وَقَالُوا لَن تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَّعْدُودَةً ۚ قُلْ أَتَّخَذْتُمْ عِندَ اللَّهِ عَهْدًا فَلَن يُخْلِفَ اللَّهُ عَهْدَهُ ۖ أَمْ تَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ ٨٠
🔤 Transliteration
Wa qaaloo lan tamassanan Naaru illaaa ayyaamam ma`doo dah; qul attakhaztum `indal laahi `ahdan falai yukhlifal laahu `ahdahooo am taqooloona `alal laahi maa laa ta`lamoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင်တဝ ယင်းတို့က (ငရဲ) မီးသည် ကျွန်ုပ်တို့ကို ရေတွက်ထားသောနေ့ရက် (အနည်းငယ်) မှအပ (ကာလကြာမြင့်စွာ) အလျင်း ထိရောက်မည်မဟုတ်ဟု ပြောဆိုကြပြန်သည်။ (အို-နဗီတမန်တော်မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အသင်သည် (ယင်းယဟူဒီတို့ကို ဤသို့ တုံ့ပြန်)မေးမြန်းပါလေ။ (ဟယ်-အချင်းတို့) အသင် တို့သည် (ဤအကြောင်းနှင့်စပ်လျဉ်း၍) အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ တစုံတခုသော ပဋိညာဉ် ကို ရယူထား ကြပါသလော။ သို့ ရယူထားခဲ့ကြပါလျှင် အလ္လာဟ် အရှင်မြတ်သည် မိမိပြုထားတော် မူသော ပဋိညာဉ် ဝန်ခံချက်ကို မည်သည့်အခါမျှ ဖျက်တော်မူလိမ့်မည်မဟုတ်။ သို့တည်းမဟုတ် အသင်တို့သည်အလ္လာဟ် အရှင်မြတ်အပေါ်၌ မိမိတို့ မသိနားမလည်သော အကြောင်းတစုံတရာကို လည်ဆယ် ပြောဆိုကြပါသလော။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက် وَقَالُوا: သူတို့ဆိုသည်။ ဤနေရာတွင် ယဟူဒီများကို ရည်ညွှန်းသည်။ لَن تَمَسَّنَا: ကျွန်ုပ်တို့ကို ထိမည်မဟုတ်။ النَّارُ: ငရဲမီး။ إِلَّا: မှလွဲ၍။ أَيَّامًا مَّعْدُودَةً: ရေတွက်ထားသော အနည်းငယ်သော ရက်များ။ قُلْ: ဆိုပါ။ (တမန်တော်မုဟမ္မဒ်ကို မိန့်တော်မူသည်။) أَتَّخَذْتُمْ: သင်တို့ယူခဲ့ကြသလား။ عِندَ اللَّهِ: အလ္လာဟ်အရှင်မြတ်ထံတော်တွင်။ عَهْدًا: ကတိသစ္စာ။ فَلَن يُخْلِفَ اللَّهُ عَهْدَهُ: အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကတိသစ္စာကို ဖျက်မည်မဟုတ်။ أَمْ: သို့မဟုတ်။ تَقُولُونَ: သင်တို့ဆိုကြသည်။ عَلَى اللَّهِ: အလ္လာဟ်အရှင်မြတ်အပေါ်။ مَا لَا تَعْلَمُونَ: သင်တို့မသိသောအရာကို။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ယဟူဒီများက မိမိတို့သည် ငရဲမီးကို ရက်အနည်းငယ်သာ ခံစားရမည်ဟု ဆိုကြသည်။ ထိုရက်များမှာ သူတို့၏ ဘိုးဘေးများက နွားသငယ်ကို ကိုးကွယ်ခဲ့သည့် ရက်ပေါင်း လေးဆယ်ခန့်ဟု ယူဆကြသည်။ ဤသို့ဆိုခြင်းမှာ သူတို့၏ မောက်မာမှုနှင့် လုပ်ကြံပြောဆိုမှုသာ ဖြစ်သည်။
ထို့ကြောင့် အလ္လာဟ်အရှင်မြတ်က တမန်တော်မုဟမ္မဒ်(ဆွ)အား ဤသို့မေးခွန်းထုတ်ရန် မိန့်တော်မူသည်။ “သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဤသို့သော ကတိသစ္စာကို ရရှိခဲ့ကြသလား။ အကယ်၍ ရရှိခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကတိသစ္စာကို ဖျက်လိမ့်မည်မဟုတ်ပေ။ သို့မဟုတ် သင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ် မသိသောအရာများကို လုပ်ကြံပြောဆိုနေကြသလား” ဟူ၍ ဖြစ်သည်။
