အလ်-ဗကရ · 78/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَمِنْهُمْ أُمِّيُّونَ لَا يَعْلَمُونَ الْكِتَابَ إِلَّا أَمَانِيَّ وَإِنْ هُمْ إِلَّا يَظُنُّونَ ۝٧٨
Wa minhum ummiyyoona laa ya`lamoonal kitaaba illaaa amaaniyya wa in hum illaa yazunnoon
📖 မြန်မာဘာသာ
ထိုမှတပါး ၎င်းတို့ အတွင်းဝယ် စာပေကျမ်းဂန် မတတ်ကျွမ်းသူများလည်း ရှိကြ၏။ ယင်းသူတို့သည် ကောလာဟလဖြစ်သော သတင်းများမှတပါး ကျမ်းဂန်များကို မသိနားမလည်ကြချေ၊ အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ထင်မိထင်ရာ တွေးတောရမ်းဆချက်များမှတပါး (အခြားမည်သည်ကိုမျှ အတိအကျသိရှိကြသည်) မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 76-80 — စူရာ အလ်-ဗကရ

76وَإِذَا لَقُوا الَّذِينَ آمَنُوا قَالُوا آمَنَّا وَإِذَا خَلَا بَعْضُهُمْ إِلَىٰ بَعْضٍ قَالُوا أَتُحَدِّثُونَهُم بِمَا فَتَحَ اللَّهُ عَلَيْكُمْ لِيُحَاجُّوكُم بِهِ عِندَ رَبِّكُمْ ۚ أَفَلَا تَعْقِلُونَ
၎င်းပြင် ထိုသူများသည် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသော မုအ်မင်န်များနှင့် တွေ့ဆုံကြသော အခါ(ဥပါယ်တမျည်ဖြင့် ယုံကြည်ဟန်ဆောင်၍) ကျွန်ုပ်တို့သည် လည်း (အသင်တို့ကဲ့သို့ပင်) ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြပါသည်ဟု ပြောဆိုကြကုန်၏။ သို့သော် ယင်းသူတို့အနက်မှ အချို့သည် အခြားသော (ယဟူဒီများနှင့် ဆိတ်ကွယ်ရာ၌) တွေ့ဆုံကြသောအခါ အချင်းတို့ - အသင်တို့သည် အလ္လာဟ် အရှင်မြတ်က (တောင်ရာတ်ကျမ်း၌) သင်တို့ကိုဖွင့်လှစ်ထုတ်ဖော် ပြသတော် မူထားသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ ထိုမုအ်မင်န် များကို သတင်းများ ပေးပို့ကြပါသလော။ ယင်းသူတို့သည် နောင်ခါကာလ၌ အသင်တို့အား မွေးမြူတော်မူသော (အလ္လာဟ်) အရှင်မြတ် အထံတော်တွင် ထိုအကြောင်းအရာများကိုပင် အခြေပြုကာ သင်တို့နှင့်ဖက်ပြိုင် ငြင်းခုံကြကုန်အံ့။ သင်တို့သည် ဤမျှလောက်(ထင်ရှားလှစွာသော အကျိုးအကြောင်းများကိုပင်) အသိဉာဏ်မရှိ မသိနားမလည်နိုင် ကြပါသလောဟု (တစ်ဦးကိုတစ်ဦးပြစ်တင်စကား) ပြောကြားကြကုန်သတည်း။
77أَوَلَا يَعْلَمُونَ أَنَّ اللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ
ထိုသူတို့သည် (မိမိတို့ စိတ်တွင်းဝယ်) တိတ်တဆိတ် လျှို့ဝှက်ထားကြသော အကြောင်းအရာခပ်သိမ်းတို့ကိုလည်းကောင်း၊ အထင်အရှား ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုကြကုန်သော အကြောင်းအရာခပ်သိမ်းတို့ကို လည်းကောင်း၊ ဧကန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် (မိမိ၏ ဉာဏ်တော်ဖြင့် အကြွင်းမဲ့) သိရှိတော်မူသည်ကို မသိကြလေသလော။
78وَمِنْهُمْ أُمِّيُّونَ لَا يَعْلَمُونَ الْكِتَابَ إِلَّا أَمَانِيَّ وَإِنْ هُمْ إِلَّا يَظُنُّونَ
