📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 226
وَيَصۡنَعُ ٱلۡفُلۡكَ وَكُلَّمَا مَرَّ عَلَيۡهِ مَلَأٌ مِّن قَوۡمِهِۦ سَخِرُواْ مِنۡهُۚ قَالَ إِن تَسۡخَرُواْ مِنَّا فَإِنَّا نَسۡخَرُ مِنكُمۡ كَمَا تَسۡخَرُونَ ٣٨ فَسَوۡفَ تَعۡلَمُونَ مَن يَأۡتِيهِ عَذَابٌ يُخۡزِيهِ وَيَحِلُّ عَلَيۡهِ عَذَابٌ مُّقِيمٌ ٣٩ حَتَّىٰٓ إِذَا جَآءَ أَمۡرُنَا وَفَارَ ٱلتَّنُّورُ قُلۡنَا ٱحۡمِلۡ فِيهَا مِن كُلٍّ زَوۡجَيۡنِ ٱثۡنَيۡنِ وَأَهۡلَكَ إِلَّا مَن سَبَقَ عَلَيۡهِ ٱلۡقَوۡلُ وَمَنۡ ءَامَنَۚ وَمَآ ءَامَنَ مَعَهُۥٓ إِلَّا قَلِيلٌ ٤٠ ۞ وَقَالَ ٱرۡكَبُواْ فِيهَا بِسۡمِ ٱللَّهِ مَجۡر۪ىٰهَا وَمُرۡسَىٰهَآۚ إِنَّ رَبِّي لَغَفُورٌ رَّحِيمٌ ٤١ وَهِيَ تَجۡرِي بِهِمۡ فِي مَوۡجٍ كَٱلۡجِبَالِ وَنَادَىٰ نُوحٌ ٱبۡنَهُۥ وَكَانَ فِي مَعۡزِلٍ يَٰبُنَيَّ ٱرۡكَب مَّعَنَا وَلَا تَكُن مَّعَ ٱلۡكَٰفِرِينَ ٤٢ قَالَ سَـَٔاوِيٓ إِلَىٰ جَبَلٍ يَعۡصِمُنِي مِنَ ٱلۡمَآءِۚ قَالَ لَا عَاصِمَ ٱلۡيَوۡمَ مِنۡ أَمۡرِ ٱللَّهِ إِلَّا مَن رَّحِمَۚ وَحَالَ بَيۡنَهُمَا ٱلۡمَوۡجُ فَكَانَ مِنَ ٱلۡمُغۡرَقِينَ ٤٣ وَقِيلَ يَٰٓأَرۡضُ ٱبۡلَعِي مَآءَكِ وَيَٰسَمَآءُ أَقۡلِعِي وَغِيضَ ٱلۡمَآءُ وَقُضِيَ ٱلۡأَمۡرُ وَٱسۡتَوَتۡ عَلَى ٱلۡجُودِيِّۖ وَقِيلَ بُعۡدًا لِّلۡقَوۡمِ ٱلظَّٰلِمِينَ ٤٤ وَنَادَىٰ نُوحٌ رَّبَّهُۥ فَقَالَ رَبِّ إِنَّ ٱبۡنِي مِنۡ أَهۡلِي وَإِنَّ وَعۡدَكَ ٱلۡحَقُّ وَأَنتَ أَحۡكَمُ ٱلۡحَٰكِمِينَ ٤٥
11:38
وَيَصۡنَعُ ٱلۡفُلۡكَ وَكُلَّمَا مَرَّ عَلَيۡهِ مَلَأٌ مِّن قَوۡمِهِۦ سَخِرُواْ مِنۡهُۚ قَالَ إِن تَسۡخَرُواْ مِنَّا فَإِنَّا نَسۡخَرُ مِنكُمۡ كَمَا تَسۡخَرُونَ ٣٨
ထို့နောက် ထို(နဗီတမန်တော်နူဟ်)သည်သင်္ဘောကို ပြုလုပ်တည်ဆောက်လေ၏။ ၎င်းပြင်၊ ထို(နဗီတမန်တော်နူဟ်)၏ အမျိုးသားတို့အနက်မှ လူတစ်စုသည် ထို(နဗီတမန်တော်နူဟ်)ထံ ဖြတ်သန်းသွားလာကြတိုင်း ထို(နဗီတမန်တော်နူဟ်)အား ပြက်ရယ်ပြုလေ့ရှိကြကုန်၏။ ထိုအခါ(နဗီတမန်တော် နူဟ်)ကအကယ်၍ သင်တို့သည် ငါတို့အားပြက်ရယ် ပြုကြပါလျှင် ကျွန်ုပ်တို့သည်လည်း အသင်တို့အားအသင်တို့ ပြက်ရယ်ပြုကြသကဲ့သို့ပင် ပြက်ရယ်ပြု ကြပေမည်ဖြစ်သတည်း။
11:39
فَسَوۡفَ تَعۡلَمُونَ مَن يَأۡتِيهِ عَذَابٌ يُخۡزِيهِ وَيَحِلُّ عَلَيۡهِ عَذَابٌ مُّقِيمٌ ٣٩
သို့ဖြစ်ပေရာ မည်သူ့ထံ ထိုသူအား (ဤပစ္စက္ခဘဝ၌) အရှက်တကွဲ အကျိုးနည်းဖြစ်စေသောပြစ်ဒဏ်သည်ရောက်လာမည်ကိုလည်းကောင်း၊ ထိုသူအပေါ်(နောင်တမလွန်ဘဝ၌ ထာဝစဉ်တည်မြဲသော ပြစ်ဒဏ်သက်ရောက်မည်ကိုလည်းကောင်း၊ အသင်တို့သည် မကြာမြင့်မီပင် သိရှိကြပေမည်။)
11:40
حَتَّىٰٓ إِذَا جَآءَ أَمۡرُنَا وَفَارَ ٱلتَّنُّورُ قُلۡنَا ٱحۡمِلۡ فِيهَا مِن كُلٍّ زَوۡجَيۡنِ ٱثۡنَيۡنِ وَأَهۡلَكَ إِلَّا مَن سَبَقَ عَلَيۡهِ ٱلۡقَوۡلُ وَمَنۡ ءَامَنَۚ وَمَآ ءَامَنَ مَعَهُۥٓ إِلَّا قَلِيلٌ ٤٠
အဆုံးတွင် ငါအရှင်မြတ်၏ အမိန့်တော်သည်ရောက်ရှိလာခဲ့ရာ မုန့်ဖိုသည် ဆူပွက်လာသည်။ (ထိုအခါ)ငါအရှင်မြတ်သည် (နဗီတမန်တော်နူဟ်အား ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (အို-နဗီတမန်တော်နူဟ်) အသင်သည် အမျိုးအစားအသီးသီးတို့မှ တစ်စုံစီကိုလည်းကောင်း၊ မိမိအိမ်သူအိမ်သားတို့အနက် အကြင်သူမှတစ်ပါး ထိုသူနှင့်ပတ်သက်၍ အမိန့်တော်ထုတ်ပြန်ခဲ့ပြီးဖြစ်၏။ ကျန်အိမ်သူအိမ် သားတို့ကိုလည်းကောင်း၊ အီမာန် သက်ဝင်ယုံကြည်ခဲ့သောသူတို့အားလည်းကောင်း၊ ထိုသင်္ဘောပေါ်သို့ တင်ဆောင်ပါလေ။ စင်စစ်သော်ကား ထို(နဗီတမန် တော်နူဟ်)နှင့်အတူ အနည်းငယ်မျှသောသူတို့သာလျှင် သက်ဝင်ယုံကြည်ခဲ့ကြကုန်သတည်း။
11:41
۞ وَقَالَ ٱرۡكَبُواْ فِيهَا بِسۡمِ ٱللَّهِ مَجۡر۪ىٰهَا وَمُرۡسَىٰهَآۚ إِنَّ رَبِّي لَغَفُورٌ رَّحِيمٌ ٤١