ဆိုလိုသည်မှာ သင်တို့တွင် အလ္လာဟ်အရှင်မြတ်ထံတော်မှ စစ်မှန်သော ကတိသစ္စာရှိပါက ထိုကတိသစ္စာသည် ဖျက်ဆီးခြင်းခံရမည်မဟုတ်ပေ။ သို့သော် သင်တို့သည် ထိုသို့သော ကတိသစ္စာမရှိဘဲ အလ္လာဟ်အရှင်မြတ်အပေါ် လုပ်ကြံစွပ်စွဲ၍ ပြောဆိုနေကြခြင်းသာ ဖြစ်သည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ အလ္လာဟ်အရှင်မြတ်အပေါ် မသိဘဲ လုပ်ကြံပြောဆိုခြင်းသည် အလွန်ကြီးလေးသော အမှားဖြစ်သည်။ မိမိတို့၏ ကောင်းမှုများကို အခြေခံ၍ မောက်မာခြင်းသည် လမ်းမှားသို့ ပို့ဆောင်နိုင်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကတိသစ္စာကို ဖျက်လိမ့်မည်မဟုတ်သ
وَقَالُواْ لَن تَمَسَّنَا ٱلنَّارُ إِلَّآ أَيَّامًا مَّعۡدُودَةًۚ قُلۡ أَتَّخَذۡتُمۡ عِندَ ٱللَّهِ عَهۡدًا فَلَن يُخۡلِفَ ٱللَّهُ عَهۡدَهُۥٓۖ أَمۡ تَقُولُونَ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ٨٠
ထို့ပြင်တဝ ယင်းတို့က (ငရဲ) မီးသည် ကျွန်ုပ်တို့ကို ရေတွက်ထားသောနေ့ရက် (အနည်းငယ်) မှအပ (ကာလကြာမြင့်စွာ) အလျင်း ထိရောက်မည်မဟုတ်ဟု ပြောဆိုကြပြန်သည်။ (အို-နဗီတမန်တော်မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အသင်သည် (ယင်းယဟူဒီတို့ကို ဤသို့ တုံ့ပြန်)မေးမြန်းပါလေ။ (ဟယ်-အချင်းတို့) အသင် တို့သည် (ဤအကြောင်းနှင့်စပ်လျဉ်း၍) အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ တစုံတခုသော ပဋိညာဉ် ကို ရယူထား ကြပါသလော။ သို့ ရယူထားခဲ့ကြပါလျှင် အလ္လာဟ် အရှင်မြတ်သည် မိမိပြုထားတော် မူသော ပဋိညာဉ် ဝန်ခံချက်ကို မည်သည့်အခါမျှ ဖျက်တော်မူလိမ့်မည်မဟုတ်။ သို့တည်းမဟုတ် အသင်တို့သည်အလ္လာဟ် အရှင်မြတ်အပေါ်၌ မိမိတို့ မသိနားမလည်သော အကြောင်းတစုံတရာကို လည်ဆယ် ပြောဆိုကြပါသလော။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 78-82 — စူရာ အလ်-ဗကရ
78 وَمِنْهُمْ أُمِّيُّونَ لَا يَعْلَمُونَ الْكِتَابَ إِلَّا أَمَانِيَّ وَإِنْ هُمْ إِلَّا يَظُنُّونَ
ထိုမှတပါး ၎င်းတို့ အတွင်းဝယ် စာပေကျမ်းဂန် မတတ်ကျွမ်းသူများလည်း ရှိကြ၏။ ယင်းသူတို့သည် ကောလာဟလဖြစ်သော သတင်းများမှတပါး ကျမ်းဂန်များကို မသိနားမလည်ကြချေ၊ အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ထင်မိထင်ရာ တွေးတောရမ်းဆချက်များမှတပါး (အခြားမည်သည်ကိုမျှ အတိအကျသိရှိကြသည်) မဟုတ်ချေ။
79 فَوَيْلٌ لِّلَّذِينَ يَكْتُبُونَ الْكِتَابَ بِأَيْدِيهِمْ ثُمَّ يَقُولُونَ هَٰذَا مِنْ عِندِ اللَّهِ لِيَشْتَرُوا بِهِ ثَمَنًا قَلِيلًا ۖ فَوَيْلٌ لَّهُم مِّمَّا كَتَبَتْ أَيْدِيهِمْ وَوَيْلٌ لَّهُم مِّمَّا يَكْسِبُونَ