ထိုမှတပါး ၎င်းတို့ အတွင်းဝယ် စာပေကျမ်းဂန် မတတ်ကျွမ်းသူများလည်း ရှိကြ၏။ ယင်းသူတို့သည် ကောလာဟလဖြစ်သော သတင်းများမှတပါး ကျမ်းဂန်များကို မသိနားမလည်ကြချေ၊ အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ထင်မိထင်ရာ တွေးတောရမ်းဆချက်များမှတပါး (အခြားမည်သည်ကိုမျှ အတိအကျသိရှိကြသည်) မဟုတ်ချေ။
79فَوَيْلٌ لِّلَّذِينَ يَكْتُبُونَ الْكِتَابَ بِأَيْدِيهِمْ ثُمَّ يَقُولُونَ هَٰذَا مِنْ عِندِ اللَّهِ لِيَشْتَرُوا بِهِ ثَمَنًا قَلِيلًا ۖ فَوَيْلٌ لَّهُم مِّمَّا كَتَبَتْ أَيْدِيهِمْ وَوَيْلٌ لَّهُم مِّمَّا يَكْسِبُونَ
သို့ဖြစ်၍ ကျမ်းဂန်များကို မိမိတို့ကိုယ်တိုင် မိမိတို့လက်ဖြင့် စီရင်ရေးသားပြီး အနည်းငယ် မျှသောအဖိုးအခနှင့် လဲလှယ်ရောင်းချ(စားသုံး)ရန် အလို့ငှါ၊ ဤကျမ်းဂန်သည်ကား အလ္လာဟ် အရှင်မြတ်အထံတော်မှ (ထုတ်ပြန်ပို့ချတော်မူသောတရား ဒေသနာတော်ကျမ်းဂန်)တည်း ဟူ၍(လိမ်လည်) ပြောဆိုကြသော သာသနာ့ ရှေ့ဆောင် ရှေ့ရပ်တို့သည် ပျက်စီးကြရကုန်လတ္တံ့။ တဖန် ယင်းသူတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့လက်ဖြင့် (မဟုတ်မမှန်) ရေးသား ခဲ့ခြင်းကြောင့်လည်းကောင်း၊ (မပြုထိုက်မပြုအပ်သော နည်းမျိုးဖြင့်ဥစ္စာပစ္စည်း) ရှာဖွေခြင်းကြောင့်လည်းကောင်း ပျက်စီးကြရလတ္တံ့။
80وَقَالُوا لَن تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَّعْدُودَةً ۚ قُلْ أَتَّخَذْتُمْ عِندَ اللَّهِ عَهْدًا فَلَن يُخْلِفَ اللَّهُ عَهْدَهُ ۖ أَمْ تَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
ထို့ပြင်တဝ ယင်းတို့က (ငရဲ) မီးသည် ကျွန်ုပ်တို့ကို ရေတွက်ထားသောနေ့ရက် (အနည်းငယ်) မှအပ (ကာလကြာမြင့်စွာ) အလျင်း ထိရောက်မည်မဟုတ်ဟု ပြောဆိုကြပြန်သည်။ (အို-နဗီတမန်တော်မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အသင်သည် (ယင်းယဟူဒီတို့ကို ဤသို့ တုံ့ပြန်)မေးမြန်းပါလေ။ (ဟယ်-အချင်းတို့) အသင် တို့သည် (ဤအကြောင်းနှင့်စပ်လျဉ်း၍) အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ တစုံတခုသော ပဋိညာဉ် ကို ရယူထား ကြပါသလော။ သို့ ရယူထားခဲ့ကြပါလျှင် အလ္လာဟ် အရှင်မြတ်သည် မိမိပြုထားတော် မူသော ပဋိညာဉ် ဝန်ခံချက်ကို မည်သည့်အခါမျှ ဖျက်တော်မူလိမ့်မည်မဟုတ်။ သို့တည်းမဟုတ် အသင်တို့သည်အလ္လာဟ် အရှင်မြတ်အပေါ်၌ မိမိတို့ မသိနားမလည်သော အကြောင်းတစုံတရာကို လည်ဆယ် ပြောဆိုကြပါသလော။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
78အာယာသ်

ဘာသာပြန် — အလ်-ဗကရ 78

စူရာ အလ်-ဗကရ အာယာသ် 78 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတပါး ၎င်းတို့ အတွင်းဝယ် စာပေကျမ်းဂန် မတတ်ကျွမ်းသူများလည်း ရှိကြ၏။ ယင်းသူတို့သည် ကောလာဟလဖြစ်သော သတင်းများမှတပါး ကျမ်းဂန်များကို…

စူရာ အာယာသ် 78/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 76–80. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers