بَلَىٰ مَن كَسَبَ سَيِّئَةً وَأَحَاطَتْ بِهِ خَطِيئَتُهُ فَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ ٨١
🔤 Transliteration
Balaa man kasaba sayyi`atanw wa ahaatat bihee khateee`atuhoo fa-ulaaa`ika Ashaabun Naari hum feehaa khaalidoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(၎င်းတို့၏စကားသည် လုံးဝမှန်ကန်သည်မဟုတ်) စင်စစ်မှာကား မည်သူမဆို မကောင်းမှုအကုသိုလ်များကို ဆည်းပူးအံ့။ တဖန် (ယင်းသို့ ဆည်းပူးခြင်းအားဖြင့်) ထိုသူ၏ ပြစ်မှုဒုစရိုက်များသည် ထိုသူအား ဝန်းခြုံလျက်ရှိအံ့။ သို့ဖြစ်ခဲ့ပါလျှင် ထိုကဲ့သို့သော သူတို့သည် ငရဲသားများသာ ဖြစ်ကြကုန်၏၊ ထိုသူတို့သည် ထိုငရဲဘုံ၌ပင် ထာဝစဉ် နေထိုင်ကြရလတ္တံ့။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: بَلَىٰ (ဗလာ): ဤသည် ယခင်ဖော်ပြချက်ကို ပယ်ဖျက်၍ နောက်လာမည့်အရာကို အတည်ပြုသော စကားလုံးဖြစ်သည်။ "ဟုတ်ပေသည်" ဟု အဓိပ္ပာယ်ရသည်။ كَسَبَ (ကဆဗ): ရှာဖွေဆည်းပူးခဲ့သည်၊ ပြုလုပ်ခဲ့သည် ဟု အဓိပ္ပာယ်ရသည်။ سَيِّئَةً (ဆိုင်ယိအာ): မကောင်းမှု၊ အကုသိုလ်ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် အစ္စလာမ်ကို ငြင်းပယ်ခြင်း (ရှိရ်က်) ကို ဆိုလိုသည်။ أَحَاطَتْ (အဟာသတ်): ဝန်းရံလွှမ်းမိုးခဲ့သည်၊ ပတ်လည်မှ ဖုံးလွှမ်းခဲ့သည် ဟု အဓိပ္ပာယ်ရသည်။ خَطِيئَتُهُ (ခိုသွီအာသုဟု): သူ၏ အပြစ်၊ သူ၏ မှားယွင်းမှုဟု အဓိပ္ပာယ်ရသည်။ خَالِدُونَ (ခholiဒူန): အမြဲထာဝရနေထိုင်သူများဟု အဓိပ္ပာယ်ရသည်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: ဤအာယသ်တော်သည် ယခင်အာယသ်တွင် ဖော်ပြခဲ့သော မှားယွင်းသော ယူဆချက်ကို ပယ်ဖျက်လျက် အမှန်တရားကို ရှင်းလင်းစွာ ဖော်ပြထားသည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမျှ အပြစ်မပေးဘဲ ချမ်းသာပေးမည်ဟု သူတို့ ထင်မြင်ခဲ့ကြသည်။ သို့သော် အမှန်မှာ ထိုသို့မဟုတ်ပေ။
အကြင်သူသည် မကောင်းမှုကို ရှာဖွေဆည်းပူးခဲ့ပြီး ထိုမကောင်းမှုသည် သူ့အား ပတ်လည်မှ ဝန်းရံလွှမ်းမိုးသွားခဲ့ပါက၊ ဆိုလိုသည်မှာ သူသည် အစ္စလာမ်ကို ငြင်းပယ်ခြင်း (ရှိရ်က်) ကို ပြုလုပ်ပြီး ထိုအခြေအနေတွင် သေဆုံးသွားခဲ့ပါက၊ ထိုသူများသည် ငရဲမီး၏ အဖော်များဖြစ်ကြသည်။ သူတို့သည် ထိုငရဲမီးထဲတွင် အမြဲထာဝရ နေထိုင်ရမည်ဖြစ်သည်။ ထိုသူတို့၏ အပြစ်များသည် သူတို့အား လုံးဝဝန်းရံထားပြီး မည်သည့်နေရာမှ လွတ်မြောက်ရာ မရှိတော့ပေ။
ဤသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်း (ရှိရ်က်) ပြုလုပ်ပြီး ထိုအခြေအနေတွင် သေဆုံးသွားသူများအတွက်သာ ဖြစ်သည်။ သူတို့သည် ငရဲမီးထဲတွင် ထာဝရစွာ နေထိုင်ရမည်ဖြစ်ပြီး မည်သည့်အခါမျှ ထိုမှ ထွက်ခွာခွင့် မရရှိကြပေ။
ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ: အလ္လာဟ်အရှင်မြတ်သည် တရားမျှတသော အရှင်ဖြစ်သည်။ မည်သူ့ကိုမျှ အကြောင်းမဲ့ အပြစ်ပေးတော်မူမည် မဟုတ်ပေ။ အစ္စလာမ်ကို ငြင်းပယ်ခြင်းသည် အကြီးမ
بَلَىٰۚ مَن كَسَبَ سَيِّئَةً وَأَحَٰطَتۡ بِهِۦ خَطِيٓـَٔتُهُۥ فَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ٨١
(၎င်းတို့၏စကားသည် လုံးဝမှန်ကန်သည်မဟုတ်) စင်စစ်မှာကား မည်သူမဆို မကောင်းမှုအကုသိုလ်များကို ဆည်းပူးအံ့။ တဖန် (ယင်းသို့ ဆည်းပူးခြင်းအားဖြင့်) ထိုသူ၏ ပြစ်မှုဒုစရိုက်များသည် ထိုသူအား ဝန်းခြုံလျက်ရှိအံ့။ သို့ဖြစ်ခဲ့ပါလျှင် ထိုကဲ့သို့သော သူတို့သည် ငရဲသားများသာ ဖြစ်ကြကုန်၏၊ ထိုသူတို့သည် ထိုငရဲဘုံ၌ပင် ထာဝစဉ် နေထိုင်ကြရလတ္တံ့။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 79-83 — စူရာ အလ်-ဗကရ
79 فَوَيْلٌ لِّلَّذِينَ يَكْتُبُونَ الْكِتَابَ بِأَيْدِيهِمْ ثُمَّ يَقُولُونَ هَٰذَا مِنْ عِندِ اللَّهِ لِيَشْتَرُوا بِهِ ثَمَنًا قَلِيلًا ۖ فَوَيْلٌ لَّهُم مِّمَّا كَتَبَتْ أَيْدِيهِمْ وَوَيْلٌ لَّهُم مِّمَّا يَكْسِبُونَ
သို့ဖြစ်၍ ကျမ်းဂန်များကို မိမိတို့ကိုယ်တိုင် မိမိတို့လက်ဖြင့် စီရင်ရေးသားပြီး အနည်းငယ် မျှသောအဖိုးအခနှင့် လဲလှယ်ရောင်းချ(စားသုံး)ရန် အလို့ငှါ၊ ဤကျမ်းဂန်သည်ကား အလ္လာဟ် အရှင်မြတ်အထံတော်မှ (ထုတ်ပြန်ပို့ချတော်မူသောတရား ဒေသနာတော်ကျမ်းဂန်)တည်း ဟူ၍(လိမ်လည်) ပြောဆိုကြသော သာသနာ့ ရှေ့ဆောင် ရှေ့ရပ်တို့သည် ပျက်စီးကြရကုန်လတ္တံ့။ တဖန် ယင်းသူတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့လက်ဖြင့် (မဟုတ်မမှန်) ရေးသား ခဲ့ခြင်းကြောင့်လည်းကောင်း၊ (မပြုထိုက်မပြုအပ်သော နည်းမျိုးဖြင့်ဥစ္စာပစ္စည်း) ရှာဖွေခြင်းကြောင့်လည်းကောင်း ပျက်စီးကြရလတ္တံ့။
80 وَقَالُوا لَن تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَّعْدُودَةً ۚ قُلْ أَتَّخَذْتُمْ عِندَ اللَّهِ عَهْدًا فَلَن يُخْلِفَ اللَّهُ عَهْدَهُ ۖ أَمْ تَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
ထို့ပြင်တဝ ယင်းတို့က (ငရဲ) မီးသည် ကျွန်ုပ်တို့ကို ရေတွက်ထားသောနေ့ရက် (အနည်းငယ်) မှအပ (ကာလကြာမြင့်စွာ) အလျင်း ထိရောက်မည်မဟုတ်ဟု ပြောဆိုကြပြန်သည်။ (အို-နဗီတမန်တော်မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အသင်သည် (ယင်းယဟူဒီတို့ကို ဤသို့ တုံ့ပြန်)မေးမြန်းပါလေ။ (ဟယ်-အချင်းတို့) အသင် တို့သည် (ဤအကြောင်းနှင့်စပ်လျဉ်း၍) အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ တစုံတခုသော ပဋိညာဉ် ကို ရယူထား ကြပါသလော။ သို့ ရယူထားခဲ့ကြပါလျှင် အလ္လာဟ် အရှင်မြတ်သည် မိမိပြုထားတော် မူသော ပဋိညာဉ် ဝန်ခံချက်ကို မည်သည့်အခါမျှ ဖျက်တော်မူလိမ့်မည်မဟုတ်။ သို့တည်းမဟုတ် အသင်တို့သည်အလ္လာဟ် အရှင်မြတ်အပေါ်၌ မိမိတို့ မသိနားမလည်သော အကြောင်းတစုံတရာကို လည်ဆယ် ပြောဆိုကြပါသလော။