သို့ဖြစ်၍ ကျမ်းဂန်များကို မိမိတို့ကိုယ်တိုင် မိမိတို့လက်ဖြင့် စီရင်ရေးသားပြီး အနည်းငယ် မျှသောအဖိုးအခနှင့် လဲလှယ်ရောင်းချ(စားသုံး)ရန် အလို့ငှါ၊ ဤကျမ်းဂန်သည်ကား အလ္လာဟ် အရှင်မြတ်အထံတော်မှ (ထုတ်ပြန်ပို့ချတော်မူသောတရား ဒေသနာတော်ကျမ်းဂန်)တည်း ဟူ၍(လိမ်လည်) ပြောဆိုကြသော သာသနာ့ ရှေ့ဆောင် ရှေ့ရပ်တို့သည် ပျက်စီးကြရကုန်လတ္တံ့။ တဖန် ယင်းသူတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့လက်ဖြင့် (မဟုတ်မမှန်) ရေးသား ခဲ့ခြင်းကြောင့်လည်းကောင်း၊ (မပြုထိုက်မပြုအပ်သော နည်းမျိုးဖြင့်ဥစ္စာပစ္စည်း) ရှာဖွေခြင်းကြောင့်လည်းကောင်း ပျက်စီးကြရလတ္တံ့။
80 وَقَالُوا لَن تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَّعْدُودَةً ۚ قُلْ أَتَّخَذْتُمْ عِندَ اللَّهِ عَهْدًا فَلَن يُخْلِفَ اللَّهُ عَهْدَهُ ۖ أَمْ تَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
ထို့ပြင်တဝ ယင်းတို့က (ငရဲ) မီးသည် ကျွန်ုပ်တို့ကို ရေတွက်ထားသောနေ့ရက် (အနည်းငယ်) မှအပ (ကာလကြာမြင့်စွာ) အလျင်း ထိရောက်မည်မဟုတ်ဟု ပြောဆိုကြပြန်သည်။ (အို-နဗီတမန်တော်မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အသင်သည် (ယင်းယဟူဒီတို့ကို ဤသို့ တုံ့ပြန်)မေးမြန်းပါလေ။ (ဟယ်-အချင်းတို့) အသင် တို့သည် (ဤအကြောင်းနှင့်စပ်လျဉ်း၍) အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ တစုံတခုသော ပဋိညာဉ် ကို ရယူထား ကြပါသလော။ သို့ ရယူထားခဲ့ကြပါလျှင် အလ္လာဟ် အရှင်မြတ်သည် မိမိပြုထားတော် မူသော ပဋိညာဉ် ဝန်ခံချက်ကို မည်သည့်အခါမျှ ဖျက်တော်မူလိမ့်မည်မဟုတ်။ သို့တည်းမဟုတ် အသင်တို့သည်အလ္လာဟ် အရှင်မြတ်အပေါ်၌ မိမိတို့ မသိနားမလည်သော အကြောင်းတစုံတရာကို လည်ဆယ် ပြောဆိုကြပါသလော။
81 بَلَىٰ مَن كَسَبَ سَيِّئَةً وَأَحَاطَتْ بِهِ خَطِيئَتُهُ فَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
(၎င်းတို့၏စကားသည် လုံးဝမှန်ကန်သည်မဟုတ်) စင်စစ်မှာကား မည်သူမဆို မကောင်းမှုအကုသိုလ်များကို ဆည်းပူးအံ့။ တဖန် (ယင်းသို့ ဆည်းပူးခြင်းအားဖြင့်) ထိုသူ၏ ပြစ်မှုဒုစရိုက်များသည် ထိုသူအား ဝန်းခြုံလျက်ရှိအံ့။ သို့ဖြစ်ခဲ့ပါလျှင် ထိုကဲ့သို့သော သူတို့သည် ငရဲသားများသာ ဖြစ်ကြကုန်၏၊ ထိုသူတို့သည် ထိုငရဲဘုံ၌ပင် ထာဝစဉ် နေထိုင်ကြရလတ္တံ့။
82 وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
သို့သော် အကြင်သူများသည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြ၏၊ ထိုသူတို့သည် ဂျန္နတ်အမတ သုခဘုံသားများ ဖြစ်ကြကုန်၏။ ထိုသူများသည် ယင်း ဂျန္နတ် အမတသုခဘုံ၌ အမြဲ ခံစားကြရမည့်သူများ ဖြစ်ကြ၏။
ဘာသာပြန် — အလ်-ဗကရ 80 စူရာ အလ်-ဗကရ အာယာသ် 80 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ ယင်းတို့က (ငရဲ) မီးသည် ကျွန်ုပ်တို့ကို ရေတွက်ထားသောနေ့ရက် (အနည်းငယ်) မှအပ (ကာလကြာမြင့်စွာ) အလျင်း…
စူရာ အာယာသ် 80/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 78–82. မြန်မာဘာသာ: ภาษาไทย.