ထို့နောက် ထို(နဗီတမန်တော်နူဟ်) က (မိမိအိမ်သူအိမ်သားများနှင့် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အားအချင်းတို့) အသင်တို့သည် ထိုသင်္ဘောပေါ်သို့ စီးနင်းကြလေကုန်။ ထိုသင်္ဘော၏ သွားလာလှုပ်ရှားမှုသည်လည်းကောင်း၊ထိုသင်္ဘောဆိုက်ကပ် (ရပ်ဆိုင်း)ခြင်းသည်လည်းကောင်း၊အလ္လာဟ်အရှင်မြတ်၏နာမံတော်ဖြင့်သာ ဖြစ်ပေသည်။ ဧကန်မလွဲ ငါ့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည်အမှန်ပင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင်။
11:42
وَهِيَ تَجۡرِي بِهِمۡ فِي مَوۡجٍ كَٱلۡجِبَالِ وَنَادَىٰ نُوحٌ ٱبۡنَهُۥ وَكَانَ فِي مَعۡزِلٍ يَٰبُنَيَّ ٱرۡكَب مَّعَنَا وَلَا تَكُن مَّعَ ٱلۡكَٰفِرِينَ ٤٢
၎င်းနောက် ထိုသင်္ဘောသည် ၎င်းတို့အား တင်ဆောင်၍ တောင်လုံးကြီးများပမာ ကြီးမားလှသော လှိုင်းတံပိုး၏ကြားဝပ်တွားလျက်ရှိပေသည်။ ထို့ပြင် (နဗီတမန်တော်)နူဟ်သည် မိမိ၏သား(ကင်န်အာန်)အား ဟစ်ခေါ်ခဲ့လေသည်။ စင်စစ် ထိုသားသည် အဝေး၌ပင်ရှိနေခဲ့လေသည်။ (သို့ဖြစ်ပေရာနဗီတမန်တော်နူဟ်သည် ၎င်းအား) အို-ချစ်သား အသင်သည်ငါတို့နှင့်အတူ(သင်္ဘောပေါ်သို့)စီနင်းခဲ့ပါလေ။ ၎င်းပြင် အသင်သည် ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်ကုန်သော သူတို့နှင့်အတူမနေရစ်လေနှင့် (ဟု ဟစ်အော်ပြောဆိုခဲ့လေသတည်း)
11:43
قَالَ سَـَٔاوِيٓ إِلَىٰ جَبَلٍ يَعۡصِمُنِي مِنَ ٱلۡمَآءِۚ قَالَ لَا عَاصِمَ ٱلۡيَوۡمَ مِنۡ أَمۡرِ ٱللَّهِ إِلَّا مَن رَّحِمَۚ وَحَالَ بَيۡنَهُمَا ٱلۡمَوۡجُ فَكَانَ مِنَ ٱلۡمُغۡرَقِينَ ٤٣
ထို(နဗီတမန်တော်၏)သားက ကျွန်ုပ်သည် ယခုပင် တောင်တစ်ခုခုသို့(တက်၍) အကာအကွယ်ယူမည်။ ထိုတောင်သည် ကျွန်ုပ်အား ရေဘေးမှ ထိန်းသိမ်းကာကွယ်ပေလိမ့်မည်ဟု ပြောဆိုခဲ့လေ၏။ (ထိုအခါ) ယင်း(နဗီတမန်တော်နူဟ်)က ယနေ့မူကား အလ္လာဟ်အရှင်မြတ်အမိန့်တော်မှ(ပြစ်ဒဏ်တော်မှ) ထိန်းသိမ်းကာကွယ်မည့်သူ အလျဉ်း မရှိချေ။ထိုအရှင်မြတ်က သနားညှာတာတော်မူသောသူမှတစ်ပါး(မည်သူတစ်ဦးတစ်ယောက်မျှ ဤပြစ်ဒဏ်မှ လွတ် မြောက်နိုင်လိမ့်မည် မဟုတ်ပေတကား၊) ထို့နောက် လှိုင်းတံပိုး(များ)သည်၎င်းတို့(သားအဖ)နှစ်ဦး၏စပ်ကြားဝယ် ကြားဝင်(ဆီးကာ)ခဲ့လေသည်။ သို့ဖြစ် ပေရာ ၎င်းသည် နှစ်မြုပ်ခြင်းခံရသူတို့တွင်အပါအဝင် ဖြစ်ခဲ့လေသတည်း။