81 بَلَىٰ مَن كَسَبَ سَيِّئَةً وَأَحَاطَتْ بِهِ خَطِيئَتُهُ فَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
(၎င်းတို့၏စကားသည် လုံးဝမှန်ကန်သည်မဟုတ်) စင်စစ်မှာကား မည်သူမဆို မကောင်းမှုအကုသိုလ်များကို ဆည်းပူးအံ့။ တဖန် (ယင်းသို့ ဆည်းပူးခြင်းအားဖြင့်) ထိုသူ၏ ပြစ်မှုဒုစရိုက်များသည် ထိုသူအား ဝန်းခြုံလျက်ရှိအံ့။ သို့ဖြစ်ခဲ့ပါလျှင် ထိုကဲ့သို့သော သူတို့သည် ငရဲသားများသာ ဖြစ်ကြကုန်၏၊ ထိုသူတို့သည် ထိုငရဲဘုံ၌ပင် ထာဝစဉ် နေထိုင်ကြရလတ္တံ့။
82 وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
သို့သော် အကြင်သူများသည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြ၏၊ ထိုသူတို့သည် ဂျန္နတ်အမတ သုခဘုံသားများ ဖြစ်ကြကုန်၏။ ထိုသူများသည် ယင်း ဂျန္နတ် အမတသုခဘုံ၌ အမြဲ ခံစားကြရမည့်သူများ ဖြစ်ကြ၏။
83 وَإِذْ أَخَذْنَا مِيثَاقَ بَنِي إِسْرَائِيلَ لَا تَعْبُدُونَ إِلَّا اللَّهَ وَبِالْوَالِدَيْنِ إِحْسَانًا وَذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَقُولُوا لِلنَّاسِ حُسْنًا وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ ثُمَّ تَوَلَّيْتُمْ إِلَّا قَلِيلًا مِّنكُمْ وَأَنتُم مُّعْرِضُونَ
ထို့ပြင်တဝ အခါတပါး၌ ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်များထံမှ အသင်တို့သည် အလ္လာဟ် အရှင်မြတ်မှအပ မည်သည့်အရာကိုမျှ ခဝပ်ရိုကျိုး ရှိခိုးပူဇော် ကိုးကွယ်ဆည်းကပ်ခြင်း မပြုကြရမည့်အကြောင်း၊ထို့ပြင် မာတာပိတု မိဘနှစ်ပါးကိုလည်းကောင်း၊ သွေးချင်းနီးစပ်သော ဆွေမျိုးရင်းချာ တို့ကိုလည်းကောင်း၊ ဖသက် ဆိုးများလည်းကောင်း၊ အထီးကျန် သူဆင်းရဲတို့ကို လည်းကောင်း၊ ကောင်းမှုပြုကြရမည့် အကြောင်း၊ ထိုမျှမက လူ အပေါင်းတို့နှင့် (ပြောဆိုဆက်ဆံရာ၌ သာယာချိုအေး ယဉ်ကျေးလှစွာသော စကားများကိုသာ) ကောင်းမွန်စွာ ပြောဆိုကြရမည့်အကြောင်း၊ ဆွာလာတ်ဝတ်ပြုကြရမည့် အကြောင်းနှင့် ဇကာတ် တရားဝင်ဒါနကြေးကို ပေးဆောင် ကြရမည့်အကြောင်း ကတိဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ ထို(ကဲ့သို့ ခိုင်မာသော ပဋိညာဉ်ဝန်ခံချက်များကို ပြုပြီးသည့်) နောက် အသင်တို့အနက်မှ အနည်းငယ်မှအပ ကျန်အားလုံးတို့ သည် (ယင်းပဋိညာဉ် ဝန်ခံချက်ကို ဖေါက်ဖျက်၍) နောက်ဆုတ် လွှဲဖယ် ရှောင်သွား ကြလေသည်။ စင်စစ်တမူကား အသင်တို့ သည် (ဖြောင့်မတ်မှန်ကန်သောလမ်းမှ) သွေဖည်လေ့ရှိသော သူများသာ ဖြစ်ကြကုန်လေသတည်း။
ဘာသာပြန် — အလ်-ဗကရ 81 စူရာ အလ်-ဗကရ အာယာသ် 81 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (၎င်းတို့၏စကားသည် လုံးဝမှန်ကန်သည်မဟုတ်) စင်စစ်မှာကား မည်သူမဆို မကောင်းမှုအကုသိုလ်များကို ဆည်းပူးအံ့။ တဖန် (ယင်းသို့ ဆည်းပူးခြင်းအားဖြင့်) ထိုသူ၏…
စူရာ အာယာသ် 81/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 79–83. မြန်မာဘာသာ: ภาษาไทย.