﮦﮧﮨﮩﮪﮫﮬﮭ
19:87 (ထိုနေ့တွင်) ရဟ်မာန် အနန္တကရုဏာတော်ရှင်၏အထံတော်မှ ကတိတစ်စုံတစ်ရာ ရရှိပြီးဖြစ် သောသူမှတစ်ပါး အခြားသူတို့မှာ ကြားဝင်အသနား ခံပိုင်ခွင့်ရှိကြမည်မဟုတ်ပေတကား။
ﮮﮯﮰﮱﯓ
19:88 ထို့ပြင် ၎င်းတို့က ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် သားသမီးပြုလုပ်တော်မူခဲ့သည်ဟု(စွပ်စွဲ) ပြောဆိုခဲ့ကြကုန်၏။
ﯔﯕﯖﯗﯘ
19:89 ဧကန်မလွဲ အသင်တို့သည် အလွန်ဆိုးရွား သောအရာကို ကျူးလွန် (ပြောဆို)ခဲ့ကြကုန်သည်။
ﯙﯚﯛﯜﯝﯞﯟﯠﯡﯢ
19:90 ယင်းပြောဆိုမှုကြောင့် မိုးကောင်းကင်များသည်ပြိုလုအံ့ဆဲဆဲ၊ ပထဝီမြေသည်အက်ကွဲအံ့ဆဲဆဲ၊ တောင်များသည်တုန်လှုပ်၍ ပြိုလဲကျအံ့ဆဲဆဲ၊ ဖြစ်ကုန်ကြပေသည်။
ﯣﯤﯥﯦﯧ
19:91 ၎င်းတို့သည် ရဟ်မာန် အနန္တကရုဏာတော်ရှင်၌ သားသမီး(ရှိသည်ဟု) ယိုးစွပ်ခဲ့ကြသောကြောင့်ပင်။
ﯨﯩﯪﯫﯬﯭﯮ
19:92 စင်စစ်မူကား သားသမီး တစ်စုံတစ်ယောက် ပြုလုပ်ခြင်းသည် ရဟ်မာန် အနန္တကရုဏာတော်ရှင်နှင့် လုံးဝအပ်စပ်သည်မဟုတ်ပေ။
ﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹ
19:93 မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိကုန်သောသူ ဟူဟူသမျှတို့သည် ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ ရှေ့တော်မှောက်တွင် ကျွန်အဖြစ်နှင့် လာရောက်ရမည့်သူချည်းသာ ဖြစ်ကုန်သတည်း။
ﯺﯻﯼﯽﯾ
19:94 ဧကန်မလွဲ ထိုအရှင်မြတ်သည် ၎င်းတို့အားဝန်းခြုံ၍ထားတော်မူသည့်ပြင် ၎င်းတို့အား ရေတွက်၍လည်းထားတော်မူလေသည်။
ﯿﰀﰁﰂﰃﰄ
19:95 စင်စစ် ၎င်းတို့အနက် အသီးသီးတို့သည် ထိုအရှင်မြတ်အထံတော်သို့ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင်တစ်ဦးချင်း လာရောက်ရမည့်သူများသာလျှင် ဖြစ်ကြကုန်တည်း။
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚ
19:96 ဧကန်စင်စစ် အကြင်သူတို့သည် သက်ဝင် ယုံကြည်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်း မြတ်သောအကျင့်သီလများကိုလည်း ကျင့်မူ ဆောက်တည်ကြကုန်၏။ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် မကြာမြင့်မီပင် ၎င်းတို့အဖို့ ချစ်ကြည်မြတ်နိုးမှုကို ပြုလုပ်၍ ပေးတော်မူပေမည်။
ﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥ
19:97 စင်စစ် ငါအရှင်မြတ်သည်ပင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို အသင်၏ဘာသာစကားဖြင့် လွယ်ကူအောင် ပြုလုပ်တော်မူခဲ့ပေသည်။ သို့မှသာလျှင် အသင်သည်ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ဖြင့် မွတ္တကီသူတော်စင်တို့အားသတင်းကောင်းပြောကြားခြင်းကိုလည်းကောင်း၊ စကားအငြင်းပွားအားကြီးသောအမျိုးသားတို့အား ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ဖြင့် သတိပေးနှိုးဆော်ခြင်းကိုလည်းကောင်း၊ ပြုနိုင်မည် ဖြစ်ပေသတည်း။
ﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴ
19:98 စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အလျင် များစွာသောအုပ်စုများကိုပင် ကွပ်မျက်ဖျက်ဆီးတော်မူခဲ့ပေသည်။အသင်သည် ၎င်းတို့အနက် တစ်ဦးတစ်ယောက်ကိုပင် မြင်ပါသေးသလော။ သို့တည်းမဟုတ် အသင်သည် ၎င်းတို့၏သဲ့သဲ့အသံကိုပင် ကြားပါသေးသလော။

ကုရ်အာန်ကျမ်း


Wednesday, September 9, 2026

Don't forget us in your sincere prayers