11:44
وَقِيلَ يَٰٓأَرۡضُ ٱبۡلَعِي مَآءَكِ وَيَٰسَمَآءُ أَقۡلِعِي وَغِيضَ ٱلۡمَآءُ وَقُضِيَ ٱلۡأَمۡرُ وَٱسۡتَوَتۡ عَلَى ٱلۡجُودِيِّۖ وَقِيلَ بُعۡدًا لِّلۡقَوۡمِ ٱلظَّٰلِمِينَ ٤٤
ထို့နောက် (အလ္လာဟ်အရှင်မြတ်အထံတော်မှဤသို့)အမိန့်တော် ထုတ်ပြန်တော်မူလိုက်လေသည်။ အိုပထဝီမြေ၊အသင်သည် မိမိရေများကို စုပ်ယူ မျိုချလေလော့။၎င်းပြင် အို-မိုးကောင်ကင် အသင်သည် (မိုးရွာသွန်းခြင်းကို)ရပ်ဆိုင်းလေလော့။ ထိုရောအခါဝယ် ရေသည် လျော့ပါး၍သွားခဲ့လေသည်။ ထို့ပြင် အရေးကိစ္စသည်လည်း ပြီးမြောက်သွားခဲ့ရလေသည်။ ၎င်းပြင် ထိုသင်္ဘောသည်လည်း ဂျူဒီတောင်ပေါ်၌ ရပ်နား၍သွားခဲ့လေသည်။ ထိုမှတစ်ပါး (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူ ပြုမူကုန် သောသူတို့သည်(ကရုဏာတော်(ကရုဏာတော်မှ) ကင်းဝေခဲ့ကြချေပြီးတကားဟု မိန့်ကြားတော်မူခြင်းခံခဲ့ရလေသတည်း။
11:45
وَنَادَىٰ نُوحٌ رَّبَّهُۥ فَقَالَ رَبِّ إِنَّ ٱبۡنِي مِنۡ أَهۡلِي وَإِنَّ وَعۡدَكَ ٱلۡحَقُّ وَأَنتَ أَحۡكَمُ ٱلۡحَٰكِمِينَ ٤٥
ထို့ပြင် (နဗီတမန်တော်) နူဟ်သည် မိမိ အရှင်မြတ်အား ဟစ်ခေါ်၍(ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုး၏အရှင်မြတ် ဧကန်အမှန် ကျွန်တော်တော်မျိုး၏သားသည် ကျွန်တော်မျိုး၏ အိမ်သားတို့အနက်မှဖြစ်ပါသည်။ ၎င်းပြင် အရှင်မြတ်၏ပဋိညာဉ်တော်သည်လည်းလုံးဝမှန်ကန်ပါ၏။ စင်စစ်သော်ကား အရှင်မြတ်သည်စီရင်ဆုံး ဖြတ်သူတို့တွင် သမာသမတ်အဖြစ်ဆုံးသောအရှင် မြတ်ပင်ဖြစ်တော်မူပါသတည်း။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Monday, August 24, 2026
Don't forget us in your sincere prayers







